"စင်္ကာပူ မှတ်ပုံတင် နံပတ်"
မြန်မာပြည်မှာ မှတ်ပုံတင် နဲ့ မှတ်ပုံတင်နံပတ်ဟာ အရေးကြီးသလိုပဲ၊ ဒီ
စင်္ကာပူမှာလည်း ကျနော်တို့လို့ နိုင်ငံခြားလုပ်သားတွေအတွက်
အလုပ်လုပ်ခွင့်ကဒ် နဲ့ FIN လို့ ခေါ်တဲ့ Foreign Identification Number ဟာ
အတော်အရေးကြီးပါတယ်။
စလုံးမှာ ဘယ်သွားသွား ဘာလုပ်လုပ် ရုံးကိစ္စဘာညာဆိုရင် ဒီ FIN နံပတ်ကို အရင်တောင်းတာပါ။

ပြောပြအုံးမယ်....
တစ်နေ့က ကျနော့်ဆီကို MOM က အီးမေးလ်ပို့တယ်။ သက်တမ်းကုန်သွားတဲ့ ကဒ်အဟောင်းကို ပြန်ပို့ဖို့ နဲ့ ပူးတွဲပါစာကို နောက် ကဒ်အသစ်မရခင်အထိ လက်ထဲမှာ သိမ်းထားဖို့။ လက်ထဲမှာ ဘာကဒ်မှမရှိဘဲ တာဝန်ရှိသူက စစ်လို့ မပြနိုင်ရင် ရှော့ရှိတာကိုး။
ဒါနဲ့ ကိုယ့်အိမ်မှာလည်း ပရင်တာမရှိတော့ ပင်နင်ဆူလာကို သွားရတာပေါ့။
ပင်နင်ဆူလာက အင်တာနက်ဆိုင်တစ်ဆိုင်မှာ ထိုင်ပြီး ကိုယ့်စာရွက်ကို ပရင့်ထုတ်မလို့ လုပ်နေတုန်း ဘေးခုံက နှစ်ယောက် စကားပြောသံတွေ ကြားနေရတယ်။
တစ်ယောက်က ဆိုင်ရှင်ထင်ပါရဲ့
နောက်တစ်ယောက်က ကလေးမတစ်ယောက်။
ကလေးမအတွက် ကွန်ပြူတာပေါ်မှာ တစ်ခုခု လုပ်ပေးနေပုံရတယ်။
သံရုံးအတွက်လား၊ ဘာလားသေချာတော့ မသိဘူး
ဟိုလူက မေးလိုက်၊ စာရိုက်လိုက် လုပ်နေတာ... ...
"နာမည်"
"မ... ... ..."
"မွေးသက္ကရာဇ်"
"၆ ရက်၊ ၇ လ၊ ၁၉၉၁"
"ပတ်စပို့နံပတ်"
"XXXXXXX"
"ဖင် နံပတ်"
"ရှင်... "
"ဖင် နံပတ် ပြော"
"အာ့ဟာကြီးက လိုလို့လား ဦးလေးရဲ့"
"ဟ... လိုလို့ တောင်းတာပေါ့... ဒီမှာကြည့်ပါလား"
"ကြည့်လည်း သမီးမှ နားမလည်တာ"
"အာ့ဆိုလည်း မေးတာပြောလေ"
"ဖင် နံပတ်က ၃၄"
"ငင်... နည်းလှချည်လား"
"ဟုတ်တယ်... အစက ၃၆၊ နေမကောင်းဖြစ်ပြီး နည်းနည်း ပိန်သွားလို့... အဟင့်"
"ဟမ်... ဘာတွေလား၊ ဘာတွေ ပြောနေတာလဲဟဲ့"
"ဦးလေးပဲ ဖင် နံပတ်ပြောဆို၊ အဲဒါ ဆိုဒ်အမှန်ပဲ၊ မယုံရင် တိုင်း ကြည့် ကြည့်..."
"အား.... ကလေးမ၊ ငါပြောနေတာက နင့် ကဒ်ပြားမှာ ရေးထားတဲ့ F-I-N ဖင် နံပတ်ကို ပြောနေတာ"
"ရွှမ်... ဟုတ်လား၊ ဟီး ဟီး.. ထင်တော့ထင်သား၊ ဒီကိစ္စက င့ါဖင်နဲ့တော့ မဆိုင်လောက်ပါဘူးလို့"
"လေတာပေါ့..."
သန်၎ကို - ပေါက်ကရရေးသည်။
https://www.facebook.com/thanlayko

0 comments:
Post a Comment