Tuesday, January 13, 2015

သစ်ထူးလွင် သတင်းစုစည်းမှု (၁၃-၁)

သစ်ထူးလွင်



Posted: 13 Jan 2015 07:09 AM PST
အင်ဒိုနီးရှားနိုင်ငံ ဂျာဗားပင်လယ်ပြင်မှာ ပြီးခဲ့တဲ့လထဲ ပျက်ကျခဲ့ပြီး လူပေါင်း ၁၆၂ ယောက် သေဆုံးခဲ့ရတဲ့ AirAsia လေယာဉ်က ပျံသန်းမှု မှတ်တမ်းတင် Black Box ၂ ခုစလုံးကို ရေငုပ်သမားတွေ ရှာဖွေ ဆယ်ယူနိုင်ခဲ့ကြပါတယ်။ ပျံသန်းမှု အချက်အလက် မှတ်တမ်းတင် Black Box ကို ဆယ်ယူနိုင်ခဲ့ပြီး နောက်တနေ့ဖြစ်တဲ့ ဒီကနေ့ အစောပိုင်းမှာပဲ လေယာဉ်အမြီးပိုင်းက အသံနဲ့ မှတ်တမ်းတင်စက်ကိုပါ ဆယ်ယူနိုင်ခဲ့ကြတာပါ။ မှတ်တမ်းတင်စက် ၂
Posted: 13 Jan 2015 06:56 AM PST
မွန်ပြည်နယ်၊ ရေးမြို့နယ်က အံဒင်ကျေးရွာမှာ ကျောက်မီးသွေး လောင်စာသုံး လျှပ်စစ်ဓါတ်အားပေး စက်ရုံ တည်ဆောက်မယ့် စီမံကိန်းနဲ့ ပတ်သက်ပြီး တာဝန်ယူ တည်ဆောက်မယ့် တိုယို- ထိုင်းကုမ္ပဏီက တာဝန်ရှိသူတွေက မွန်ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ ဒီနေ့ ပြည်နယ်လွှတ်တော် အစည်းအဝေးခန်းမမှာ တွေ့ဆုံခဲ့ပါတယ်။ တွေ့ဆုံဆွေးနွေးရာမှာ စီမံကိန်းကို ဘယ်အချိန်မှာ စတင်အကောင်အထည် ဖော်မယ်ဆိုတာကို ကုမ္ပဏီဘက်က ရှင်းလင်းတင်ပြ ခဲ့တာ
Posted: 13 Jan 2015 06:50 AM PST
 ပြီးခဲ့တဲ့ သီတင်းပတ်က အစ္စလာမ္မစ် အစွန်းရောက်တွေရဲ့ ပစ်ခတ်တိုက်ခိုက်မှုကို ခံခဲ့ရတဲ့ ချာလီ အက်ဘ်ဒိုး မဂ္ဂဇင်း ရုံးခန်း။ ပြင်သစ် နိုင်ငံမှာ သရော်စာတွေကို အပတ်စဉ် ထုတ်နေတဲ့ Charlie Hebdo မဂ္ဂဇင်းက သူတို့ ရုံးခန်း ပစ်ခတ်ခံရလို့ အယ်ဒီတာနဲ့ ကာတွန်း ဆရာတွေ အသက်ဆုံးခဲ့ ပြီးနောက် မနက်ဖြန် ဗုဒ္ဓဟူးနေ့မှာ ပြန်ထုတ်မယ့် မဂ္ဂဇင်းကို စောင်ရေ ၃ သန်း ဖြန့်ချိမယ်လို့ သိရပါတယ်။ မနက်ဖြန် ထွက်မယ့် မဂ္ဂဇင်း အဖုံးမှာ တမ
Posted: 13 Jan 2015 06:28 AM PST
