Tuesday, November 18, 2014

အင်အားမကောင်းတော့သော ထွန်းသစ်စနိုင်ငံများ ခင်မောင်ညို (ဘောဂဗေဒ)


          ထွန်းသစ်စနိုင်ငံများဒုက္ခရောက်နေချိန်တွင် ဘရာဇီးနှင့် ရုရှားတို့သည် အင်အား အနည်းဆုံးဖြစ်နေ သည်ကိုတွေ့ရသည်။ ထွန်းသစ်စနိုင်ငံများအတွင်း ရင်းနှီးမြှပ်နှံသူတို့က နေ့ချင်းညချင်း အခြေအနေပြောင်းလဲနိုင်ကြောင်းသဘောပေါက်ကြ သည်။

၁၉၉၀ပြည့်လွန်နှစ်များ၏ အလယ်ပိုင်း၌ ၁၉၉၅ခုနှစ်တစ်ဝိုက်ကတိုးတက်မှုလျှင်မြန်သော ထိုင်းနှင့် အင်ဒိုနီးရှားတို့ သည် အာရှ၏ကျားနိုင်ငံများအဖြစ်ထင်ရှားကြသည်။ သို့သော် ၁၉၉၇ ခုနှစ်တွင် ၄င်းတို့သည်ငွေကြေးအကြပ်အတည်းနှင့် ကြုံပြီး နောက် နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့၏ အာမခံ ကယ်ယူဆယ်ယူခြင်းကိုခံရသည်။ နှစ်ပေါင်း(၂၀)ခန့် ဘရာဇီး၊ ရုရှား၊ အိန္ဒိယနှင့်တရုတ်နိုင်ငံအုပ်စု တွင် ပါဝင်သော နိုင်ငံနှစ်နိုင်ငံသည် ၂၀၁၀တွင်ကမ္ဘာ့စီးပွားရေးကိုတိုးတက်အောင်  အထောက်အကူဖြစ်စေ ခဲ့သည်ဟုဆိုပြီးနောက် စီးပွားရေး တိုးတက်မှု ကျဆင်းလုနီးပါး ဖြစ်ခဲ့သည်။
ဘရာဇီးနှင့် ရုရှားတို့ သည်ငွေကြေးတန်ဖိုး ကျဆင်းခြင်း၊ ငွေဖောင်းပွမှုမြင့်မားခြင်း၊ စီးပွားရေးတိုးတက် မှုနှုန်းနှေးကွေးခြင်း တို့ကြောင့် ၂၀၁၅ ခုနှစ်တွင် အခြေအနေဆိုးများ ကြုံတွေ့ရဖွယ်ရာရှိသည်။လွန်ခဲ့သည့် (၁)နှစ်ခန့်က ဘရာဇီး၊ အင်ဒိုနီးရှားနှင့် အိန္ဒိယတို့ကို အလားအလာကောင်းသည်ဟုဘဏ်နှစ်ခုကသုံးသပ်ခဲ့သည်။ ဘဏ်တစ်ခုက ဘရာဇီး၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊တောင်အာဖရိကနှင့် တူရကီတို့သည် ထွန်းသစ်စနိုင်ငံများတွင်အခြေအနေဆိုးဝါးနေသောနိုင်ငံများဖြစ်သည့်ဟု သုံးသပ်ခဲ့ သည်။ ငွေဖောင်းပွမှုမြင့်မားခြင်း၊သာမန်စာရင်းလိုငွေကြီးမားခြင်း၊ ပို့ကုန်များအလွန်တစ်ရာဈေးပေါခြင်း၊ ငွေကြေးတန်ဖိုးများပြိုလဲမည့်အန္တရာယ်ရှိခြင်းတို့ကို တွေ့ကြုံခဲ့ရသည်။ ထို(၅)နိုင်ငံ၌ (၄)နိုင်ငံသည် ဒေါ်လာနှင့်ယှဉ်လျှင်ငွေကြေးတန်ဖိုးများကျဆင်းခဲ့ပြီး ရုရှား၏ ရူဘယ်ပင်လျှင် ထပ်မံ၍ကျဆင်းဖွယ်အလားအလာတွေ့ရသည်။ နိုဝင်ဘာ(၅)ရက်နေ့ကဗဟိုဘဏ် သည် ငွေကြေးတန်ဖိုးမြှင့်တင်မည်ဟု ဆိုသည့် အချည်းနှီးလုပ်ရပ်ကိုရပ်ဆိုင်းခဲ့ပြီး လွတ်လပ်စွာ နှုန်းယှဉ်မျှောခွင့်ပြုခဲ့သည်။

