Sunday, January 18, 2015

“ သွေးစွန်းတဲ့လက်တွေနဲ့ ရေးတဲ့ဥပဒေတိုင်းဟာ သွေးဆာနေမှာဘဲ ” -မင်းကောင်းချစ်


Myatthi Ha

(၂၀၀၈) ဖွဲ့ စည်းပုံအခြေခံဥပဒေကိုရေးဆွဲတဲ့ရည်ရွယ်ချက်ကိုက အထက်မှာဖေါ်ပြခဲ့တဲ့ လူသတ်သမားတွေ၊ လူ့ ဂျပိုး စစ်ဂျပိုးတွေ၊ သူခိုးဓါးမြတွေ၊ ဒုဿီလတွေရဲ့ ကျူးလွန်ခဲ့တဲ့ ဘုစုခရုပြစ်မူတွေကစလို့ပဥ္စာနန္တိယကံကြီးတွေအထိရာဇ၀တ်မူကုဋေကုဋာကို တာဝန်ယူစရာ မလိုအောင်၊ ပြီးတော့ အဲ့ဒီရာဇ၀တ်သားတွေဘဲ မြန်မာနိုင်ငံကိုတရားဝင်အုပ်ချုပ်ခွင့်ထာဝရ ရနိုင်အောင်…အလွန်ကောက်ကျစ်ယုတ်မာစွာရေးဆွဲခဲ့ကြတာလူတိုင်းသိတယ်။ 

ဒီတော့ (၂၀၀၈) ဖွဲ့ စည်းပုံအခြေခံဥပဒေအောက်မှာ …ရေးဆွဲတဲ့ ဥပဒေတိုင်းဟာ စစ်ညွှံထဲဆွဲချနေမှာ အသေအခြာဘဲ။ စစ်ကျွန်စော်လည်းနံနေမှာမုချ

ဥပဒေဆိုတာ…လူ့ အဖွဲ့ အစည်းကိုငြိမ်းချမ်းသာယာအောင်၊ လောကကိုစောင့်ရှောက်နိုင်ဖို့ ၊ အဓမ္မတရားကိုတိုက်ဖျက်နိုင်ဖို့ ရေးဆွဲပြဌာန်းရတဲ့၊ ယဉ်ကျေးတဲ့လူ့ အသိုင်းအ၀ိုင်းတခုဖြစ်ဖို့  ထိန်းကွပ်ပေးရတဲ့ မွန်မြတ်တဲ့၊ လိုက်နာအပ်တဲ့ ဖြူစင်တဲ့ စည်းမျဉ်းစည်းကမ်းများသာဖြစ်ရမယ်။
ဒီတော့..အဲ့ဒီလိုအရေးကြီးတဲ့ဥပဒေရေးဆွဲသူတွေဟာ.. ဥာဏ်အမျှော်အမြင်နဲ့ ပြည့်စုံယုံမက သီလနဲ့  အထူးပြည့်စုံသူတွေဖြစ်ဖို့ လိုတယ်။ အများပြည်သူတွေကကြည်ညိုလေးစားအားထားရလောက်အောင် သမာသမတ်ကြသူတွေ လူရိုသေ၊ ရှင်ရိုသေ ဂုဏ်သိက္ခာနဲ့ ပြည့်စုံသူတွေလည်းဖြစ်ဖို့ လိုတယ်။
ငါးပါးသီလ၊ စာရိတ္တသီလ၊ ၀ါရိတ္တသီလ၊ ရှိရှိသမျှသီလကျိုးပြတ်နေတဲ့သူတွေ ၊ အများပြည်သူ မကြည်ညို၊ မကိုးစားတဲ့သူတွေ ရေးဆွဲတဲ့ဥပဒေဆိုတာ…ဘယ်လိုမှ မဖြူစင်နိုင်ဘူး။ အကျင့်ပျက် ဥပဒေ၊ ဖိနှိပ်တဲ့ဥပဒေ၊ မတရားတဲ့ဥပဒေတွေဘဲပေါ်လာမယ်ဆိုတာ ဗေဒင်မေးစရာမလိုဘူး။

(ဦးသိန်းစိန်တို့ ဦးရွှေမန်းတို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ ရဲ့လက်ရှိအစိုးရဟာ မြန်မာနိုင်ငံရဲ့ သမိုင်းအဆက်ဆက်မှာ ရဟန်းရှင်လူ၊ ကျောင်းသားနဲ့ တိုင်းရင်းသားပြည်သူတွေကို ညှင်းဆဲ သတ်ဖြတ်ခဲ့လို့ လက်ခြေထောက်တွေမက တကိုယ်လုံးမှာ သွေးစွန်းနေတဲ့သူတွေ၊ ကြောက်မက် ဖွယ်ရာရာဇ၀တ်မှု့ကြီးတွေကို သွေးအေးအေးကျူးလွန်ပြီး၊ တာဝန်မခံသေးတဲ့အပြင် မထိုက်တန်တဲ့ ခံစားခွင့်နဲ့ ရာထူးတက်ဇိမ်ယစ်နေသူတွေ၊ တိုင်းပြည်ဘဏ္ဍာ၊ လူထုဘဏ္ဍာတွေဖေါက်စားပြီးကြီးပွား ချမ်းသာနေတဲ့ဒုဿီလ သမားတွေမှိုလိုပေါက်ပွားကြီးထွားနေတဲ့ အဖွဲ့ အစည်းတရပ်ဖြစ်တယ်။

