Monday, January 5, 2015

သစ်ထူးလွင် သတင်းစုစည်းမှု (၅-၁)

သစ်ထူးလွင်


Posted: 05 Jan 2015 07:17 AM PST
ရွှေစင်စင်္ကြာ ခရီးသည်တင်ယာဉ် နဲ့ ကရိန်းတိုက်မိ (ဓါတ်ပုံ - Zaw Shinn FB)  ကချင်ပြည်နယ်က တိုင်းရင်းသား ယဉ်ကျေးမှုအဖွဲ့ဝင် ၁၈၀ ကျော်လောက် လိုက်ပါလာတဲ့ ရွှေစင်စင်္ကြာဘတ်စ်ကားဟာ ဒီနေ့ မနက်က နေပြည်တော်-မန္တလေး အမြန်လမ်း မိုင်တိုင်အမှတ် ၃၃၃ အနီးမှာ လမ်းပြင်နေတဲ့ ကရိန်းနဲ့တိုက်မိပြီး တိမ်းမှောက်ခဲ့ရာမှာ ယာဉ်မောင်းတစ်ဦးသေဆုံးပြီး ယဉ်ကျေးမှုအဖွဲ့ဝင် ၃ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ အဲ့ဒီအဖြစ်အပျက်နဲ့ ပတ်သက်ပြီး ကချ
Posted: 05 Jan 2015 07:14 AM PST
တရုတ်နဲ့ မြောက်ကိုရီးယား နယ်စပ် တစ်နေရာ တရုတ် နိုင်ငံ နယ်စပ် မြို့တစ်မြို့မှာ ထွက်ပြေးလာတဲ့ မြောက်ကိုရီးယား စစ်သား တစ်ယောက်က တရုတ် အရပ်သား ၄ ယောက်ကို သတ်ဖြတ်ခဲ့တယ် ဆိုတဲ့ သတင်း ပေါ်ထွက် လာပြီးနောက် မြောက်ကိုရီးယားကို တရုတ် နိုင်ငံက ကန့်ကွက် လိုက်ပါတယ်။ အဲဒီ မြောက်ကိုရီးယား စစ်သားဟာ နယ်စပ်ကို ဖြတ်ကျော် ဝင်ရောက် လာပြီး Helong မြို့က အိမ်တစ်အိမ်မှာ ငွေကြေးနဲ့ အစားအစာတွေ ခိုးယူ ခဲ့ပြီးနောက် အိမ်
Posted: 05 Jan 2015 07:08 AM PST
ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ဂျာဗား ပင်လယ်ပြင် အတွင်း Air Asia လေယာဉ် ပျက်ကျခဲ့တဲ့ နေရာမှာ ရာသီဥတု ပြန်လည် ကောင်းမွန် လာတဲ့ အတွက် လေယာဉ် ပျံသန်းမှု မှတ်တမ်း Black Box ရှာဖွေမှုတွေကို ပြန်လည် စတင် နေပါတယ်။ လေယာဉ် ပျက်ကျတဲ့ နေရာ ကနေ အလောင်း ၃၇ လောင်း ရှာဖွေ တွေ့ရှိခဲ့တယ်လို့ အင်ဒိုနီးရှား နိုင်ငံက ရှာဖွေရေးနဲ့ ကယ်ဆယ်ရေး အဖွဲ့က ပြောပါတယ်။ ကျန် ခရီးသည် အများစုရဲ့ အလောင်းတွေ ကတော့ လေယာဉ် ကိုယ်ထည် အတွင်း 
Posted: 05 Jan 2015 07:05 AM PST
