Thursday, November 27, 2014

သစ်ထူးလွင် သတင်းစုစည်းမှု (၂၇-၁၁)

သစ်ထူးလွင်


Posted: 27 Nov 2014 06:25 AM PST
ထိုင်းနိုင်ငံမှာ ၂၀၁၆ ခုနှစ် မတိုင်ခင် အထိ ရွေးကောက်ပွဲ ကျင်းပနိုင်မယ့်ပုံ မရှိဘူးလို့ ထိုင်းစစ်တပ်ရဲ့ အကြီးတန်း အရာရှိ တဦးက ပြောဆိုလိုက်တာမို့ ဒီမိုကရေစီ အသွင်ပြောင်းရေး စစ်တပ်က ပေးထားတဲ့ ကတိက၀တ် ထပ်ပြီး အချိန်ဆွဲလိုက်တာ ဖြစ်ပါတယ်။ အခြေခံ ဥပဒေ မူကြမ်း ပြုစုပြီးချိန် ၂၀၁၆ နှစ်စပိုင်းလောက်မှာမှ ရွေးကောက်ပွဲတွေ ကျင်းပနိုင်မယ့်ပုံ ရှိတယ်လို့ ဒုတိယ ၀န်ကြီးချုပ် Prawit Wongsuwan က ဒီကနေ့မှာ
Posted: 27 Nov 2014 06:21 AM PST
အိန္ဒိယ နိုင်ငံမှာ ပြီးခဲ့တဲ့ မေလ တုန်းက သစ်ပင်မှာ လည်ပင်း ကြိုးကွင်းစွပ် သေဆုံးခဲ့သူ ဆယ်ကျော်သက် အရွယ် မိန်းကလေး နှစ်ယောက်ဟာ သူတို့ကိုယ် သူတို့ သတ်သေ ခဲ့ကြတာသာ ဖြစ်တယ်လို့ ယုံကြည် ယူဆကြောင်း အိန္ဒိယ ဗဟို ထောက်လှမ်းရေး အဖွဲ့က ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။ ကနဦး ခွဲစိတ် စစ်ဆေးမှု ရလဒ် အဖြစ် ဆေးစစ်ချက် ထုတ်ပြန် ခဲ့ရာမှာ သူတို့ကို အဓမ္မ ပြုကျင့်ပြီး သတ်ဖြတ် ထားတာ ဖြစ်တယ် ဆိုတဲ့ ထုတ်ပြန်ချက်နဲ့ အခု
Posted: 27 Nov 2014 06:17 AM PST
ရန်ကုန်၊ နိုဝင်ဘာ ၂၇ ၂၅.၁၁.၂၀၁၄ ရက်နေ့ ၂၃၃၀ အချိန် ဗဟန်းမြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် ဗဟန်းမြို့နယ်၊ ရွှေတောင်ကြား (၁)ရပ်ကွက်၊ ကမ္ဘာအေး ဘုရားလမ်း၊ ဖူစံဘုံကျောင်းရှေ့၌ ယာဉ်စစ်ပိတ်ဆို့ ဆောင်ရွက် နေစဉ် သင်္ဃန်းကျွန်းမြို့နယ်နေ ယာဉ်မောင်း ကိုမြင့်စိုး(၄၃)နှစ်မောင်းနှင် လာသော CC----- ကရီးနား အငှားယာဉ်အား ရှာဖွေရာ ယာဉ်နောက်ခန်း ထိုင်ခုံနောက်နှင့် ဂက်စ်အိုးကြားမှ အရိုးအသွား(၂၆) လက်မခန့်ရှိ
Posted: 27 Nov 2014 04:29 AM PST
