သစ်ထူးလွင် သတင်းစုစည်းမှု (၉-၁)
သစ်ထူးလွင် |
- ရွှေသံလွင်ကုမ္ပဏီ မြေယာလျော်ကြေး ရွာငံတောင်သူအများစု လက်မခံ
- အဲအေးရှား Black box ရဲ့ အချက်ပြမှုကို ဖမ်းမိ
- ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်ဥက္ကဌ ဖြစ်ရေးသတင်း မဟုတ်မှန်ကြောင်း NLD ပြော
- မိုးသီးမုန်တိုင်းနှင့် အအေးလွန်မည်ဟု ထိုင်းခရိုင် ၁၃ ခုကို သတိပေးချက်ထုတ်
-
ရှမ်းပြည်နယ်မြောက်ပိုင်းတွင် မိုးသီးကြွေကျ စိုက်ခင်းနှင့်အိမ်ခေါင်မိုးမျာ
း ပျက်စီး - အချိန်အခါမဟုတ်ဘဲ မူဆယ်ခရိုင်အတွင်း မိုးနှင့်အတူ လေတိုက်ပြီး မိုးသီးများကျ
- မိုးနှင့်အတူ လေပြင်းတိုက် ခတ်မှုကြောင့် နေအိမ် ၁၀၀ ကျော် အမိုးပျက်စီး
- ထိုင်းဝန်ကြီးချုပ်ဟောင်း ယင်းလပ် အကျင့်ပျက်ခြစားမှု လွှတ်တော် ကြားနာ
- ပြင်သစ်မှာ သေနတ်သမားတွေရဲ့ပြန်ပေးဆွဲမှု နှစ်ခုဖြစ်
- ဓားစာခံ ဖမ်းဆီးမှု ၂ နေရာမှာ ပြင်သစ် ကြုံနေ
- သေနတ်သမား နှစ်ယောက်ကို ပြင်သစ် ရဲတွေ ဝိုင်းမိပြီ
- သေနတ်သမား ၂ ဦးကို ပြင်သစ်ရဲ ၀ိုင်းထား
- မွတ်စလင်တွေ လူ့အခွင့်အရေး ဆုံးရှုံးနေကြောင်း ကုလလူ့အခွင့်အရေး အထူးကိုယ်စားလှယ် ပြောကြား
- တရားခံ လို့သံသယ ရှိသူတွေကို ပြင်သစ်ရဲ ၀ိုင်းထားပြီ
- အမျိုးသမီးဘ၀ မှ အမျိုးသားဘ၀သို့ အလိုအလျောက် လိင်ပြောင်းလဲသွားသည့် စိုးစန္ဒာထွန်း
- YESS သကြားလုံးစက်ရုံက ဆန္ဒပြ အလုပ်သမား များအား အဆောင်ဝင်ခွင့် မပြု
- ၅ နှစ်အရွယ်သမီးကို တံတားပေါ်က ပစ်ချသည့်ဖခင် အဖမ်းခံရ
- သီရိလင်္ကာ လက်ရှိ သမ္မတ ရွေးကောက်ပွဲ ရှုံးနိမ့်
- အလုံမြို့နယ်မှာ ဘတ်စ်ကား တိမ်မှောက်
- ကျိုက်ထီးရိုး တောင်တက်လမ်းတွင် ပီရူးနိုင်ငံသူအား အဓမ္မပြုကျင့်ပြီး လူကိုသတ်ရန် ကြံသူကို ထောင်ဒဏ် ၄၃ နှစ် ချမှတ်
- အချင်းများရာမှ အရပ်သားတစ်ယောက်ကို ရဲတပ်ဖွဲ့ဝင် ၄ ဦး ၀ိုင်းရိုက်
- တာလီဘန်ခေါင်းဆောင် သတင်းနှင့်ပတ်သက်၍ ပါကစ္စတန်နိုင်ငံက ဆုငွေ အမေရိကန် ဒေါ်လာ တစ်သိန်း ပေးအပ်မည်ဟုဆို
