ကိုယ်တွေ့ (၁)
ကျောင်းပြီးစအလုပ်ဝင်တဲ့အချိန်
ကြုံခွင့်ရတဲ့ ကျွန်တော့်ဆရာ ဂျပန်ကြီးတစ်ယောက်ရှိတယ်..။ Mr. Onishi
တဲ့..။ အဲ့အချိန် သူ့အသက်က ခုနှစ်ဆယ်ကျော်ပြီ..။
ဒါပေမယ့်.. ကျွန်တော်တို့လူငယ်တွေနဲ့ နေ့နေ့ညည အလုပ်ကို ပြိုင်လုပ်နိုင်တယ်..။ အရမ်းလည်း အပင်ပမ်းခံနိုင်တယ်..။
တခါတရံ အလုပ်ထဲကနေ သူနဲ့နေ့လည်စာထွက်စားရင်.. ကျွန်တော်က.. ကိုယ်ကြိုက်တဲ့ ထမင်းကြော်ပဲ မှာစားတယ်..။

အဲ့တာကို သူက.. မင်း- ထမင်းကြော်မစားနဲ့.. ငါမှာပေးမယ်ဆိုပြီး ထမင်းပေါင်းမှာပေးတယ်..။ သူကိုယ်တိုင်လည်း.. ထမင်းပေါင်းပဲ စားတယ်..။
ဆရာက ထမင်းပေါင်းကြိုက်လို့လား ဆိုတော့.. '' ကြိုက်မကြိုက်ထက်.. အလုပ်မှာ ကုန်ခမ်းသွားတဲ့ အင်နာဂျီ ပြန်ပြည့်ဖို့ဆိုရင်.. ထမင်းကြော်ထက် ထမင်းပေါင်းက ပိုကောင်းတယ်ကွ '' လို့ သူပြန်
ပြောတယ်..။
ထမင်းပေါင်းထဲမှာ အသီး-အရွက်-အသား-ဥ အကုန်ပါတော့ အာဟာရရှုထောင့်ကကြည့်ရင် စားသင့်တဲ့အစားအသောက်ပဲ..။
သူတို့လူမျိုးက.. အစားအသောက်ကိုတောင် အဲ့သလို ရွေးချယ်စားသောက်တယ်..။ မြန်မာတွေ သိပ်ကြိုက်တဲ့ ၀မ်းတွင်းသားတွေ အူစုံအသဲစုံတွေဆို.. ဂျပန်က လုံးဝမစားဘဲ.. စက်တွေနဲ့ကြိတ် မြေသြဇာလုပ်ပစ်သတဲ့ (ကြားဖူးတာပါ)..။
ကိုဘေးဘိဖ် လို့ခေါ်တဲ့ ဂျပန်က လာတဲ့အမဲသားဟာ အစိမ်းသက်သက်ပဲ..။ ဈေးသိပ်ကြီးပါတယ်..။ ကမ္ဘာ့ပုဇွန်ဈေးကွက်ကို ထိန်းချုပ်ဖို့အတွက် .. ဂျပန်ဟာ အအေးခန်းတွေနဲ့ ပုဇွန်တွေကို နှစ်ချီထားပြီး သိုလှောင်ထားသတဲ့..။
လူမျိုးအလိုက် ပျမ်းမျှသက်တမ်းကြည့်တော့.. ဂျပန်က 83.1 year.... ရွှေမြန်မာများက 64.93 year..။
အလှူ ရေစက်လက်နဲ့မကွာတဲ့ ကျုပ်တို့တွေက သေရင် ဂျပန်မှာ လူသွားဖြစ်ပြီး.. တိရိစ္ဆာန်အသက်ကို မကြင်နာပဲ မညှာမတာစားတဲ့ဂျပန်တွေက.. သေတော့ မြန်မာပြည်မှာ လူလာဖြစ်ကြဟန်ရှိတယ်..။

0 comments:
Post a Comment