တိုကျို ၊ ၂၇-၁၁-၂၀၁၄ ဂျပန်နှင့် တောင်ကိုရီးယား နှစ်နိုင်ငံ အကြားရှိ ကျွန်းတစ်ကျွန်း ပေါ်မှ ဗုဒ္ဓဆင်းတုတော် တစ်ဆူ ခိုးယူခံရမှုနှင့် ဆက်စပ် နေသည့် တောင်ကိုရီးယား နိုင်ငံသား ငါးဦးကို ဖမ်းဆီး ခဲ့ကြောင်း ဂျပန် ရဲတပ်ဖွဲ့က ယမန်နေ့တွင် ထုတ်ပြန် ခဲ့ကြောင်း NHK သတင်းတစ်ရပ် အရ သိရသည်။ ဖမ်းဆီးခံရသည့် တောင်ကိုရီးယား နိုင်ငံသား များမှာ အသက် ၄၂ နှစ်မှ ၇ဝ နှစ်အရွယ်ရှိ အမျိုးသားများ ဖြစ်ပြီး ၄င်းတို့သည်
Posted: 27 Nov 2014 02:00 AM PST
ရန်ကုန် ၊ ၂၇-၁၁-၂၀၁၄ မြဝတီ ကုန်သွယ်ရေးဇုန် မြေကွက်များ ဈေးနှုန်း အဆမတန် မြင့်တက် နေခြင်းကြောင့် ကုန်သိုလှောင် တင်သွင်းရန် နေရာ အခက်အခဲများ ရှိနေကြောင်း မြဝတီ ကုန်သွယ်ရေးဇုန် ရှိ ကုန်သည်များ၏ ပြောကြားချက် အရ သိရသည်။ အဆိုပါ မြဝတီ ကုန်သွယ်ရေးဇုန် အတွင်း၌ မြေကွက်အလွတ် အများအပြား ရှိသော်လည်း တည်ဆောက်ရေး ကုမ္ပဏီများ၏ ဈေးနှုန်း အဆမတန် မြှင့်တင် ထားခြင်းကြောင့် နယ်စပ် ကုန်သွယ်ရေး လုပ်ငန်းရှင်များ
Posted: 27 Nov 2014 01:49 AM PST
အမေရိကန်နိုင်ငံအရှေ့ဘက်၊ ကမ်းရိုးတန်းပြည်နယ်တွေမှာ နိုဝင်ဘာလ ၂၆ ရက်နေ့က မိုးနှင်း ထူထူထပ်ထပ် ကျဆင်းခဲ့ပြီး ကျေးဇူးတော်နေ့ အားလပ်ရက် လေယာဉ်ခရီးစဉ်တွေနဲ့ ကားလမ်းခရီးစဉ်တွေ အများအပြား ထိခိုက်ခဲ့ပါတယ်။ အမေရိကန်နိုင်ငံတ၀န်း ကျေးဇူးတော်နေ့ ခရီးသွားကာလဟာ တနှစ်တာအတွင်း ခရီးသွားလာမှု အများဆုံးကာလဖြစ်ပါတယ်။ နိုဝင်ဘာ ၂၆ ရက်နေ့ကနေ နိုဝင်ဘာ ၂၉ ရက်နေ့အတွင်း အမေရိကန်နိုင်ငံတ၀န်း အမေရိကန်ခရီးသည် ၄၆ သန်း
Posted: 27 Nov 2014 01:43 AM PST
၆ ပွင့်ဆိုင် တွေ့ဆုံပွဲအတွက် တိုင်းရင်းသား ကိုယ်စားလှယ်အဖြစ် ရခိုင် အမျိုးသားပါတီ ဥက္ကဌ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင် ကို ဒီနေ့ ရွေးချယ်လိုက်ပါတယ်။ နေပြည်တော် စည်ပင်ဧည့်ရိပ်သာမှာ တိုင်းရင်းသားလွှတ်တော်ကိုယ်စား လှယ်တွေတွေ့ဆုံပြီး လျှို့ဝှက်မဲပေးစနစ်နဲ့ ရွေးချယ်လိုက်တာဖြစ်တယ်လို့ သိရပါတယ်။ RFA Burmese https://www.facebook.com/pages/RFA-Burmese/39218993127
Posted: 27 Nov 2014 01:41 AM PST
