သစ်ထူးလွင် သတင်းစုစည်းမှု (၃၀-၁)
သစ်ထူးလွင် |
- ပါကစ္စတန် ဗလီတစ်ခုမှာ ဗုံးပေါက်ကွဲ၊ ၄၀ ကျော်သေ
- ၆ ပွင့်ဆိုင်ဆုံးဖြတ်ချက် မလွှဲမသွေ ဖော်ဆောင် ရလိမ့်မယ်လို့ သူရဦးရွှေမန်း ပြောကြား
- ကျီစုစက်မှုဇုန်အတွင်း ကျူးကျော်တဲတွေကို အင်အားသုံးဖယ်ရှား
- လမ်းလျှောက်နေသူတစ်ဦး ယာဉ်တိုက်ခံရသဖြင့် ဦးခေါင်း ကြေမွ သေဆုံး
- ဒေါ်စု နေအိမ် ခြံတံခါးဟောင်းကို တော်ဝင်နှင်းဆီက ဈေးပြိုင် ရောင်းမယ်
- သိန်း ၈၀ ကျော်တန်ကြေးရှိ ရွှေတုလိမ်လည် ပေါင်နှံသူ အမျိုးသမီး (၃)ဦးပါ ဂိုဏ်းအား ဖမ်းဆီးရမိ
- စံချိန်မမီသည့်စာသင်ကျောင်း ပြန်လည်ပြုပြင်ပေရန် မုတ္တမဒေသခံအချို့တောင်းဆို
- အပျိုစင်ပြန်ဖြစ်ရန် အမျိုးသမီးအင်္ဂါ ခွဲစိတ်သည့်ကြော်ငြာ ကမ္ဘောဒီးယားတားမြစ်
- မြောင်းမြတွင် ၀က်ကောင်ရေ ရာချီ ၀မ်းကျရောဂါ သံသယဖြင့် သေဆုံး
- ကချင် သတ်ဖြတ်မှု ခေတ်မီနည်းနဲ့ စစ်ဆေး
- ဧရာဝတီကျောင်းသားတွေ သပိတ်မှာ ပါဝင်လာပြီ
- ၂၀၁၅ စစ်ရေးလေ့ကျင်မှု ဒေသတွင်း စစ်ပွဲများကို အောင်နိုင်ရန်ဟု တရုတ်ပြော
- မရမ်းကုန်းမြို့နယ်၊ (၃)ရပ်ကွက်ရှိ ဈေးဆိုင်ခန်းများတွင် မီးလောင်မှုဖြစ်ပွား
- နိုင်ငံတော် အလံပေါ်တွင် လက်မှတ်ထိုးခြင်း၊ ရေးခြစ်ခြင်း ဥပဒေနှင့်ငြိစွန်း
- အိမ်ခြံမြေဈေးကွက် အေးစက်
- ဧရာဝတီသပိတ်စစ်ကြောင်း ပုသိမ်မြို့တွင်း လှည့်လည်စည်းရုံး
- အကြမ်းဖက်သမားနဲ့ ဓားစာခံ လဲလှယ်ရေး သတ်မှတ်ချိန်ကျော်လွန်
- အီဂျစ်မှာ စစ်သွေးကြွတွေ ဝင်တိုက်
- ဘင်္ဂလားဒေ့ရှ် ကမ်းလွန်၌ လူအများအပြား တင်ဆောင်လာသည့် ငါးဖမ်းစက်လှေတစ်စီး နစ်မြုပ်ရာ ခရီးသည် ၂၄ ဦးပျောက်ဆုံး
- ပျက်ကျသည့် MiG-27 လေယာဉ်နှင့် တိုက်မိသည့် ဆိုင်ကယ်စီးသူ အသက်ရှင်
- အသက် ၁၂ နှစ်အရွယ် မြန်မာကလေးငယ်ကို ပထွေးက မုဒိမ်းကျင့်
- ခန္ဓာကိုယ် အစိတ်အပိုင်းထည့်ထားသည့် လက်ဆွဲသေတ္တာ အမေရိကန် ရဲများတွေ့
- မိုင်းဖြတ်၌ အရှိန်လွန်ယာဉ်တိုက်မိရာမှ နေအိမ်မီးဖို ဆောင်အတွင်း အိပ်နေသော မိသားစု လေးဦးအနက် တစ်ဦးသေဆုံး
