Posted: 21 Nov 2014 06:01 AM PST
အစိုးရတပ်က
ပစ်ခတ်တဲ့ လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲ တာကြောင့် ကချင်လွတ်လပ်ရေး
တပ်ဖွဲ့ KIA ဗိုလ်သင်တန်းကျောင်းက သင်တန်းသား ၂၃ယောက် ကျဆုံးခဲ့ရာမှာ
သူတို့တွေဟာ တိုင်းရင်းသား မဟာမိတ် အဖွဲ့ဝင်တွေ ဖြစ်ကြပြီး ပလောင်ခေါ်
တအာင်းအဖွဲ့က ၁၁ဦးနဲ့ ရခိုင်အဖွဲ့က ၈ဦးပါဝင်ခဲ့ပါတယ်။ ဒီပစ်ခတ်မှုနဲ့
ပတ်သက်ပြီး အစိုးရ စစ်တပ်ဖက်က KIAက သူတို့ စစ်ကြောင်းကို လာရောက်
ပစ်ခတ်တာကြောင့် လက်နက်ကြီးနဲ့ တန်ပြန်သတိပေး
|
Posted: 21 Nov 2014 05:04 AM PST
နိုဝင်ဘာလ
၁၈ ရက်နေ့ ညနေပိုင်းက မြောက်ဦးမြို့တွင် ရဲတပ်ဖွဲ့နှစ်ဦးနှင့်
အရပ်သားတစ်ဦးတို့ကို ဓားနှင့်ထိုးခဲ့ သူအား ယမန်နေ့က မြောက်ဦးရဲတပ်ဖွဲ့မှ
သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီး ခဲ့ရကြောင်း မြောက်ဦးမြို့နယ်
ရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူးမြင့်သောင်းက အတည်ပြုပြောသည်။
“သူ့ကို ဒီကနေ့ နေ့လယ် ၁၂ နာရီ ၄ဝ မိနစ်မှာ မြောက်ဦးမြို့နယ်၊
ညောင်ပင်လှကျေးရွာရဲ့ အနောက် ဘက် ၁ ဖာလုံလောက်
အကွာမှာရှိတဲ့တောင်ကြားထဲမှာ
|
Posted: 21 Nov 2014 05:01 AM PST
အစိုးရတပ်ရဲ့
လက်နက်ကြီးနဲ့ ပစ်ခတ်မှုကြောင့် ကျဆုံးသွားခဲ့ကြတဲ့ ကေအိုင်အေ
ဗိုလ်သင်တန်းကျောင်း အရာရှိလောင်းတွေထဲမှာ ကချင်တပ်ဖွဲ့ဝင်တွေ ပါဝင်ခြင်း
မရှိဘဲ ညီနောင်တိုင်းရင်းသားမဟာမိတ်တပ်ဖွဲ့ဝင်တွေချည်း
ကျဆုံးသွားတာလို့ ကေအိုင်အေက ပြောပါတယ်။
နိုဝင်ဘာ ၁၉ ရက်နေ့က လိုင်ဇာမှာ ဖွင့်လှစ်ထားတဲ့ ကေအိုင်အေ ဗိုလ်သင်တန်း
ကျောင်းကို ခရာဘွမ်တောင်ကြောပေါ်မှာ တပ်စွဲထားတဲ့ အစိုးရတပ်က လက်နက်ကြီးနဲ့
ပစ်ခတ်
|
Posted: 21 Nov 2014 04:58 AM PST
ထိုင်းဝန်ကြီးချုပ်
ပရာယွတ်ချန်အိုချာဟာ သူရှေ့မှာ ထိုင်ပြီး သတင်းရယူနေတဲ့ သတင်းထောက်
ခေါင်းကိုပွတ် နားရွက်ဆွဲ လုပ်ဆောင်နေတဲ့ ဗွီဒီယိုဖိုင်ဟာ လူမှုရေးကွန်ရက်
