Saturday, January 17, 2015

သစ်ထူးလွင် သတင်းစုစည်းမှု (`၁၇-၁)

သစ်ထူးလွင်


Posted: 17 Jan 2015 07:26 AM PST
ကုလသမဂ္ဂ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ် မစ္စ်ယန်ဟီးလီရဲ့ ဇန်န၀ါရီလ ၁၆ ရက်နေ့က သတင်းစာ ရှင်းလင်းပွဲ အတွင်း ပြောဆိုချက်တွေဟာ ရခိုင်ပြည်နယ် အတွင်းက လူနည်းစု မွတ်ဆလင် ရိုဟင်ဂျာတွေ အရေးမှာ အစိုးရအပေါ် အကြံပြု ပြောဆိုချက်တွေကို ပယ်ချတယ်လို့ ပြည်ထောင်စု အစိုးရနဲ့ မြန်မာသမ္မတရဲ့ ပြောခွင့်ရှိသူ ဦးရဲထွဋ်က ပြောပါတယ်။ မစ္စယန်ဟီးလီရဲ့ ရခိုင်ပြည်နယ်အတွင်းက အခြေအနေတွေ အပေါ် ခြုံငုံသုံးသပ်ချက်နဲ့ ပတ်သက်ပြီး နှစ်ဖ
Posted: 17 Jan 2015 07:17 AM PST
ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ တတိယအကြိမ် ဗဟိုကော်မတီ အစည်းအဝေးကို နေပြည်တော် ဒက္ခိဏသီရိမြို့နယ်မှာရှိတဲ့ ပါတီဌာနချုပ်မှာ ဇန်နဝါရီလ ၁၆ ရက်နဲ့ ၁၇ ရက်နေ့တွေမှာ ၂ ရက်ကြာကျင်းပခဲ့ပြီး ဒီနေ့ညနေမှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။ ဒီနှစ်ကျင်းပတဲ့ ဗဟိုကော်မတီ အစည်းအဝေးကနေ ပြည်ခိုင်ဖြိုးပါတီရဲ့ ရှေ့လုပ်ငန်းစဉ် ၆ ခုကို ချမှတ်နိုင်ခဲ့ကြောင်း ပါတီရဲ့ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦးက ပြောပါတယ်။ "
Posted: 17 Jan 2015 06:30 AM PST
Verviers မြို့မှာ တိုက်ခိုက်မှု ဖြစ်ပွားခဲ့ ဘယ်လ်ဂျီယမ် ရဲတွေကို တိုက်ခိုက်ဖို့ အစ္စလာမ္မစ် ဝါဒီ တွေရဲ့ အန္တရာယ်တွေ ရှိနေလို့ ဆိုပြီး နိုင်ငံ လမ်းတွေ ပေါ်မှာ စစ်တပ်တွေ ပိုချ ထား လိုက်ပါတယ်။ အကြမ်းဖက်လို့ မသင်္က࿿ာမှု နဲ့ ဖမ်းထားတဲ့ ၁၃ ယောက် ကို လည်း စစ်ဆေး မေးမြန်း နေ ပါတယ်။ ကြာသပတေး နေ့ည က ဘယ်လ်ဂျီယမ် အရှေ့ပိုင်း Verviers မြို့မှာ ဖြစ်ပွားတဲ့ တိုက်ခိုက်မှု တွေ အတွက် လည်း လူ ၅ ယောက် ကို အကြမ်းဖက် ပုဒ်
Posted: 17 Jan 2015 06:28 AM PST