- မကွေးမှာ တရားစွဲခံထားရသူ ၁၁ ဦးကို အပြစ်မရှိကြောင်း အမိန့်ချမှတ်
- တပ်မတော်ရဲ့ တိုက်ခိုက်ရေးအသုံးစရိတ် များသလား
Posted: 30 Jan 2015 07:18 AM PST
သေဆုံးသူ ဦးရေ တိုးလာဖွယ် ရှိတယ်လို့ဆို ပါကစ္စတန် နိုင်ငံ တောင်းပိုင်း၊ ဆင်းဒ် ပြည်နယ်၊ ရှီကာပူးရ် ဒေသက ရှီးယား ဗလီတစ်ခုမှာ ဗုံးပေါက်ကွဲမှု ဖြစ်လို့ လူ အနည်းဆုံး အယောက် ၄၀ သေဆုံး ခဲ့တယ်လို့ ပါကစ္စတန် အရာရှိတွေက ပြောပါတယ်။ သောကြာနေ့ ဝတ်ပြု ဆုတောင်းချိန် အပြီးမှာ ဒီတိုက်ခိုက်မှု ဖြစ်ပွားခဲ့တာ ဖြစ်ပြီး ဒါဇင်ပေါင်း များစွာလည်း ဒဏ်ရာရခဲ့ကာ သေဆုံးသူ ဦးရေ တိုးလာဖွယ် ရှိပါတယ်။ ဒီတိုက်ခိုက်မှုဟာ အသေခံ ဖော
|
Posted: 30 Jan 2015 07:12 AM PST
ပြည်ထောင်စု လွှတ်တော်က တောင်းဆိုထားတဲ့ ခြောက်ပွင့်ဆိုင် တွေ့ဆုံ ဆွေးနွေးပွဲဟာ အခုကျင်းပနေတဲ့ လွှတ်တော် အစည်းအဝေး ကာလမှာ ဖြစ်နိုင်ဖွယ်ရှိကြောင်း ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်းက ဒီနေ့ ပြောပါတယ်။ နေပြည်တော် လွှတ်တော်ဝင်း အတွင်းမှာ ဒီကနေ့ကျင်းပတဲ့ သတင်းစာ ရှင်းလင်းပွဲမှာ သတင်းထောက် တစ်ဦးရဲ့ မေးမြန်းချက်ကို သူရဦးရွှေမန်းက ပြန်လည်ဖြေကြား ခဲ့တာပါ။ "ပြည်ထောင်စုလွှတ်တော်က မြန်မာနိုင်ငံမှာ အမြ
|
Posted: 30 Jan 2015 07:09 AM PST
ရန်ကုန်တိုင်း ဒေသကြီး ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ် ကျီစုစက်မှုဇုန် စီမံကိန်း ထဲမှာရှိတဲ့ ကျူးကျော်တဲ ၁၀၀ ကျော်ကို မြို့နယ် အုပ်ချုပ်ရေးမှူး အမိန့်နဲ့ လူအင်အား ၂၀၀၀ လောက်က ဒီနေ့ အင်အားသုံး ဖယ်ရှား ခဲ့ပါ တယ်။ နှစ်ပေါင်းဆယ်စုနဲ့ချီ နေထိုင်လာခဲ့တဲ့ လူနေတဲတွေ ဖျက်ဆီး ခံရတဲ့ အပေါ် အဲဒီမှာနေထိုင်သူ ဒေါ်အေးက ဆုံးရှူံး နစ်နာမှုတွေနဲ့ ပတ်သက်လို့ အခုလို ပြောပါတယ်။ "သွပ်တွေလည်း အကုန်ယူသွားတယ်၊ ဒန်အိုးဒန်ခွ
|
Posted: 30 Jan 2015 06:41 AM PST