ဖေ့စ်ဘွတ် အင်တာနက် စာမျက်နှာမှာ ပျံ့နှံ့နေပါတယ်။
နိုဝင်ဘာ ၁၉ ရက်နေ့ ခွန်ခေါင်မှာ သတင်းထောက်တွေနဲ့ စကားပြောဆိုနေစဉ်
ရိုက်ကွင်း ရှင်းအောင် သူ့ရှေ့မှာ ထိုင်ပြီး သတင်းရယူနေတဲ့ သတင်းထောက်ကို
အခုလို လုပ်ဆောင်ခဲ့တာကို ထိုင်းအခြေစိုက် ဘန်ကောက်ပိုစ်
|
Posted: 21 Nov 2014 04:37 AM PST
မြန်မာနိုင်ငံရှိ
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအနက် အင်အား အကြီးဆုံး လက်နက်ကိုင်
အဖွဲ့ ဖြစ်သည့် “၀”ပြည် သွေးစည်း ညီညွတ်ရေး ပါတီ (UWSA)အဖွဲ့တွင်
တရုတ်နိုင်ငံလုပ် FN-6 MANPADS ပခုံးထမ်း လေယာဉ်ပစ်ဒုံး ကျည်များရှိနေပြီ
ဖြစ်ကြောင်းနှင့် UWSA သည် လေကြောင်းရန် ကာကွယ်ရေး အတွက်
ကျယ်ကျယ်ပြန့်ပြန့် အဆင့်မြှင့် တင်လိုက်ပြီ ဖြစ်ကြောင်း အမေရိကန်အခြေစိုက်
စစ်ရေးမဂ္ဂဇင်း Janes Defence က ဖော်ပြထားသည်။
|
Posted: 21 Nov 2014 04:36 AM PST
နိုဝင်ဘာ
၂၀ရက်၊ ၂၀၁၄ခုနှစ်။
မြန်မာနိုင်ငံတွင် ၂၀၁၅ ရွေးကောက်ပွဲ ကျင်းပပြီး အသစ်တက်လာမည့် အစိုးရ
လက်ထက်မှသာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်သွားမည်ဟု ပြည်ထောင်စု
လွှတ်တော်နာယက သူရဦးရွှေမန်း၏ ပြောကြားချက်သည် ရှေ့နောက်မညီဟု
ကရင်ပြည်နယ်အခြေစိုက် ကရင်နိုင်ငံရေးပါတီ ၂ခုက ယမန်နေ့က ဝေဖန်လိုက်သည်။
သူရဦးရွှေမန်းသည် နိုဝင်ဘာ ၁၈ရက်နေ့က ဥပဒေပြင်ဆင်ရေးကိစ္စနှင့် ပတ်သက်၍
သတင်းမီဒီယာများအားြေ
|
Posted: 21 Nov 2014 04:23 AM PST
ဘင်္ဂလာဒေခ်ျ့
ရေတပ်မှ ကယ်ခဲ့ရသော မြန်မာအလံ လွှင့်ထူထားသော ငါးဖမ်းလှေ တစ်စီးပေါ်မှ
မလေးရှား သွားသူ လူပေါင်း ၆၂၃ ဦးထဲတွင် အများစုမှာ
ဘင်္ဂလာဒေခ်ျ့နိုင်ငံသားများ ဖြစ်ကြောင်း ဘင်္ဂလာဒေခ်ျ့ အာဏာပိုင်များက
ထုတ်ဖေါ်ပြောကြားသည်။
ဘင်္ဂလာဒေခ်ျ့သတင်းဌာန တစ်ခုဖြစ်သော Bangla News 24 မှ သတင်းဖေါ်ပြ
ရာတွင်ကယ်တင်ခဲ့ရသူ ၆၂၃ ဦထဲတွင် ဘင်္ဂလာဒေ့ခ်ျနိုင်ငံသား ၄၉၄ ဦး ပါဝင်သည်ဟု
ဖေါ်ပြသည်။
