Thursday, November 27, 2014

ပုခုံးဆစ်လွဲသူ


တစ်ခါက ကမ္ဘာနံပါတ်တစ်လို့ ပြောလို့ ရတဲ့ အရိုးအကြော ဆရာဝန်ကြီး တစ်ယောက်ရှိတယ်.။ ဆရာဝန်ကြီးက အလွန်တော်သလို သူ့ရဲ့သြဇာကလည်း တော်တော်ထက်တယ်.။ သူ့ကို လေးစားချစ်ခင်ကြတဲ့ သူ့တပည့်တွေ ကလည်း ကမ္ဘာနဲ့ အနှံ့ပဲလေ.။
ဆရာဝန်ကြီးကလည်း တကယ်ကို တော်ရှာပါတယ်.။ တစ်ခုခုဖြစ်နေတာ တွေ့တာနဲ့ စမ်းသပ်နေစရာ မလိုဘူး.။
ဟိုအကြောကို ဟိုလို ဆွဲလိုက်.၊ လက်မျက်နေတယ် ဆိုရင် သူက ကိုင်ကြည့်သလိုလိုနဲ့ အကြောပြင်လိုက်တာ သိတောင်မှ မသိလိုက်ရဘူး.။ ပါးစောင်တွေ အံ့လွဲနေရင်လည်း ဆက်ခနဲ့ဆိုရင် နာတောင်မှ မနာလိုက်ရဘူး..။ ခြေထောက်ကျိုးနေသူ ဆိုရင်လည်း ဆရာဝန်ကို ကျောက်ပတ်တီးကိုင်ရင် လူနာက ဘာမှ တောင်မှ မသိအောင် အကိုင်အတွယ်ကလည်း ညက်တယ်.။
ဒီလို ဆရာဝန်ကြီးမှာ အားလုံးတော်နေ တတ်နေပေမဲ့ ဆရာဝန်ကြီးမှာ အားနည်းချက် တစ်ခု ရှိတယ်.။ အရက်သောက်ပြီ ဆိုရင် အမူးလွန်အောင် သောက်တတ်တာပါပဲ..။ ပြီးတော့ ..ဆရာဝန်ကြီးဆီမှာ လူသိ မခံချင်တဲ့ လျှိုဝှက်ချက်တစ်ခု ရှိတယ်တဲ့..။ ဒါကို ဘယ်သူ့မှ သေချာ မသိဘူး.။ သူတို့ နားစွန်နားဖျား ကြားတာကတော့ ဆရာဝန်ကြီးရဲ့ လျှိုဝှက်ချက်က သူ့ရဲ့ “ ပထမဆုံးလူနာ ” ဖြစ်တယ်လို့တော့ ကြားမိတယ်။ သေတော့ မသေချာ.။ မေးလည်း မမေးရဲကြဘူးလေ.။
တစ်နေ့တော့ ..ဆရာဝန်များ နှစ်ပတ်လည် တွေ့ဆုံပွဲလေးမှာ အားလုံးလိုပဲ အပါအဖြစ် ဆရာဝန်ကြီးလည်း ရောက်နေတာပေါ့.။ နာမည်ကြီး ဆရာဝန်ကြီး ဆိုတော့ လုသိကလည်း များတယ်လေ.. ဒီတော့ ဟိုလူက တစ်ခွက်တိုက် ဒီလူက တစ်ခွက်တိုက်နဲ့ ဆရာဝန်ကြီးတော်တော် မူးလာပြီ..။ အဲဒီအချိန်မှာ အားလုံးက ဆရာဝန်ကြီးကို မိန့်ခွန်းပြောပေးဖို့ တောင်းဆိုကြတယ်.။ ဆရာဝန်ကြီးကလည်း မူးနေတော့ ပြောမယ်ပဲ ဖြစ်နေတော့တယ် ။ ဒီတော့ မိန့်ခွန်းပြောတယ်.။ ပျော်ပျော်ပါးပါးပဲ.။
အဲဒီအချိန်မှာ ရွှတ်နောက်နောက် ဆရာဝန်လေး တစ်ဦးက
“ဆရာဝန်ကြီးခင်ဗျား.။ ဆရာဝန်ကြီးမှာ လျှို့ဝှက်ချက် တစ်ခု ရှိတယ်လို့ ကြားမိပါတယ်.။ အဲဒါလေး ပြောပြပါလား..။”