(၂၀၀ဂ) ဖွဲ့ စည်းပုံအခြေခံဥပဒေကိုရေးဆွဲတဲ့ရည်ရွယ်ချက်ကိုက အထက်မှာဖေါ်ပြခဲ့တဲ့ လူသတ်သမားတွေ၊ လူ့ ဂျပိုး စစ်ဂျပိုးတွေ၊ သူခိုးဓါးမြတွေ၊ ဒုဿီလတွေရဲ့ ကျူးလွန်ခဲ့တဲ့ ဘုစုခရုပြစ်မူတွေကစလို့ပဥ္စာနန္တိယကံကြီးတွေအထိရာဇ၀တ်မူကုဋေကုဋာကို တာဝန်ယူစရာ မလိုအောင်၊ ပြီးတော့ အဲ့ဒီရာဇ၀တ်သားတွေဘဲ မြန်မာနိုင်ငံကိုတရားဝင်အုပ်ချုပ်ခွင့်ထာဝရ ရနိုင်အောင်…အလွန်ကောက်ကျစ်ယုတ်မာစွာရေးဆွဲခဲ့ကြတာလူတိုင်းသိတယ်။
ဒီတော့ (၂၀၀ဂ) ဖွဲ့ စည်းပုံအခြေခံဥပဒေအောက်မှာ …ရေးဆွဲတဲ့ ဥပဒေတိုင်းဟာ စစ်ညွှံထဲဆွဲချနေမှာ အသေအခြာဘဲ။ စစ်ကျွန်စော်လည်းနံနေမှာမုချပေါ့ ။

နိုင်ငံသူနိုင်ငံသားတွေကို စစ်ကျွန်ပြုဖို့ ၊ ဖိနှိပ်အုပ်ချုပ်ဖို့ ရည်ရွယ်ရေးဆွဲထားတဲ့ (၂၀၀ဂ) ဖွဲ့ စည်းပုံ အခြေခံဥပဒေ အောက်မှာ..ဦးသိန်းစိန်အစိုးရ ရေးဆွဲနေတဲ့ဥပဒေတိုင်းဟာ ဖြူစင်တဲ့ပ၀ါစကိုသွေးစွန်း နေတဲ့လက်၊ ညစ်ပတ်ပေရေနေတဲ့လက်နဲ့ ကိုင်ရင် ဖြူစင်တဲ့ပ၀ါလည်း သွေးစွန်းညစ်ပေသွားတတ် သလို ဖိနှိပ်တဲ့ဥပဒေ၊ ချုပ်ချယ်တဲ့ဥပဒေမျိုးတွေဘဲဖြစ်နေမှာပါ။ သူတို့ ရေးဆွဲတဲ့ဥပဒေတိုင်းဟာ… သူတို့ အကျိုးစီးပွားနဲ့ အာဏာကိုမထိခိုက်ဖို့ အဓိကထားကာကွယ်နေမှာဘဲ။ ပုဒ်မ (၄၃၆) ကိုမပြင်ခြင် တာဟာ အလွန်ထင်ရှားတဲ့ဥပမာတရပ်ဖြစ်တယ်။
အများပြည်သူ အလိုတူ၊ ကြည်ဖြူထောက်ခံမဲ့ ဥပဒေတွေ၊ အများအကျိုးသယ်ပိုးပေးမဲ့ဥပဒေတွေ ရေးဆွဲနိုင်ဖို့ က နည်းလမ်းတလမ်းထဲရှိတာပါ။ (၂၀၀ဂ) ဖွဲ့ စည်းပုံ အခြေခံဥပဒေကို စစ်သွေးစင်တဲ့အထိ ပြည်သူ့ ဆန္ဒနဲ့ အညီပြင်ဆင်နိုင်အောင်ကျိုးစားပါ။ (၂၀၁၅ ) အထွေထွေရွေးကောက်ပွဲကြီးကို စစ်မှန်မျှတအောင်ညီညီညွတ်ညွတ်ဝိုင်းဝန်းပေးနိုင်ခဲ့ရင် ပြည်သူ့အစိုးရတရပ်ပေါ်လာမှာပါ။

ပြည်သူကိုအမှန်တကယ်ကိုယ်စားပြုတဲ့ ပြည်သူ့ အစိုးရသာလျှင်ပြည်တွင်းစစ်ကိုအပြီးတိုင်ငြိမ်းသတ် လို့ ငြိမ်းချမ်းရေးရအောင်လုပ်ပေးနိုင်မှာဖြစ်သလို၊ တရားမျှတတဲ့ အများလက်ခံနိုင်တဲ့ ဥပဒေတွေ ရေးဆွဲပြဌာန်းလို့ တရားဥပဒေစိုးမိုးမှု့အောင်၊ နိုင်ငံရေး၊ ပညာရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ လူမှု့ရေး၊ ရှိရှိသမျှကဏ္ဍအသီးသီးမှာ လုံခြုံမှု့ တိုးတက်မှု့တွေရအောင် စွမ်းဆောင်နိုင်မှာဖြစ်ကြောင်း မီးမောင်း ထိုးလိုက်ပါရစေ။

လေးစားစွာဖြင့်
မင်းကောင်းချစ်
ဇန္န၀ါရီလ (၁၀) ရက်နေ့  ၂၀၁၅ ခုနှစ်  

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...