အဆိုပါ နိုင်ငံများ၌ တူညီသည့် ပြဿနာတစ်ခုရှိသည်။ အထူးသဖြင့် ငွေဖောင်းမှုမြင့်မားသည့်ပြဿနာဖြစ်သည်။ အဆိုပါ(၅)နိုင်ငံတို့တွင် ဘတ်ဂျတ်လိုငွေပြနေသဖြင့် ကြွေးမြီများတစ်နင့်တစ်ပိုးဖြစ်နေကာ သာမန်စာရင်း၌လည်း လိုငွေပြနေသဖြင့် နိုင်ငံခြားအရင်းအနှီးစီးဝင်မှုကိုအားကိုး၊ အားထားပြုရသည်။ သို့သော်၎င်းတို့၏ အလားအလာများ မှာ ကွဲပြားသည်။အိန္ဒိယနှင့် အင်ဒိုနီးရှားတို့က အခြေအနေကောင်းမွန်ပုံရသည်။ ယခင်နှစ် သြဂုတ်လက ရူပီငွေသည်ဒေါ်လာနှင့်နှိုင်းယှဉ်လျှင် တန်ဖိုးတက်လာပြီးနောက် ပြည်သူပိုင်ကဏ္ဍ၏လိုငွေလည်းကျဆင်းသွားခဲ့သည်။ အင်ဒိုနီးရှား၌ ရူပီးယားသည် ခိုင်မာမှုနည်းသည်။ သြဂုတ်လကုန်၌(၁၀)ရာခိုင်နှုန်းတန်ဖိုးကျခဲ့ပြီးနောက် ငွေဖောင်းပွမှုနှုန်းအတန်အသင့် ရှိကာစီးပွားရေးတိုးတက်မှုနှုန်းခိုင်မာနေသည်။ ကျန်သည့်နိုင်ငံ (၄)နိုင်ငံမှာအခြေအနေမကောင်းလှပေ။ တောင်အာဖရိက နှင့် တူရကီတို့သည် ငွေတန်ဖိုး ဆက်လက်ကျဆင်းနေကာ ငွေဖောင်းပွမှုမြင့်မားပြီးသာမန်စာရင်းလိုငွေလည်း ကြီးမားလျက်ရှိသည်။ စွမ်းအင်ဈေးနှုန်းများကျဆင်းနေခြင်းကြောင်း ဝမ်းသာစရာသတင်းကောင်းများပေါ်ပေါက်လာခဲ့သည်။ တူရကီတွင်ရေနံနှင့် သဘာဝဓာတ်ငွေ့တို့သည် စွမ်းအင်၏ (၆၀)ရာခိုင်နှုန်းရှိရာ ၄င်း၏(၉၀)ရာခိုင်နှုန်းကိုပြင်ပမှ ဝယ်ယူတင်သွင်းရခြင်းဖြစ်သည်။ တောင်အာဖရိက၌ ဆန္ဒပြမှုများကြောင့် သတ္တုပို့ကုန်များကျဆင်းခဲ့သည်။လာမည့်နှစ်တွင် (၂.၅)ရာခိုင်နှုန်းခန့်သာ တိုးတက်နိုင်စွမ်းရှိသည်။