- အမေရိကန် ဦးဆောင်သော လေကြောင်း တိုက်ခိုက်မှုများကြောင့် ISIS စစ်သွေးကြွ များ၏ပစ်မှတ် ၃၂၂၂ ခု ပျက်စီးခဲ့
- ရာသီဥတု ဆိုးရွားမှုကြောင့် အဲအေးရှား လေယာဉ်အမြီးပိုင်း ဆယ်ယူရေး အခက်ကြုံ
- ညွှန်ကြားချက်နောက်ကျ၍ ပညာရေး စုံညီပွဲတော် အတုများ ပြုလုပ်ကာ အထက်အဆင့်ဆင့်သို့ တင်ပြခဲ့ရ
Posted: 09 Jan 2015 07:50 AM PST
ရှမ်းပြည်နယ်တောင်ပိုင်း ရွာငံမြို့နယ်အတွင်းမှာ သိမ်းဆည်း ခံထားရတဲ့ မြေဧက
၁၃၀၀ ကျော်အတွက် ရွှေသံလွင်ကုမ္ပဏီက လျော်ကြေးငွေထုတ်ပေးမှာကို တောင်သူ ၂ဝဝ
ကျော်က လက်မခံကြဘူးလို့ သိရပါတယ်။
မြေဧက ၁၃ဝဝ ကျော်ကို ပိုင်ဆိုင်တဲ့ တောင်သူ ၃၀၀ ကျော်ထဲက ၂ဝဝ လောက်က
လျော်ကြေးငွေမယူလိုပဲ မြေကိုသာ ပြန်လည်ရယူလိုတာဖြစ်တယ်လို့
မြေအသိမ်းခံထားရသူတွေထဲက နွားဘန်းကြီးကျေးရွာသား တောင်သူ ကိုသက်ဦးက
ပြောပါတယ်။
"ဦးရေက ကျနော်
|
Posted: 09 Jan 2015 07:44 AM PST
လှိုင်းကြီးလို့ ကြာသပတေးနေ့က လေယာဉ်အမြီးပိုင်း ဆယ်ယူမှု နှောင့်နှေးခဲ့
ပြီးခဲ့တဲ့ နှစ်ပတ်က အင်ဒိုနီးရှား နိုင်ငံ အနီး ပင်လယ်ပြင်ထဲ ပျက်ကျ
သွားခဲ့တဲ့ အဲအေးရှား လေယာဉ်ရဲ့ မှတ်တမ်းတင် ကိရိယာ black box က လာတာ
ဖြစ်နိုင်တယ်လို့ ယူဆရတဲ့ အချက်ပြမှု တွေကို လေယာဉ် ရှာဖွေရေး အဖွဲ့က
ရရှိခဲ့ပါတယ်။
ဖမ်းယူ ရရှိတဲ့ အချက်ပြချက် တွေဟာ ပင်လယ် ရေမျက်နှာပြင် အောက် မီတာ ၃၀ အကွာ
ရွှံ့ထဲမှာ စိုက်နေတဲ့ လေယာဉ် အမြီးပို
|
Posted: 09 Jan 2015 07:18 AM PST
အပတ်စဉ်ထုတ် The Trade Times ဂျာနယ်မှာ "ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်ဥက္ကဌ
နေရာအတွက်သာ ကြိုးစားမယ်" ဆိုတဲ့ခေါင်းစဉ်နဲ့ သတင်းဖော်ပြချက်ဟာ မှန်ကန်မှု
မရှိကြောင်း NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ဒီနေ့ ကြေညာချက်
ထုတ်လိုက်ပါတယ်။
အဲဒီသတင်းဟာ မှန်ကန်မှုမရှိသလို ပါတီရဲ့သဘောထားနဲ့ ရပ်တည်ချက် မဟုတ်တဲ့
