မြန်မာ့မက်တယ်ဂီတရဲ့ ပါဝင်ဦးဆောင်ခဲ့သူ ဇော်ထက်ဟန်အတွက် မေးခွန်း (၁၀) ခု
Scorpion Soup For Soul with Ko Hein and 40 others
မက်တယ်ဂီတဆိုတာသတ္ထုတခုဖြစ်တည်မှုနဲ့ သိပ်မကွာလှဘူး။ နှစ်ပေါင်းများစွာ လေဒဏ်၊ မိုးဒဏ်တွေကို ကြံ့ကြံ့ခံပြီးဖြစ်တည်လာခဲ့ကြတယ်။ မြန်မာနိုင်ငံရဲ့ မက်တယ်ဂီတဆိုတာကလဲနေ့ချင်းညချင်းဖြစ်လာတာမဟုတ်ပဲ နှစ်ပေါင်းများစွာ ခေတ်ကိုကြံ့ကြံ့ခံပြီး ဖြတ်သန်းပြီး ဖြစ်တည်လာခဲ့ပါတယ်။ ဒီလိုဖြတ်သန်းလာခဲ့တဲ့ သမိုင်းဦးမှာ ဇော်ထက်ဟန်လဲ ထိပ်ဆုံးက ပါဝင်ခဲ့တယ်။
မက်တယ်ဂီတကို မြန်မာပြည်မှာ မျိုးစေ့ချပေးခဲ့တဲ့အထဲမှာ သူလဲပါဝင်ခဲ့တာပေါ့။ ၉၀ ပြည့်နှစ်တွေမှာ ငွေကြေးနဲ့အောင်မြင်မှုတွေကို ထည့်မတွက်ပဲ ယုံကြည်ရာကို ရော့ခ်အင်ရိုးအလံ တလွင့်လွင့်လွှင့်ထူခဲ့တယ်။ ဇော်ထက်ဟန်ဟာ စီးပွါးရေးအရ အောင်မြင်မှုသိပ်မရှိလှပေမယ့် အမိုက်စားမက်တယ်ဂီတကို မြန်မာမက်တယ်ဂီတချစ်သူတွေကြားမှာ သြဇာသက်ရောက်မှုရှိခဲ့တယ်။
ဒီနေ့တော့ စကော်ပီယံဘော်ဒါတွေအတွက် ကိုဇော်ထက်ကို မေးခွန်း (၁၀) ခုမေးပေးခဲ့တယ်။ သူကလဲ စိတ်ရှည်လက်ရှည်နဲ့ ဖြေဆိုခဲ့တယ်။ အဲဒီအတွက် စကော်ပီယံတွေက ကိုဇော်ထက်ကို အထူးကျေးဇူးတင်ပါတယ်။
ခင်သောမင်သော
စကော်ပီယံများ
စကော်ပီယံများ
----------------------
(၁) ပထမဆုံးအခွေဖြစ်တဲ့ ဂစ်တာတလက်ရဲ့အိပ်မက်အခွေအတွက် တီးဝိုင်း၊ အသံဖမ်းစတူဒီယို၊ တေးရေးတွေကို ရွေးချယ်ဖြစ်တဲ့အကြောင်းလေးကို ပြောပြပါ။
တီးဝိုင်းရွေးဖြစ်တာကတော့ အဲဒီ အချိန်တုန်းကအဲလိုတီးနိုင်တဲ့ဝိုင်းက တစ်ခြားစဉ်းစားလိုမရတာရယ် ကိုညီထွဋ်ကိုကြိုက်တာရယ်ကြောင့် Studio ကတော့ဝိုင်းနဲ့တွဲဘက်ညီပြီးသားဆိုတော့ရွေးဖြစ်တာပါ။ တေးရေးတွေကလည်း ကိုဟယ်ရီလင်း ရဲ့မထွက်ဖြစ်တဲ့ အခွေ အကြမ်းကြီးမှာ တေးရေးသော်ဒီဝေဆိုတာပါတယ။် လုံးဝအသစ်ပေါ့။ ရေဦးကဆိုတော့ (ကျွန်တော်တို့မုံရွာနဲ့) နီးတာနဲ့သုံးဖြစ်သွားတယ်။ ကျနော်ကလည်းအသစ်တွေဖောက်ချင်စိတ်ရှိတယ်။ ဝိုင်းအသစ်နဲ့တောင်ချချင်တာ။ ညီအကိုတွေကိုလည်း ရေးကြပေါ့။ ကိုမင်းချစ်သူ ကျတော့ သူစာသားတွေကြိုက်လို့။
(၂) ပထမဆုံးအခွေအတွက် မူရင်းသီချင်းရွေးချယ်မှုဟာ အတော်လေးကိုစုံလင်ပြီး နှံ့စပ်တာတွေ့ရပါတယ်။ ရော့ခ်အင်ရိုးဂီတကို ဘယ်လိုလေ့လာဆည်းပူးခဲ့ပြီး ဘယ်ဝိုင်းတွေကို အဓိက ရူးသွပ်ခဲ့ပါသလဲ။