အမျိုးသား ပညာရေး ဥပဒေ ပြင်ဖို့ ကျောင်းသား တွေရဲ့ ရာဇသံပေး တောင်းဆို မှု ရက် (၆ဝ) ပြည့် ပြီးတဲ့ အထိ အစိုးရ ဘက် အကြောင်း ပြန်ကြား တာ မရှိတဲ့ အတွက် ရန်ကုန်၊ မန္တလေး နဲ့ မြို့ကြီး တွေမှာ သပိတ်စခန်း တွေ ဖွင့်ပြီး နိုင်ငံလုံး အနှံ့ သပိတ် မှောက်ပွဲ ဆင်နွှဲ သွားမယ် လို့ ကျောင်းသားတွေ ဘက်က ပြော လိုက်ပါတယ်။ အမျိုးသား ပညာရေး ဥပဒေ ပြင်ဖို့ ရက် (၆ဝ)အလွန် လှုပ်ရှားမှု တွေကို လာမယ့် (၃) (၄)ရက် အတွင်း မန္တလေြး
Posted: 17 Jan 2015 06:25 AM PST
အချိန်အားဖြင့် ညသန်းခေါင် တစ်ချက်တီးတွင် အင်းစိန်မီးရထား ကုန်းကျော်တံတားအဆင်း ဓာတ်မီး တိုင်အောက်၌ ဆိုင်ကယ်များ တန်းစီရပ်ထားသည်။ ထိုဆိုင်ကယ်များက တော့ ကယ်ရီလိုက်သော ဆိုင်ကယ် များဖြစ်ပြီး သီရီမင်္ဂလာဈေး - မှော်ဘီ ညပိုင်းပြေးသည့် ကားပေါ်မှဆင်းလာ သူများအား ‘ကယ်ရီသွားမလား ... ကယ်ရီသွားမလား’ဟု မေးမြန်လျက်ရှိ သည်။ ထိုသို့အော်နေသူများထဲတွင် တော့ ကိုအောင်ဇော်တစ်ယောက် လည်း အပါဝင်ဖြစ်သည်။ ကိုအောင်ဇော်သည့် 
Posted: 17 Jan 2015 06:22 AM PST
မလေးရှားနိုင်ငံ၌ ကိုရီးယားကေ ပေါ့ ယောကျာ်လေးအဖွဲ့ B1A4 အဖွဲ့ဝင်များ အားဖျော်ဖြေပွဲတစ်ခု၌ မွတ်ဆလင်မိန်းကလေးများက ပွေ့ဖက်ခဲ့သည့် ဗီဒီယို ထွက်ပေါ်လာပြီးနောက် ထိုမိန်းကလေးများမှာ အဖမ်းခံရမည့် အန္တရာယ်နှင့် ရင်ဆိုင်နေရသည်။ မွတ်ဆလင်အများစုနေထိုင်ရာ မလေးရှားနိုင်ငံတွင် ထိုအဖြစ်အား လူထု က ဒေါသထွက်ခဲ့ပြီး ရှေးရိုးစွဲ အစ္စလာမ်များက ကိုရီးယားကေပေါ့ဂီတနှင့် မိန်းကလေးများကို ပြစ်တင်ဝေဖန်ခဲ့သည်။ မွတ်ဆလင်သန့်စ
Posted: 17 Jan 2015 06:04 AM PST
ဒဏ်ရာရ ကျောင်းသား (ဓာတ်ပုံ – Myat Thu) ရန်ကုန်မြို့ ၄၁ လမ်းမှာ ဇန်န၀ါရီလ ၁၆ ရက်နေ့ ညသန်းခေါင်ကျော်က တက္ကသိုလ်ကျောင်းသား ၅ ဦးကို အမည်မသိလူတချို့က  ၀ိုင်းဝန်း ရိုက်နှက်ခဲ့တဲ့အတွက် ကျောင်းသား ၁ ဦး ဦးခေါင်းပေါက်ကွဲ ဒဏ်ရာ အပြင်းအထန်နဲ့ ကျန် ၄ ဦး ပွန်းပဲ့ ဒဏ်ရာတွေ ရရှိခဲ့ပါတယ်။ အမျိုးသားယဉ်ကျေးမှုတက္ကသိုလ် ကျောင်းသား မောင်အောင်သောင်းဦးရဲ့ ဦးခေါင်း ပေါက်ကွဲ ဒဏ်ရာကို အခင်းဖြစ်ပြီး နာရီပိုင်းအတွင်း
Posted: 16 Jan 2015 10:36 PM PST