အတွက် အခုလို ကြေညာချက် ထုတ်ပြန်ရတာဖြစ်တယ်လို့ NLD ဗဟိုအလုပ်အမှုဆောင်
ကော်မတီဝင် ဦးထွန်းထွန်းဟိန်က ပြောပါ
|
Posted: 09 Jan 2015 07:18 AM PST
ထိုင်းနိုင်ငံ မြောက်ပိုင်းခရိုင် ၁၃ ခုမှာ မိုးသီးမုန်တိုင်း ကျရောက်
နိုင်တယ်လို့ ထိုင်းသဘာဝ ဘေးအန္တရယ် ကာကွယ်လျော့ချရေး ဌာနက ဒီကနေ့
သတိပေးချက် ထုတ်ပြန်လိုက်ပါတယ်။
ဇန်န၀ါရီ ၈-၁၀ ရက်နေ့ အထိ ချင်းမိုင်၊ ချင်းရိုင်၊ လန်းပန်၊ လန်းဖုန်း၊
မယ်ဟောင်ဆောင်နဲ့ မြောက်ပိုင်းက တခြားခရိုင်တွေမှာ
မိုးသီးမုန်တိုင်းကျရောက်နိုင်
|
Posted: 09 Jan 2015 07:16 AM PST
ဓာတ်ပုံ – Aung Myo Htun
ရှမ်းပြည်မြောက်ပိုင်း မူဆယ်၊ နမ့်ခမ်း၊ တန့်ယန်း၊ ကွတ်ခိုင် ၊ လားရှိုး
နှင့် သိန္နီမြို့နယ်တွေမှာ ဇန်န၀ါရီလ ၈ ရက်နဲ့ ၉ ရက်နေ့တွေက အချိန်အခါမဟုတ်
မိုးသည်းထန်ပြီး မိုးသီးတွေပါ ကြွေကျခဲ့လို့ လူနေအိမ်ခေါင်မိုးတွေနဲ့
သီးနှံစိုက်ခင်းတွေပျက်စီးမှု ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
နမ့်ခမ်းမြို့နယ်ထဲမှာ မန့်ဟောင်း၊ နောင်မ၊ နောင်ကောင့် ၊
နောင်တောဝ်းစတဲ့ရွာမှာ ဆေးရွက်ကြီး စိုက်
|
Posted: 09 Jan 2015 07:10 AM PST
မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာ အနေဖြင့် ဇန်န၀ါရီလ (၈)ရက်နေ့မှ စ၍
ရာသီဥတုမှာ မိုးရွာမှု အခြေအနေများ ဖြစ်ပေါ်ခဲ့ပြီး ဇန်န၀ါရီလ(၈)ရက်နေ့
ညပိုင်း အချိန်တွင် ရှမ်းပြည်နယ်၊ မြောက်ပိုင်း ဒေသ မူဆယ်ခရိုင်တွင်
မိုးနှင့်အတူ လေများတိုက်ပြီး မိုးသီးများ ကျလာမှု ဖြစ်ပွားကြောင်း သိရသည်။
"ဒီအသက်အရွယ်ထိ အခုလောက် မိုးသီးတွေ အများကြီးကျလာတာ တစ်ခါမှ
မမြင်ဖူးသေးဘူး၊ ကြည့်လေရာတိုင်းမှာ မိုးသီးတွေ ဖွေးဖွေးလှုပ်နေတာဘဲ"
|
Posted: 09 Jan 2015 07:08 AM PST
ပြီးခဲ့သော ဇန်န၀ါရီ (၈)ရက်နေ့ မွန်းလွဲ (၁၂) နာရီအချိန်တွင်
မိုးရွာသွန်းမှုနှင့်အတူ လေပြင်း တိုက်ခတ်သွား မှုကြောင့် လွိုင်ကော်မြို့နယ်
