Tuesday, November 18, 2014

Face of Beauty International 2014 အလှမယ်ပြိုင်ပွဲကြီးတွင် မြန်မာကိုယ်စားပြုအလှမယ် ဟယ်လင်မျိုးကို Title ဆုနှစ်ဆုဆွတ်ခူး

Yangon Media Group's photo.
Yangon Media Group added 2 new photos.
ရန်ကုန်၊ နိုဝင်ဘာ ၁၇

ထိုင်ဝမ်တွင် ကျင်းပ ခဲ့သည့် Face of Beauty International 2014 အလှမယ်ပြိုင်ပွဲကြီးတွင် မြန်မာနိုင်ငံ ကိုယ်စား ပြုသွားရောက်ယှဉ်ပြိုင်သည့် ဟယ်လင်မျိုးကို သည် Title ဆုနှစ်ဆုနှင့်အတူ နိုဝင်ဘာ ၁၉ ရက်မနက်တွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိ မည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံကိုယ်စားပြု Face of Beauty Myanmar 2014 အလှမယ် ဟယ်လင်မျိုးကို သည် The Best National Costume ဆုနှင့် ပရဟိတစိတ်ထားဆု နှစ်ဆုရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
''သရဖူမရခဲ့ပေမယ့်လည်း title ဆုနှစ်ဆု တောင်ရယူလာပေးခဲ့တဲ့အတွက် သူ့ကိုကျွန်တော် တို့ Organization ကနေပြီးတော့ အရမ်းကို ကျေးဇူးတင်နေတာပါ''ဟု Miss Golden Land Myanmar Organization မှ National Director ကိုဟန်ဇော်လတ်က ပြောသည်။
Face of Beauty Myanmar 2014 အလှမယ်ဟယ်လင်မျိုးကိုသည် Face of Beauty Myanmar 2014 ပြိုင်ပွဲကြီး၏ အဓိကရည်ရွယ်ချက် ဖြစ်သည့် I AM ME (ပရဟိတလုပ်ငန်း)၏ အ ကောင်းဆုံးပရဟိတဆု ''I AM ME'' အားရရှိခဲ့ခြင်းဖြစ်သည်။
အဆိုပါ Face of Beauty International 2014 ပြိုင်ပွဲ၏ အဓိကပြိုင်ပွဲတစ်ခုဖြစ် သည့် National Costume ပြိုင်ပွဲတွင် လည်း ဒီဇိုင်းနာMa Pont (My Favourite) ဖန်တီးချုပ်လုပ်ထားသည် အင်္ကျီ ဒီဇိုင်းဖြင့် ဆုရရှိခဲ့ခြင်းဖြစ်ကြောင်း သိ ရသည်။
အလှမယ်ဟယ်လင်မျိုးကို ယင်း ပြိုင်ပွဲမှာ ဆုတံဆိပ်များအား ရယူ၍ နိုဝင်ဘာ ၁၉ရက်မနက် ၈နာရီအချိန် တွင် မြန်မာနိုင်ငံသို့ရောက်ရှိလာမည် ဖြစ်ပြီး လေဆိပ်တွင် သတင်းစာရှင်းလင်း ပွဲပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။
ယင်း Face of Beauty International 2014 အလှမယ်ပြိုင်ပွဲကြီးအား ထိုင်ဝမ် နိုင်ငံမှ အိမ်ရှင်အဖြစ် အောက်တိုဘာ ၃၁ရက် မှ နိုဝင်ဘာ ၁၇ရက်အထိပြိုင်ပွဲများအား အ ဆင့်ဆင့်ပြုလုပ်ခဲ့ကြောင်း သိရသည်။
ယင်းပြိုင်ပွဲကြီးတွင် မြန်မာနိုင်ငံအပါအ ဝင် နိုင်ငံတကာကိုယ်စားပြုအလှမယ် ၇ဝကျော် မှပါဝင်ယှဉ်ပြိုင်ခဲ့ပြီး Face of Beauty International 2014 အလှမယ်ပြိုင်ပွဲကြီးတွင် Talent Show, National Costume, Swim Suit, Evening Gown တို့အား ယှဉ်ပြိုင်ခဲ့ရကြောင်း သိရသည်။
အဆိုပါ Face of Beauty International 2014 အလှမယ်ပြိုင်ပွဲ ကြီးအား မြန်မာနိုင်ငံ မှ ပထမဦးဆုံးအ ကြိမ်အဖြစ် ပါ ဝင်ယှဉ်ပြိုင် ခြင်းဖြစ်ကြောင်း သိရသည်။
နွေးနွေး
‪#‎Democracytoday‬
(ဒီမိုကရေစီတူဒေး သတင်းစာမှ ကူးယူဖော်ပြပါသည်။)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...