ဓာတ်ပုံ – ကိုမင်းနေထူး ရန်ကုန်မြို့ တရုတ်သံရုံးရှေ့မှာ ဒီဇင်ဘာလ ၂၉ ရက်နေ့ညက ဆန္ဒပြလို့ နိုင်ငံရေး တက်ကြွ လှုပ်ရှားသူ နော်အုန်းလှ၊ ဦးနေမျိုးဇင်၊ ဒေါ်စိန်ဌေးနဲ့ တင်ထွဋ်ပိုင် တို့ကို ဒီကနေ့ ဒဂုံမြို့ နယ် တရားရုံးမှာ ရုံးထုတ်ခဲ့ပေမယ့်အမှု စစ်ဆေးခြင်းမရှိခဲ့ဘူးလို့ ရှေ့နေ ဦးရောဘတ်ဆန်းအောင်က ပြောပါတယ်။ “၄ ယောက်ကိုပဲ ဖမ်းမိသေးတဲ့အတွက် အမှုကို စစစ်လို့ မရသေးဘူး။ အဲတော့ ၂၀ ရက်နေ့ကိုပြန်ချိန်းတယ်။ ချိန်ြး
Posted: 13 Jan 2015 06:13 AM PST
ထန်းမြစ်ဖုတ်စားရန် မီးမွှေးရာမှ မီးလောင်မှုဖြစ်ပွားပြီး ပုခက်အတွင်း အိပ်နေသည့် ကလေးငယ် မီးလောင်သေဆုံး နေပြည်တော်၊ ဇန်နဝါရီ ၁၃ ၂ဝ၁၅ ခုနှစ်၊ ဇန်နဝါရီလ ၁၂ ရက်နေ့ မွန်းတည့် ၁၂ နာရီအချိန် မကွေးတိုင်း ဒေသကြီး၊ မြိုင်မြို့နယ်၊ ယာကြီးပြင်ကျေးရွာ အနောက်ဘက် တောထဲတွင် မီးလောင်မှု ဖြစ်ပွားကြောင်း သတင်းအရ ဗဟင်းနယ်မြေ ရဲစခန်းမှတပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက် စစ်ဆေးခဲ့သည်။ စစ်ဆေးချက်အရ အဆိုပါ တော
Posted: 13 Jan 2015 06:06 AM PST
တရုတ်နိုင်ငံ ဟေလုံကျန်ပြည်နယ်“ဟာရာပင်း”တွင် အသက်၆နှစ်အရွယ် ကလေးငယ် တစ်ဦးသည် အဘိုးဖြစ်သူကို မီးလောင်နေတဲ့ အိမ်ထဲမှ ကယ်တင် ခဲ့ပါသည်။ အိမ်မီးလောင် နေတာကို မြင်လိုက်တဲ့ ၆နှစ်အရွယ် ကလေးငယ်သည် အဘိုး ဖြစ်သူကို မီးတွေထဲကနေ ကယ်တင်ဖို့ ကြိုးစား ခဲ့ပါသည်။ အဘိုးဖြစ်သူသည် လမ်းကောင်းကောင်း မလျှောက်နိုင်ပါဘူး။ ကလေးငယ်အနေနဲ့ အဘိုးဖြစ် သူကိုအပြင် ရောက်လာနိုင်အောင် ကယ်တင်ဖို့အတွက် ငယ်လွန်နေတဲ့ အတွက် အဘိုးသည်
Posted: 13 Jan 2015 05:56 AM PST
ပြင်သစ်ရဲ့ အမြင့်ဆုံး ဂုဏ်ပြု ဘွဲ့တံဆိပ်ကို သမ္မတက ချီးမြှင့် ပြီးခဲ့တဲ့ သီတင်းပတ်က အကြမ်းဖက် သမားတွေရဲ့ တိုက်ခိုက်မှုတွေ အတွင်း သေဆုံး ခဲ့ရတဲ့ ရဲတပ်ဖွဲ့ဝင် ၃ ဦး အတွက် ဂုဏ်ပြုတဲ့ အခမ်းအနားကို ပဲရစ် မြို့လယ်က ရဲဌာနချုပ်မှာ ပြုလုပ်ခဲ့ပြီး အဲဒီ အခမ်းအနားကို သမ္မတ ဖရန်ဆွာ အိုလန်း တက်ရောက် ခဲ့ပါတယ်။ ပြင်သစ် သမ္မတက အလောင်း ထည့်ထားတဲ့ ခေါင်းတလား တစ်ခုစီ ရှေ့မှာ ဦးညွတ်ရင်း အဲဒီ ရဲ ၃ ဦးကို ပြင်သစ်ရဲ့ အမြ
Posted: 13 Jan 2015 02:13 AM PST