ဂျန္နဝါရီလ ၅ ရက် ၂၀၁၅ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ကျင်းပသော ဆောင်းရာသီ ပွဲတော်၏ ချင်းမိုင်အလှမယ် ပြိုင်ပွဲ တွင် ဖှန်မြို့နယ်မှ သျှမ်းမလေးက အနိုင်ရရှိခဲ့ကြောင်း သိရသည်။ ချင်းမိုင်ခရိုင် ဖှန်မြို့နယ် မွမ့်ပင်အုပ်စု ပါဟင့်ရွာနေ စိုင်းအေး နန်းခမ်းယုံတို့၏သမီး နန်းနောင့်အွန် (နန်းဆောဝ် အားရိဆာ ဆန်တိထမ်း) အသက် ၁၈ နှစ် ဖြစ်ပါသည်။ ဒီဇင်ဘာလ ၂၄ ရက် ၂၀၁၄ မှ ဂျန္နဝါရီလ ၂ ရက် ၂၀၁၅ အထိ ချင်းမို
Posted: 05 Jan 2015 07:05 AM PST
သမ္မတ ဦးသိန်းစိန်၊ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ဟာ တိုင်းရင်းသား လက်နက်ကိုင် ၁၂ ဖွဲ့က ကိုယ်စားလှယ်တွေနဲ့ ဇန်န၀ါရီလ ၅ ရက် မနက်က သီးခြားစီ တွေ့ဆုံပြီး တနိုင်ငံလုံး အပစ်ခတ်ရပ်စဲရေးနဲ့ ပြည်တွင်း ငြိမ်းချမ်းရေး ကိစ္စတွေကို ဆွေးနွေး ကြပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်အင်အားစုအားလုံးကို ဖိတ်ကြားစီစဉ်တဲ့ ဒီဆွေးနွေးပွဲဟာ စစ်ကောင်စီလက်ထက်ကနေ ၂၀၁၀ ရွေးကောက်ပွဲကနေ တက်လာတဲ့ သမ္မတ 
Posted: 05 Jan 2015 07:03 AM PST
လာမယ့် ဖေဖော်ဝါရီလ ၁၂ ရက်နေ့ ပြည်ထောင်စုနေ့မှာ အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေအကြား တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူလက်မှတ်ရေးထိုးနိုင်ဖို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က တိုင်းရင်းသား လက်နက်ကိုင်ခေါင်းဆောင်တွေကို ဒီနေ့ တိုက်တွန်းလိုက်ပါတယ်။ နေပြည်တော် MICC 2 မှာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၂ ဖွဲ့ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံရာမှာ တိုက်တွ
Posted: 05 Jan 2015 03:56 AM PST
လက်ပံတောင်းတောင် စီမံကိန်းနှင့် ပတ်သက်ပြီး ပြည်သူလူထုအပေါ် မှန်ကန်မှုနှင့် ပွင့်လင်း မြင်သာမှု၊ ပြည်သူလူထု အပေါ် အကြမ်းဖက်မှုများကို ညှိနှိုင်းတွေ့ဆုံ ဖြေရှင်းပေးရန် အတွက် မုံရွာမြို့တွင် ဇန်န၀ါရီ ၅ ရက်က ဆန္ဒ ထုတ်ဖော်ခဲ့ကြောင်း မြန်မာနိုင်ငံ ပွင့်လင်းမြင်သာမှုနှင့် တာဝန်ယူမှု တာဝန်ခံမှုဆိုင်ရာ အရပ်ဘက် မဟာမိတ်အဖွဲ့ (Mata) မှ မတာရာက News Watch သို့ ပြောသည်။ ၎င်းတို့အနေနှင့် သဘာဝသံဇာတ ထုတ်ယူသုံးစွဲမှု လုပ်