“သူ့မှာ ဆေး တမျိုးမျိုးများ ရှိလား မသိဘူး။ အဓိက ငွေရေးကြေးရေး ကူညီသူတွေက အမျိုး သမီးတွေများတယ်။ သိန်းတသောင်း လောက်လိုတယ်ဆိုလည်း ထုတ်ပေးကြ တာပဲ” ----- ----- ----- ----- လက်မှတ်အတု လိမ်လည်ရေးထိုးမှု နှင့် ငွေကြေးဆိုင်ရာ ပြဿနာများကြောင့် တရားရင်ဆိုင်နေရသော Father Land ကုမ္ပဏီပိုင်ရှင်ဦးကျော်မြင့်သည် ပြည်ပနိုင်ငံများ၌ ရင်းနှီးမြှုပ်နှံမှုများရှိနေနိုင်သည်ဟု ၎င်းနှင့်နီးစပ်သူ အမည်မဖော်လိုသူ တဦးက News 
Posted: 16 Jan 2015 10:33 PM PST
ခရီးသည်များ၏ တိုင်ကြားမှုအပေါ်တွင် လာရောက်ဖြေရှင်းခြင်းမရှိသည့် ရန်ကုန်တိုင်းဒေသကြီးအတွင်း မော်တော်ယာဉ်လုပ်ငန်းပေါင်းစုံထိန်းသိမ်းရေး ကြီးကြပ်မှုကော်မတီ(ဗဟို) လက်အောက်ရှိ ယာဉ်မောင်းများနှင့် ယာဉ်နောက်လိုက် လေးရာနီးပါးတို့ကို ၂၀၁၄ ခုနှစ်အတွင်း မထသ(ဗဟို)မှ အလုပ်ထုတ်ပယ် အရေး ယူခဲ့ကြောင်း မထသ(ဗဟို)ဥက္ကဋ္ဌ ဦးလှအောင်က News Watch သို့ ပြောသည်။ “ယာဉ်လိုင်း ၁၇ လိုင်းက ယာဉ်မောင်းတွေနဲ့ ယာဉ်နောက်လိုက်တွေက ခရီး
Posted: 16 Jan 2015 10:28 PM PST
ဥရောပသမဂ္ဂက ချီးမြှင့်မယ့် ၂၇ ကြိမ်မြောက် Tipperary International Peace တစ်ပရေရီနိုင်ငံတကာ ငြိမ်းချမ်းရေး ဆုအတွက် မြန်မာနိုင်ငံက လူ့ အခွင့်အရေးရှေ့နေ ဦးရောဘတ်စန်းအောင်ဟာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းနဲ့ နောက်ဆုံး ဆန်ကာတင်စာရင်းမှာ ပါရှိနေတယ်လို့ သိရပါတယ်။ ဒီဆုဟာ ငြိမ်းချမ်းရေးနဲ့ ငြိမ်းချမ်းစွာ ပူးပေါင်း ဆောင်ရွက်ရေး အတွက် စွမ်းစွမ်းတမံလုပ်ဆောင်တဲ့ ကမ္ဘာတဝန်းက အဖွဲ့အစည်းနဲ့ ပုဂ္ဂိုလ်တဦး
Posted: 16 Jan 2015 10:19 PM PST
ကရင်ပြည်နယ် ဘားအံမြို့နယ် ကော့ကျိုက် ကျေးရွာမှာ ဟောင်သရော ငြိမ်းချမ်းရေးအဖွဲ့ (ကေပီအက်ဖ်) အဖွဲ့ဝင်တွေနဲ့ ရွာသားတွေ အကြား ရုန်းရင်း ဆန်ခတ်မှု ဖြစ်ပွား ခဲ့ပါတယ်။ ဇန်န၀ါရီ ၁၅ ရက်နေ့နဲ့ ၁၆ ရက်နေ့တွေက ဖြစ်ပွားခဲ့တာဖြစ်ပြီး ဖြစ်စဉ်ကတော့ ၁၉၉၀ လောက်ကတည်း ကေပီအက်ဖ်အဖွဲ့က ဗိုလ်မှူးဟန်တင့်ကနေပြီး အဲဒီရွာနားက မြေမှာ ကာရေဆေးဆီထိုးလုပ်ငန်းလုပ်ဖို့ အစိုးရဆီ တင်ထားခဲ့ပါတယ်။ ဒါပေမယ့် ၂၀၁၂ ခုနှစ် နောက်ပိုင်းကျ
