Wednesday, November 12, 2014

အနုပညာပျိုးခင်းရဲ့ ဒုတိယစင်တင်မင်းသမီးတွေအဖြစ် ရွေးချယ်ခံရတဲ့ ပိုင်ဖြိုးသု၊ ရွှေသမီးနဲ့ ရတနာဗို

By ဇွဲဉာဏ်
On  Thu, 2014-11-13 06:27
Location ရန်ကုန်
Issue No.No.561 Thursday, November 13, 2014
ဓာတ်ပုံ−ဇွဲဉာဏ်

အနုပညာလောကတွင် ယခုရက်ပိုင်းအတွင်း လူစိတ်ဝင် စားမှုအများဆုံးဖြစ်သည့် နာမည် ကြီးမင်းသားများနှင့် ဒါရိုက်တာ ၀ိုင်းတို့ဦးဆောင်သည့် အနုပညာ ပျိုးခင်းအစီအစဉ်က စင်တင်မည့် မင်းသမီးသစ်များအဖြစ် ပိုင်ဖြိုး သု၊ ရွှေသမီးနှင့် ရတနာဗိုတို့ကို ရွေးချယ်လိုက်သည်။

ရွေးချယ်ခံရသူ သုံးဦးတွင် ပိုင်ဖြိုးသုနှင့် ရွှေသမီးတို့သည် အနုပညာလှုပ်ရှားမှုများ အတန် အသင့်ပြုလုပ်ထားပြီး ပရိသတ် သတိပြုမိစရှိသူများဖြစ်၍ ရတနာဗိုမှာမူ  မျက်နှာသစ်သရုပ်ဆောင် တစ်ဦးဖြစ်သည်။

ပိုင်ဖြိုးသုသည် ‘‘စိုင်းစိုင်းကို ချစ်တယ်’’ဇာတ်ကားအပါအ၀င်  ဗီဒီယိုဇာတ်ကားတော်တော်များ များတွင် ပါဝင်သရုပ်ဆောင်ခဲ့သူ ဖြစ်သကဲ့သို့ ရွှေသမီးမှာလည်း ဆာတိုရီထုတ်လုပ်ရေး၏ စင်တင်  မှုဖြင့် ဇာတ်ကားများရိုက်ကူးခဲ့ပြီး လက်ရှိအချိန်တွင်လည်း  အနု ပညာလှုပ်ရှားမှုများပြုလုပ်နေသူ ဖြစ်သည်။

ဒုတိယအကြိမ် အနုပညာ ပျိုးခင်းအစီအစဉ်သို့ လျှောက် ထားသူ နှစ်ရာကျော်ရှိခဲ့ပြီး ၎င်းတို့အနက် ၁၃ ဦးကို စိစစ်ရွေးချယ်  ၍ ဆန်ခါတင် ငါးဦးရွေးချယ်ခဲ့ ကာ နောက်ဆုံး သုံးဦးကို စင်တင် မင်းသမီးသစ်များအဖြစ် ရွေးချယ်ခဲ့ခြင်းဖြစ်သည်။

၎င်းတို့သုံးဦးကို နိုဝင်ဘာ ၁၁ ရက်တွင် စာနယ်ဇင်းမိတ်ဆက်ပွဲ ပြုလုပ်ခဲ့သည်။

‘‘အရင်ပျိုးခင်းတစ်ကိုလည်း အားကျခဲ့တယ်။ ရှေ့စီနီယာတွေ ဆိုရင် ကာရိုက်တာ မျိုးစုံလုပ်ခွင့် ရခဲ့တယ်။ အဲဒါကြောင့်လည်း ၀င် လျှောက်ဖြစ်ခဲ့တာ ဒီမှာပါတယ် ဆိုတာ သိတဲ့အချိန်ကတည်းက အရမ်းပျော်နေတာ။ ပါးစပ်ကစိ လို့မရဘူး။ တစ်ညလုံးလည်း ပျော်လို့ အိပ်လို့တောင် မပျော်ဘူး’’ဟု လက်ရှိအချိန်တွင် ပရိသတ်အား ပေးမှုအတန်အသင့်ရရှိနေသော ပိုင်ဖြိုးသုက ၎င်း၏ခံစားချက်ကို ပြောသည်။ ပိုင်ဖြိုးသုကဲ့သို့ပင် အနုပညာလောကတွင် လှုပ်ရှားမှုများ ပြုလုပ်နေသော ရွှေသမီးကလည်း  ‘‘ပါတယ်ဆိုတာသိရတဲ့အချိန်မှာ ရင်ခုန်တယ်ဆိုတာထက် စိတ် လှုပ်ရှားတယ်။ ပျိုးခင်းမှာပါသွား တဲ့အတွက် အရမ်းကို ကြီးမားတဲ့ တာဝန်တစ်ခုကို ယူလိုက်ရသလို ခံစားရပါတယ်’’ဟုပြောသည်။