တိုကျို ၊ ၂၇-၁၁-၂၀၁၄ ဂျပန် ဆောက်လုပ်ရေး ကုမ္ပဏီ တစ်ခုဖြစ်သော Shimizu Corp က ရေအောက်မြို့တော် Ocean Spiral ကို တည်ဆောက် နိုင်ရန် အစိုးရထံ ခွင့်ပြုချက် တောင်းခံထားပြီး ငါးနှစ်အတွင်း အပြီး တည်ဆောက် နိုင်မည့် Ocean Spiral တွင်လူပေါင်း ၅ဝဝဝ နေထိုင် နိုင်မည်ဖြစ်ကာ ၄င်းတို့အတွက် လိုအပ်သော လျှပ်စစ် ဓာတ်အား ကိုလည်း ပင်လယ်ကြမ်းပြင် မှ ထုတ်ယူ သွားမည် ဖြစ်ကြောင်း သိရသည်။ ရာသီဥတု ပြောင်းလဲမှုကြောင့် ပင်လယ်ေ
Posted: 27 Nov 2014 01:39 AM PST
ဆာဘီးယားနိုင်ငံတွင် ခရီးသည်များသည် လေယာဉ်၏ ဘရိတ်စနစ် ချွတ်ယွင်းမှုကြောင့် လေယာဉ်ကို ဆင်းတွန်းခဲ့ရ ကြောင်း Sky news သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။ အေးခဲသည့် ရာသီဥတုကြောင့် လေယာဉ် သောင်တင် နေသည့် အတွက် ခရီးသည်များက အပူချိန် အနုတ် ၅၂ စင်တီဂရိတ်အောက် တွင် လေယာဉ်ကို ၀ိုင်းတွန်း ခဲ့ကြရခြင်း ဖြစ်သည်။ အွန်လိုင်းတွင် တင်ထားသည့် ဗီဒီယိုတွင် ဆာဘီးယားရှိ နှင်းများ ဖုံးလွှမ်းနေသော ပြေးလမ်းတစ်လျှောက် Tupolevေ
Posted: 27 Nov 2014 01:32 AM PST
ပြိုင်ကားနှင့် ဆိုင်ကယ်များ အပြိုင်အဆိုင် မောင်းနှင် နေသူများအား လိုက်လံဖမ်းဆီးရာ ပြိုင်ကားပေါ်မှ ခွင့်ပြုချက်မရှိဘဲ လက်ကိုင်စကား ပြောစက်တွေ့ရှိသဖြင့် အရေးယူ ရန်ကုန်၊ နိုဝင်ဘာ ၂၇ ၂၅.၁၁.၂၀၁၄ရက်နေ့ ၂၃၀၀အချိန်တွင် အရှေ့ပိုင်း ခရိုင်ရဲတပ်ဖွဲ့မှူးရုံးနှင့် မြောက်ဥက္ကလာပ မြို့နယ်ရဲတပ်ဖွဲ့တို့မှ တပ်ဖွဲ့ဝင်များသည်လှည့်ကင်း ဆောင်ရွက် စဉ် တောင်ဥက္ကလာပမြို့နယ်၊ ဝေဇယန္တာလမ်းမပေါ်တွင် ပြိုင်ကားနှင့် ဆိုင်ကယ်များ
Posted: 26 Nov 2014 11:20 PM PST
ဘာလင် ၊ ၂၇-၁၁-၂၀၁၄ အီရတ်နှင့် ဆီးရီးယားနိုင်ငံ အတွင်း အကြမ်းဖက် တိုက်ခိုက်မှု များကို ပြုလုပ်လျက် ရှိသည့် ISIS စစ်သွေးကြွ များသည် ဒေသတွင်း အများဆုံး ခြိမ်းခြောက်လျက် ရှိသည့် ဂျီဟတ်ဒ်အဖွဲ့ တစ်ဖွဲ့ ဖြစ်ကြောင်း ဂျာမနီ ဝန်ကြီးချုပ် အိန်ဂျယ်လာ မာကယ်လ် က ယမန်နေ့တွင် ပြောကြား ခဲ့ကြောင်း သိရသည်။ ထို့ပြင် အဆိုပါ ISIS စစ်သွေးကြွ အဖွဲ့သည် ဥရောပတိုက် အတွင်းရှိ ပြည်သူများ၏ အသက်အိုးအိမ် ကို ခြိမ်းခြောက်လျက်