ဧရာဝတီတိုင်း ကျောင်းကုန်းမြို့နယ်မှာ လယ်သမားတွေအခက်အခဲကို ကူညီရင်း ထောင်ဒဏ်စီရင်ခံရသူ အိုင်အယ်လ်အိုဆက်ဆံရေးကွန်ရက်မှ ဦးသက်ဝေဟာ ကျန်းမာရေး မကောင်းတဲ့ အတွက် မိသားစုဝင်တွေ စိုးရိမ်နေကြပါတယ်။ ဦးသက်ဝေ ဟာ အူတီဘီရာဂါဝေဒနာရှင်ဖြစ်ပြီး ရန်ကုန်မြို့နေ မိသားစုနဲ့ ဝေးကွာတဲ့ ပုသိမ်အကျဉ်းထောင်မှာ ကျခံနေပါတယ်။ ဇနီးသည် ဒေါ်သန်းသန်းက “ဟိုမှာအေးလည်းအေးတော့ သူက အူတီဘီသမားဆိုတော့ သိပ်ကျန်းမာရေး မကောင်းဘူး။ သူက
Posted: 13 Jan 2015 02:11 AM PST
လိမ်လည်မှု အပါအ၀င် တခြားပုဒ်မတွေနဲ့ တရားရင်ဆိုင်နေရတဲ့ FatherLand ဆောက်လုပ်ရေး ပိုင်ရှင်ဦးကျော်မြင့်ကို ဇန်န၀ါရီလ ၁၃ရက်နေ့က ကျောက်တံတားမြို့နယ် တရားရုံးမှာ ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။ ရုံးထုတ်စစ်ဆေးမှုအပြီးမှာ တရားလိုဘက်က အမှုမှန်မပေါ်မှာ စိုးတဲ့အတွက် တရားရုံးပြောင်းပြီး စစ်ဆေးပေးဖို့ ခရိုင်ကိုဇန်န၀ါရီ ၁၂ရက်နေ့က စာတင်ထားတယ်လို့ တရားလိုရဲ့ ရှေ့နေက ဆိုပါတယ်။ တရားရုံးမှာ ဦးကျော်မြင့်ကို စစ်နေတဲ့အ
Posted: 13 Jan 2015 01:51 AM PST
ရန်ကုန၊ ဇန်န၀ါရီ ၁၃ ၁၂.၁.၂၀၁၅ ရက်နေ့ ၁၅၀၅ အချိန် ကျောက်တန်းမြို့နယ် ၊ သီလ၀ါဘူတာနှင့် အုတ်ဖိုစုဘူတာ အကြားတွင် မီးရထားနှင့် မော်တော်ယာဉ်တို့ တိုက်မိမှုဖြစ်ပွား ခဲ့ပါသည်။ ဖြစ်စဉ်မှာ အင်ကြင်း-၃ အဆန်ရထားသည် ရန်ကုန်ဘူတာကြီးမှ သီလ၀ါ ဘူတာသို့ မောင်းနှင်လာစဉ် မိုင်တိုင် ၂၂/၁၅-၁၆ အကြား၊ MITT ကုန်တင်ယာဉ် ဂိတ်ရှေ့အရောက်တွင် ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်နေ ကိုဝင်းကိုကိုလတ် (၃၂)နှစ်မောင်းနှင်လာသော 1C
Posted: 13 Jan 2015 01:48 AM PST
ရန်ကုန်၊ ဇန်န၀ါရီ ၁၃ ၁၂.၁.၂၀၁၅ရက်နေ့ ၁၉၁၅အချိန် လှိုင်သာယာမြို့နယ်၊ ရန်ကုန်-ပုသိမ် ကားလမ်းအတိုင်း ထန်းတပင် မြို့နယ်ဘက်မှ လှိုင်သာယာ မြို့နယ်ဘက်သို့ လှိုင်သာယာမြို့နယ်နေ ယာဉ်မောင်း ကိုသန်းအောင် (၄၆)နှစ်မောင်းနှင် လာသော 1C---ကင်တာဘောက်ကိုယ်ပိုင်ယာဉ်သည် မြစိမ်းရောင်တံတားအနီး လျှပ်စစ်ရုံးရှေ့အရောက် လမ်းဖြတ်ကူးသူ အသက် (၂၅)နှစ်ခန့်ရှိ အမည်မသိ အမျိုးသား တစ်ဦးအား တိုက်မိခဲ့ပါသည်။ ယာဉ်တိုက်မှုကြောင့် လ