ဘရာဇီးနှင့် ရှရှားတို့၌အမှန်တကယ်အခြေအနေဆိုးဝါးလျက်ရှိသည်။ ၎င်းတို့သည် တရုတ်နိုင်ငံပြီးလျှင်အကြီးဆုံးထွန်းသစ်စနိုင်ငံများ ဖြစ်သော်လည်း ဂျာမနီကဲ့သို့ပင် ဒုက္ခရောက်နေသည်။ထိုနိုင်ငံများ၌ ငွေကြေးတန်ဖိုးများ ကျဆင်းသည်။ စက် တင်ဘာလတွင် ဘတ်ဂျတ်လိုငွေသည် စံချိန်ကျိုးလောက်အောင်ကျဆင်းကြောင်းတွေ့ရပြီးနောက် နိုဝင်ဘာလတွင် ၄င်းတို့ ငွေကြေးတန်ဖိုးများထပ်မံကျဆင်းခဲ့သည်။ရူဘယ်ငွေသည် အလျင်အမြန်ကျဆင်းရာ တစ်နှစ်အတွင်း(၂၇)ရာခိုင်နှုန်းကျဆင်းပြီး လွန်ခဲ့သည့်တစ်လအတွင်း(၁၀)ရာခိုင်းနှုန်းကျဆင်းခဲ့သည်။ ထိုနှစ်နိုင်ငံစလုံး၌ စီးပွားရေးတိုးတက်မှုနှေးကွေးကာငွေဖောင်းပွမှုနှင့်လည်း ကြုံတွေ့နေရသည်။ စီးပွားရေးတိုးတက်မှုနှုန်းသည်တစ်ရာခိုင်နှုန်းအောက်သာ ရရှိသည်။

၎င်းတို့ အခြေအနေဆိုးရခြင်း၏ တစ်စိတ်တစ်ဒေသမှာ ပြည်ပကုန်သွယ်မှုနှင့်ပတ်သက်သည်။ ဘရာဇီးနိုင်ငံ၏ အဓိကကုန်သွယ်ဖက် တရုတ်နိုင်ငံတွင်စီးပွားရေးတိုးတက်မှုနှေးကွေးခြင်း၊ ယူရိုဇုန်တွင် တန့်နေခြင်း၊ အာဂျင်တီးနားတွင်အခြေအနေဆိုးဝါးခြင်းတို့နှင့် ကြုံတွေ့နေရသည်။ ပို့ကုန်တန်ဖိုးများ ကျဆင်းရုံသာမကဘရာဇီးကရောင်းချနေသည့် သံရိုင်း၊ ဓာတ်ဆီ၊ သကြားနှင့် ပဲပုတ်စေ့တို့၏ ဈေးနှုန်းသည်ကမ္ဘာ့ဝယ်လိုအား ကျဆင်းသည်နှင့်အမျှ လိုက်လံ ကျဆင်းလျက်ရှိသည်။ ရုရှား၌လည်းစီးပွားရေးတိုးတက်မှုနှေးကွေးကာ လောင်စာဈေးနှုန်းများ ကျဆင်းနေခြင်းကြောင့်တိုးတက်မှုနှေးကွေးသည့်ဒဏ်ကိုခံရသည်။ ရုရှားသည် ကမ္ဘာပေါ်တွင် ရေနံနှင့်သဘာဝဓာတ်ငွေ့ထုတ်လုပ်သော အကြီးဆုံးနိုင်ငံ တစ်နိုင်ငံဖြစ်သည်။ ရုရှား၏ အကြီးဆုံးစွမ်းအင်လုပ်ငန်း ငါးခုသည် လုပ်သားတစ်သန်းခန့်ကို ခန့်ထားသည်။ ၂၀၁၃ခုနှစ်တွင် ဥရောပနှင့်အာရှသို့ ပိုက်လိုင်းမှတစ်ဆင့် ဒေါ်လာ(၃၅၀)ဘီလီယံဖိုး တင်ပို့ရောင်းချနိုင်ခဲ့သည်။ဈေးနှုန်းများကျဆင်းသည့်အခါ ရုရှားထိခိုက်သလောက် တူရကီအနေဖြင့် အကျိုးရှိသည်ကို တွေ့ရသည်။