ရန်ကုန်၊ ဇန်န၀ါရီ ၃၀ ၂၉.၁.၂၀၁၅ ရက်နေ့ ၀၇၃၀ အချိန်တွင် ဒဂုံမြို့သစ် (အရှေ့ပိုင်း)မြို့နယ်၊ အမှတ် (၂)လမ်းအတိုင်း လေးထောင့် ကန်ဘက်မှ တောင်/မြောက် လမ်းဆုံဘက်သို့ ဗိုလ်တထောင်မြို့နယ်နေ ယာဉ်မောင်း ကိုအောင်ဖြိုးပိုင်(၃၀)နှစ်မော
|
Posted: 30 Jan 2015 05:38 AM PST
ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ် ကျခံနေရစဉ် တလျှောက် နေခဲ့ရတဲ့ တက္ကသိုလ်ရိပ်သာလမ်းက နေအိမ် ခြံဝင်း ဂိတ်တံခါးဟောင်းကို လက်ဝယ် ရရှိထားသူ တော်ဝင်နှင်းဆီ ဦးစိုးညွန့်က ကြမ်းခင်းဈေး ကျပ်သိန်း ၂၀၀၀ နဲ့ ဈေးပြိုင် ရောင်းချတော့မှာ ဖြစ်ပါတယ်။ ဂိတ်တံခါးဟောင်းနဲ့ အတူ အင်္ဂတေနဲ့ ထွင်းထုထားတဲ့ အိမ်နံပါတ် အမှတ် ၅၄ လည်း ပါဝင်မှာ ဖြစ်ပါတယ်။ ရောင်းရငွေကို ပါတီဌာနချုပ်ရုံး အသစ် ဆောက်လုပ်ရာမှာ သုံးစွဲမယ်လို့ သိရပါတ
|
Posted: 30 Jan 2015 05:09 AM PST
နေပြည်တော် ရဲတပ်ဖွဲ့မှူး ရုံးအကူ တပ်ဖွဲ့ ခွဲ မှုခင်းအကူအဖွဲ့ (၅)မှ ဒုရဲမှူး စိုးညွန့်နှင့် ဒုရဲအုပ်တင်ထွန်းတို့ ဦးစီးသော တပ်ဖွဲ့ဝင်များသည် ၂၇-၁-၂၀၁၅ ရက်နေ့ ညနေ ၁၅း၀၀ နာရီ အချိန်ခန့်တွင် နေပြည်တော် ကောင်စီ နယ်မြေ ရွှေစံအိမ် ရွှေဆိုင်တွင် ရွှေတုများ လိမ်လည် ပေါင်နှံသည့် အဖွဲ့အား ဖမ်းဆီး စစ်ဆေး ခဲ့သည်။ အမှုဖြစ်စဉ်မှာ ဒေါ်လဲ့နန္ဒာ(ခ)ဒေါ်မူမူအောင်သည် ဦးထွန်းဦးပိုင်ဆိုင်သော ရွှေစံအိမ်နှင့် တော်ဝင်သူ ဖုန်းအေ
|
Posted: 30 Jan 2015 04:44 AM PST
ဇေတဝန် စာသင်ကျောင်း ဆောက်လုပ်ထားမှု (IMNA) မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ မုတ္တမကျေးရွာ အုပ်စု ဇေတဝန် အခြေခံ မူလတန်း ကျောင်း ဆောက်လုပ် ရာတွင် သတ်မှတ် စံချိန်နှင့် မကိုက်ညီသည့် အတွက် ပြန်လည် ပြုပြင် ပေးစေ လိုကြောင်း ကျောင်း အကျိုးတော် ဆောင်တို့က ပြောသည်။ “သတ်မှတ်ထားတဲ့ အရည်အသွေး ပြည့်မီအောင် ဆောက်လုပ်ပေးပါ၊ ကျနော်တို့က တွယ်ချင်လို့ မဟုတ်ပါဘူး။ သတ်မှတ်ထား တဲ့ စံနှုန်းအတိုင်းပဲ ပြင်ဆင်ပေးစေချင်တယ်” ဟု
|
Posted: 30 Jan 2015 12:50 AM PST