Posted: 26 Nov 2014 11:17 PM PST
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များနဲ့ အလွတ်သဘော တွေ့ဆုံလိုကြောင်း ဖိတ်ကြားချက်အပေါ် တပ်မတော်ဘက်က ငြင်းဆန်လိုက်တယ်လို့ အန်အယ်ယ်ဒီက ပြောပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ပါတီရဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာမျိုးအောင်က တပ်မတော်သား ကိုယ်စားလှယ်တွေက ဒေါ်အောင်ဆန်းစုကြည်က ဖိတ်ကြားတာ အချိန်အရမ်းကပ်တဲ့အတွက်ကြောင့် တခြားအစီအစဉ်တွေကိုဖျက်ဖို့
Posted: 26 Nov 2014 11:17 PM PST
ရတ်ကာ၊ နိုဝင်ဘာ ၂၆ အစ္စလာမ္မစ် နိုင်ငံတော် ထူထောင်ရေး အဖွဲ့ (IS) စစ်သွေးကြွများ သိမ်းပိုက်ထားသည့် ဆီးရီးယား မြောက်ပိုင်းရှိ ရတ်ကာမြို့ကို အစိုးရတပ်ဖွဲ့မှ လေကြောင်းဖြင့် တိုက်ခိုက်ရာ အရပ်သား ၃၆ ဦးထက်မနည်း သေဆုံးခဲ့ရကြောင်း BBC တွင် ဖော်ပြပါရှိသည်။ မြို့၏ စက်မှုဇုံများ တည်ရှိရာဒေသတွင် အများဆုံး သေကျေခဲ့ရခြင်း ဖြစ်ကြောင်း ယူကေအခြေစိုက် ဆီးရီးယား လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့က ထုတ်ပြန်သည်။ အခြား
Posted: 26 Nov 2014 11:17 PM PST
နိုဝင်ဘာ ၂၆ရက်မှ စတင်၍ ရန်ကုန်မြို့တော် စည်ပင်သာယာရေး နယ်နိမိတ်အတွင်း ဝင်ရောက်လာသော မော်တော်ယာဉ် များအား မြို့ဝင်ကြေး ကောက်ခံ သွားမည်ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ ထုတ်ပြန် ကြေညာ ချက်အရ သိရသည်။ မြို့ဝင်ကြေး ပေးဆောင်ထားသည့် မော်တော်ယာဉ် များအနေဖြင့် ရန်ကုန်မြို့ အတွင်းမှ ပြန်လည်ထွက်ခွာသည့်အခါ သက်သေခံ လက်မှတ်ကို ပြသ ရမည်ဖြစ်ပြီး ယင်းလက်မှတ်ပြသနိုင်မှု မရှိလျှင် မြို့ဝင်ကြေးေ
Posted: 26 Nov 2014 11:16 PM PST
