Wednesday, November 19, 2014

သံဖြူဆရာ၏ နျူကလီးယားအိပ်မက်။ ။



နျူးကလီးယားစက်ရုံတည်ဆောက်နေသည့် နေရာ၏ အတန်ငယ်အလှမ်းဝေးသောနေရာမှ နေ၍ ဗိုလ်ချုပ်မှူးကြီး မှန်ပြောင်းတစ်လက်ဖြင့် လှမ်းမျှော် ကြည့်ရှုနေသည်။
ဗိုလ်ချုပ်မှူးကြီး။ ။ ဟ၊ပြောင်ပြောင်နဲ့ဘာတွေတုန်းကွ ။
နည်းပညာဝန်ကြီး။ ။ နျူးကလီးယားလက်နက်တွေပါ အဘ။
ဗိုလ်ချုပ်မှူးကြီး။ ။ ဟေ၊ အားရစရာကောင်းချက်ကွာ။ အမေရိကန်တွေသေဖို့သာပြင်ပေတော့။ ငါကွ။

နည်းပညာဝန်ကြီး။ ။ ဟုတ်ကဲ့၊အဘ ၊ ကျေနပ်စရာအဆင့်ကိုရောက်နေပါပြီခင်ဗျ။
ဗိုလ်ချုပ်မှူးကြီး။ ။ အေးကွာ။ သေချာသဲသဲကွဲကွဲ မြင်ရအောင် အနားသွားကြစို့။
နည်းပညာဝန်ကြီး။ ။ ဒါ ၊ဒါ က ဒီလိုရှိပါတယ်အဘ။ အဘအနေနဲ့ အနီးကပ်ကြည့်မယ်ဆိုရင် နျူကလီး ယားလက်နက်တွေကနေ ရေဒီယိုဓာတ်သတ္တိကြွအမှုန်တွေရဲ့ အန္တရာယ်သိပ်ကြီးပါတယ်။ ရေဒီယိုဓာတ်အဆိပ်သင့်ရင် လူညွန့်တုံးတတ်တယ်အဘရဲ့။
ဗိုလ်ချုပ်မှူးကြီး။ ။ အေး၊အေး။ မြန်မြန်ပြီးအောင်ဆက်လုပ်ကွာ။
(ဗိုလ်ချုပ်မှူးကြီးပြန်လည်ထွက်ခွာသွားပြီးနောက် တစ်နာရီအကြာ)
နည်းပညာဝန်ကြီးရုံးအဖွဲ့မှူးး။ ။ ဟယ်လို ဟယ်လို ပုဇွန်တောင်ကြက်တန်းကလားဗျ။
သံဖြူဆရာ။ ။ ဟုတ်ကဲ့ခင်ဗျ။
ရုံးအဖွဲ့မှူး ။ ။ ခင်ဗျားတပ်ထားတဲ့ သံဖြူးထည်တွေလာဖြုတ်လို့ရပြီ။ ဒါနဲ့ဘယ်လောက်ကျသလဲဆိုတာ ဘောက်ချာလေးပါ ပို့လိုက်နော်။
သံဖြူဆရာ။ ။ ဟုတ်ကဲ့ ။ သွပ်ပြားအချပ်နှစ်ရာအပြင် ဒန်သတ္တုပြားတွေနဲ့ပါ လက်ရာမြောက်အောင် လုပ်ထားရတာမို့ သိန်းသုံးရာတိတိကျပါတယ်။ ကျေးဇူးတင်ပါတယ်ခင်ဗျာ။
(ရုပ်ပုံ။ ။ဂူဂဲလ်)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...