ယင်းအထဲမှ လူပေါင်း ၉၈ ဦးကို တရားမ၀င်
|
Posted: 20 Nov 2014 10:05 PM PST
အိန္ဒိယနိုင်ငံရဲ့
မြို့တော် ဒေလီမြို့မှာ သမီးကို သတ်ပစ်တယ်လို့ ယူဆရတဲ့
မိဘနှစ်ဦးကို ရဲတွေက ဖမ်းဆီး လိုက်ပါတယ်။
Bhawna Yadav ဆိုတဲ့ အမျိုးသမီးဟာ မိဘတွေ သဘောမတူတဲ့လူနဲ့
ခိုးလက်ထက်ခဲ့ပြီး ရက်ပိုင်းအတွင်း မှာပဲ သေဆုံးသွားတာ ဖြစ်ပါတယ်။
အဲဒီ လူငယ်နှစ်ယောက်ဟာ အမျိုးမတူတဲ့ ဇာတ်တွေကနေ ဆင်းသက်လာပြီး
ပါတီပွဲမှာ တွေ့ခဲ့ကြတာ ဖြစ်ပါတယ်။
သဘောမတူတဲ့ လူကို လက်ထက်လို့ မိဘတွေက
|
Posted: 20 Nov 2014 09:52 PM PST
အရှိန်လွန်ကာ
လမ်းလယ်ကပ်တုံအား ဝင်ရောက်တိုက်မိပြီး ယာဉ်တိမ်းမှောက် ခဲ့သဖြင့်
(၃)ဦးသေ၊ (၂)ဦးဒဏ်ရာရ
ရန်ကုန်၊ နိုဝင်ဘာ ၂၁
၂၀.၁၁.၂၀၁၄ရက်နေ့ ၂၃၃၀အချိန် သင်္ဃန်းကျွန်းမြို့နယ်၊ လေးထောင့်ကန်
လမ်းအတိုင်း အရှေ့မှ အနောက်သို့ မောင်းနှင်လာသော 9C---မစ်ဆူဘီရှီ TRITON
L200 အမျိုးအစား ကိုယ်ပိုင်ယာဉ်သည် သင်္ဃန်းကျွန်းဈေးသစ်အလွန် ဦးစံဖေ
လမ်းထိပ်အရောက် လမ်းလယ်တုံးအား အရှိန်လွန်ကာ ဝင်ရောက် တိုက်မိခဲ့သဖြင့်
ယာဉ်မှာ
|
Posted: 20 Nov 2014 09:40 PM PST
နိုဝင်ဘာ
၁၆ ရက်နေ့က ထွက်ရှိခဲ့တဲ့ နည်းပညာတက္ကသိုလ် အောင်စာရင်းက ပွင့်လင်းမြင်သာမှု
လို့ ပြန်လည်စိစစ်ပေးဖို့ ကျောင်းသားတွေက လက်မှတ်ရေးထိုး တောင်းဆိုကြမှာ
ဖြစ်ပါတယ်။
မြန်မာတနိုင်ငံလုံးမှာ နိုဝင်ဘာ ၁၆ ရက်နေ့က ထုတ်ပြန်ခဲ့တဲ့ နည်းပညာတက္ကသိုလ်
အောင်စာရင်းတွေက တရားမျှတမှု မရှိဘူးဆိုပြီး ကျောင်းသားတွေက ဒီကနေ့
ရန်ကုန်မြို့မှာ သတင်းစာရှင်းလင်းပွဲလုပ်ပြီး ပြောကြားလိုက်တာပါ။
နေပြည်တော်မှာ ကျင်းပခဲ့တဲ့ေ
|
Posted: 20 Nov 2014 09:37 PM PST
DVB အတွက် ပထမ ဆုံးအကြိမ် Vikar (အစားထိုးလုပ်သား) ခေါ်ယူခြင်း
Vikar (အစားထိုးလုပ်သား) ဆိုပြီး ခပ်တည်တည်နဲ့ခေါင်းစဉ်တပ်လိုက်ပေမဲ့
တကယ်ကတော့ အဲဒီရဲဘော် ၇ ဦးကို အစားထိုးလုပ်သားအဖြစ် အလုပ်သင်ခေါ်ယူတဲ့