Posted: 13 Jan 2015 12:43 AM PST
လွတ်လပ် တရားမျှတတဲ့ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွေ အောင်မြင်စွာ ကျင်းပရေးနဲ့ မြင်သာတဲ့ အသွင်ကူးပြောင်းမှု လုပ်ငန်းစဉ်တွေ ပေါ်ပေါက်လာဖို့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြည်သူတွေရဲ့ ဆန္ဒနဲ့အညီ ပြုပြင် ပြောင်းလဲရေးဟာ အရေးအကြီးဆုံး ဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံတော် သမ္မတနဲ့ ကာကွယ်ရေး ဦးစီးချုပ်တို့ ပါဝင်တက်ရောက်တဲ့ နိုင်ငံရေး အင်အားစုများ တွေ့ဆုံပွဲမှာ တင်ပြဆွေးနွေး ပါတယ်။ ဇန်န၀ါရီလ ၁၂ ရက်နေ့က သ
Posted: 13 Jan 2015 02:32 AM PST
(၉-၁-၂၀၁၅) နေ့ တွင် ကျင်းပ ပြုလုပ်သော ဗဟိုအလုပ်မှုဆောင် အဖွဲ့ အစည်းအဝေး ဆုံးဖြတ်ချက် အရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ၏ ၂၀၁၅ ခုနှစ်၊ ဇန်န၀ါရီ (၁၂)ရက်နေ့  နေပြည်တော်ရှိ နိုင်ငံတော် သမ္မတ အိမ်တော် ငုရွှေခန်းမမှာ နိုင်ငံတော် သမ္မတ၊ နိုင်ငံရေး ခေါင်းဆောင်များ၊ တိုင်းရင်းသားရေးရာ ၀န်ကြီးများ၊ တိုင်းရင်းသား ကိုယ်စားလှယ် ခေါင်းဆောင်များ တွေ့ ဆုံပွဲတွင် ဆွေးနွေး ချက်များမှာ အော
Posted: 12 Jan 2015 10:12 PM PST
ရန်ကုန် ဇန်နဝါရီ ၁၂ ဗုဒ္ဓရုပ်ပွား တော်ပုံကို မသင့် လျော်သည့် ဒီဇိုင်း ရေးဆွဲမှုနှင့်ပတ် သက်၍ တရားခွင်တွင် အမှုဖွင့် အရေးယူ ခံထားရသူ ဆိုင်အထွေ ထွေမန်နေဂျာ Mr.Philip ၏ သက် သေနှစ်ဦး တင်သွင်းသည့် ဓာတ်ပုံ သုံးပုံမှာ ယင်းအမှု၏ အကြောင်း အရာနှင့် သက်ဆိုင်မှု မရှိခြင်းကြောင့် ဗဟန်းမြို့နယ်တရား ရုံးက ပယ်ချခဲ့ ကြောင်း သိရသည်။ အထက်ပါအမှုနှင့် ပတ်သက်၍ ယနေ့နံနက်ပိုင်းတွင် ဗဟန်းမြို့နယ် တရားရုံး၌ စတုတ္ထအကြိမ်ြေ
Posted: 12 Jan 2015 10:02 PM PST