ပန်ကန်းကျေးရွာအုပ်စု ရှိ နမ့်ဘော်ဝမ်(ရှမ်း)နှင့် နမ့်ဘော်ဝါ(ကော်ရခါး)
ရပ်ကွက်များအပြင် ဧက(၅၀၀)ဘက်တွင် အိမ် အလုံး ၁၀၀ ကျော် အမိုးများ
ပျက်ဆီးမှုနှင့် အုတ်တံတိုင်းအချို့ ပြိုကျမှုများရှိခဲ့ကြောင်း သိရသည်။
“ဖြစ်တာကတော့ (၁၂း၁၅)နာရီလောက်မှာပါပေါ့။ (၁၂း၁၅)ေလာက္မွာ မိုးေ
|
Posted: 09 Jan 2015 07:05 AM PST
ထိုင်းဝန်ကြီးချုပ်ဟောင်း ယင်းလပ် အမှုကြားနာဖို့ လွှတ်တော်ကို ရောက်ရှိလာ။
(ဇန်နဝါရီ ၉-၂၀၁၅)
ထိုင်းဝန်ကြီးချုပ်ဟောင်း ယင်းလပ် ရှင်နာဝပ် ကို တိုင်းပြည်ဘဏ္ဍာ ဒေါ်လာ
ဘီလီယံနဲ့ ချီဆုံးရှုံးစေခဲ့တဲ့ အစိုးရက တစိတ်တပိုင်း ထောက်ပံ့ ပေးတဲ့
ဆန်စပါး ၀ယ်ယူမှု အစီအစဉ်နဲ့ ဆက်စပ်ပြီး တရားစွဲဆိုထားတဲ့အမှုကို ဒီကနေ့
သောကြာနေ့ ထိုင်းလွှတ်တော်မှာ စတင်ကြားနာပါတယ်။ စစ်အစိုးရ ဖွဲ့စည်းထားတဲ့
အမျိုးသား ဥပဒေပြုလွှတ်တော်ကို ဒီကနေ့
|
Posted: 09 Jan 2015 07:04 AM PST
ပြန်ပေးဆွဲမှုဖြစ်ပွားရာ ကုန်စုံဆိုင်အနီး ရဲလုံခြုံရေးတွေ
လုံခြုံရေးထူထပ်စွာ ချထား (ဇန်နဝါရီ ၉-၂၀၁၅)
ပြင်သစ်မှာ လူ ၁၂ဦးသေစေခဲ့တဲ့ အကြမ်းဖက် တိုက်ခိုက်သူလို့ သံသယရှိသူ ၂
ဦးနဲ့ သူတို့ပြန်ပေးဆွဲထားသူတဦးကို ရဲတွေက ဝိုင်းထားပြီး၊
ဆွေးနွေးနေစဉ်မှာ နောက်ထပ် အကြမ်းဖက် ပြန်ပေးဆွဲမှုတခု
ကုန်စုံဈေးဆိုင်တခုမှာ ဒီနေ့ပဲ ထပ်ဖြစ်နေပါတယ်။
ပါရီမြို့က ဂျုးလူမျိုးတွေ သီသန့်စားသုံး တာတွေရောင်းတဲ့ (Kosher) ကုံစုံ
|
Posted: 09 Jan 2015 07:00 AM PST
ဓားစာခံ ဖမ်းထားမှု နှစ်နေရာမှာ ပြင်သစ် ကြုံနေရ
ပဲရစ်မြို့က Charlie Hebdo မဂ္ဂဇင်းတိုက်ကို ပစ်ခတ်သွားတဲ့ သေနတ်သမား
နှစ်ယောက်ကို ပြင်သစ် နိုင်ငံ မြောက်ပိုင်းက Dammartin-en-Goele မြို့မှာ
ရဲတွေ ဝိုင်းမိ ထားချိန်မှာပဲ ပဲရစ်မြို့ပေါ်က ဂျူး ဈေးဝယ် စင်တာ တစ်ခုကို
နောက်ထပ် သေနတ်သမား တစ်ယောက်က ဝင်စီးပြီး ဓားစာခံတွေကို ဖမ်းဆီး ထားပါတယ်။
ပဲရစ်မြို့ အရှေ့ပိုင်းက အဲဒီ ဈေးဝယ် စင်တာ ရှိရာ ဧရိယာကို ပြင်သစ် လက်န