Posted: 05 Jan 2015 03:46 AM PST
တိုကျို၊ ဇန်န၀ါရီ ၅ ဂျပန်နိုင်ငံတွင် နှစ်သစ်ကူးကာလ ရောက်တိုင်း လုပ်စားလေ့ရှိသည့် ဆန်မုန့်ကြောင့် လူ ၉ ဦး ထက်မနည်း သေဆုံးခဲ့ပြီးနောက် ယင်းဆန်မုန့်များအား ကြေညက်စွာ ၀ါးစားရန် အာဏာပိုင်များက တိုက်တွန်းလိုက်သည်။ မိုချီဟုခေါ်သော အဆိုပါ ဆန်မုန့်သည် စေးကပ်ပြီး ဂျပန်နိုင်ငံ၏ နှစ်သစ်ကူး အစားအစာများ၌ မပါမဖြစ် စားသောက်ဖွယ်ရာ တစ်ခုဖြစ်သည်။ ထိုမုန့်မှာ သိပ်သည်း စေးကပ်လွန်း၍ စားသုံးသူ၏ လည်ချောင်းထဲတွင် က
Posted: 05 Jan 2015 03:36 AM PST
ISအီရတ်နိုင်ငံ မြောက်ပိုင်းဒေသမှာ နေထိုင်ကြတဲ့ ရာဇီဒီ အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေကို အိုင်အက်စ် စစ်သွေးကြွတွေက ဖမ်းဆီးသွားပြီး လိင်ကျွန်ပြု အသုံးချခံရတယ်လို့ ပြန်လွှတ်လာတဲ့ အမျိုးသမီးတွေက ပြောပါတယ်။ လုံခြုံရေးအရ သူ့ကိုယ်သူ ပါယမ် ဆိုပြီး နာမည်ပြောင်းထားတဲ့  အမျိုးသမီးက ၁ လလောက် အဖမ်းခံရပြီးတော့ ပြန်လည် လွှတ်မြောက်လာခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ် သြဂုတ်လက သူတို့ ရွာကို စစ်သွေးကြွတွေကို ၀င်သိမ်ြး
Posted: 05 Jan 2015 12:26 AM PST
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနဲ့ ပတ်သက်ပြီး အရေးတကြီး အဆိုတရပ်ကို မကြာခင်ကျင်းပုပြုလုပ်မယ့် ပြည်ထောင်စု လွှတ်တော်မှာ တင်သွင်းဖို့ ပြင်ဆင်နေပါပြီ။ ဒီသတင်းကိုတော့ ဉာဏ်ကြီးက ပေးပို့ထားတာပါ။ ရိုက်ကူး-အိုင်စီဂျေ မိုးမင်းဦး၊ အာခိုက်၊ တင်မာဆွေ၊ ဉာဏ်ကြီး DVB TV ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ 
Posted: 05 Jan 2015 12:26 AM PST
ကန်ဘာရာ ၊ ၅-၁-၂၀၁၅ သြစတြေးလျနိုင်ငံ အတွင်း၌ ဖြစ်ပွားခဲ့သည့် တောမီး လောင်မှုသည် ဇန်နဝါရီ ၃ ရက်တွင် နိုင်ငံ၏ တောင်ပိုင်း တစ်လျှောက် ဆက်လက် ကျွမ်းလောင် နေခြင်းကြောင့် ယင်းနိုင်ငံ အတွင်းရှိ ဒေသခံ ထောင်ပေါင်း များစွာမှာ ၄င်းတို့၏ နေအိမ်များကို စွန့်ခွာ၍ ထွက်ပြေး တိမ်းရှောင် ခဲ့ရကြောင်း၊ လေတိုက်ခတ် မှုကြောင့် ဆက်လက် လောင်ကျွမ်း နေသည့်မီးကို မီးသတ်သမား များက ကြိုးစားငြှိမ်းသတ် နေရကြောင်း ဇန်နဝါရီ ၄ ရ