ဆရာဝန်ကြီး ရုတ်တရက်တော့ ဆက်ခနဲ့ ဖြစ်သွားတယ်.။ နောက်တော့ အမူးကလည်း လွန်နေ ပြီးတော့ အားလုံးကလည်း သူ့ကိုလေးစားနေတဲ့ တပည့်တွေလို ဖြစ်နေတော့ မထူးပါဘူး ဆိုတဲ့ ပုံစံနဲ့ ပြောတယ်.။
“ ဟုတ်ပါတယ်.။ ကျွန်တော့်မှာ လျှို့ဝှက်ချက် တစ်ခု ရှိနေပါတယ်..။ အဲဒါကတော့ ကျွန်တော့်ဘဝရဲ့ ပထမဦးဆုံး လုနာ ဖြစ်တဲ့ ပုခုံးအဆစ်လွဲနေသူ လူနာပဲ ဖြစ်ပါတယ်.။ လူက ကျောင်းက ဆင်းကာစ အသက်က ငယ်ငယ် စာတွေ့တွေက အများကြီး လက်တွေ့က နည်းနေသေးတယ်လေ.။ အဲဒီအချိန်မှာ နယ်မြို့လေး မြို့မှာ ရှိနေတဲ့ ဆေးရုံမှာ တာဝန်ကျပါတယ်.။
တစ်နေ့တော့ လူနာ တစ်ယောက်ရောက်လာတယ် ။ သူကတော့ ချော်လဲလို့ ပုခုံးအဆစ်လွဲသွားတဲ့ လူနာ ပါပဲ..။ ကျွန်တော့်အတွက် ပထမဆုံး လူနာပေါ့ဗျာ.။ ဒီတော့ ..သူ့ကို စာအုပ်ထဲက သင်ထားသလို ဟိုအကြောကို ဟိုလိုဆွဲ..။ ဒီနေရာကို ဒီလို ကိုင် ၊ ဘယ်နေရာကို ညှစ်ပေါ့လေ..။ ဒီလိုလုပ်တာပဲ မရဘူး.။ လူက ချွေးတွေလည်း ပြန်လာပြီ.။ ဒီကြားထဲ လူနာက အော်လိုက်တာလဲ ဆေးရုံတစ်ခုလုံး ဆူညံနေတာပဲ...။
ဒီတော့ ဘာလုပ်လို့ လုပ်ရမှန်းလည်း မသိဖြစ်လာပြီ.။ စာအုပ်ထဲက အတိုင်း လုပ်နေတာတွေလည်း မရသေးဘူးလေ.။ ဒါနဲ့ နောက်ဆုံးနည်း အဖြစ်နဲ့ သပ်လျှိုသလို သူ့ချိုင်းကြားမှာ သစ်သားတုံးတစ်ခုကို ခုပြီးတော့မှ သူ့ကို ထိုင်ခိုင်းပြီး သူ့နံကြားကို ခြေထောက်တစ်ဖက်က ကန်ပြီး သူလွဲနေတဲ့ ပုခုံးဆစ်က လက်ကို ကိုင်ဆွဲလိုက်တော့မှပဲ........။”
ဒီနေရာမှာ ဆရာဝန်ကြီးက စကားရပ်ပြီး သူ့ပရိတ်သတ်ထဲကို မျက်လုံးဝှေ့ပြီး ကြည့်တယ်..။ အားလုံးကလည်း ဆရာဝန်ကြီး ဘာဆက်ပြောမလဲ စောင့်နေကြတာပေါ့..။ ဒါကို မစောင့်နိုင်တဲ့ ဆရာဝန်လေး တစ်ယောက်က...
“ ဒီလို ပုခုံးအောက်မှာ တုံးခံပြီး ခြေကန်ဆွဲလိုက်တော့မှ ပြန်ကောင်းသွားရောလား ဆရာ...။”
ဆရာဝန်ကြီးက “ ဟက် ” ခနဲ့ တစ်ချက်ရယ်ပြီး ဆက်ပြောတယ်....။
“ ဟင့်အင်း...။ နံရိုးသုံးချောင်းပါ ကျိုးသွားတယ်....။”
တိန်......
မှ - ( “ ကိုဇော် ” - “ zaw357.blogspot.com ” )

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...