ဓာတ်ပုံ (Bigstock) အပျိုစင်ပြန် ဖြစ်ရန် အမျိုးသမီး လိင်အင်္ဂါ ခွဲစိတ်တဲ့ ကြော်ငြာ တွေကို ရပ်နားဖို့ ဆေးရုံကို ကမ္ဘောဒီးယား အစိုးရက တားမြစ်လိုက်ပါတယ်။ ဇန်န၀ါရီ ၂၃ ရက်နေ့က တပ်ထားတဲ့ ပြန်ကြားရေး ၀န်ကြီးရဲ့ တားမြစ်စာမှာတော့ လူ့အဖွဲ့အစည်းရဲ့ အကျင့်စာရိတ္တကို ထိခိုက် ပျက်ပြား စေတယ်လို့ အေအက်ဖ်ပီ သတင်းက ရေးပါတယ်။ ကမ္ဘောဒီးယားက ဆေးခန်းတော်တော်များများက ဒီခွဲစိတ်မှုကို တိတ်တဆိတ် လုပ်ဆောင်မှုတွေ ရှိနေသလို
|
Posted: 30 Jan 2015 12:48 AM PST
ဧရာဝတီတိုင်း မြောင်းမြမြို့မှာ ၀က်ဝမ်းကျရောဂါလို့ ယူဆရတဲ့ ရောဂါကြောင့် ၀က်ကောင်ရေ ရာနဲ့ချီ သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဇန်န၀ါရီလ လဆန်းပိုင်း လောက်ကစပြီး မြောင်းမြမြို့ အရှေ့ခြမ်း ကျေးရွာတွေ ဖြစ်တဲ့ ကွယ်လွယ်၊ မြစန္ဒာ၊ ကံကုန်း၊ မွေတော်ရှမ်းစုနဲ့ မွေတော်တည်ချောင်းစတဲ့ ကျေးရွာတွေမှာ ဖြစ်ပွားခဲ့တာ ဖြစ်ပြီး မွေးမြူရေး ၀က်တွေရော၊ လွှတ်ကျောင်းမွေးတဲ့ ၀က်တွေမှာပါ ဖြစ်တာလို့ မြို့ခံ ဦးမြင့်လွ
|
Posted: 30 Jan 2015 12:41 AM PST
ရှမ်းပြည်နယ်၊ မူဆယ်ခရိုင်၊ ကောင်းခါးကျေးရွာမှာ ကချင်နှစ်ခြင်း ခရစ်ယာန် အဖွဲ့ချုပ်က ကျောင်းဆရာမ နှစ်ဦး အသတ်ခံရတဲ့ အမှုနဲ့ ပတ်သက်ပြီး တပ်မတော် သားတွေနဲ့ ဒေသခံ ရွာသားတွေ ကို DNA မျိုးဗီဇ စစ်ဆေးမယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ အခင်းဖြစ်ပွားခဲ့ညက ကောင်းခါးရွာမှာ တာဝန်ကျခဲ့သူ တပ်မတော်သား၂၅ ဦးနဲ့ ရွာသား ၁ဝ ဦးတို့ရဲ့ မျိုးဗီဇနမူနာတွေကို စုဆောင်းထားပြီး ဖြစ်တယ်လို့ ရှမ်းပြည်နယ် ရဲတပ်ဖွဲ့ ရဲမှူး ဦးစ
|
Posted: 30 Jan 2015 12:38 AM PST
အမျိုးသား ပညာရေး ဥပဒေကို ကန့်ကွက်ဆန္ဒပြမယ့် ဧရာဝတီတိုင်းက ကျောင်းသားတွေ ပုသိမ်မြို့ကို စုစည်းရောက်ရှိနေ ပြီး သပိတ်စစ်ကြောင်း ချီတက်ပွဲ ဒီနေ့ စတင်မယ်လို့ ပြောကြားပါတယ်။ ပုသိမ်မြို့က ကျောင်းသားတွေ အပြင် မြောင်းမြ၊ မအူပင် အစရှိတဲ့မြို့တွေက ကျောင်းသားတွေလည်း ရောက်နေပြီး ရန်ကုန်က တက္ကသိုလ်တွေမှာ ဧရာဝတီတိုင်းကနေ သွားတက်ရောက်နေတဲ့ ကျောင်းသားတွေ လာရောက်ပူးပေါင်းကြ တာပါ။ ဧရာဝတီတိုင်း ပညာရေးဒီမိုကရေစီစ