Posted: 16 Jan 2015 10:07 PM PST
အစ္စလာမ်မာဘတ် ၊ ၁၇-၁-၂၀၁၅ ပါကစ္စတန်နိုင်ငံ အနောက် မြောက်ပိုင်း ကိုင်ဘာပတ်ရှ် တွန်ခွာ ပြည်နယ်ရှိ စာသင်ကျောင်း တစ်ကျောင်းကို ဇန်နဝါရီ ၁၅ ရက်တွင် အမည်မသိ လက်နက်ကိုင် အဖွဲ့က တိုက်ခိုက် ခဲ့ကြောင်း ဒေသတွင်း သတင်းဌာန တစ်ခု ထုတ်ပြန် ခဲ့သည်။ နိုင်ငံ အနောက် မြောက်ပိုင်း ပတ်ရှ်ဝါမြို့ ရှိ စာသင်ကျောင်း တစ်ကျောင်းကို ဒီဇင်ဘာလ နှောင်းပိုင်းက စစ်သွေးကြွ များ တိုက်ခိုက်မှုကြောင့် ကလေးငယ် အများစု အပါအဝင် လူ ၁၅ဝ
Posted: 16 Jan 2015 10:06 PM PST
ဒူဘိုင်း ၊ ၁၇-၁-၂၀၁၅ ISIS အဖွဲ့ ခေါင်းဆောင်သည် ၄င်း၏ အဖွဲ့များ အီရတ် မြောက်ပိုင်းရှိ ကားဒစ်ရှ် တပ်ဖွဲ့၏ တိုက်ခိုက်မှုကို ခံခဲ့ရပြီးနောက် အဖွဲ့ဝင် ၅၆ ဦးအား သတ်ပစ်ရန် အမိန့်ပေး ခဲ့သည်ဟု ကားဒစ်ရှ် တာဝန်ရှိသူ တစ်ဦးက ပြောကြား ခဲ့သည်။ အာဘူဘာကာ အယ်ဘတ်ဒါဒီ က ကိုဘာမြို့ တွင် ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှု အတွင်း ISIS စစ်သွေးကြွ အဖွဲ့ဝင် ၃ဝဝ ခန့် အသတ်ခံ ရပြီးနောက် ၄င်း၏ ကျန်ရှိသော အဖွဲ့ဝင် ၅၆ ဦးကို
Posted: 16 Jan 2015 03:29 PM PST
ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု အောင်ဘာလေကျေးရွာအနီးမှာ အစိုးရတပ်မ ၆၆ လက်အောက်ခံတပ်တွေနဲ့ ကေအိုင်အေတပ်ရင်း ၆ တပ်တွေအကြား ဒီနေ့ ညနေအထိ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတယ်လို့ ဒေသခံရွာသားတွေက ပြောပါတယ်။ အောင်ဘာလေရွာထိပ်မှာ ပစ်ခတ်မှုတွေဖြစ်ပွားနေပြီး ဒေသခံရွာသားတွေက ရွာဘုန်းကြီးကျောင်းမှာ ခိုလှုံနေကြတယ်လို့ အောင်ဘာလေရွာသူတစ်ဦးက အခုလိုပြောပါတယ်။ "ရွာထိပ်မှာဖြစ်နေတယ်၊ ရွာထိပ်မှာေ
Posted: 16 Jan 2015 03:27 PM PST