|
Posted: 09 Jan 2015 06:58 AM PST
သေနတ်သမားတွေ ခိုအောင်းနေတဲ့ အဆောက်အအုံကို Google Street View ကနေ
မြင်ရစဉ်။
ပြင်သစ်နိုင်ငံ ပဲရစ် မြို့တော်မှာ ဗုဒ္ဓဟူးနေ့က လူ ၁၂ ယောက် သေဆုံး ခဲ့ရတဲ့
Charlie Hebdo မဂ္ဂဇင်းတိုက်ကို တိုက်ခိုက်ခဲ့သူ အစ္စလာမ်မစ်
စစ်သွေးကြွတွေလို့ ယူဆရသူ နှစ်ယောက် ရှိရာ နေရာကို ရာနဲ့ ချီတဲ့ ပြင်သစ်
ရဲတွေ ပိတ်ဆို့ ဝိုင်းထား ပါတယ်။
ပဲရစ်မြို့တော် အရှေ့မြောက်ပိုင်း ကီလိုမီတာ ၄၀ အကွာက Demmartin-en-Goele
မြို့မှာ ဓားစာခံ
|
Posted: 09 Jan 2015 07:30 AM PST
ပြင်သစ်နိုင်ငံ ပါရီမြို့တော်က Charlie Hebdo မဂ္ဂဇင်းရုံးချုပ်မှာ လူ ၁၂
ယောက် သေဆုံးခဲ့တဲ့ တိုက်ခိုက်မှုအပြီး ၂ ရက်အကြာမှာတော့ တိုက်ခိုက်သူတွေ
လို့ သံသယရှိသူ နှစ်ဦး ပုန်းအောင်းနေတဲ့ အဆောက်အဦးကို ရဲက ၀ိုင်းထားပြီး
သူတို့နဲ့ ဆက်သွယ် စကားပြောနေတယ်လို့ ပြင်သစ် လုံခြုံရေးတပ်ဖွဲ့တွေက
ပြောပါတယ်။
သံသယဖြစ်ခံထားရသူတွေက သူတို့ကိုယ်သူတို့ အာဇာနည်တွေအဖြစ်နဲ့ သတ်သေဖို့
ပြင်ဆင်ထားတဲ့ အကြောင်းကို ညှိနှိုင်းေ
|
Posted: 09 Jan 2015 07:28 AM PST
ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်
မစ္စရန်ဟီးလီ (Ms. Yanghee Lee) ဟာ မြေပုံမြို့ကို ဒီနေ့ သွားရောက်ပြီး
လွှတ်တော် ကိုယ်စားလှယ်တွေ၊ မြို့မိမြို့ဖတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။
အဲ့ဒီလိုတွေ့ဆုံရာမှာ မစ္စရန်ဟီးလီက မြေပုံမြို့နယ်အတွင်း ရခိုင်နဲ့
မွတ်စလင် အသိုင်းအဝန်းနှစ်ခု သင့်မြတ်ပြီး အတူယှဉ်တွဲနေထိုင်နိုင်ရေးကိစ္စေ
|
Posted: 09 Jan 2015 01:20 AM PST
သေနတ်သမားတွေ ရှိနေတယ်လို့ ယူဆရတဲ့ မြို့ ရဲ့ ဝင်ပေါက်ထွက်ပေါက်တွေကို
ရဲတွေက ပိတ်ထားလိုက်ပြီး ရဟတ်ယာဉ် ၅ စီး လဲ ပျံဝဲနေတယ်လို့ မျက်မြင်တွေက
ပြောပါတယ်။
အခု ရဲတွေ ဝိုင်းထားတဲ့ မြို့ဟာ ပဲရဏ် အရှေ့မြောက်ဖက်