၂၀၀၅ ခုနှစ် ဇူလိုင်လ၀န်းကျင်အထိ ဒီစကားလုံးကို ကျနော်
တခါမှမကြားဖူးပါ။ မကြားဖူးဆို ၁၉၉၂ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့ကနေ
ဒီသင်တန်းခေါ်တဲ့ကာလအထိ DVB သက်တန်းတလျောက်မှာ Vikar ဆိုတာ
|
Posted: 20 Nov 2014 09:37 PM PST
ပေကျင်း
၊ ၂၁-၁၁-၂၀၁၄
တရုတ်နိုင်ငံ မြောက်ပိုင်းရှိ ဆေးရုံတစ်ရုံ၌ ယမန်နေ့တွင် လူတစ်ဦး၏
ဓားဖြင့် တိုက်ခိုက် မှုကြောင့် လူခုနစ်ဦး သေဆုံးကြောင်း နိုင်ငံပိုင်
သတင်းဌာန တစ်ခုက ထုတ်ပြန် ခဲ့သည်။
အဆိုပါ တိုက်ခိုက်မှု သည် ပေတိုင်ဟီမြို့ ရှိ ဆေးရုံတွင် ဖြစ်ပွား
ခဲ့ခြင်းဖြစ်ပြီး သေဆုံးသူများ အနက် သူနာပြု ခြောက်ဦး ပါဝင်ပြီး ကျန်
တစ်ဦးမှာ ဆေးရုံ အုပ်ချုပ်ရေး အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးဖြစ်ပြီး ထို့ပြင်
|
Posted: 20 Nov 2014 09:37 PM PST
၂၀၁၄
ခုနှစ်ရဲ့ ဆောင်းဦးပေါက် ရာသီမှာ နှင်းမုန်တိုင်းကြီး တခုဟာ အမေရိကန်
ပြည်ထောင်စု၊ နယူးယောက်ပြည်နယ်မှာ ဝင်ရောက် တိုက်ခတ်နေ ပါတယ်။ အခုအချိန်
အထိ ဆိုရင် နှင်းမုန်တိုင်း တိုက်ခတ်မှု ခံနေရတဲ့ ဒေသတွေ မှာ နှင်းထု ဟာ ၆ပေ
ဝန်းကျင် ရှိနေပြီး အဖျားခတ် တိုက်ခတ်မှု ခံရတဲ့ ဒေသတွေ မှာတော့ ၄ပေ
ပတ်ဝန်းကျင်မှာ ရှိတယ်လို့ ဒေသခံ မြန်မာ တချို့က ပြောပြ ပါတယ်။
နှင်းမုန်တိုင်း တိုက်ခတ်ခံရတဲ့ ဒေသ မှာ နေထိုင်နေတဲ့ြ
|
Posted: 20 Nov 2014 09:30 PM PST
အိန္ဒိယရဲတွေက
လူသတ်မှုနဲ့ အဖမ်းခံဖို့ ငြင်းဆန်နေတဲ့ ဘာသာရေး ခေါင်းဆောင်ဆိုသူ အသက် ၆၃
နှစ်အရွယ် ရမ်ပယ်လ် မဟာရတ်ဂ်ျကို သူ့ရသေ့ကျောင်းထဲမှာ မီးသတ်ပိုက်တွေနဲ့
ရာဘာ ကျည်ဆန်တွေကိုသုံးပြီး နိုဝင်ဘာ ၁၉ ရက်နေ့က စီးနင်း ဖမ်းဆီး
ခဲ့ရပါတယ်။
ဒီရသေ့ကို လူသတ်ဖို့ကြိုးစားမှု၊ အဓိကရုဏ်း ဖန်တီးမှုနဲ့ ရာဇဝတ်မှုဆိုင်ရာ
လျှို့ဝှက်ပူးပေါင်း ကြံစည်မှုတွေနဲ့ဖမ်းပြီး တရားစွဲထားပြီလို့
ဟာယနပြည်နယ်အစိုးရ
|
Posted: 20 Nov 2014 09:08 PM PST
နေပြည်တော်
၊ ၂၁-၁၁-၂၀၁၄