Posted: 05 Jan 2015 12:02 AM PST
ရန်ကုန် ဇန်နဝါရီ ၄ ယခုနှစ် နှစ်စပိုင်းတွင် နှစ်ဟောင်းမှ မူဝါဒအပြောင်း အလဲတချို့ကြောင့် ဈေးကွက်အတွင်း ကားဈေးနှုန်း များ ဈေးပြန်မာနေ သကဲ့သို့ ယခုတစ်ပတ်ရန်ကုန်ကားဈေးကွက် အတွင်း အောက်ကားများ သိသိသာသာ ဈေးတက်နေကြောင်း ရန်ကုန်ကား ဈေးကွက်လုပ်ငန်းရှင်များ အသိုင်းအဝိုင်းမှ သိရသည်။ ဇန်နဝါရီ ၁ရက်မှစ၍ မော်တော်ယာဉ်တင်သွင်း သူများအနေဖြင့် အခွန်ဆောင်ရာတွင် ကားတန်ဖိုးအလိုက် ရာနှုန်းပြည့်အခွန်ဆောင်ရတော့မ
Posted: 04 Jan 2015 11:34 PM PST
ပိုးသတ်ဆေး ပက်ဖြန်းစဉ် ပိုက်ခေါင်း ပိတ်သဖြင့် ပါးစပ်ဖြင့် စုပ်ရာမှ ပိုးသတ် ဆေးရည်များ ၀မ်းဗိုက် အတွင်းသို့ ၀င်ရောက်သွားကာ သေဆုံးမှုဖြစ် ရန်ကုန်၊ ဇန်န၀ါရီ ၅ ၄.၁.၂၀၁၅ ရက်နေ့ ၁၂၃၀ အချိန်တွင် ခရမ်းမြို့မ ရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် ခရမ်းဆေးရုံသို့ အမျိုးသမီးတစ်ဦး ပိုးသတ်ဆေး သောက်မိ၍ သေဆုံး ရောက်ရှိ လာကြောင်း သတင်းအရ သွားရောက် စစ်ဆေးရာ သေဆုံးသူမှာ ခရမ်းမြို့နယ်နေ အသက် (၁၆)နှစ်အရွယ်ရှိ အမျိုးသမီးင
Posted: 04 Jan 2015 11:25 PM PST
                    လမ်းဖြတ်ကူးသူ အမျိုးသားတစ်ဦး ယာဉ်တိုက်ခံရသဖြင့် သေဆုံး ရန်ကုန်၊ ဇန်န၀ါရီ ၅ ၄.၁.၂၀၁၅ ရက်နေ့ ၂၂၃၀ အချိန်တွင် မြောက်ဥက္ကလာပမြို့နယ်၊ သုဓမ္မာလမ်းအတိုင်း ခြောက်ကွေ့ ဘက်မှ အောင်မင်္ဂလာ အဝေးပြေးဘက်သို့ မောင်းနှင်လာသော ယာဉ်အမှတ်၊ အမျိုးအစား(စုံစမ်းဆဲ) ယာဉ်သည် ချမ်းမြေ့ဆေးခန်း ရှေ့အရောက် လမ်းဖြတ်ကူးသူ အသက်(၃၀)နှစ်ခန့်ရှိ အမည်မသိ အမျိုးသား တစ်ဦးအား တိုက်မိပြီး မောင်းနှင်ထွက်ပြေး သွား
Posted: 04 Jan 2015 10:50 PM PST