|
Posted: 30 Jan 2015 12:36 AM PST
၂၀၁၅ ခုနှစ် တရုတ်ရဲ့ စစ်ရေး လေ့ကျင်မှုတွေက ဒေသတွင်း စစ်ပွဲတွေကို အနိုင်ရဖို့နဲ့ စွမ်းရည်တိုးတက်ဖို့ ဦးတည် လေ့ကျင့်တာလို့ ပြောပါတယ်။ ကာကွယ်ရေး ၀န်ကြီးဌာန ပြောခွင့်ရ အဆင့်မြင့် အရာရှိ ယန်ယူဂျန်က တိုက်ခိုက်ရေး စွမ်းရည် မြင့်တက်ဖို့ဆိုတဲ့ အချက်ကို တရုတ်လူထု လွတ်မြောက်ရေး တပ်မတော် (PLA) က ခိုင်မာ ယုံကြည်ထား တယ်လို့ ဇန်န၀ါရီ ၃၀ ရက်က သတင်းထောက် တွေကို ပြောတဲ့ အကြောင်း အေအက်ဖ်ပီသတင်းမှာ ရေးပါတယ်။ ဒေ
|
Posted: 30 Jan 2015 12:22 AM PST
ရန်ကုန်၊ ဇန်န၀ါရီ ၃၀ ၃၀.၁.၂၀၁၅ ရက်နေ့ ၀၃၀၀ အချိန်တွင် မရမ်းကုန်းမြို့နယ်၊ (၃)ရပ်ကွက်၊ အောင်သိဒ္ဓိ လမ်းမကြီးနှင့် အောင်သိဒ္ဓိကျောင်းလမ်းထောင့်ရှိ ဈေးဆိုင်ခန်း များတွင် မီးလောင်မှု ဖြစ်ပွားခဲ့ပါသည်။ ဖြစ်စဉ်မှာ အဆိုပါနေရာရှိ မရမ်းကုန်းမြို့နယ်နေ ဦးကျော်ထွေး(၅၀)နှစ်၏ ထမင်းဆိုင်မှ လျှပ်စစ်ဒါးမိန်းခလုတ်မှာ အပူလွန်ကဲပြီး ၀ါယာရှော့ဖြစ်ကာ မီးစတင် လောင်ကျွမ်းခဲ့ရာမှ ၎င်းထမင်းဆိုင် အပါအ၀င် ကုန်စုံဆိုင်၊ေ
|
Posted: 29 Jan 2015 11:00 PM PST
ပုံစာ - သမ္မတဦးသိန်းစိန်နှင့် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် လက်မှတ်ထိုးထားသည့် နိုင်ငံတော်အလံ ရန်ကုန်၊ ဇန်န၀ါရီ ၂၈ နိုင်ငံ၏ အမှတ်တံဆိပ် ဖြစ်သော နိုင်ငံတော် အလံပေါ်တွင် လက်မှတ် ထိုးခြင်း၊ ရေးခြစ်ခြင်းများ ပြုလုပ်ခြင်းသည် ဥပဒေနှင့် ငြိစွန်းကြောင်း တရားလွှတ်တော် ရှေ့နေ ဦးရောဘတ်စန်းအောင်က ဇန်န၀ါရီ ၂၈ ရက်တွင် မြန်မာသံတော်ဆင့်သို့ ပြောသည်။ ပြီးခဲ့သည့် ၂၀၁၄ ခုနှစ်အတွင်းက သ
|
Posted: 29 Jan 2015 10:53 PM PST