တပ်မတော် အနေဖြင့် ပုံမှန်လုပ်ငန်းစဉ် ဖြစ်သည့် လုံခြုံရေး တာဝန်များ
လဲလှယ်ခြင်း၊ ရိက္ခာပို့ဆောင်ရေး လမ်းကြောင်းများ ပြုပြင် ဖောက်လုပ်ခြင်း
များအား သက်ဆိုင်ရာ နယ်မြေမှ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း
များသို့ အခါအားလျော်စွာ ကြိုတင် အသိပေးခြင်း၊ ပုံမှန် ဆောင်ရွက်ခြင်းများ
ပြုလုပ်လျက် ရှိပါသည်။ ထိုသို့ လုပ်ဆောင်ခဲ့ သော်လည်း ကေအိုင်အေ (ကချင်)
အဖွဲ့သည် ၂ဝ၁၄ခုနှစ် ဇွန် ၁ရက်၊
|
Posted: 20 Nov 2014 09:05 PM PST
ဝါရှင်တန်
၊ ၂၁-၁၁-၂၀၁၄
ဖို-မ သဘာဝ တစ်ဦးနှင့်တစ်ဦး နမ်းရှုပ် ကြရာဝယ် ၁ဝ စက္ကန့်မျှ နမ်းရုံဖြင့်
တစ်ဦးနှင့် တစ်ဦး၏ ခံတွင်းမှ ဘက်တီးရီးယား သန်း ၈ဝ ခန့် အပြန်အလှန်
ကူးစက်နိုင်ပြီး တစ်ရက်လျှင် အနည်းဆုံး ကိုးကြိမ် နမ်းသော ချစ်သူစုံတွဲ
များတွင် အပြန်အလှန် ကူးစက်ပြီးနောက် ခံတွင်း ဘက်တီးရီးယား အုပ်စုများလည်း
တူသွား တတ်ကြောင်း နယ်သာလန် နိုင်ငံမှ သုတေသီများက ပြောပြသည်။
လူ့ခန္ဓာကိုယ် ထဲတွင် မိုက်ခရို
|
Posted: 20 Nov 2014 08:52 PM PST
ရန်ကုန်၊
နိုဝင်ဘာ ၁၈
ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦးက
နိုင်ငံတော်ထံမှ မိသားစုပိုင်အဖြစ် ရရှိခဲ့သော နေပြည်တော် ဥတ္တရသီရိမြို့နယ်
ဇလောင်းကျေးရွာအုပ်စုရှိ လယ်ယာမြေဧက ၂၀၀ တွင် မူလပိုင်ရှင် ဒေသခံ
လယ်သမား၂၆ ဦး၏ စိုက်ပျိုးမြေများ ပါဝင်နေသောကြောင့် ပြန်လည် တောင်း
ဆိုသော်လည်း ပေးအပ်ခြင်း မရှိကြောင်း အဆိုပါ လယ်သမားများ ကိုယ်စား
ဦးတင်မင်းနိုင်က နိုဝင်ဘာလ ၁၇ ရက်တွင်ြ
|
Posted: 20 Nov 2014 08:45 PM PST
ရန်ကုန်၊
နိုဝင်ဘာ ၁၇
နိုင်ငံတော်သမ္မတ၏ ဂုဏ်သိက္ခာနှင့် အခွင့်အရေး ထိခိုက်စေသည် ဟုဆိုကာ
ပြန်ကြားရေး ၀န်ကြီးဌာနက တရားလို ပြုလုပ်၍ မြန်မာသံတော်ဆင့် အယ်ဒီတာချုပ်
အပါအ၀င် ၁၁ ဦးကို တရားစွဲဆိုသော အမှု ပထမဆုံး ရုံးချိန်း အား နိုဝင်ဘာလ ၁၄