အဓိက ကတော့ သီးချင်းနားထောင်တာ တစ်အားများတာကြောင့်ပါ။ ရော့ခ်အင်ရိုးဂီတကိုလေ့လာစရာကတော့ သီချင်းခွေတွေပေါ့။ ကိုယ်ကတော့ ရော့ခ်ဆိုရင်ဘာလာလာ နားထောင်တာလေ။ အဲဒီတုန်းက ခွေမထွက်ခင်ကပေါ။့ တအားကြိုက်ခဲ့တဲ့ဝိုင်းတွေကတော့ Deep Purple, Dio, Bon Jovi, Kansas, Yes, Scorpions, Van Halen, AC/DC, Journey, Eagle, Rod Stewart, Europe အများကြီးပါပဲ။ ABBA, Bee Gees, Beatles တောင်ပါသေးဗျာ။

(၃) ဒီအခွေသွင်းချိန်မှာ အမှတ်အရဆုံးအဖြစ်အပျက်ကလေးတခုပြောပြပေးပါ။
အမှတ်အရဆုံးအဖြစ်အပျက် ကတော့ အင်း အမှန်အတိုင်းပြောရင်လူမုန်းတော့မှာပဲ။ အဖြစ်အပျက်ကအမှန်ဆိုတော့ ပြောရမှာပဲ။ ကျနော်သီချင်းအကြမ်းသွင်းနေတုန်းသွင်းနေတဲ့သီချင်းကို တစ်ခြားအဆိုတောတစ်ယောက်ကကြားသွားရော။ သူ့အခွေက အားလုံးပြီးနေပြီထွက်ခါနီးနေပြီ ကျနော် အကြမ်းသွင်းနေတဲ့သီချင်းကိုသူကကြိုက်ကော အဲဒါ မူရင်းဘယ်သူ့သီချင်းလဲဘာလဲပေါ့ ကိုကလည်း သူအကြံကို မသိလိုက်ဘူးလေ။ အဲဒါ Great White သီချင်း Once bitten twice shy ပေါ့။ အဲဒါနဲ့ သူက music world မှာ အခွေသွားကူး။ သီချင်းရေးဆရာတစ်ယောက်ကို တစ်ရက်နှစ်ရက်အတွင်းအပြီးရေး ကျနော့် ကိုလဲ အသိအပေးအကြောင်းမကြား ပဲ ကျနော့်အတွက်တီးထားတဲ့တီးလုံးနဲ့ အသံသွင်းပြီး ထုတ်ချလိုက်ရော။ ကိုကနောက်ကျမှထုတ်လိုက်တော့ သူကဦးဆုံးလိုဖြစ်သွားတာပေါ့။ ကျနော်လည်း စိတ်နာတာနဲ့ အဲဒီသီချင်းကို Recording မှာပဲဆိုဘူးလိုက်တယ။် နောက်ဘယ်တော့မှလည်းမဆိုတော့ဘူး။ ရှိုးတွေမှာလည်း တစ်ခါမှမဆိုဘူး တစ်သက်လုံးကိုမဆိုတော့တာ။ အညွန့်ခူးစားခံလိုက်ရတာပေါ့။ အဲဒီကတည်းက ကော်ပီကြီးက သိတ်မမိုက်ပါဘူးပေါ့။ သံစဉ်လဲကိုမပိုင်ဘုးပေါ့။ ဘာအာဃာတမှတော့ မရှိပါဘူး။ အဲဒီအဆိုတော်နဲ့ မိတ်ဆွေတွေပါပဲ ထူးခြားတဲ့အမှတ်တရဆိုလို့ပြောပြတာ။ အဲဒါ ဂစ်တာ တစ်လက်ရဲ့ အိမ်မက်အခွေပါ။
(၄) အားအရဆုံးသီချင်း (၃) ပုဒ်ရွေးချယ်ပေးပါ။ ဘာဖြစ်လို့ အားရကျေနပ်ခဲ့တယ်ဆိုတာလေးပါ ပြောပြပေးပါ။