ဗြိတိန်အစိုးရက အလိုရှိနေပြီး ကလေးသူငယ်တွေ အပေါ် လိင်ပိုင်းအလွဲသုံးမှုနဲ့ စွပ်စွဲခံထားရတဲ့ အသက် ၆၁ နှစ်အရွယ် ဗြိတိန်နိုင်ငံသား ရောဘတ် ဒေးဗစ် ဟတ်စ်တင်းစ်ကို ဖမ်းမိပြီလို့ ထိုင်းလူဝင်မှု ကြီးကြပ်ရေး ရဲတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၆ ရက်နေ့က ကြေညာလိုက်တာ ဖြစ်ပြီး သူ့ကိုတော့ ထိုင်းလဝကရဲတွေက အရှေ့မြောက်ပိုင်း ဥဒုံဌာနီခရိုင်မှာ နိုဝင်ဘာ ၂၅ ရက်နေ့က ဖမ်းမိခဲ့တာပါ။
Posted: 26 Nov 2014 11:05 PM PST
ယူနတီဂျာနယ် အယ်ဒီတာနဲ့ သတင်းထောက်တွေ ထောင်ဒဏ် ချမှတ်ခံထားရတဲ့ အပေါ် အယူခံ လက်ခံမခံ လျှောက်လဲရာမှာ ပြည်ထောင်စု တရားလွှတ်တော်ချုပ်က လက်မခံဘဲ ပယ်ချလိုက်တယ်လို့ ရှေ့နေ ဦးကျော်ကျော်လင်းက ပြောပါတယ်။ နိုဝင်ဘာ ၂၆ ရက် အယူခံ လက်ခံသင့် မသင့်လျှောက်လဲတာကို လက်မခံသင့်ဘူးဆိုပြီး ပယ်ချလိုက်တာဖြစ်ပြီး အထူးအယူခံရုံးမှာ ဆက်လက်လျှောက်လဲသွားမယ်လို့ ဆိုပါတယ်။ “ပယ်ချတဲ့အဆင့်ကိုတောင် မရောက်ဘူး၊ လက်ခံသင့်မခံသင့်မှာကို
Posted: 26 Nov 2014 07:00 PM PST
အသက်(၁၈)နှစ်ပြည့်ခဲ့လေပြီ။ အသက်(၁၈)နှစ်ပြည့် နိုင်ငံသား စိစစ်ရေးကတ် လဲလှယ် လျှောက်ထားရန် ပဲခူတိုင်းဒေသကြီး၊ ကဝမြို့နယ် လဝကရုံးသို့ သွားရောက်ခဲ့သည်။လိုအပ်တဲ့ စာရွက်စာတမ်းတွေကို ယူဆောင်သွားခဲ့သည်။ ပထမအခေါက်……… အချိန်ကမနက် (၁၀)နာရီ (၅)မိနစ်။ ရုံးထဲသို့ ဝင်သွားလိုက်တော့ စားပွဲတိုင်းမှာ ထိုင်နေတဲ့သူတွေက သာမန်အဝတ်အစားတွေနဲ့။ ယူနီဖောင်းဝတ်ထားတဲ့လူဆိုလို့ တစ်ယောက်တောင်မရှိ။အဲဒါနဲ့ပဲ ရုံးတံခါးဝ
Posted: 26 Nov 2014 06:59 PM PST
ပြည်ထောင်စု လွှတ်တော်က ဥပဒေတွေ ပြဌာန်းပေး လိုက်ပေမယ့် တကယ်တန်း အကောင်အထည် ဖော်နိုင်ဖို့ လိုအပ်တဲ့ နည်းဥပဒေတွေ စည်းမျဉ်း စည်းကမ်းတွေ ထွက်မလာရင် ဥပဒေဟာ စက္ကူပေါ်မှာပဲ ရှိတဲ့ ဥပဒေပဲ ဖြစ်နေလိမ့်မယ်၊ ဒါ့ကြောင့် နည်းဥပဒေတွေကို အမြန်ဆုံး ထုတ်ပြန်ပေးဖို့ သက်ဆိုင်ရာ အစိုးရဌာနတွေကို တိုက်တွန်းကြောင်း နိုဝင်ဘာလ ၂၆ ရက်နေ့က ပြည်ထောင်စု လွှတ်တော်မှာ ဒေါ်အောင်ဆန်းစုကြည်က အရေးကြီး အဆိုတစ်ရပ် တင်သွင်းခဲ့ပါတယ်။ ေ