ဂျန္နဝါရီလ ၅ ရက် ၂၀၁၅ ကချင်ပြည်နယ် မန်စီမြို့နယ် အတွင်းရှိ မန့်ဝိန်းကြီးရွာမှ တရုတ်နိုင်ငံ ဘက်သို့ မှောင်ခို ကျွဲနွားများ နေ့စဉ် အကောင်ရေ ၅၀၀ ထက်မနဲ ပို့ဆောင် ရောင်းချ နေကြောင်း ဒေသတွင်း သတင်း ရပ်ကွက်မှ စုံစမ်း သိရှိ ရသည်။ ၄င်းမှောင်ခို ကျွဲနွားများ နေ့စဉ်တင်ပို့ ရောင်းချမှုကြောင့် တရုတ်ပြည်အသွား လမ်းတလျှောက်ရှိ ဒေသခံများ၏ စိုက်ခင်း လယ်ယာခြံမြေများ၊ သီးနှံနှင့် စပါးခင်းများ ထိခိုက်မှုရှိသကဲ့
Posted: 04 Jan 2015 09:57 PM PST
ဆူရာဘာရာ ဇန်နဝါရီ ၄ ဘန်ဒေါင်းမြို့သို့ပျံသန်းမည့် အဲအေရှလေယာဉ် တစ်စင်းသည် ဇန်နဝါရီ ၃ ရက်က ဆူရာဘာရာနိုင်ငံတကာ လေဆိပ်မှ ပျံတက်ရန်  ကြိုးပမ်းစဉ် ရုတ်တရက် အင်ဂျင်စက်ရပ်သွားခဲ့သည့် အတွက် ခရီးသည်များ အထိတ်တလန့် ဖြစ်ခဲ့ရကြောင်း ဒေသခံ သတင်းမီဒီယာများက တနင်္ဂနွေနေ့တွင် ရေးသား ဖော်ပြကြသည်။ လေယာဉ်ပျံတက်ရန်အတွက် မြေပြင်တွင်အရှိန်ယူ မောင်းနှင်နေစဉ် နှစ်မီတာ သုံးမီတာခန့် အရောက်တွင် အင်ဂျင်စက်ရပ်ကာ ထိုးရပ်
Posted: 04 Jan 2015 09:32 PM PST
အောင်ထွေးမိုး ကိုင်ဆောင်သောပစ္စတို(Mawlamyine Time) မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ဈေးကြီးအနီးရှိ ပဲဆီရုံလမ်းတွင် ဒီဇင်ဘာလ ၃ ရက်နေ့ ညနေ့ ၄ နာရီခန့်က သေနတ်ဖြင့် လုယက်မှု ကျူးလွန်ခဲ့သူအား မည်သည့်လက်နက်ကိုင် အဖွဲ့အစည်းဝင် ဖြစ်သည်ကို စိစစ်နေဆဲဖြစ်ကြောင်း မွန်ပြည်နယ်ရဲတပ်ဖွဲ့ တာဝန်ကျအရာရှိတစ်ဦးက IMNA သို့ ဒီဇင်ဘာလ ၄ ရက်နေ့တွင် ဖုန်းဖြင့် ပြောကြားခဲ့သည်။ တာဝန်ကျအရာရှိတစ်ဦးက “သူက မြဝတီဘက်က လာတာပါ၊ ဘယ်
Posted: 04 Jan 2015 09:26 PM PST
ကရာချိ ၊ ၅-၁-၂၀၁၅ ပါကစ္စတန်နိုင်ငံ အနောက် မြောက်ပိုင်း ခိုင်ဘာ မျိုးနွယ်စုများ နေထိုင်ရာ အရပ်ရှိ တီရာဒေသ တွင် ဇန်နဝါရီ ၃ ရက်က အစိုးရ တပ်ဖွဲ့ဝင်များ၏ လေကြောင်းမှ တိုက်ခိုက်မှု များကြောင့် တာလီဘန် စစ်သွေးကြွ ၃၁ ဦး ထက်မနည်း သေဆုံးခဲ့ကြောင်း ပါကစ္စတန် စစ်ဘက် တာဝန်ရှိသူက ပြောကြားခဲ့သည်။ ထို့ပြင် စစ်သွေးကြွ များ၏ လေ့ကျင့်ရေး စခန်းတစ်ခုနှင့် ၄င်းတို့ ပုန်းခိုရာ နေရာလေးခု ကိုလည်း အစိုးရတပ်ဖွဲ့ဝင် များ