          သို့သော်လည်း ဘရာဇီးနှင့် ရုရှားတို့၏ပြဿနာမှာပြည်တွင်းရေးအပေါ်၌ အခြေခံသည်။ ၁၉၉၀ပြည့်လွန်နှစ်များ ကတည်းကဘရာဇီးသည် GDP၏ သုံးရာခိုင်နှုန်းနီးပါး ပိုငွေပြကာ ကြွေးမြီလျှော့ချနိုင်စွမ်းရှိရန်ရည်ရွယ်ခဲ့သည်။ သို့သော် ပြန်လည်ရွေးကောက်ခံရသော သမ္မတအသစ်က ဘရာဇီး၏ပြည်သူ့ဘဏ္ဍာရေးကိုနိုင်နိုင်နင်းနင်း ဆောင်ရွက်ခြင်းမရှိပေ။ ၂၀၁၄တွင် အသုံးစရိတ်သည် ဝင်ငွေထက် နှစ်ဆများခဲ့သည်။ရေနံတွင်းကှို ရောင်းချ၍ရသောငွေများ 4G ဆက်သွယ်ရေး လှိုင်းစဉ်များ ရောင်းချရသည့်ငွေများရှိသည့်ကြားမှပင်လိုငွေပြခဲ့ခြင်းဖြစ်သည်။ ထိုကြောင့် ဘရာဇီး၏ကြွေးမြီအချိုးအစား သည် လျင်မြန်စွာ မြင့်မားတိုးတက်နေသည်ကိုတွေ့ရသည်။

ရုရှား၏ပြည်တွင်းဖြစ် ဒဏ်ရာများသည် ပို၍ဆိုးဝါးသည်။ ပူတင်၏ ယူကရိန်းကိုကျူးကျော်ဝင်ရောက်မှုကြောင့်အမေရိကန်နှင့် ဥရောပတို့က စီးပွားရေးပိတ်ဆို့မှုများပြုလုပ်ထားပြီး ဇူလိုင်လနောက်ပိုင်း၌ ပို၍ ဖြည်းဖြည်းချင်း တင်းကြပ်လာခဲ့သည်။ ရုရှားလုပ်ငန်းများအနေဖြင့်အမေရိကန်ချေးငွေဈေးကွက်မှ အရင်းအနှီးများရယူနိုင်ခြင်းမရှိပေ။အမေရိကန်လုပ်ငန်းများက ရုရှားစွမ်းအင်လုပ်ငန်းကြီးများ လိုအပ်သည့် အသုံးအဆောင်များနှင့်အကြံများလည်း ရယူနိုင်ခြင်းလည်း မရှိပေ။ ထို့ကြောင့် အနောက်နိုင်ငံမှ ရေနံလုပ်ငန်းကြီးများသည်ရုရှား၏ ရေနံနှင့် သဘာဝဓာတ်ငွေတွင်းများ တူးဖော်ရေး၊ အရည်အသွေးမြင့်မားရေးတို့ကိုဆောင်ရွက်နိုင်ခြင်းမရှိပေ။ မစ္စတာပူတင်က လက်တုံ့ပြန်သည့်အနေဖြင့်အနောက်နိုင်ငံမှကုန်ပစ္စည်းများအပေါ် သွင်းကုန်ခွန်ကောက်လိုက်ခြင်းကြောင့်ပြည်တွင်းတွင် ဈေးနှုန်းများပိုမို၍ မြင့်မားသွားစေခဲ့သည်။ ဆက်လက်၍ ပိုပြီးအခြေအနေဆိုးဝါးစရာများကိုလည်းတွေ့ကြုံရနိုင်သေးသည်။

