ပြက်လုံးများ(၂)
၁။ တိုင်းပြည်ကိုအနှစ်လေးဆယ်ကျော်မုဒိန်းကျင့်ပြီး၊
မသမာနည်းမျိုးစုံနဲ့ထင်တိုင်းကြဲခဲ့တဲ့
သူဌေးဘွဲ့ရဓားပြသူခိုးကြီးစားတွေဟာ၊
တိုင်းပြည်ကောင်းစားမယ်ထင်လို့
လုပ်ခဲ့ကြတာပါလို့ဝန်ခံလိုက်ပြီတဲ့။
မသမာနည်းမျိုးစုံနဲ့ထင်တိုင်းကြဲခဲ့တဲ့
သူဌေးဘွဲ့ရဓားပြသူခိုးကြီးစားတွေဟာ၊
တိုင်းပြည်ကောင်းစားမယ်ထင်လို့
လုပ်ခဲ့ကြတာပါလို့ဝန်ခံလိုက်ပြီတဲ့။
၂။ ပြည်ပအားကိုးပုဆိန်ရိုးအဆိုးမြင်ဝါဒီလို့
အသံကုန်ဟစ်ကြွေးခဲ့ကြသူတွေဟာ၊ခုတော့
ကမ္ဘာလှည့်ပြီးတောင်းရမ်းနေလိုက်တာ၊ ပါးစပ်တောင်ကျင့်သားရနေပြီတဲ့။
အသံကုန်ဟစ်ကြွေးခဲ့ကြသူတွေဟာ၊ခုတော့
ကမ္ဘာလှည့်ပြီးတောင်းရမ်းနေလိုက်တာ၊ ပါးစပ်တောင်ကျင့်သားရနေပြီတဲ့။
၃။ ကုလားဖြူမယား၊အမျိုးဖျက်မလို့ သူတို့ကိုယ်တိုင်စာရင်းသွင်းခဲ့တဲ့ အမျိုးသမီးကြီးဟာ
အခုတော့ “အမကြီး” ဆိုပြီး ပါးစပ်ဖျားကမချ၊အခေါ်ခံနေပြန်ပြီတဲ့။
အခုတော့ “အမကြီး” ဆိုပြီး ပါးစပ်ဖျားကမချ၊အခေါ်ခံနေပြန်ပြီတဲ့။
၎။ အင်အားငါးသိန်းရှိတဲ့ဧရာမတပ်မတော်ကြီးဟာ သောင်းဂဏန်းအင်အားသာရှိတဲ့
လက်နက်ကိုင်အဖွဲ့တွေကိုချေမှုန်းလာလိုက်တာ၊အနှစ်ငါးဆယ်ကျော်လာပြီတဲ့။
လက်နက်ကိုင်အဖွဲ့တွေကိုချေမှုန်းလာလိုက်တာ၊အနှစ်ငါးဆယ်ကျော်လာပြီတဲ့။
၅။ အဆိုးတကာ့အဆိုးဆုံးကတော့၊
အနှီတိုင်းပြည်မှာ အကြီးလေးဆုံးပြစ်ဒဏ်ထိုက်သင့်တဲ့ရာဇဝတ်မှုတွေဟာ
ဘယ်သောအခါမှလက်သည်ပေါ်ရိုးထုံးစံမရှိဘူးတဲ့ ။
အနှီတိုင်းပြည်မှာ အကြီးလေးဆုံးပြစ်ဒဏ်ထိုက်သင့်တဲ့ရာဇဝတ်မှုတွေဟာ
ဘယ်သောအခါမှလက်သည်ပေါ်ရိုးထုံးစံမရှိဘူးတဲ့ ။
0 comments:
Post a Comment