သူ့ရဲ့ ဟောပြောမှု အတွက် သံဃာတချို့ စိတ်ထိခိုက် ခဲ့ရတဲ့ အပေါ် ဦးထင်လင်းဦး က ကန်တော့ တောင်းပန်ခဲ့။ မြန်မာနိုင်ငံ မှာ လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့် ကို ဘာသာရေး အကြောင်း ပြချက် နဲ့ တိုက်ခိုက် ဖို့ရာ တရားရုံး တွေ ကို အသုံးချမှု တွေ တိုးမြင့် လာနေ တဲ့ အပေါ် အတော် စိုးရိမ် ပူပန်ကြောင်း အာရှ လူ့အခွင့် အရေး ကော်မရှင် AHRC က ထုတ်ပြန် လိုက်ပါတယ်။ ဒါ့အပြင်၊ ဗုဒ္ဓဘာသာ ကို အကြည်ညို ပျက်စေမှု နဲ့ ဖမ်းဆီး တရား
Posted: 16 Jan 2015 03:25 PM PST
မြိတ် ဇန်နဝါရီ ၁၆ တနင်္သာရီတိုင်းဒေသကြီး မြိတ် ခရိုင် ကျွန်းစုမြို့နယ် ကဘင်းကျေးရွာ အုပ်စု မိုင်းသွေးကျေးရွာ၌ တူမီး သေနတ်နှင့် ဓားများကိုင်ဆောင်ပြီး မျက်နှာဖုံးစွပ် လူသုံးဦးက ဓားပြတိုက် မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်မှာ ကျွန်းစုမြို့နယ် ကဘင်းကျေးရွာအုပ်စု မိုင်းသွေး ကျေးရွာ ထုံးဖိုရပ်၌ ဇန်နဝါရီ ၁၁ ရက် ည ၁ဝ နာရီခန့်က မျက်နှာဖုံး စွပ်လူသုံးဦးက လက်နက်များကိုင် ဆောင်ကာ အိမ်ပေါ်သို့တက်လြာ
Posted: 16 Jan 2015 03:25 PM PST
အကြမ်းဖက် သမား ဖြစ်နိုင် သူတွေ အဖြစ် ယူဆ ကိုင်တွယ် နေရတဲ့ အရေအတွက် ဟာ ထောင်ဂဏန်း အတော်များ ကြောင်း ယူရိုပိုလ် အကြီးအကဲ က ပြော။ ပြင်သစ်၊ ဘယ်လ်ဂျီယမ် နဲ့ ဂျာမဏီ နိုင်ငံတွေ မှာ အကြမ်းဖက်မှု အန္တရာယ် ကို ကာကွယ်တဲ့ အနေ နဲ့ သံသယ ရှိသူ တွေကို ရဲတွေက ဝင်ရောက် စီးနင်းမှု တွေ လုပ်ဆောင် ခဲ့ကြပြီး တည အတွင်း လူပေါင်း ၂ ဒါဇင် ကျော် ကို ဖမ်းဆီး ခဲ့ကြ ပါတယ်။ ဒီလို စီမံချက် တွေ လုပ်ဆောင် ခဲ့ရတာ ကို ကြည့်ရင် ဥရော
Posted: 16 Jan 2015 03:21 PM PST
ပါလက်စတိုင်း ဆန္ဒပြသူတွေကို အစ္စရေးလ် နယ်စပ် လုံခြုံရေးရဲတွေ ထိန်းသိမ်း။ (ဒီဇင်ဘာ ၁၉-၂၀၁၄) ပါလက်စတိုင်း ပိုင်နက်နယ်မြေတွေမှာ စစ်ရာဇဝတ်မှု ကျူးလွန် ခဲ့ဖွယ်ရှိတာတွေကို ကနဦး စုံစမ်း စစ်ဆေး မှု တခု နိုင်ငံတကာ ရာဇ၀တ် တရားခုံရုံး ICC က စတင်လိုက်ပါပြီ။ သောကြာနေ့ ကကြေညာတဲ့ ဒီ ကနဦး စုံစမ်းစစ်ဆေးမှုကနေ စုံစမ်းစစ်ဆေး မှုကြီးတခု အပြည့်အ၀ လုပ်မယ် မလုပ်ဘူး ဆိုတာကို လေ့လာ ဆန်းစစ်မှာဖြစ်ပါတယ်။ အပြည့်အ၀ စုံစမ်းစ
