Wednesday, November 19, 2014

"ဒီမိုကရေစီနဲ့ ကျောင်းသား"

ကျောင်းသားမို့ ပညာရေးအတွက် ဆန္ဒပြ တာဘာများမှားစရာရှိလဲကွယ်။ ဘာတွေများ ကြောက်နေကြတာလဲ။ တိရိစ္ဆာန်ရုံထဲက သတ္တ၀ါ တွေလို လျှောင်ခြို့ င့်ထဲမှာ တသက်လုံးနေလာတော့ တံခါးပွင့်နေရင်တောင် လှောင်ခြို င့်အပြင် မထွက်ရဲတော့တာလား။ သုတပါးတွေတိုင်းပြည်မှာ ကျားတွေ၊ဆင်တွေ လိုတိရိစ္ဆာန်အခွင့်အရေးအတွက်တောင် ဆန္ဒပြနေမင့်ပဲ။ အမှန်က ဒီလှုပ်ရှားမှု ကဒါ့ထက်ပို ပြင်းပြင်းထန်ထန် ဖြစ်လာသင့်တာ။ ဒီမိုကရေစီအရေခြုံ အဘဘောမ တွေကတော့ ဒီဆန္ဒပြပွဲတွေကို ကြောက်ပေမပေါ့။ ကျောင်းသားဟာ နိုင်ငံရေးကို သိရှိနားလည်ထားရုံတင်မက လက်တွေ့ ကွင်းဆင်းခြေစမ်းရမှာက ပညာရေးရဲ့ လိုအပ်ချက်တစ်ခုပဲ။ ကမ္ဘာ့ဘိုးအေ ဒီမိုကြီးတွေမှာ လည်း ကျောင်းသားတွေ တ၀ုန်းဝုန်း ဆန္ဒပြကြတာပဲလေ။ အရေခြုံဒီမိုကရေစီက ခြစား အာဏာရှင်စံနစ် လိုပဲ ကြောက်စရာကောင်းတယ်။ ဒီမိုကရေစီ စစ်စစ်ဖြစ်ဖို့ ဆိုရင် လုမှုလှုပ်ရှားမှုတွေ ဒီထက်ပိုမိုဖြစ်လာ ဖို့ လိုတယ်။ အစိုးရနဲ့ ပြည်သု/ကျောင်းသားဆိုတာ အပြန်အလှန်ကို ဖိအားပေးနေရမှာ။
ခုဟာက သုတို့ ဘောင်းဘီဝတ်ဘောင်းဘီချွ တ်တွေကြ ဘယ်သုကမှ ဘယ်တုန်းကမှ စိတ်လိုလက်ရ အပ်နှင်းမထားတဲ့ အာဏာကို သေနတ်ပြ မောင်ပိုင်စီးထား။ အစိတ်သားကလည်း လွှတ်တော်မှာ မဲ ကိုကိုင်ထားနဲ့ ။ စစ်ကျွန် ၊ စစ်ကိုလိုနီ အဖြစ်နဲ့ ကိုယ့်အချင်းချင်းကို ကျွန်ဇတ်ခင်းထားတာ ဆယ်စုနှစ်ချီနေမင့်မဟုတ်လား။ အရပ်သား ကျောင်းသားတွေမှာ ဘာအာဏာရှိတုန်း။ ဒီဆန္ဒပြခွင့်လေးပဲရှိတယ်။ ဒီလိုလွတ်လပ်စွာ ထုတ်ဖေါ်ခွင့် ဆိုတာကိုပဲ သေနတ်နဲ့ တေ့ပြစ်လို ပြစ်၊ နံပါတ်တုတ်နဲ့ ရိုက်လို့ ရိုက်၊ လုပ်ခဲ့ကြတာပဲမဟုတ်လား။ မကျေနပ်လို့ ဆန္ဒပြတာ တရားနည်းလမ်းကျတဲ့ လုပ်ရပ် ပဲ။ ဘာအတွက်မှ မှားယွင်းတဲ့ လုပ်ရပ်မဟုတ်။ ဒီမကျေနပ်ချက်ကို ဖုတ်လေတဲ့ငါးပီ ရှိတယ်လို့ သဘောမထားတဲ့ အစိုးရအဆက်ဆက်မှာသာ အပြစ်ရှိတာပဲ။ တရားနည်းလမ်းမကျတာပဲ။ ပြည်သု့ ဆန္ဒကို မထင်ဟပ်တဲ့ ပေါ်လစီမုဝါဒ မှန်သမျှ တလွဲ ဖြစ်မယ်လို့ မှတ်။ အရေခြုံဒီမိုကရေစီ နဲ့ ဘောင်းဘီဝတ်ဘောင်းဘီချွတ် စစ်အုပ်စို ကို ဒီမိုကရေစီနည်းကျ ကျ တုန့် ပြန်တာ ဘာမှမှားစရာမရှိ။ ကိုယ့်အသံကို အများ ကြားအောင်လုပ်တာ၊ ကိုယ့်အမြင်ကို ထုတ်ပြောတာ၊ ကိုယ့်မကျေနပ်ချက်ကို ဖေါ်ထုတ်တာ ဒီမိုကရေစီရဲ့ အခြေခံအကျဆုံး လွတ်လပ်ခွင့် Basic liberties တွေထဲက တစ်ခုပဲ။ ဒီလွတ်လပ်ခွင့်ကို အသုံးချပြီး အရေခြုံဒီမိုကရေစီကို တိုက်ဖျက်တာ ဘာမှ မှားစရာမရှိ။ ဒီလွတ်လပ်ခွင့်ကို မှ တန်ဖိုးမထားတတ်၊ ရှုံ့ ချ နေတယ်ဆိုရင်ဖြင့် ဒီမိုကရေစီမပြောနဲ့ ဖွဘုတ်လို ဆိုရှယ်မီဒီယာနဲ့ တောင် မထိုက်တန်။ မြန်မာပြည်လို စစ်ကိုလိုနီတိုင်းပြည်အဖို့  တက္ကသိုလ်ကို ရောက်တဲ့ ကျောင်းသားတိုင်းဟာ နိုင်ငံရေးကို သိလည်းသိရမယ်။ လုပ်လည်းလုပ်ရမယ်။ ဒီကမ္ဘာမှာ ကျောင်းသားတွေ နိုင်ငံရေးမလုပ်ရဆိုတဲ့ နိုင်ငံတွေကိုကြည့်လိုက်။ အားလုံး အာဏရှင်တပိုင်းတိုင်းပြည်တွေချည်းပဲဆိုတာတွေ့ ရမယ်။ ဒါကိုမှ ကျောင်းသားဟာ ပညာရေးအတွက် ဆန္ဒပြတာကို ရှုံ့ ချနေသုဟာ စစ်ကျွန်နံ့ မပျောက်တဲ့ အဘဘောလျှက် ရင်လည်းဖြစ်ရမယ်၊ ဒီမိုကရေစီဆိုတာကို တန်ဖိုးထားနားမလည်တဲ့ နလဗိန်းတုန်းရင်လည်းဖြစ်ရမယ်။ လွတ်လပ်စွာထုတ်ဖေါ်ခွင့်ကို ရှုံ့ ချနေသမျှ ဒီမိုကရေစီ ဆိုတာကို မျှော်လင့်မနေနဲ့ တော့။ လွတ်လပ်ခွင့်နဲ့ မတန်လို့ မှတ်။ မွေးရာပါ ကျွ န်ဗီဇ ရှိတယ်လို့ မှတ်။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...