Posted: 26 Nov 2014 06:51 PM PST
အမေရိကန် အထူးတပ်ဖွဲ့တွေဟာ ယီမင်နိုင်ငံအတွင်း အယ်လ်ကိုင်းဒါး စစ်သွေးကြွတွေ ဓားစာခံအဖြစ် ဖမ်းထားတဲ့ လူ ၈ ဦးကို ကယ်တင်ရာမှာ ပါဝင်ဆောင်ရွက်ခဲ့တယ်လို့ အမေရိကန် မီဒီယာတွေက ဖော်ပြနေကြပါတယ်။ နယူးယောက်တိုင်းမ် သတင်းစာက ပထမဦးဆုံး ဖော်ပြခဲ့ရာမှာ အင်္ဂါနေ့က ၀င်ရောက်စီးနင်း တိုက်ခိုက်ပြီး ကယ်တင်ခဲ့တဲ့ စစ်ဆင်ရေးအတွင်း အမေရိကန် ကွန်မန်ဒို ၂ ဒါဇင်ခန့်ဟာ အမေရိကန်က လေ့ကျင့်ပေးထားတဲ့ ယီမင်နိုင်ငံက အကြမ်းဖက်မှု
Posted: 26 Nov 2014 06:48 PM PST
ရန်ကုန်၊ နိုဝင်ဘာ၂၇ ၂၆.၁၁.၂၀၁၄ရက်နေ့ ၁၀၄၅ အချိန် ကြည့်မြင်တိုင်မြို့နယ်၊ ဘောဂရပ်ကွက်၊ တော်ဝင်လမ်းရှိ ကုန်စုံ ဆိုင်တစ်ဆိုင်သို့ လူငယ်တဦးမှ မြန်မာငွေကျပ်(၁၀၀၀၀) တန်ငွေစက္ကူဖြင့် ကော်ဖီ၊ အအေးဗူး လာရောက်ဝယ်ယူရာ ဆိုင်ရှင်မှ ၎င်းငွေစက္ကူမှာ အတုဖြစ်ကြောင်း မသင်္ကာ၍ ရပ်ကွက်အုပ်ချုပ်ရေး မှူးထံသို့ အကြောင်းကြား ခဲ့သဖြင့် ရပ်ကွက်အုပ်ချုပ်ရေး မှူးမှတဆင့် ကြည့်မြင်တိုင်မြို့မ ရဲစခန်းသို့ အကြောင်း ကြားလာခဲ့ပါသည်။
Posted: 26 Nov 2014 06:28 PM PST
ဆီးရီးယား မှာ အကြမ်းဖက် လုပ်ငန်းတွေ ပါဝင် ပတ်သက် ခဲ့မှု နဲ့ ဗြိတိသျှ နိုင်ငံသား ညီအစ်ကို ၂ ယောက်ကို ထောင်ချ ခဲ့ပါတယ်။ အသက် ၃ဝ အရွယ် မိုဟာမက် နာဝပ်ဇ် နဲ့ ၂၄ နှစ်သား ဟမ်ဇာ နာဝပ်ဇ် တို့ ဟာ ဒီလို အမှုနဲ့ ထောင်ချ ခံရတဲ့ ပထမဆုံး ဗြိတိသျှ နိုင်ငံသား တွေ ဖြစ်ပါတယ်။ ၂ဝ၁၃ ခုနှစ် က ဆီးရီးယား မှာ သင်တန်း တခု တက်ဖို့ ကြံစည်ခဲ့တယ်လို့ သူတို့က ဝန်ခံ ခဲ့ကြပါတယ်။ မနှစ်က ဒိုဗာ ဆိပ်ကမ်း ကို ပြန်ရောက် ချိန်မှာ
Posted: 26 Nov 2014 06:28 PM PST
ကုလသမဂ္ဂ လူသားချင်းစာနာမှုနဲ့ အရေးပေါ် ကယ်ဆယ်ရေး ညှိနှိုင်းရေးမှူး Valeria Amos ဟာ နောက်နှစ် မတ်လအကုန်မှာ ရာထူးကနေ နှုတ်ထွက်မှာ ဖြစ်တယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က ဗုဒ္ဓဟူးနေ့က ကြေညာပါတယ်။ ဆီးရီးယားပဋိပက္ခမဖြစ်ပွားမီ လအနည်းငယ်အလိုဖြစ်တဲ့ ၂၀၁၀ စက်တင်ဘာလက Amos က ရာထူးတာဝန် စတင် ထမ်းဆောင်ခဲ့တာ ဖြစ်ပါတယ်။ ဆီးရီးယားနိုင်ငံရဲ့ လူဦးရေတဝက်ဟာ အခု အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ကြတဲ့ ဒုက္ခသည်တွေ