ရန်ကုန်၊ ဇန်န၀ါရီ(၂၇) လက်ရှိတွင် အိမ်ခြံမြေ ဈေးကွက်၌ အ၀ယ်အေးလျက်ရှိနေပြီး ကွန်ဒိုတိုက်ခန်းများ အပါအ၀င် ကန်ထရိုက် တိုက်ခန်းများအား ဈေးလျှော့၊ အတင်းချလျက်ရှိရာ လတ်တလော အနေဖြင့် အိမ်ခြံမြေဈေးမှာ တက်လာ နိုင်ဖွယ် မရှိကြောင်း အိမ်ခြံမြေ အကျိုးဆောင်များက သုံးသပ်လျက်ရှိသည်။ ““အရင်ကတော့ မြေ၀ယ်ရင် မြတ်တယ်ဆိုပြီး လိုက်ဝယ်တဲ့သူများတယ်။ အခုကျတော့ မြေခွန်တွေနဲ့ ပတ်သက်ပြီး ဈေးနှုန်းတွေ မြင့်လိုက်တဲ့ အခါ
|
Posted: 29 Jan 2015 10:22 PM PST
ဓာတ်ပုံ – Zaw Yann facebook ဧရာဝတီတိုင်းက အမျိုးသား ပညာရေး ဥပဒေကို သပိတ်မှောက်တဲ့ ကျောင်းသူ ကျောင်းသားတွေ ဒီကနေ့ မနက်ကစပြီး ပုသိမ်မြို့ပေါ်က ကျောင်းတွေကို လှည့်လည်ဆန္ဒထုတ်ဖော် နေကြပါတယ်။ ပညာပါရမီ ကျောင်းတိုက်ကနေပြီး ပုသိမ်မြို့တော်ခန်းမဆီကို ချီတက်ပြီး အဲဒီကနေဆင့် မြို့တွင်းက ကျောင်းတွေကို လှည့်လည်စည်းရုံးမယ်လို့ ရန်ကုန်စီးပွားရေး တက္ကသိုလ်ကျောင်း သားများ သမဂ္ဂအတွင်းရေးမှူး ကိုတေဇာက ပြောပါတယ်။ “
|
Posted: 29 Jan 2015 10:13 PM PST
စစ်သွေးကြွတွေ ဖမ်းဆီးထားတာ ခံနေရတဲ့ ဂျော်ဒန်နိုင်ငံက လေတပ် တိုက်လေယာဉ်မှူး အရေး တောင်းဆို။ IS အစ္စလာမ်မစ် စစ်သွေးကြွတွေက ဖမ်းဆီးထားတဲ့ ဓားစာခံ အရေးကိစ္စနဲ့ ပတ်သက်ပြီး နောက်ဆုံး သတ်မှတ်ထားတဲ့ အချိန်ဟာ ကျော်လွန်သွားပြီ ဖြစ် ပါတယ်။ ဂျော်ဒန်နိုင်ငံကတော့ စစ်သွေးကြွတွေ ဖမ်းဆီးထားတာ ခံနေရတဲ့ လေတပ် တိုက်လေယာဉ်မှူး အသက်ရှင်လျက် ရှိနေတယ် ဆိုတဲ့ အထောက်အထား သက်သေပြဖို့ တောင်းဆို နေပါတယ်။ ဖမ်းဆီးခံထားရတဲ့
|
Posted: 29 Jan 2015 10:08 PM PST
အီဂျစ်နိုင်ငံဝှမ်း ဆန္ဒပြပွဲတွေကြောင့် တင်းမာမှုကြီးထွား အီဂျစ် ဆိုင်းနိုင်းကျွန်းဆွယ် မြောက်ပိုင်း မှာ စစ်သွေးကြွ တိုက်ခိုက်မှု တွေကြောင့် အနည်းဆုံး လူ ၂၆ ယောက် သေဆုံးပြီး အများအပြား ဒဏ်ရာ ရ ခဲ့ပါတယ်။ ဒေသတွင်းမှာ အစ္စလာမ္မစ် အစွန်းရောက် တွေ ကို နှိမ်နင်း နေတဲ့ လုံခြုံရေး ဝန်ထမ်း အများအပြား သေဆုံး ခဲ့တာ ဖြစ်ပါတယ်။ မြို့ အတော်များများက စစ်ဆေးရေး ဂိတ် တွေ၊ ရဲနဲ့ စစ်စခန်း တွေကို မော်တာ ကျည်ဆန်တွေ၊ လ