(၃) ပုဒ်ပဲ ဆိုရင်တော့ သိပ်ပိုင်တဲ့မင်း၊ မီး၊ အလွမ်းမီးရထားပါ။ သိပ်ပိုင်တဲ့မင်းက မူရင်း Lita ford ရဲ့ကီးအတိုင်းမိုက်မိုက်ကန်းကန်း ဆိုပစ်တာ။ မူရင်းသီချင်းအဆိုတော်က မိန်းမ ဆိုတာက metal မိန်းမဆိုတော့ယောကျားထက်ကီးကမြင့်ပီးသား။ သီချင်းက rock ဆိုတော့ ရိုးရိုးမိန်းမတွေထက်ပိုမြင့်သေးတယ်။ အဲဒါကိုကီးမချိန်းပဲဆိုပြစ်တာ။ ကီးလောဘကြီးတာ။ နောင်တတော့မရပါဘူး ကိုလုပ်ချင်လို့လုပ်ခဲ့တာ။ မီး သီချင်းကြတော့ စာသားရောသံစဉ်ပါကြိုက်လို့။ အလွမ်းမီးရထားလည်းအဲလိုပ။ဲ စာသားရော သံစဉ်ရောကြိုက်တယ်။

(၅) ပထမဆုံးအခွေက ရရှိခဲ့တဲ့ သင်ခန်းစာတခုကို ပြောပြပေးပါ။
တခွေဆို လိုက်တာနဲ့ lesson တွေအများကြီးပေါ့။ micro phone technique တို့ အဆိုပညာတို့။ self learn လုပ်နိုင်ခဲ့တာ။ အတွေ့အကြုံကအကောင်းဆုံးဆရာသမားဆိုသလိုပေါ့။
တခွေဆို လိုက်တာနဲ့ lesson တွေအများကြီးပေါ့။ micro phone technique တို့ အဆိုပညာတို့။ self learn လုပ်နိုင်ခဲ့တာ။ အတွေ့အကြုံကအကောင်းဆုံးဆရာသမားဆိုသလိုပေါ့။
(၆) ကိုဇော်ထက်က ကိုယ်ပိုင်တီးဝိုင်းနဲ့ ကိုယ့်အဖွဲ့နဲ့ကိုယ်ပိုင်သီချင်းတွေရေးတဲ့အထဲမှာ အတော်လေးစောခဲ့တယ်။ အဲဒီအကြောင်း နည်းနည်းပြောပြပါဦး။
ဒုတိယ အခွေ အနာဂတ် အတောင်ပံထွက်အပြီးမှာ ကော်ပီသီချင်းတွေဟာ လွဲမှားမူကြီးပဲ ဆိုတာကိုခံစားလာရတယ်။ ကိုယ်ပိုင်တွေလုပ်မယ်ဆိုပြီး ဝိုင်းထောင်တယ။် international မှာလို အဆိုတော်တစ်ယောက်တီးဝိုင်းတစ်ဝိုင်းအိပ်မက်ကိုစမက်ခဲ့တယ်။ အရင်ရေးပီးသားကော်ပီအချို့နဲ့ Original material တစ်ချို့ကိုပေါင်းပြီး နှစ်လုံးသားတည့်တည့်သို့ဆိုတဲ့ EP လေးထုတ်ဖြစ်ခဲ့တယ်။ အဲဒီ နောက် ဇော်ထက်ဟန် နာမယ်နဲ့ တစ်ခွေလုံးOriginal သီချင်းတွေ ထုတ်ခဲ့တယ်။ အဲဒီနောက် ကော်ပီလုံးဝမဆိုတော့တာ အနှစ် ၂၀ နီးနီးရှိပြီ။

(၇) မြန်မာနိုင်ငံမှာ ကိုယ်ပိုင်ဝိုင်းတွေနဲ့ ကိုယ်ပိုင်သီချင်းတွေရေးကြတာ အရမ်းစိတ်ဝင်စားဖို့ကောင်းပါတယ်။ ဘယ်ဝိုင်းတွေကို အားရကျေနပ်မှုရှိပါသလဲ။ နည်းနည်းပြောပြပါဦး။
ကိုယ်ပိုင်သီချင်းတွေနဲ့ကိုယ်ပိုင်ဝိုင်းတွေပေါ်လာတာ အရမ်းကောင်းပါတယ်။ ဒါပေမယ့် ဒါ့ထက်များများလိုပါတယ။် ဒါမှမူကွဲစတိုင်ကွဲအရသာတွေပေးနိုင်မှာ။ ဝိုင်းတွေကမဆိုးကြပါဘူး။ သီခြားနာမည်တော့တပ်မပြောတော့ပါဘူး။ ကျန်ခဲ့တဲ့သူတွေ အတွက်မကောင်းမှာဆိုးလို့။