မိုင် ၂၀ လောက်မှာ ရှိပါတယ်။ ပြင်သစ် ပြည်ထဲရေး ဝန်ကြီးကလည်း သေနတ်သမားတွေ
ကို ဖမ်းမိဖို့ စစ်ဆင်ရေး စနေပြီလို့ ပြောပါတယ်။
Add caption
သေနတ်သမား စီးလာတယ်လို့ ယူဆရတဲ့ ကားနောက်ကို ရဲတွေ လိုက်ေ
|
Posted: 09 Jan 2015 12:58 AM PST
“အမျိုးသမီးအင်္ဂါက တဖြည်းဖြည်း စေ့သွားပြီး အမျိုးသား အင်္ဂါက ရှည်ထွက်လာတယ်။
ကိုယ်ကလည်း ဘာမှနားမလည်တော့ အဲဒါကို ထွက်မလာအောင် လက်နဲ့ ခဏ ခဏ ဖိနေတာ”
“သူ့ကိုရွာဦး ကျောင်းဆရာတော်ကပါ လက်ခံတယ်။ အခုဆို သူက ဆွမ်းခံရင်း
ဆွမ်းတော်ဗျို့ တောင် လိုက်အော်နေတာ”
----- ----- ----- ----- ----- -----
ဧရာဝတီတိုင်းဒေသကြီး ငပုတောမြို့နယ် ဆူးပိတ်ကျေးရွာရှိ အဖ ဦးရွှေထွန်း၊ အမိ
ဒေါ်ယဉ်သိန်းတို့၏ သမီး မစိုးစန္ဒာထွန်း (ခ)ထွန်းထွ
|
Posted: 09 Jan 2015 12:56 AM PST
ရန်ကုန်၊ ဇန်န၀ါရီ ၉
အခြေခံလုပ်ခလစာများတိုးမြှင့်ေ
|
Posted: 08 Jan 2015 10:54 PM PST
အမေရိကန်နိုင်ငံ ဖလော်ရီဒါ ပြည်နယ်သား တဦးဟာ ပြီးခဲ့တဲ့ ဇန်န၀ါရီ ၈
ရက်နေ့က အသက် ၅ နှစ်အရွယ် သမီးကို တံတားပေါ်ကနေ ပစ်ချမှုနဲ့ အဖမ်းခံ
ထားရပါတယ်။
ကလေးကတော့ ၆၂ ပေ နက်ပြီး အလွန်အေးတဲ့ တမ်ပါ ပင်လယ် အော်ထဲကနေ အသက်
သေဆုံးလျက်သား ရှာတွေ့ ခဲ့တယ်လို့ ရဲက ပြောပါတယ်။
သူငယ်တန်းကျောင်းသူ ဖိုဘီဂျွန်ချက်ခ်ဟာ အသက်ရှင်လျက် လွှင့်ပစ်ခံရတာ ဟုတ်၊
မဟုတ်ကိုတော့ မသိရသေးပါဘူး။
ဒီအဖြစ်ကို မြင်လိုက်တဲ့ တာဝန်ကျေ
|
Posted: 08 Jan 2015 10:34 PM PST
မဟင်ဒါရာဂျာပတ်ဆာ
သီရီလင်္ကာနိုင်ငံ သမ္မတ ရွေးကောက်ပွဲမှာ လက်ရှိသမ္မတ မဟင်ဒါရာဂျာပတ်ဆာက ရှုံးနိမ့်ကြောင်း ၀န်ခံလိုက်တယ်လို့ သမ္မတရုံးက ပြောပါတယ်။
နိုင်ငံရေးမှာ ဆယ်စုနှစ်တခုကြာ လွှမ်းမိုးခဲ့တဲ့ ရာဂျာပတ်ဆာဟာ ကျန်းမာရေးဝန်ကြီး မိုသရီပလာသီရိဆီနာရဲ့စိန်ခေါ်မှု
|
Posted: 08 Jan 2015 09:46 PM PST
အရှိန်မထိန်းနိုင်ဘဲ ယာဉ်တိမ်းမှောက်ခဲ့သဖြင့် ယာဉ်ပေါ်ပါသူများ ဒဏ်ရာရ
ရန်ကုန်၊ ဇန်န၀ါရီ ၉