Posted: 04 Jan 2015 09:26 PM PST
ဂျေရုဆလင် ၊ ၅-၁-၂၀၁၅ ISIS စစ်သွေးကြွ အဖွဲ့နှင့် ဆက်စပ် နေသည့် အနောက်ဘက် ကမ်းခြေ ဒေသရှိ အကြမ်းဖက် အဖွဲ့ဝင် သုံးဦးကို ဖမ်းဆီးရမိ ခဲ့ကြောင်း အစ္စရေး လုံခြုံရေး အေဂျင်စီက ယမန်နေ့တွင် ထုတ်ပြန်သည်။ ဖမ်းဆီးခံ ရသည့် စစ်သွေးကြွ များမှာ ဟီဘရွန်မြို့ မှဖြစ်ပြီး ၄င်းတို့ကို အစ္စရေး လုံခြုံရေး တပ်ဖွဲ့ဝင် များက လွန်ခဲ့သည့် နှစ်နိုဝင်ဘာလ အတွင်းက စီးနင်း တိုက်ခိုက်မှု တစ်ခုအတွင်း ဖမ်းဆီးရမိ ခဲ့ခြင်း ဖြစ်ကြော
Posted: 04 Jan 2015 09:26 PM PST
ဓာတ်ပုံ – Kachin Daily News ၃ နှစ်ကြာ ကျင်းပနိုင်ခြင်းမရှိတဲ့ မနောပွဲကို ကချင်ပြည်နယ် အစိုးရက ဇန်န၀ါရီ ၅ ရက်နေ့မှာ စတင် ကျင်းပနေပြီိလို့ ပြည်နယ် လူမှုရေးဝန်ကြီး ဒေါ်ဘောက်ဂျာက ပြောပါတယ်။ ဇန်န၀ါရီ ၅-၁၁ ရက်နေ့ အထိ ၆၇ နှစ်ပြည့် ကချင်ပြည်နယ်နေ့ အထိမ်းအမှတ် အဖြစ် မနောပွဲကို ကျင်းပတာ ဖြစ်သလို ဇန်န၀ါရီ ၈-၁၀ ရက်မှာတော့ မနောပွဲကို စကျင်းပမှာ ဖြစ်တယ်လို့ သူက ရှင်းပြ ပါတယ်။ မနက်ပိုင်းမှာ မနောပွဲကိုဝင်တဲ့ 
Posted: 04 Jan 2015 09:21 PM PST
တရုတ်နိုင်ငံ မြောက်ပိုင်းက ဟီဘိုင်ပြည်နယ်ထဲမှာ ဇန်န၀ါရီ ၂ ရက်နေ့က ဘဏ်ထဲဝင်ပြီး လုယက်ဖို့ ကြိုးစားသူ တယောက်ကို ဘဏ်ဝန်ထမ်းတွေနဲ့ ပြည်သူတွေက ၀ိုင်းဝန်း ဖမ်းဆီး လိုက်ပါတယ်။ အဲဒီအမျိုးသားဟာ လန်းဖန်းမြို့ထဲက ၀မ်းအန်းနယ်မြေမှာ ရှိတဲ့ ဘဏ်ထဲကို  နေ့ခင်းအချိန်မှာ ကောင်တာ ပြတင်းတံခါးကို တူနဲ့ ဖျက်စီးပြီးဝင်ဖို့ ကြိုးစားတာ ဖြစ်ပါတယ်။ ဘဏ်ဝန်ထမ်း အမျိုးသမီး က ရဲကို ချက်ချင်း အကြောင်းကြားခဲ့ပြီး အနီးနားက 
Posted: 04 Jan 2015 06:50 PM PST
နိုက်ဂျီးရီးယားနိုင်ငံမှာ ဘိုခိုဟာရမ် လက်နက်ကိုင် သူပုန်တွေက ဘာဂါမြို့ကို သိမ်း ပိုက်လိုက်ပြီး အရေးပါတဲ့ နိုင်ငံပေါင်းစုံတပ်ဖွဲ့ စစ်အခြေစိုက်စခန်းတခုကိုလည်း သိမ်းလိုက်ပါတယ်။ စနေနေ့မနက်မနက်ခင်း လင်းအားကြီးအချိန်မှာ ဘိုခိုဟာရမ်တွေက နိုက်ဂျီးရီးယားမြောက်ပိုင်းက ဘာဂါမြို့ထဲကို ဝင်ရောက်လာတာဖြစ်ပါတယ်။ ဘိုခိုဟာရမ်တပ်တွေ ဝင်ရောက်တိုက်ခိုက်လာပြီးနောက်မှာ နိုင်ငံပေါင်းစုံတပ်ဖွဲ့ဟာ စစ်အခြေစိုက်စခန်းကို 