Posted: 16 Jan 2015 03:16 PM PST
ပခုက္ကူခရိုင် ဂန့်ဂေါမြို့နယ် ရွာစည်ကျေးရွာနေ ဒေါ်သေးသေး (၆၇ နှစ်) သည် ဇန်နဝါရီ ၁၂ ရက် ညနေ ၆ နာရီက ၄င်း၏နေအိမ် မီးဖိုဆောင်အတွင်း ဟင်းချက်ရန် ထိုင်နေစဉ် အတူနေသားဖြစ်သူ မောင်ထူး (၃၆ နှစ်)သည် အရက်သေစာ သောက်စား မူးယစ်လာပြီး အဆိုပါ မီးဖိုဆောင်အတွင်းရှိ ထင်း ချောင်းနှင့်မိခင်ဖြစ်သူ၏ ဦးခေါင်းကိုရိုက်ခဲ့သဖြင့် ဒေါ်သေးသေးတွင် ဒဏ်ရာ များရရှိခဲ့ကြောင်း သိရသည်။ အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ မိခင်ဖြစ်သူအား ဒဏ်
Posted: 16 Jan 2015 03:13 PM PST
မကွေးတိုင်း ဒေသကြီး မကွေး မြို့နယ် သပြေစမ်းအုပ်စု တောင်မင်း ကျေးရွာသည် လမ်းပန်းဆက်သွယ် ရေးမကောင်းခြင်းကြောင့် လူသိ နည်းပါးသည်။ တောင်မင်း ကျေးရွာသည် မကွေးမြို့နှင့် မဝေးကွာလှဘဲ အိမ်ခြေ ၁၅ဝ ခန့်ရှိပြီး လူဦးရေ ၅ဝဝ ကျော်ရှိကြောင်း သိရသည်။ ရွာတွင် စက်ရေတွင်းမရှိခြင်း၊ ရာသီဥတုဖောက်ပြန်၍ ကန်များ ရေတင်နိုင်မှု မရှိခြင်း တို့ကြောင့် စမ်း ရေကိုသာ အဓိကထား သုံးစွဲနေရ ကြောင်း သိရသည်။ ယခုနှစ်တွင် စမ်းရေတွ
Posted: 16 Jan 2015 03:10 PM PST
ထီးလင်း၊ ဇန်နဝါရီ ၁၆ မကွေးတိုင်း ဒေသကြီး ဂန့်ဂေါခရိုင် ထီးလင်းမြို့နယ် ကျော်ထုကျေးရွာ အရှေ့ဘက် ကျင်း-ပေါက် သားကားလမ်း မိုင်တိုင် အမှတ်၆၉/၃နှင့် ၆၉/၄အကြားတွင် ဇန်နဝါရီ၁၄ ရက် နံနက် ၆ နာရီခွဲက လမ်းဘေးတဲပြိုပြီး လူနှစ်ဦး သေဆုံး နေကြောင်း သတင်းအရ ကျင်းနယ်မြေ ရဲစခန်းမှူး ရဲအုပ်တင်အေးနှင့် အဖွဲ့က အခင်းဖြစ်နေရာသို့ သွားရောက် စစ်ဆေးခဲ့သည်။ သေဆုံးသူမှာ အောင်နိုင်ထွန်း (၂၁)နှစ်၊ ပေခုနှစ်ပင်ကျေးရွာ ပေါ
Posted: 16 Jan 2015 03:01 PM PST
ကေအိုင်အေ စစ်သားများ ကချင်ပြည်နယ် ဖားကန့်မြို့နယ်အတွင်းမှာ ကေအိုင်အေ ကချင်ပြည်လွတ်မြောက်ရေးတပ်နဲ့ အစိုးရတပ်တို့ ဇန္နဝါရီ ၁၆ ရက် သောကြာနေ့မှာလည်း တိုက်ပွဲတွေ ထပ်ဖြစ်ခဲ့ပါတယ်။ ဖားကန့်မြို့နဲ့ ၁၀ မိုင်လောက်အဝေးမှာရှိတဲ့ အောင်ဘာလီ၊ ကန်ထီးဘောနဲ့ ငှက်ပြောတောရွာ အနီးက တောင်တန်းမှာ ကေအိုင်အေ တပ်မဟာ ၂ တပ်ရင်း ၆ စခန်းကို အစိုးတပ်က လက်နက်ကြီးတွေနဲ့ ကြာသပတေးနေ့ကစလို့ ပစ်ခတ်နေပါတယ်။ ကေအိုင်အေ တပ်ရင်း ၆ စခ
