Friday, November 21, 2014

" ဒေါ်လာစား"




ဒေါ်လာတွေရတာပဲ
မကြည့်နဲ့
စိတ်ညစ်ရင်
ဘယ်သူ့မျက်နှာပြေးကြည့်ရမှန်းမသိဘူး


ဖျားတာ နာတာလား
အပြင်းဖျားဖို့စိတ်မကူးနဲ့
ကိုယ့်ခြေကိုယ့်လက်နိုင်အောင်ကြိုးစား
ဆေးခန်းကိုယ့်ပါသာသွား
ကိုယ်စားမဲ့ဆန်ပြုတ် ကိုယ့်ပါသာပြုတ်
ဆေး..ကိုယ့်ပါသာသောက်နိုင်အောင်ကြိုးစားထား
ရက်ဆက်ဖျားမယ် စိတ်မကူးနဲ့
ဘယ်သူမှ တစ်ရက်ထက်ပိုပြီး
လာကြည့်မပေးနိုင်ဘူး
အလုပ်ကအပြန်မိုးချုပ်
ဗိုက်ဆာသလား
အရသာရှိရှိမရှိရှိ
အပြင်မှာဝယ်စား
ဒါမှမဟုတ် မြန်ဆန်လွယ်ကူခေါက်ဆွဲပြုတ်
တခါတခါ
စကားပြောဖော်
ငွေထက်ရှားတယ်
အခန်းဖော်လား
လူချင်းတူတိုင်း
ပေါင်းလို့ရတာမဟုတ်ဘူး
လမ်းချင်းတူမှသွားလို့ရသလို
စိတ်ချင်းတူမှပြောလို့ရတယ်
ချစ်သူ
ကြေကွဲစရာပေါ့
ကိုယ်အားချိန်နဲ့သူအားချိန်လွဲ
အလွဲပေါင်းများစွာနဲ့
ကြာတော့ရင်ခွင်တွေလွဲခဲ့ရတယ်
ဖုန်း
လက်တော့
အိုင်ပတ်
သက်မဲ့ပစ္စည်းတွေလေ
အထီးကျန်ချိန်
အကောင်းဆုံးအဖော်တွေ
သူတို့တွေရှိလို့တခါတခါ
ရူးမသွားတာ..
ငွေမရှိလို့မဖြစ်ဘူး
အဲဒီအတွက်ရှာကြတယ်
နှစ်အချိန်ကြာ
ရင်းနှီးရတယ်
ပျိုမြစ်မှုတွေ
လတ်ဆတ်မှုတွေ
ပျော်ရွှင်မှုတွေ
ပြန်တွေ့ခွင့်တောင်မရ
တဖြုတ်ဖြုတ်ကြွေသွားတဲ့သွေးရင်းသားရင်းတွေ
ငွေအတွက် အရင်းအနှီးကြီးခဲ့ရတယ်
အဲဒီလိုနဲ့
ဘဝအမောကြား
လူချင်းတွေ့ရင်တောင်
ပြုံးရီပြဖို့မေ့
တခါတခါ ရီနိုင်ဖို့
ဟာသကားတွေကြည့်ကူရတယ်
ဘဝက ရထားပေါ်
ကားပေါ်
သုတ်သုတ်ပြေး
သုတ်သုတ်ပြန်
မိုးလင်းမျက်နှာသစ်အလုပ်သွား
ပြန်လာအိပ်ယာဝင်
ဒါ တနေ့တာဖြစ်စဉ်
နှစ်ပေါင်းများစွာဖြစ်စဉ်
ရင်မနာပေမဲ့
အကြင်နာတွေနဲ့ဝေးခဲ့ကြတယ်
ပြန်မပြင်ချင်ပေမဲ့
မေတ္တာတွေနဲ့ဝေးခဲ့ကြတယ်
ဒါဘဝတခု
တခါတခါ
ဝမ်းနည်းသလိုရှိပေမဲ့
လကုန်ငွေလွှဲတဲ့အခါ
မိဘတွေရဲ့စကားသံ
သားရေ သမီးရေ
လွှဲလိုက်တဲ့ပိုက်ဆံရပြီ
ညီ ညီမလေးတွေရဲ့ပျော်ရွှင်သံ
ကိုကြိး မကြိး
ညီတို့ ညီမတို့ဒါဝယ်မယ်နော်
အဲလိုမေတ္တာစကားသံတွေနဲ့
ဘဝရဲ့ နေ့ရက်များအား
ပီတိကိုစား
ကျနော်တို့.တွေ အားရှိခဲ့ကြတယ်။   ။

ခင်မင်လျက်
ကောင်ကလေး

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...