Wednesday, November 26, 2014

ဟောင်ကောင်သတင်းထောက်က ဒလိုင်းလားမားကိုမေးထားတဲ့ အမေး ၁ဝခု



ဟောင်ကောင်သတင်းထောက်က ဒလိုင်းလားမားကိုမေးထားတဲ့ အမေး ၁ဝခုလို့ ဖတ်ရပါတယ်။ တကယ်မေးထားလား မမေးထားလားဆိုတာမသိပေမယ့် အမေးအဖြေတွေကိုနှစ်သက်လို့ ဘာသာပြန်မျှဝေပါတယ်။
(၁) ဆုံးရှုံးသွားတဲ့အရာကို ပြန်ပေးပါလို့လိုက်တောင်းဖို့လိုသလား

“ဆုံးရှုံးသွားတဲ့အရာက တကယ်တော့ သင့်ဟာ အမှန်တကယ်မဟုတ်သေးပါဘူး။ ဒါကြောင့် နှမြောစရာမလိုသလို ပိုပြီးတော့တောင် လိုက်တောင်းစရာမလိုပါဘူး”
(၂) ဘဝဟာ ပင်ပန်းလွန်းတယ်၊ ဘယ်လို ဖြေဖျောက်ရမလဲ
“ဘဝပင်ပန်းရတာဟာ တစ်ဝက်က အသက်ရှင်နေထိုင်ရေးအတွက်၊ နောက်တစ်ဝက်က ရမ္မက်လိုအင်နဲ့ ပြိုင်ဆိုင်မှုကြောင့်ဖြစ်တယ်”
(၃) မနေ့ကနဲ့ ဒီကနေ့ကို ကျွန်တော်တို့ ဘယ်လိုဖမ်းဆုပ်ရမလဲ
“မနေ့ကဆိုတာတွေနဲ့ ဒီကနေ့ကို သိမ်းပိုက်မထားစေပါနဲ့”
(၄) ကိုယ့်ကိုယ်ကို ဘယ်လိုဆက်ဆံရမလဲ၊ တခြားလူကို ဘယ်လိုဆက်ဆံရမလဲ
“ကိုယ်ကိုယ်တိုင်အပေါ် ကောင်းကောင်းဆက်ဆံပါ။ ဘဝတစ်သက်တာဆိုတာ သိပ်မရှည်လျားလို့ပါပဲ။ ကိုယ့်နံဘေးကသူတွေအပေါ် ကောင်းကောင်းဆက်ဆံပါ။ နောင်ဘဝမှာ သူတို့နဲ့ ဆုံမဆုံဆိုတာ မပြောနိုင်လို့ပါပဲ”
(၅) ယဉ်ကျေးပျူငှာတာကို ဘယ်လိုအဓိပ္ပာယ်ဖွင့်ဆိုမလဲ
“ဆောရီးပဲလို့ တောင်းပန်တာဟာ ရိုးသားမှုတစ်ခုပါ။ ရပါတယ် ကိစ္စမရှိပါဘူးဆိုတာက အမူအကျင့်တစ်ခုပါ။ တကယ်လို့ ရိုးသားမှုကိုသင်ပေးဆပ်ပြီး အမူအကျင့်တစ်ခုကိုပြန်မရခဲ့ရင် ဒါဟာ တစ်ဘက်လူရဲ့အသိဉာဏ်ကင်းမဲ့မှု၊ ကြမ်းတမ်းမှုလို့ပဲဆိုရမှာပါ”
(၆) ကိုယ့်ရည်မှန်းချက်ပန်းတိုင်ကို ဘယ်လိုအဆုံးအဖြတ်ပေးရမလဲ
“တကယ်လို့ ဘယ်နေရာကိုဦးတည်ပြီး သင်သွားနေပါတယ်လို့ သင်သိရင် တလောကလုံးက သင့်ကိုလမ်းဖယ်ပေးပါလိမ့်မယ်”
(၇) ပျော်ရွှင်ခြင်းနဲ့ ဝမ်းနည်းခြင်းကို ဟန်ချက်ညီအောင် ဘယ်လိုထိန်းရမလဲ
“လူတစ်ယောက်မှာ နှလုံးသားတစ်ခုစီရှိတယ်။ အဲဒီနှလုံးသားမှာ ဘယ်နဲ့ညာ သွေးလွှတ်ခန်းဆိုပြီး နှစ်ခန်းရှိတယ်။ အခန်းတစ်ခုမှာ ပျော်ရွှင်ခြင်းနေပြီး နောက်အခန်းတစ်ခုမှာ ဝမ်းနည်းခြင်းနေတယ်။ အရမ်းပျော်တဲ့အခါ အသံကျယ်ကျယ်မရယ်ပါနဲ့။ ဘေးခန်းက ဝမ်းနည်းခြင်းကြားသွားတတ်လို့ပါ”
(၈) ကျွန်တော်တို့ ဘယ်လိုလုပ်မှ “မြဲမြံတယ်၊ လေးနက်”တယ်လို့ ဆိုနိုင်မလဲ
“သင့်ခြေထောက် မြေကြီးပေါ်မှာရပ်နေသရွေ့ သင့်ကိုယ်သင်ပေါ့တယ် (အသုံးမကျဘူး)လို့ မထင်ပါနဲ့။ ဒီလောကကြီးမှာ သင်အသက်ရှင်ရပ်တည်နေသရွေ့ သင့်ကိုယ်သင် ကြီးလိုက်တာ (ကြီးကျယ်လိုက်တာ)လို့ မထင်ပါနဲ့”
(၉) အချစ်က အချိန်ကြောင့်ပြောင်းလဲသွားတတ်တယ်လို့ လူတွေကဆိုကြတယ်၊ ဘယ်လိုသဘောရလဲ
“အချစ်က လူကိုအချိန်နာရီမေ့စေနိုင်သလို၊ အချိန်ကလည်း လူတွေကို အချစ်မေ့စေနိုင်ပါတယ် ”
(၁ဝ) ချစ်ကြသူနှစ်ဦး အတူမနေရရင် ဘယ်လိုလုပ်မလဲ
“မနေရဘူးဆိုတော့လည်း မနေရဘူးပေါ့… ဒီတစ်သက်တာဆိုတဲ့အချိန်လေးက တကယ်တမ်းမှာတော့ သိပ်မရှည်လျားပါဘူး”
----
သင့်ကိုပျော်ရွှင်စေတယ်လို့ သင်ထင်ရင် အဲဒီပျော်ရွှင်စေတဲ့အရာကို သင်ရှာဖွေပါ။
ထိုက်တန်တယ်လို့ သင်ထင်ရင် အဲဒီထိုက်တန်တဲ့အရာကို ထိန်းသိမ်းထားပါ။
သင့်ကိုနှစ်သက်ကြည်နူးစေတယ်လို့ သင်ထင်ရင် အဲဒီနှစ်သက်ကြည်နူးစေတဲ့အရာကို တန်ဖိုးထားပါ။
သင့်ကို ဝမ်းနည်းနာကျင်စေတယ်လို့ သင်ထင်ရင် အဲဒီဝမ်းနည်းနာကျင်ခြင်းတွေကို မေ့ပစ်ပါ၊ စွန့်ပစ်ပါ။
နိုင်းနိုင်းစနေ (Nov. 25. 2014)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...