ကျောက်ဖြူ ဇန်နဝါရီ ၁၂ ရခိုင်ပြည်နယ်တွင် မြန်မာ နိုင်ငံသားဥပဒေအရ နိုင်ငံသား စိစစ်ခြင်းကို ဆောင်ရွက်လျက်ရှိရာ နိုင်ငံသားဖြစ်ခွင့်အတွက် ကမန်နှင့် ဘင်္ဂါလီအမည်ဖြင့် လျှောက်ထား သူဦးရေ ၃ဝဝ နီးပါးရှိကြောင်း ရခိုင်ပြည်နယ်လူဝင်မှုကြီးကြပ်ရေး နှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီး ဌာနမှ သိရသည်။ နိုင်ငံသားစိစစ်ခြင်းကို ရခိုင် ပြည်နယ် တစ်ခုလုံးအတိုင်းအတာ ဖြင့်ဆောင်ရွက်နေခြင်းဖြစ်ပြီးလက် ရှိလျှောက်ထားသူများမှာ
Posted: 12 Jan 2015 09:36 PM PST
မကွေးတိုင်း မင်းဘူးခရိုင် မင်းဘူးမြို့တွင် ပေါက်ကွဲမှုနှစ်ကြိမ် ဖြစ်ပွားခဲ့ပြီး တစ်ကြိမ်မှာ ရေနံပိုက်များ ဆက်သွယ်ရာတွင် အသုံးပြုသော ဗွိုင်လာအိုမှ ပေါက်ကွဲခြင်းဖြစ်ပြီး နောက်တစ်ကြိမ် ပေါက်ကွဲမှုကိုတော့ ဘာကြောင့် ပေါက်ကွဲမှု ဖြစ်ရသည်ကို အတည်မပြုနိုင်သေးပဲ စစ်ဖက်ဆိုင်ရာ ပေါက်ကွဲမှု တစ်ခုသာ ဖြစ်နိုင်ကြောင်း မင်းဘူးခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ ဇန်န၀ါရီ၁၂ရက်နေ့တွင် စုံစမ်းသိရှိရသည်။ ‘’ကျွန်တော်တို့နဲ့
Posted: 12 Jan 2015 09:15 PM PST
ပေကျင်း ၊ ၁၃-၁-၂၀၁၅ တရုတ်နိုင်ငံတွင် ရောဂါဖြစ်ပွား နေသော ဝက်သားများ ရောင်းချခဲ့သူ ၁၁ဝ ဦးကျော်ကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း သိရသည်။ ၄င်းနိုင်ငံရှိ ပြည်နယ် ၁၁ ခုအတွင်း၌ ၂ဝ၁၄ ခုနှစ်က စတင် လုပ်ဆောင်သော အစားအစာ ဘေးကင်း လုံခြုံရေးဆိုင်ရာ စစ်ဆေးမှု အတွင်း အာဏာပိုင်များက ရောဂါပိုးမွှား ကြောင့် မသန့်သော ဝက်သားတန် ၁ဝဝဝ ကျော်နှင့် ၄င်းဝက်သားမှ ထုတ်လုပ် ထားသော ဆီ ၄၈ တန်ကို သိမ်းဆည်း ရမိခဲ့ကြောင်း ပြည်
Posted: 12 Jan 2015 09:14 PM PST
မပူတို ၊ ၁၃-၁-၂၀၁၅ မိုဇမ်ဘစ်နိုင်ငံ အနောက် မြောက်ပိုင်းတွင် ကလေးငယ် တစ်ဦး အပါအဝင် အနည်းဆုံးလူ ၆၉ ဦးသည် Phombe အမည်ရှိ ဒေသတွင်း ထုတ်လုပ် ထားသော ဘီယာေ သာက်သုံး ပြီးနောက် ဇန်နဝါရီ ၁ဝ ရက် နံနက်ပိုင်းက အဆိပ်သင့်၍ သေဆုံး ခဲ့ကြောင်း အာဏာပိုင် များက ဇန်နဝါရီ ၁၁ ရက်တွင် ပြောကြား ခဲ့သည်။ ထို့ပြင် အခြား ၃၉ ဦးမှာ အဆိုပါ Phombe ဘီယာ သောက်သုံး ပြီးနောက် အဆိပ်သင့် ခဲ့ခြင်းကြောင့် ဇန်နဝါရီ ၁ဝ ရက်တွင် ဆေး