ရက်တွင် နေပြည်တော် ပုဗ္ဗသီရိမြို့နယ် တရားရုံး၌ ပြုလုပ်ခဲ့ပြီး တရားသူကြီးက
အပြစ် ရှိ၊ မရှိ မေးမြန်းခဲ့ကြောင်း တရားစွဲဆိုခံရသူ တစ်ဦးဖြစ်သည့်
မြန်မာသံတော်ဆင့် ဒုတိယ
|
Posted: 20 Nov 2014 08:38 PM PST
မြန်မာ-အိန္ဒိယနယ်စပ်
ကလေးမြို့အနီးမှာ အင်အား ရစ်ခ်ျတာ စကေး ၅ ဒသမ ၆ ပြင်းအား အသင့်အတင့် ရှိ
မြေငလျင် ဒီနေ့မနက် အစောပိုင်းက လှုပ်ခတ်သွားပါတယ်။
ညသန်းခေါင်ကျော် ၁၂ နာရီ ၄၅ မိနစ်လောက်မှာ မန္တလေးမြေငလျင်စခန်းက အနောက်
မြောက်ဘက်မိုင် ၂၀၀ လောက်အကွာ ကလေးမြို့နဲ့ ၄၅ မိုင်အကွာကိုဗဟိုပြုပြီး
အင်အားရစ်ခ်ျတာစကေး ၅ ဒသမ ၆ ရှိ ငလျင်လှုပ်သွားတာလို့ မန္တလေးမြေငလျင်တိုင်း
ထွာရေးစခန်းက ဒီဗွီဘီကို ပြောပါတယ်။
|
Posted: 20 Nov 2014 08:36 PM PST
မက္ကဆီကို
နိုင်ငံမှာ ကျောင်းသား ၄၃ ယောက် ဖမ်းဆီး ခေါ်ဆောင် သွားခြင်း ခံခဲ့ရတဲ့
ကိစ္စနဲ့ ပတ်သက်ပြီး မြို့တော် မက္ကဆီကိုစီးတီး အပါအဝင် နိုင်ငံလုံး အနှံ့
ဆန္ဒပြပွဲတွေ အကြီးအကျယ် ပြုလုပ် နေကြပါတယ်။
အစိုးရ ယန္တယားအတွင်း ခြစားမှုတွေ နဲ့ မူးယစ်ဂိုဏ်းတွေ အကြမ်းဖက် ထကြွ
နေမှုတွေ အပေါ် မှာလည်း လူတွေ မကျေမနပ် ဖြစ်နေကြတယ် လို့ ဆိုပါတယ်။
မက္ကဆီကိုစီးတီးရဲ့ နိုင်ငံတကာ လေဆိပ်အနီးက၊ လမ်းဆုံ တစ်ခုကို ပိတ်ဆို့ဖို့ြ
|
Posted: 20 Nov 2014 08:34 PM PST
ထိုင်းအစိုးရ
ဟာ မြန်မာနဲ့ နယ်စပ်မြို့ ဖြစ်တဲ့ မဲဆောက်မြို့ ကို အထူး စီးပွားရေးဇုံ
သတ်မှတ်ဖို့ လုပ်ဆောင် နေရာမှာ၊ လိုအပ်တဲ့ တရားဝင် နိုင်ငံခြားသား
အလုပ်သမားတွေ ရရှိရေး အတွက် အဲဒီ့မှာ တရားမဝင် နေထိုင် နေကြတဲ့ မြန်မာ
အလုပ်သမား တွေကို ယာယီ နေထိုင်ခွင့် လက်မှတ် တွေ ထုတ်ပေး နေပါတယ်။
ထိုင်းမှာ ယာယီ နေထိုင်ခွင့် လက်မှတ်တွေ ရရှိပြီ ဆိုရင်၊ မြန်မာပြည် ဘက်က
နိုင်ငံကူး လက်မှတ် ပတ်စ်ပို့ ရအောင် ပြန်ယူ
|
Posted: 20 Nov 2014 08:28 PM PST
အစိုးရ
တပ်ဘက်က ကေအိုင်အေ ဗိုလ်သင်တန်း ကျောင်းကို ပြန်ပြီး သတိပေးတဲ့ အနေနဲ့