၉.၁.၂၀၁၅ ရက်နေ့ ၀၇၄၅ အချိန်တွင် အလုံမြို့နယ်၊ သခင်မြ ပန်းခြံလမ်း အတိုင်း
တောင်မှမြောက်သို့ မောင်းနှင်လာသော 9A---- HINO BUS အငှားယာဉ်သည်
ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး သင်တန်းကျောင်းရှေ့အရောက်
အရှိန်မထိန်းနိုင်ဘဲ ၀ဲဘက်သို့ တိမ်းမှောက်သွားခဲ့ပြီး ယာဉ်မောင်းမှာ
ထွက်ပြေးတိမ်းရှောင်သွားခဲ့ ပါသည်။
ယာဉ်တိ
|
Posted: 08 Jan 2015 10:35 PM PST
မော်လမြိုင် ဇန်နဝါရီ ၈
ကျိုက်ထိုမြို့နယ် ကျိုက်ထီးရိုးတောင်ခြေ တောင်တက်လမ်း၌ ရှုခင်းဓာတ်ပုံများ
ရိုက်ကူးရင်း တစ်ဦးတည်း လမ်းလျှောက်နေသည့် ပီရူးနိုင်ငံသူ Miss Danianucia
အား ၂ဝ၁၄ ခုနှစ် ဒီဇင်ဘာ ၂ဝ ရက် နံနက် ၉ နာရီခွဲခန့် က ဘီးလင်းမြို့နယ်
တောင်စွန်းကျေးရွာနေ ဇော်မင်းလတ်(ခ) ကုလားကြီး(၂၂)နှစ် (ကျောက်ထုလုပ်သား)က
အဓမ္မပြုကျင့်ပြီး ပစ္စည်းလု၊ လူကိုသတ်ရန်ကြံစည်ခဲ့သဖြင့် ကင်မွန်းချောင်း
နယ်မြေရဲစခန်းက (
|
Posted: 08 Jan 2015 10:17 PM PST
ရန်ကုန်၊ ဇန်န၀ါရီ ၇
ဧရာဝတီတိုင်း၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့၊ ဂေါက်ကလပ် စားသောက်ဆိုင်အတွင်း
ဇန်န၀ါရီ ၅ ရက်က ဖျာပုံ မြို့မ ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင် ၄ ဦးနှင့်
အရပ်သားဖြစ်သူ မောင်မြတ်မင်းတို့ အချင်းများရာမှ မောင်မြတ်မင်းမှာ
ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်။
ရဲတပ်ဖွဲ့ဝင် ၄ ဦး၏ ၀ိုင်းဝန်း ရိုက်နှက်မှုကြောင့် မောင်မြတ်မင်းမှာ
ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး ရန်ကုန်မြို့ ပြည်သူ့ ဆေးရုံကြီး၌ ဆေးကုသမှု
ခံယူရလျက်ရှိ
|
Posted: 08 Jan 2015 09:38 PM PST
ကရာချိ ၊ ၉-၁-၂၀၁၅
Tehreek-e-Taliban Pakistan(TTP) အဖွဲ့ခေါင်းဆောင် Mullah Fazlullah အား
ဖမ်းဆီးခြင်း သို့မဟုတ် သတ်ဖြတ်ခြင်း ဆောင်ရွက်နိုင်မည့် သတင်း အချက်အလက်