Posted: 12 Jan 2015 09:11 PM PST
မင်းလှမြို့နယ်၊ စစ္စနို့ကျေးရွာက တောင်သူတွေရဲ့ယာတွေကို မလွန်ကာကွယ်ရေး ပစ္စည်းစက်ရုံ (ကပစ-၂)က သိမ်းယူထားတဲ့ အတွက် ဒေသခံ တောင်သူတွေ အခက်အခဲတွေနဲ့ ရင်ဆိုင် နေရပါတယ်။ မလွန်ကာကွယ်ရေး ပစ္စည်းစက်ရုံ (ကပစ-၂)က စစ္စနို့ကျေးရွာက တောင်သူတွေရဲ့ယာတွေကို ၁၉၉၂ ခုနှစ်က အဓမ္မ သိမ်းယူခဲ့တာပါ။ တောင်သူတွေက သိမ်းယူထားတဲ့ မိမိယာတွေကို ပြန်လုပ်တဲ့အခါ သီးထောက်ခ (ဆပ်ကြေး) နှမ်းတခွဲ ပေးခဲ့ရတယ်လို့ ဆိုပါတယ်။ “ပထမကောက်တုန်းက
Posted: 12 Jan 2015 09:08 PM PST
ကလေးငယ်တဦးကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့တဲ့ အမျိုးသမီးကို ခေါင်းဖြတ်စီရင်ပြီး ပြီလို့ ဆော်ဒီအာရေဗီးယား တာဝန်ရှိ သူတွေက ဇန်န၀ါရီလ ၁၂ ရက်နေ့မှာ ကြေညာပါတယ်။ စီရင်ချက်ချမှတ်ခံရသူ အမျိုးသမီးဟာ အဗ္ဗဒူမူတာလက် ဘာဆင် ဖြစ်ပြီး ခင်ပွန်းသည်ရဲ့ အသက် ၆ နှစ်အရွယ် ကလေးကိုသတ်လို့ စီရင်တာလို့ ဆော်ဒီသတင်းတွေကို ကိုးကားပြီး အေအက်ဖ်ပီသတင်းက ရေးပါတယ်။ ဒီစီရင်မှုဟာ ဒီနှစ် ၁၂ ရက်အတွင်း ၇ ဦးမြောက် သေဒဏ်စီရင်ခံရမှု ဖြစ်တ
Posted: 12 Jan 2015 06:13 PM PST
"I am Charlie"  ပြင်သစ်နိုင်ငံက Charlie Hebdo အပတ်စဉ်မဂ္ဂဇင်းက ထုတ်ဝေမယ့် နောက်လာမယ့် စာစောင်မျာနှာဖုံးကို တမာန်တော် မိုဟာမက်ပုံနဲ့ ထုတ်ဝေမှာဖြစ်ပါတယ်။ တမာန်တော်မိုဟာမက်ဟာ “I am Charlie - ကျနော်ဟာ ချာလီ” ဆိုတဲ့ ဆိုင်းဘုတ်ကို ကိုင်ဆောင်ထားမှာဖြစ်ပြီး အားလုံးကို ခွင့်လွှတ်တယ်ဆိုတဲ့ စာတန်းအောက်မှာ ရပ်နေတာ ဖြစ်တယ်လို့ ကြိုတင်ကြည့်ရှုခွင့်ရတဲ့ သတင်းဌာနတချို့က ပြောပါတယ်။ ပုံမှန်အားဖြင့် အပတ်စဉ် စော
Posted: 12 Jan 2015 06:13 PM PST