|
Posted: 29 Jan 2015 10:06 PM PST
ဒါကာ ၊ ၃၀-၁-၂၀၁၅ မလေးရှား နိုင်ငံသို့ တရားမဝင် သွားရောက်မည့် ဘင်္ဂလားဒေ့ရှ် နိုင်ငံသား အများအပြားကို တင်ဆောင် လာသည့် ငါးဖမ်းစက်လှေ တစ်စီးသည် ယမန်နေ့တွင် ဘင်္ဂလားဒေ့ရှ် ကမ်းလွန်၌ နစ်မြုပ်သွား ခဲ့ရာ ခရီးသည် ၂၄ ဦး ပျောက်ဆုံးလျက် ရှိကြောင်း သိရသည်။ အဆိုပါ ငါးဖမ်း စက်လှေသည် ခရီးသည် ဦးရေ ၆ဝ ခန့်ကို တင်ဆောင် လာခြင်းဖြစ်ပြီး ကူတွတ်ဒီယာ ကမ်းလွန်မှ နှစ်မိုင်ခွဲ အကွာတွင် ရေစီး ကြမ်းတမ်း မှုကြောင့် နစ်မြု
|
Posted: 29 Jan 2015 10:04 PM PST
မွမ်ဘိုင်း ၊ ၃၀-၁-၂၀၁၅ အိန္ဒိယ လေတပ်သုံး MiG-27 တိုက်လေယာဉ် သည် နိုင်ငံအနောက် မြောက်ပိုင်းတွင် ဇန်နဝါရီ ၂၇ ရက် ညနေ ၃ နာရီခန့်က ပျက်ကျသွား ခဲ့ပြီး ပျက်ကျ သွားသည့် အဆိုပါ လေယာဉ်၏ အစိတ်အပိုင်း တစ်ခုမှာ ဆိုင်ကယ် မောင်းနှင်လာသူ အမျိုးသား တစ်ဦးနှင့် တိုက်မိ သွားခဲ့သော်လည်း ဆိုင်ကယ် မောင်းနှင် လာသူမှာ အသက်ရှင် ခဲ့ကြောင်း သိရသည်။ လွန်းဆင်း အမည်ရှိ အသက် ၂၆ နှစ်အရွယ် အဆိုပါ အမျိုးသားသည် ၄င်း မင်္ဂလာ ဧ
|
Posted: 29 Jan 2015 09:58 PM PST
ထိုင်းနိုင်ငံ အနောက်ဘက် ရာ့ခ်ျပူရီခရိုင် ရာ့ခ်ျပူရီမြို့မှာ အသက် ၁၂ နှစ် မြန်မာ မိန်းကလေးတဦး ပထွေးရဲ့မုဒိမ်းကျင့်တာ ခံရတယ်လို့ ထိုင်း မန်နေဂျာ အွန်လိုင်းမှာ ဖော်ပြပါတယ်။ ရာ့ခ်ျပူရီမြို့ ဆောက်လုပ်ရေး အလုပ်သမား တန်းလျားမှာ နေထိုင်သူ အသက် ၁၂ နှစ် မိန်း ကလေးနောင့်နစ် (အမည်ရင်းမဟုတ်) ကို ပထွေး ဦးသန်းဇော် (အသက် ၄၁) နှစ်က မုဒိမ်းကျင့်ခဲ့တဲ့အကြောင်း မိခင်ဖြစ်သူက ဇန်န၀ါရီ ၂၉ ရက်နေ့မှာ ရာ့ခ်ျပူရီရဲစခ
|
Posted: 29 Jan 2015 09:55 PM PST