(၈) အစ်ကိုက စာရေးခဲ့ဖူးတာလေးကို မှတ်မိတယ်။ ကိုယ်ပိုင်သံစဉ်သီချင်းတွေကို ကိုယ်တိုင်ရေးကြဖို့တိုက်တွန်းထားတာ။ တချို့တွေလဲ အဲဒီတုန်းက အစာမကြေကြဘူး။ အခုအချိန်မှာ အဲဒီတုန်းက လူတွေက အသိပညာ၊ အတတ်ပညာတွေတိုးတက်လာကြပြီး ကိုယ်ပိုင်အနုပညာတွေဖန်တီးတဲ့သူတွေနဲ့ ဂီတလောကကြီးစည်ကားလာတာကိုတွေ့ရတော့ အစ်ကို ဘယ်လိုခံစားရပါသလဲ။
ကျနော်ကော်ပီ တွေ မဆိုသင့်တော့ဘူး ဆိုတာ လွန်ခဲ့တဲ့ အနှစ် (၂၀) နီးပါးလောက်က တိုက်တွန်းရေးသားခဲ့တာ။ အခုမှကွက်တိလောက်သွားကြတာကိုလည်းကော်ပီတွေဆိုခဲ့တယ်။ ကော်ပီအဆိုတော်တွေလည်းကြိုက်ခဲ့တာပဲ ဒါပေမယ့် အဲဒီခေတ်က အင်္ဂလိပ်သီချင်းတွေ နားထောင်ရဘို့ကမလွယ်ဘူးလေ။ သူတိ့က မြန်မာစာသားနဲ့ ပြန်ဆိုပြကြတော့ သီချင်းကောင်းတွေနားထောင်ကြရတာ အနောက်တိုင်းသံစဉ်တွေနဲ့မိတ်ဆက်ပေးလို့ ကျေးဇူးတောင် တင်သေး။ ပြောချင်တာက လွန်ခဲ့တဲ့အနှစ် (၂၀) လောက်ကကော်ပီဆိုခဲ့ကြတဲ့သူတွေ ကိုအပြစ်မမြင်ဘူး။ အခု အင်တာနက် ခေတ်ကြီးမှမူရင်သီချင်း တွေ ပလူပျံနေတဲ့ ခေတ်မှာ ဆိုနေအုန်းမယ် ဆိုရင်တော့ အရှက်မရှိ ရာရောက်တယ်။

တီးဝိုင်းအသစ်တွေထဲက တစ်ချို့ underground metalcore band လေး၂ ဝိုင်း ၃ ဝိုင်း လောက်ကောင်းတာတွေ့ရတယ်။ နာမည်တွေတော့မမှတ်မိတော့ဘူး။ mainstream မှာ နာမည်ရလာတဲ့လူငယ် ဝိုင်းတစ်ချို့ မှာ အတီးပိုင်းလျော့တာတွေရှိတယ။် ပြသနာက အတွေ့အကြုံရော အနုပညာရော မရင့်ကျက် ခင်မှာ hit သီချင်းတွေရသွားတဲ့ကိစ္စပေါ့။ သီချင်းလေးတစ်ပုဒ်လောက်တည့်သွားလို့ပေါက်သွားတော့ လမ်းကြောင်းပေါ်ရောက်သွားရော အဲဒီတော့ဆက်မကြိုးစားချင်ကြတော့ဘူးရပြီပေါ့။ တော်တော်နဲ့မအောင်မြင်တော့ ကြိုးစားရင်ကြိုးစားရင်း အနုပညာအရည်အသွေးကတက်လာတာပေါ့။
နောက်ပိုင်းရော့ ဝိုင်းတွေက ကော်ပီသီချင်းတွေမဆိုကြတာကြတော့ သိပ်ကောင်းတဲ့အချက် ဒီ Global ခေတ်ကြီးမှာ ကော်ပီမရှိသင့်တော့ပါဘူး။