Posted: 04 Jan 2015 06:50 PM PST
ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ရည်ရွယ်တိုက်ခိုက် ပစ်သတ်ခံခဲ့ရတဲ့ နယူးယောက်မြို့က ရဲအရာရှိ Wenjian Liu ရဲ့ ဈာပနအခမ်းအနားမှာ ထောင်နဲ့ချီတဲ့ အမေရိကန်ပြည်ထောင်စု တ၀ှမ်းက ရဲတပ်ဖွဲ့ဝင်တွေ စုဝေးတက်ရောက် အလေးပြုခဲ့ကြပါတယ်။ ဈာပနအခမ်းအနားမှာ ဒီဇင်ဘာလကုန်ပိုင်းက တာဝန်ချိန်မှာ သူ့ရဲ့လုပ်ဖေါ်ကိုင်ဖက်တဦးနဲ့အတူ ကင်းလှည့်နေတဲ့ကားအတွင်းမှာ ပစ်သတ်ခံခဲ့ရတဲ့ ရဲအရာရှိကို နယူးယောက်မြို့တော်ဝန် Bill de Blasio နဲ့ 
Posted: 04 Jan 2015 06:05 PM PST
ဓါတ်ပုံ - Nay Myo, Lashio News လားရှိုး၊ ဇန် ၄၊ ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ တွင် မဆင်မခြင် မောင်းနှင်သော Fielder ယာဉ်တစ်စီးက ဆိုင်ကယ်စီး မိန်းကလေးတစ်ဦးကို တိုက်မိပြီး မောင်းပြေးခဲ့ရာမှ ကုန်တင်ကားကြီး တစ်စီးနှင့် ထပ်မံတိုက်မိပြီး ယင်း Fielder ကားငယ် မီးလောင်ရပ်တန့် သွားခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်မှာ ဇန်န၀ါရီလ (၃) ရက်နေ့  ညနေပိုင်း ၄ နာရီခန့် တွင် ခိုလောင်းမီးပွိုင့်ဘက်မှ သိန်းနီလ
Posted: 04 Jan 2015 02:57 PM PST
မြန်မာပြည်မှာ ကက်သလစ် သာသနာ နှစ် ၅ဝဝ ပြည့်ပြီ ရောမ မြို့က ပုပ်ရဟန်း မင်းကြီး ဖရန်ဆစ်က ကက်သလစ် ကျောင်းတော် ခေါင်းဆောင်ပိုင်း ပြုပြင်ရေး ဆက်လက် ကြိုးပမ်းတဲ့ အနေနဲ့ ကာဒီနယ် ဂိုဏ်းချုပ် အသစ် ၂ဝ ခန့်အပ် လိုက်ရာမှာ အများစုက အီတလီ နိုင်ငံ ပြင်ပက ဖြစ်ကြ ပါတယ်။ ဒီထဲမှာ မြန်မာ ပြည်က ဂိုဏ်းချုပ် ဘုန်းတော်ကြီး ချားလ်စ် ဦးဘို အပါအဝင် ထိုင်း၊ ဗီယက်နမ် ၊ အီသီယိုးပီးယား စတဲ့ ၁၄ နိုင်ငံ က ဂိုဏ်းချုပ် ကြီးတွေ 

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...