ဓာတ်ပုံ (ရိုက်တာ) အမေရိကန် ပြည်ထောင်စု ဆန်ဖရန်စစ္စကို မြို့က ရဲအဖွဲ့ဟာ လူ့ခန္ဓာကိုယ် အစိတ်အပိုင်းတွေကို ထည့်ထားတဲ့ လက်ဆွဲ သေတ္တာ တလုံးကို ဇန်န၀ါရီ ၂၈ ရက်က တွေ့ရှိခဲ့တာကြောင့် အနီးအနားမှာ ရှာဖွေနေပါတယ်။ သတင်းပေးပို့မှု တခုကြောင့် လမ်းဘေးမှာ လက်ဆွဲအိတ်ကို တွေ့ခဲ့တယ်လို့ ဒေသခံ ရုပ်မြင်သံကြား ဌာနက ရဲတွေကို ကိုးကားပြီး ထုတ်ပြန်ပါတယ်။ ဒါကြောင့် ဈေးပတ်ဝန်းကျင်နဲ့ အမှတ် ၁၁ လမ်းကို ပိတ်ဆို့ပြီး ရှာဖွေမှု
|
Posted: 29 Jan 2015 01:51 PM PST
မိုင်းဖြတ် ဇန်နဝါရီ ၂၉ ဇန်နဝါရီ ၂၆ ရက် ည ၁ဝ နာရီခွဲက မိုင်းဖြတ်မြို့မရဲစခန်း ဒုရဲအုပ် ဇော်မောင်သန်း တာဝန်မှူး တာဝန် ဆောင်ရွက်စဉ် ယာဉ်တိုက် မှုဖြစ်ပွားကြောင်း သတင်းအရ သက်သေများနှင့် အတူ သွားရောက်စစ်ဆေးရာ မိုင်းဖြတ်ဘက်မှ ကျိုင်းတုံဘက်သို့ ယာဉ်မောင်း ငြိမ်းလေးပိုင် တစ်ဦးတည်း မောင်းနှင်လာသည့် ယာဉ်အမှတ် ထ/-----(RTC) အပြာရောင်ယာဉ်သည် KM၅၅/ ၅၆ ကြား၊ စွပ်ပလောင်းရွာ မိုင်းဖြတ် ကျေးရွာအုပ်စု၊ မိုင်းဖြ
|
Posted: 29 Jan 2015 01:51 PM PST
မကွေးမြို့ အေးစေတီ ဘုရားဝင်းမှာ ခွင့်ပြုချက်မရှိဘဲ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ဟောပြောပွဲ ကျင်းပ ခဲ့တယ်ဆိုပြီး ပိုင်နက်ကျူးလွန်မှုနဲ့ တရားစွဲ ခံထားရတဲ့ အန်အယ်လ်ဒီနဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့ အစည်းက အဖွဲ့ဝင် ၁၁ ဦးကို အပြစ်မရှိကြောင်း မကွေးတိုင်း တရားရုံးက ဒီနေ့ အမိန့်ချ လိုက်ပါတယ်။ အဲ့ဒီဟောပြောပွဲကြောင့် အေးစေတီဘုရားဂေါပကအဖွဲ့ရဲ့ ဂုဏ်သိက္ခာထိခိုက်မှုမရှိခဲ့သလို ရပ်ရွာအေးချမ်းသာ
|
Posted: 29 Jan 2015 01:51 PM PST
၂၀၁၄-၂၀၁၅ က ကာကွယ်ရေးအသုံးစရိတ် ကျပ် ဘီလျံ ၂၆၀ဝ ကျော်ရှိ အခုကျင်းပနေတဲ့ လွှတ်တော် အစည်းအဝေးမှာ ဒီတစ်ပတ်အတွင်း အစိုးရဘက်ကနေ လာမယ့် ဘဏ္ဍဍာနှစ် အတွက် ဝန်ကြီးဌာန အသီသီးရဲ့ ဘတ်ဂျက်တွေကို အဆိုပြုထားပါတယ်။ ကာကွယ်ရေးဝန်ကြီးဌာနဘက်ကလည်း ဒုတိယဗိုလ်ချုပ်ကြီးဝေလွင် လာရောက်ပြီး လာမယ့် ဘဏ္ဍဍာနှစ်အတွက် ကာကွယ်ရေးအသုံးစရိတ် ကျပ် ၂၆၁၂ ဘီလျံ နဲ့ လျာထားတဲ့ လစာတိုးမှုတွေ အပါအဝင်ဆိုရင် စုစုပေါင်း ကျပ်ဘီလျံ ၂၇၅၀ လောက် တ
|
0 comments:
Post a Comment