Posted: 16 Jan 2015 02:59 PM PST
ဝဲမှ ယာ- မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး - အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး- (သတင်းစာရှင်းလင်းပွဲ- ၀၁-၁၆-၁၅) မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ အမေရိကန် လက်ထောက် နိုင်ငံခြားရေး ၀န်ကြီး Tom Malinowski က ကချင်ပြည်နယ်မှာ လတ်တလော ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေဟာ ၂ ဘက် ယုံကြည်မှု လစ်ဟင်း နေတာ ကြောင့်လို့ သုံးသပ်လိုက်ပြီး ငြိမ်းချမ်းရေး အတွက် ဆက်လက်ကြိုးပမ်းကြဖို့ အားပေး တိုက်တွန်း လိုက်ပါတယ်။ ရ
Posted: 16 Jan 2015 02:56 PM PST
ကုလသမဂ္ဂ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ် ယန်ဟီး လီရဲ့ သတင်းစာ ရှင်းလင်းပွဲ ( ဇန်နဝါရီ ၁၆-၂၀၁၅) ရခိုင်ပြည်နယ်ရဲ့ ပြသနာဟာ နိုင်ငံတကာ အတွက်ပါ အရှုတ်အထွေး ဖြစ်စေပြီးတော့ ကုလအဖွဲ့ဝင် နိုင်ငံအားလုံးနဲ့ ပါ သက်ဆိုင် နေတယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် က ဒီကနေ့ သူ့ရဲ့ သတင်းစာ ရှင်းလင်းပွဲ အတွင်းမှာ ပြောဆို သွားခဲ့ပါတယ်။ ရခိုင်ပြည်နယ်အတွင်း နှစ်ဖက် အသိုင်းအဝိုင်း အကြားမှာ ရန်လိုမှုတွေ ရှိနေဆဲ
Posted: 16 Jan 2015 02:54 PM PST
ရန်ကုန်၊ ဇန်န၀ါရီ ၁၃ မော်တော်ယာဉ် တင်သွင်းခွင့် မူဝါဒ အပြောင်းအလဲကြောင့် လက်ရှိ ကားဈေးကွက်၌ ဈေးနှုန်းမတည် ငြိမ်မှု များ ဖြစ်ပေါ်နေပြီး ၂၀၁၅ခုနှစ် အတွင်း ကားဈေးနှုန်းများမှာ အတက်သာရှိပြီး ဈေးနှုန်းကျဆင်း သွားဖွယ် မရှိကြောင်း မော်တော်ယာဉ် ရောင်းဝယ်ရေး အသင်းဥက္ကဋ္ဌ ဦးအောင်သန်းဝင်းက ဇန်န၀ါရီလ ၁၃ရက်တွင် မြန်မာသံတော် ဆင့်သို့ ပြောသည်။ လက်ရှိတွင် တစ်ဦးတစ်ယောက်ချင်း လွတ်လပ်စွာ တင်သွင်းခွင့် (free 

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...