Intellectual property ကိုလည်းလေးစားရမယ်လေ။ ကိုဝီသိပါတယ်။ ဗဟုသူတ တစ်ခြားသူတွေရအောင်နဲနဲတော့ ပြောပြချင်ပါတယ်။ အဲဒီ intellectual property ဆိုတာ လူတစ်ဦးတစ်ယောက် ဖန်းတီးထားတဲ့ အနုပညာပစ္စည်း အတွေး အခေါ် idea တွေကိုတစ်ခြားသူတစ်ဦးက ပုံတူကူးချပြီး ခပ်တည်တည် နဲ့ ငါ့ဟာလို့လုပ်လို့မရဘူး။ ဥပဒေကကာကွယ်စောင့်ရှောက်ပေးထားတယ်။ မှတ်ပုံတင်ထားမယ်ဆိုရင်ပေါ့။ ကျွန်တော်တို့တိုင်းပြည်ကမဖွင့်ဖြိုးသေးတော့ အဲဒီဥပဒေတွေက ဒီအထိမသက်ရောက်တာ။ သူတို့ဆီမှခဏခဏ ဖြစ်တယ်။ သူ့တီးလုံးကိုခိုးချလို့ လျော်ကြေးတောင်းတာတို့ဘာတိ့ ဘဲလို အကြောင်းကြောင့်ပဲဖြစ်ဖြစ်ပေါ့။ အနုပညာဆိုတာ ကိုယ့်ဟာကိုပဲဖန်တီးသင့်တာ မဖန်တီးနိုင်ရင် အနုပညာသမားမလုပ်နဲ့လေ။
(၉) မြန်မာပြည်တွင်းက ဂီတသမားတွေထဲမှာ အစ်ကိုအားအကျဆုံးအဆိုတော်တွေအကြောင်းနည်းနည်းပြောပါဦး။
အားကျလေးစားတဲ့သူတွေရှိပါတယ်။ စိုင်းထီးဆိုင်တို့ရဲ့ The Wild Ones အဖွဲ့။ သူတို့ဆို ဝိုင်းစထောင်ကတည်းက original သီချင်းတွေပဲဆိုခဲ့တီးခဲ့ကြတာ တအားလေးစားပါးကျဘို့ကောင်းတာ။ ဆရာစိုင်းခမ်းလိတ်တို့ နောက် ကိုခင်မောင်းတိုး တို့လဲအဲလိုပ။ဲ ကိုယ်ပိုင်ဝိုင်းကိုယ်ပိုင်သီချင်းတွေနဲ့ရပ်တည်ခဲ့ကျတာ။ rock ဟုတ်တာ မဟုတ်တာ အရေးမကြီးပါဘူး artist တွေအနေနဲ့ လေးစားအားကျခဲ့တာ။ နောက်ပြီး rock သီချင်းတွေနဲ့ မိတ်ဆက် ပေးခဲ့တဲ့ မင်းမင်းလတ်၊ ပလေးဘွိုင်းသန်းနိုင် နောက်ပြီး ကိုညီထွဋ်။ ကိုညီထွဋ် နောက်ပိုင်းမှာ ကျနော့် hero မရှိတော့ဘူး။ လူ့သဘဝအရ ဆယ်ကျော်သက်အရွယ် ကကြိက် ခဲ့ကြ ရင်ခုံခဲ့ကြတဲ့ အနုပညာသမားတွေသာလျင် ကိုရဲ့ hero တွေပဲ ဒါလူတိုင်းပဲ။

(၁၀) အခုအချိန်မှာ ရော့ခ်အင်ရိုးလောကကြီးထဲကို ခြေစုံပစ်ဝင်မယ့် လူငယ်တွေကို အစ်ကိုရဲ့ဘဝသင်ခန်းစာကိုအခြေခံပြီး ဘာတွေအကြံပြုချင်ပါသလဲ။
နောက်ဆုံးမေးခွန်းအတွက်ကတော့ လူငယ်တွေကို ပြောချင်တာ ကော်ပီသီချင်းမဆိုဖို့ ကိုယ်ပိုင်ဖန်တီးဖို့ ကိုယုံကြည်ရာကို သဲကြီးမဲကြီးဇွဲမလျော့တမ်းလုပ်ဖို့ ပြောချင်ပါတယ်။ AC/DC သီချင်းလိုပေါ့။ it's a long way to the top if you wanna rock and roll တဲ။့ ရော့ခ်အန်းရိုး သီချင်းဆိုပြီး ထိပ်ဆုံးရောက်ချင်ရင်တော့ ခရီးကရှည်ပါတယ်တဲ့။ လွယ်လွယ်နဲ့တော့ မရနိုင်ဘူး။ အဲတော့ ပြင်းပြင်းထန်ထန်ကြိးစားဖို့တော့လိုလိမ့်မယ် rock သီချင်းများဖန်တီးမဲ့သုတွေအတွက် Good luck ပါလို့ပြောချင်ပါတယ်။
0 comments:
Post a Comment