အတွက် ဆုငွေအဖြစ် ပါကစ္စတန် ရူပီး ၁ဝ သန်း (အမေရိကန် ဒေါ်လာ တစ်သိန်း) ပေးအပ်
သွားမည် ဖြစ်ကြောင်း ပါကစ္စတန်နိုင်ငံ Khyber-Pakhtunkhwa ပြည်နယ်အစိုးရ
အဖွဲ့က ဇန်နဝါရီလ ၅ ရက်နေ့တွင် ထုတ်ပြန် ကြေညာ ခဲ့သည်ဟု Newsnow
သတင်းတစ်ရပ် အရ သိရသည်။
ပါကစ္စတ
|
Posted: 08 Jan 2015 09:36 PM PST
ဝါရှင်တန် ၊ ၉-၁-၂၀၁၅
ဆီးရီးယားနိုင်ငံ နှင့် အီရတ်နိုင်ငံ အတွင်း ရှိ ISIS စစ်သွေးကြွ များအပေါ်
လေကြောင်းမှ တိုက်ခိုက်လျက် ရှိသည့် အမေရိကန် ဦးဆောင်သော ညွန့်ပေါင်း
တပ်ဖွဲ့၏ တိုက်ခိုက်မှု များကြောင့် ISIS စစ်သွေးကြွ များ၏ စစ်စခန်း ၉၈ဝ ခု၊
စစ်ဆင်ရေး နေရာ ၆၇၃ခု၊ Humvee အမျိုးအစား မော်တော်ကား ၁၈၄ စီးနှင့်
တင့်ကား ၅၈ စီး အပါအဝင် စစ်သွေးကြွ များ၏ အဓိက ပစ်မှတ် ၃၂၂၂ ခုကို ဖျက်ဆီး
နိုင်ခဲ့ကြောင်း ဇန်နဝါရီ
|
Posted: 08 Jan 2015 09:27 PM PST
ဂျာဗားပင်လယ်ထဲကို ပျက်ကျသွားတဲ့ အဲအေးရှား လေယာဉ်အမြီးပိုင်းကို မနေ့က
ရေငုပ်သမားတွေ ဆယ်ယူဖို့ ကြိုးစား ခဲ့ကြပေမယ့် ရာသီဥတု ဆိုးရွားပြီး
ပင်လယ်ရေစီး ကြမ်းတာကြောင့် မအောင်မြင်ခဲ့ ဘူးလို့ အင်ဒိုနီးရှား
အာဏာပိုင် တွေက ပြောပါတယ်။
ဇန်န၀ါရီ ၇ ရက်နေ့က လေယာဉ်အမြီးပိုင်းကို အဝေးထိန်း ရေငုပ်ရှာဖွေရေး
ယာဉ်နဲ့ ရှာတွေ့ရှိ ခဲ့တာဖြစ်ပါတယ်။
လေယာဉ်အမြီးပိုင်းဟာ အတော့်ကို ပျက်စီးနေပြီး ကြမ်းခင်းအောက်လည်း န
|
Posted: 08 Jan 2015 09:27 PM PST
ကျိုက်လတ်၊ ဇန်န၀ါရီ ၆
ဧရာဝတီတိုင်း ဒေသကြီး အတွင်းရှိ အခြေခံ ပညာကျောင်း များတွင် ပညာရေး
စုံညီပွဲတော် ပြုလုပ်ရ မည်ဟုဆိုကာ အထက် အာဏာပိုင်များက ညွှန်ကြား
ထားသော်လည်း ယင်းညွှန်ကြားချက်အား အချိန်နောက်ကျ ရရှိခဲ့ သည့် အတွက်
ပွဲကျင်းပပြုလုပ်သည့် မှတ်တမ်းဓာတ်ပုံနှင့် အစီရင်ခံစာများကို အတုလုပ်ကာ
တင်ပြခဲ့မှုများ ဖြစ်ပေါ် ခဲ့ သည်။
အခြေခံပညာအဆင့်ကျောင်းများတွင် ကျောင်းအလိုက် ပညာရေးစုံညီပွဲများကို
ဇန်န၀ါရီ ၃
|
0 comments:
Post a Comment