ရော်နယ်ဒို တတိယအကြိမ် အကောင်းဆုံး ဘောလုံးသမားဆုရ ကမ္ဘာ ဘောလုံးအဖွဲ့ချုပ်ရဲ့ ၂၀၁၄ခုနှစ်အတွက် FIFA Ballon d’Or ဘလွန်ဒေါ တနှစ်တာအတွင်း အကောင်းဆုံး ဘောလုံးသမားဆုကို ရီးယယ်မက်ဒရစ်က တိုက်စစ်မှုး Cristiano Ronaldo ရော်နယ်ဒို ရသွားခဲ့ပါတယ်။ ဘာစီလိုနားက မက်ဆီ၊ ဘိုင်ယန်မြူးနစ်က ဂိုးသမား မင်ဝဲနွိုင်ယာတို့ကို ကျော်ပြီး ရော်နယ်ဒိုက မဲအများဆုံးနဲ့ ရွေးချယ်ခံခဲ့ရတာပါ။ ဒါဟာ ရော်နယ်ဒို အဖို့ ဘလွန်ဒေါ အကောင်
Posted: 12 Jan 2015 05:47 PM PST
EU ပြောခွင့်ရ Maja Kocijancic  မျိုးစောင့်ဥပဒေ မူကြမ်း လေးရပ်လုံးဟာ မြန်မာနိုင်ငံ ပါဝင် သဘောတူ လက်မှတ်ရေး ထိုးထားတဲ့ နိုင်ငံတကာ လူ့အခွင့်အရေး ပဋိဉာဏ်စာချုပ်တွေကို ချိုးဖောက်နေတယ်လို့ ဥရောပသမဂ္ဂ (EU) ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အကြီးအကဲက တနင်္လာနေ့က ပြောတယ်။ ဒါ့အပြင် နိုင်ငံတကာ မိသားစုထဲမှာ ပါဝင်နေတဲ့ မြန်မာနိုင်ငံအနေနဲ့ လိုက်နာရမယ့် တာဝန်ကို မပျက်ကွက်ဖို့ လိုတယ်လို့လည်း သူကပြောပါတယ်။ မအင်ကြင်းနိုင်က
Posted: 12 Jan 2015 04:49 PM PST
Cybercaliphate နာမည် ခံတဲ့ အုပ်စုက ဖောက်ထွင်း အမေရိကန် စစ်ဌာနချုပ် ရဲ့ တွစ်တာ လူမှု ဝက်ဆိုက်နဲ့ ယူကျု ဗီဒီယို ဝက်ဆိုက်တွေကို အစ္စလာမ္မစ် နိုင်ငံ တပ် အတွက် ဆိုပြီး ဖောက်ထွင်း ခံရကြောင်း ဗဟို စစ်ဌာနချုပ်က ပြောကြား လိုက်ပါတယ်။ ဒီလို ဖောက်ထွင်း ခံရပေမယ့် သူတို့ရဲ့ စစ်ဘက် ဆက်သွယ်မှုတွေ မပျက်စီး မချိုးဖောက်ခံရဘူး လို့လည်း ပြောကြား ပါတယ်။ ဝါရှင်တန် ပိုစ့် သတင်းစာရဲ့ လုံခြုံရေး သတင်းထောက် Craig Whitlock
Posted: 12 Jan 2015 05:51 PM PST
အမေရိကန်ကာကွယ်ရေး ဝန်ကြီးဌာန လက်အောက်ရှိ ကမ္ဘာတဝန်း အမေရိကန် စစ်ဆင်ရေးဗျူဟာ ကွပ်ကဲရေး ဗဟိုဌာနချုပ် ခေါ် (US CENTCOM) ရဲ့ အင်တာနက်လူမှု ကွန်ယက်တွေရဲ့ တွစ်တာနဲ့ ယူကျုအကောင့်တွေကို အစ္စလာမ်မစ် စတိတ်အုပ်စုအပေါ် သစ္စာရှိသူတွေလို့ သူတို့ကိုယ်သူတို့ ထုတ်ဖော် ပြောကြားတဲ့ hacker အင်တာနက် ဖောက်ထွင်းသူတွေက ခေတ္တ ဝင်ရောက် ခြယ်လှယ်နိုင်ခဲ့ ကြပါတယ်။ တနင်္လာနေ့က တွစ်တာအကောင့်မှာ အမေရိကန်စစ်သားတွေကို သတိပေးတဲ့ ‘ငါ

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...