ကုန်စည်ဈေးနှုန်းကျဆင်းမှု ဆက်လက်ကြာမြင့်နေနိုင်မည်။ ငွေဖောင်းပွမှုကိုထိန်းချူပ်ကာ ငွေတန်ဖိုးများ ကျဆင်းနေသည်ကို တားဆီးသည့်အနေဖြင့်ထိုနိုင်ငံများရှိဗဟိုဘဏ်များက အတိုးနှုန်းများကိုမြှင့်တင်ခဲ့သည်။ ဘရာဇီးတွင်(၁၁.၂၅)ရာခိုင်နှုန်း နှင့် ရှရှားတွင် (၉.၅)ရာခိုင်နှုန်းအထိ ဖြစ်သွားခဲ့သည်။ တစ်ချိန်တည်း၌ပင်ဘဏ္ဍာရေးဝန်ကြီးများက စိုးရိမ်ပူပန်စရာများနှင့် တွေ့ကြုံခဲ့ရသည်။ ဘရာဇီးနိုင်ငံတွင်လောင်စာဆီပေါ်တွင်ကောက်ခံသော အခွန်များကိုရပ်ဆိုင်းခဲ့ရပြီး မော်တော်ကား ဝယ်ယူမှုများအပေါ်ပေးထားသည့်အခွန်သက်သာခွင့်များကိုလည်း ပြန်လည်ရုတ်သိမ်းခဲ့ရသည်။ ရှရှား၌ ဘတ်ဂျက်လိုငွေသည်GDP၏ တစ်ရာခိုင်နှုန်းသာ ရှိရမည်ဟုသတ်မှတ်ရာ ထိုနှုန်းအတိုင်းဖြစ်ရန်ဆိုလျှင် ချွေတာသည့်ဘဏ္ဍာရေးမူဝါဒကိုချမှတ်ရန် လိုသည်။ သို့သော် ထိုချွေတာရေးမူဝါဒများကြောင့်ပင် ထိခိုက်စရာများရှိသည်။ဘဏ်များအနေဖြင့် ပြည်သူပိုင်ကဏ္ဍ၏ အသုံးစရိတ်များလျှော့ချသည့်အခါ ၄င်းတို့၏ဝင်ငွေလျော့ပါးသွားပြီးအတိုးနှုန်း မြှင့်တင်လိုက်ခြင်းကြောင့် ချေးငွေများကိုပြန်ဆပ်ရန် ခက်ခဲစေသည်။ ရုရှားမှအခြေအနေသည်ပို၍ ဆိုးဝါးသည်။ အကြွေးပြန်မဆပ်နိုင်သော ချေးငွေများတိုးပွားပြီး ငွေစုသူများများပြားလျက်ရှိသည်။ အခြားပြဿနာဖြစ်နိုင်စရာတစ်ခုမှာ ငွေချေးစာချူပ်ဈေးကွက်ဖြစ်သည်။နှစ်နိုင်ငံစလုံး၌ နိုင်ငံခြားငွေ သီးသန့် ရန်ပုံငွေများများစားစားရှိကြသည်။သို့သော် ယခင်နှစ်က ဒေါ်လာတစ်ရာဘီလီယံခန့် ဆုံးရှုံးခဲ့သော်လည်း နိုင်ငံခြားသီးသန့်ရန်ပုံငွေများများစားစားရှိကြသည်။ ရုရှား၌ ဒေါ်လာ(၃၇၀)ဘီလီယံရှိသည်။ သို့သော်လည်းဒေါ်လာဖြင့် ချေးယူထားသော ချေးငွေများ များပြားခြင်းကြောင့်၎င်းတို့ငွေကြေးတန်ဖိုးများ ကျဆင်းနေချိန်တွင် ကြွေးဆပ်ရန်ခဲယဉ်းသည်။ နောက်ဆယ်လတွင်ရုရှားသည် ဒေါ်လာ(၉၀)ဘီလီယံကြွေးဆပ်စရာရှိသည်။

အကောင်းမြင်သူများသာ အဆိုပါနှစ်နိုင်ငံသည် ၂၀၁၅တွင် အခြေအနေကောင်းများ တွေ့နိုင်မည်ဟု မြင်ကြသည်။ အဆိုးမြင်သူများကမူငွေကြေးတန်ဖိုးများ ကျဆင်းခြင်းကြောင့် ငွေချေးစာချူပ် ဈေးကွက်အခြေအနေ ဆိုးဝါးပြီးဘဏ်များဒုက္ခရောက်နိုင်သည်ဟု တွက်ဆကြသည်။
(Economist.com)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...