ပစ်ခတ်တာ ဖြစ်ကြောင်း ကချင်ပြည်နယ် အစိုးရ တာဝန်ရှိ သူတွေက ပြန်လည်တုံ့ပြန်
ရှင်းလင်း ပြောကြား လိုက်ပါ တယ်။
ကေအိုင်အေ ဗိုလ်သင်တန်း ကျောင်းကို မြန်မာ စစ်တပ်ဘက်က ပစ်ခတ်ခဲ့လို့
ဗိုလ်လောင်း ၂၃ ဦး ကျဆုံးခဲ့ရတာနဲ့ ပတ်သက်ပြီး ကချင်ပြည်နယ်
အစိုးရအဖွဲ့ဝင် နယ်စပ်ရေးရာ လုံခြုံရေး ၀န်ကြီး ဗိုလ်မှူးကြီး သန်းအောင်
ပါဝင်တဲ့
|
Posted: 20 Nov 2014 08:23 PM PST
ကချင်ပြည်နယ်
လိုင်ဇာမှာ KIO ဗိုလ်သင်တန်းကျောင်းကို လက်နက်ကြီးနဲ့
ပစ်ခတ်လိုက်သောကြောင့် သေဆုံးသူ ၂၃ ယောက် နဲ့ ဒဏ်ရာရတဲ့သူ ၂၀ကျော်
တို့အတွက် ဆုတောင်းပွဲ ပြုလုပ်တဲ့ သတင်းကို ဒေါ်သင်းသင်းနွယ်က တင်ဆက်ထား
ပါတယ်။ DVB TV - 20.11.2014
ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ
|
Posted: 20 Nov 2014 08:15 PM PST
မိတ္ထီလာ
နိုဝင်ဘာ ၂ဝ
မိတ္ထီလာမြို့ ရန်ကုန်-မန္တလေး ကားလမ်း မိုင်တိုင်အမှတ် (၃၃၆/ဝ) အနီးတွင်
နိုဝင်ဘာ ၁၉ ရက် ည ၈ နာရီ ၄၅ မိနစ်ခန့်က သစ်လုံးသယ် မော်တော်ယာဉ်မှာ
သံကြိုးပြတ်၍ သစ်လုံးများ ပြုတ်ကျကာ ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သိရသည်။
ဖြစ်စဉ်မှာ မိတ္ထီလာမြို့ တောင်ဘက် ရန်ကုန်- မန္တလေးကားလမ်း မိုင်တိုင်အမှတ်
(၃၃၆/ဝ) အနီးတွင် မန္တလေးဘက်မှ ရန်ကုန်ဘက်သို့ ဇော်ဇော်အောင် (၃၃)နှစ်
အမှတ်(၉) ရပ်ကွက် လပွတ္တာမြို့နေသူ
|
Posted: 20 Nov 2014 12:24 PM PST
တောင်အာဖရိက
နိုင်ငံမှာ ကြံ့တွေကို ခိုးဖမ်းပြီး သတ်ဖြတ် နေသူတွေကြောင့် အခုနှစ်
အတွင်း ကြံ့တွေ စံချိန် တင်ရလောက်အောင် သေဆုံး ခဲ့ပါတယ်။
ကြံတွေ သတ်ဖြတ် ခံနေရမှုကို တားဆီးဖို့ လှုပ်ရှားမှုကြီး တစ်ခု လုပ်နေတဲ့
ကြားက ၂၀၁၄ ခုနှစ် အတွင်း ကြံ့ ကောင်ရေပေါင်း ၁၀၂၀ သေဆုံးခဲ့ ပြီးပြီလို့
တောင်အာဖရိက အစိုးရက ပြောပါတယ်။
၂၀၁၃ ခုနှစ် တုန်းကလည်း တောင်အာဖရိက နိုင်ငံမှာ ကြံ့ကောင်ရေ ၁၀ဝ၀ ကျော်
သေဆုံး ခဲ့ရပါတယ်။
|
0 comments:
Post a Comment