ထို့အတူမျက်နှာသစ်သရုပ် ဆောင်တစ်ဦးဖြစ်သော ရတနာဗို ကလည်း ‘‘ငါးယောက်ကနေ နှစ် ယောက်လည်းကြားတယ်။ သုံး ယောက်လည်းကြားတယ်။ နာ မည်ထွက်တဲ့ နာမည်ကြီးတွေထဲ မှာလည်း ကိုယ်မပါဘူးဆိုတော့ လူတိုင်းက ပြုတ်မှာပဲလို့ပြောကြ တယ်။ ညီမကိုယ်တိုင်လည်း မမျှော်လင့်ရဲခဲ့ပါဘူး။ ပါသွားတဲ့ အတွက် အကုန်လုံးကလည်း အံ့ သြနေကြတယ်။ ညီမကတော့ ၀မ်းသာလွန်းလို့မျက်ရည်တောင် ကျခဲ့ပါတယ်’’ဟု ၎င်း၏ခံစားချက် ကိုပြောပြသည်။

အနုပညာပျိုးခင်းအစီအစဉ် အတွက် လူရွေးချယ်မှုများကို ယင်းအစီအစဉ်ဦးဆောင်သူများ ဖြစ်သည့် နာမည်ကြီးမင်းသား များနှင့် ဒါရိုက်တာဝိုင်းတို့က ရွေးချယ်ခဲ့ပြီး လူရွေးချယ်မှုနှင့် ပတ်သက်၍ လိပ်ပြာသန့်ကြောင်း ခန့်စည်သူကပြောသည်။

သို့သော်လည်း ဆန်ခါတင် ငါးဦးထဲတွင်ပါဝင်သည့် သံသာ မိုးသိမ့်က ၎င်း၏ တရားဝင်ဖေ့စ် ဘွတ်ခ်စာမျက်နှာတွင် အနုပညာ ပျိုးခင်းမှ နုတ်ထွက်ကြောင်း စာ နယ်ဇင်းမိတ်ဆက်ပွဲမတိုင်မီ ည ကရေးသားခဲ့သည်။

အနုပညာပျိုးခင်းအစီအစဉ် ကို ၂၀၁၁ တွင် စတင်အကောင် အထည်ဖော်ခဲ့ခြင်းဖြစ်ပြီး ဒါရိုက် တာဝိုင်းနှင့် အနုပညာလောကမှ နာမည်ကြီးမင်းသားများဖြစ်သည့် လူမင်း၊ ခန့်စည်သူ၊ နေတိုး၊ ပြေ တီဦး၊ မြင့်မြတ်တို့က အနုပညာ လောကအတွက် လိုအပ်ချက် တစ်ခုဖြစ်သော မင်းသမီးရှားပါးမှု ကို ဖြည့်ဆည်းနိုင်ရန် စီစဉ်ခဲ့ခြင်း ဖြစ်သည်။

ပထမပျိုးခင်းအစီအစဉ် အတွက် စင်တင်မင်းသမီးများ အဖြစ် အိချောပို၊ ယုသန္တာတင်နှင့် ရွှေမှုံရတီတို့ကို   ရွေးချယ်ခဲ့ပြီး ဇာတ်ကားများတွဲဖက်ရိုက်ကူးခဲ့ ရာ သုံးနှစ်အတွင်း  အနုပညာ လောကတွင် ဈေးကွက်ဝင်မင်းသ မီးများအဖြစ် ရပ်တည်လာနိုင်ခဲ့ သည်။ ဒုတိယအကြိမ် အနုပညာ ပျိုးခင်းအစီအစဉ်တွင် ရွေးချယ်ခံ ခဲ့ရသူများကိုလည်း ပထမအကြိမ် အနုပညာပျိုးခင်းအစီအစဉ်ကဲ့သို့ ပင် သုံးနှစ်စာချုပ်ချုပ်ဆိုကာ သုံး နှစ်အတွင်း အနည်းဆုံးဇာတ်ကား ၁၅ ကားရိုက်ကူးသွားမည်ဟု ခန့် စည်သူကပြောသည်။

http://www.7daydaily.com/story/24819#.VGQRnWft_IU

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...