ရှားဇောင်းလက်ပတ်ပျားရည်
ရှားစောင်းလက်ပတ်ဟာဆေးဖက်ဝင်တာလူတိုင်းသိကြပြီးဖြစ်မှာပါ။၉၆ပါးရောဂါပျောက်ကင်းတယ်လို့လည်းဆိုကြပါတယ်။မိသားစုဝင်မှာလက်တွေ့ပျောက်ကင်းတာကတော့ဒူးနာ၊အဆစ်နာ၊အစာအိမ်နာ၊လေနာရောဂါနှင့်အမြင်အာရုံအားကောင်းလာခြင်းတွေဖြစ်ပါတယ်။ခန္ဒာကိုယ်နှင့်အူအတွင်းမှအဆိပ်အတောက်ကင်းစေပြီးအမျိုးသမီးများအတွက်အသားအရေလှပခြင်း၊အဆီကျခြင်းနှင့်သွေးသားမှန်ကန်စေပါတယ်
ပါဝင်ပစ္စည်းနှင့်ပြုလုပ်နည်း
**************
ရှားဇောင်းလက်ပတ်
ပျားရည်
ရေအနည်းငယ်
ရှားဇောင်းလက်ပတ်ကိုအစူးလေးများလှီးပြီးအကွင်းလိုက်ဖြတ်ထားပါ။ အိုးတခုတွင်ရေမြုတ်ရုံထည့်၅မိနစ်ခန့်ပြီးပွက်အောင်တည်ပေးပါ။
(အချို့ကြိတ်စက်များတအားစေးနေပါကကြိတ်ရမလွယ်၍အစေးဓာတ်လျော့အောင်အရင်ခဏပြုတ်ခြင်းဖြစ်ပါတယ်။) ပြီးလျှင်ရှားဇောင်းလက်ပတ်များကိုဆယ်ယူပြီးခဏအအေးခံကာကြိတ်စက်ဖြင့်ကြေအောင်ကြိတ်ပေးပါ။ကြေညက်ပါကပြုတ်ရည်ထည်းပြန်ရောထည့်ကာပျားရည်ထည့်ပြီးဆယ်မိနစ်ခန့်ကျိုထားပါ။
(ပျားရည်မထည့်လည်းရတယ်။ဆီးချိုသမားအတွက်တော့အိမ်မှာပျားရည်မထည့်ပေးပါ) ကျိုပြီးပါကဇကာစိပ်စိပ်တခုဖြင့်အဖတ်များကိုစစ်ထုတ်ပေးပါ။ကျိုထွက်လာသောရှားဇောင်းလက်ပတ်ပျားရည်ကိုအအေးခံပြီးပုလင်းသို့ဘူးထည်းပြောင်းထည့်ကာရေခဲသေတ္တာတွင်သိမ်းထားပါ။မနက်၊နေ့လည်၊ည ထမင်းစားဇွန်းတဇွန်းဆီသောက်ပေးရမှာဖြစ်ပါတယ်။ပျားရည်မထည့်ဘဲလည်းကျိုပြီးသောက်နိုင်ပါတယ်။သောက်ရလွယ်ကူအောင်ပျားရည်ရောကျိုထားခြင်းဖြစ်ပါတယ်။စစ်ထွက်လာသောအဖတ်များကိုမလွင့်ပစ်ဘဲခြောက်နေအောင်ပြန်ကျိုပြီးစားနိုင်သလိုမျက်နှာလူးခြင်း၊ဆံပင်ဦးရေလူးခြင်းများပြုလုပ်နိုင်ပါတယ်။

0 comments:
Post a Comment