Posted: 26 Nov 2014 06:28 PM PST
ပါကစ္စတန် နိုင်ငံ အနောက်တောင်ပိုင်း ဘာလူချစ္စတန် ပြည်နယ်မှာ ပိုလီယို ရောဂါ ကာကွယ်ဆေး လိုက်ထိုးပေးနေတဲ့ ဝန်ထမ်းတွေကို သေနတ်သမား တစ်ယောက်က ပစ်ခတ်ခဲ့လို့ ၄ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာ ရသွားပါတယ်။ ပစ်သတ် ခံခဲ့ရသူ ၄ ဦးမှာ ၃ ဦးက အမျိုးသမီးတွေ ဖြစ်ကြပြီး ဒဏ်ရာရသူ ၃ ဦးဟာလည်း အမျိုးသမီးတွေ ဖြစ်ကြပါတယ်။ ပြီးခဲ့တဲ့ နှစ်နှစ်တာ ကာလအတွင်း ပိုလီယို ရောဂါ တိုက်ဖျက်ရေး ဝန်ထမ်း ၆၀ ကျော် အသတ် ခံခဲ့ရပြီး တိုက်ခိုက်မှု
Posted: 26 Nov 2014 06:21 PM PST
အီဂျစ်နိုင်ငံမှာ ​သမ္မတဟောင်း ​မိုဟာမင် ​မော်ဆီကို ​ရာထူးပြန်ပေးတာကို ​လိုလားလို့ ​ဆန္ဒ ​ထုတ်ဖော် ခဲ့ကြသူ ​ဆယ်ကျော်သက်အရွယ် ​၇၈ ​ယောက်ကို ​အီဂျစ်တရားရုံးက ​ထောင်ဒဏ် ​၂ ​နှစ်ကနေ ​၅ ​နှစ်စီ ​ချမှတ်လိုက်ပါတယ်။ သမ္မတဟောင်း ​မိုဟာမက် ​မော်ဆီကိုယ်တိုင် ​ရာထူးကနေ ​ဖယ်ရှားခံရပြီး ​အရင်နှစ်ကတည်းက ​ထိန်းသိမ်းခံနေရတာ ​ဖြစ်ပါတယ်။ သမ္မတဟောင်းကို ​ထောက်ခံသူတွေကိုပါ ​အီဂျစ်အစိုးရက ​ဖမ်းဆီး ​အရေးယူမှုတွေ 
Posted: 26 Nov 2014 06:20 PM PST
အမေရိကန်နိုင်ငံ ​မစ်ဆူရီပြည်နယ် ​ဖာဂူဆန်မြို့က ​ရဲတစ်ဦးက ​သူ့ရဲ့အသက်အန္တရာယ်အတွက် ​စိုးရိမ်လို့ ​လက်နက်မပါတဲ့ ​လူမည်းဆယ်ကျော်သက်အရွယ်ကို ​ပစ်သတ်ခဲ့ရတာလို့ ​ပြောဆိုပြီးနောက် ​ပိုပြီးတော့ ​အမျက်ဒေါသထွက်နေကြပါတယ်။ အဲဒီမတိုင်ခင် ​တရားရုံးတစ်ခုက ​လက်နက်ကိုင်ဆောင်ထားခြင်း ​မရှိတဲ့ ​Michael ​Brown ​ဆိုတဲ့ ​လူမည်း ​ဆယ်ကျော်သက်ကို ​ပစ်သတ်ခဲ့တဲ့ ​ရဲမှာ ​အပြစ်မရှိဘူးလို့ ​တရားရုံးက ​ဆုံးဖြတ်ပြီးတဲ့နောက် 

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...