Monday, November 10, 2014

ဟာသစုစည်းမှု (၂၇)

အဲလောက်ချစ်တာ

လင်မယားနှစ်ယောက် စကားများ ရန်ဖြစ်ပြီးကာစတွင် အိမ်ရှေ့မှ လူခေါ်ခေါင်းလောင်းသံ မြည်လာသည်။ ယောက်ျားလုပ်သူက တံခါးသွားဖွင့်ပေးသည်။
အပြင်တွင် ဓားမြှောင်ကိုင်ထားသော မျက်နှာဖုံးစွပ် လူတစ်ဦး ရပ်နေသည်။ ပြီးတော့ အသံအက်အက်ကြီးဖြင့် ယောက်ျားလုပ်သူအား ပြောသည်။

"ကျုပ်က လူသတ်သမားပဲ။ မိန်းမတွေကို မုန်းလွန်းလို့ လည်လှီးပြီး လိုက်သတ်နေတာ"
ယောက်ျားဖြစ်သူက ထိုလူအား ဘာမှပြန်မပြောတော့ဘဲ အိမ်ထဲသို့ လှမ်းအော်သည်။
"မိန်းမရေ၊ ဟောဒီမှာ မင်းနဲ့တွေ့ချင်လို့တဲ့။ ဧည့်သည် လာတယ်ဟေ့``။
ဂစ်

ယူချင်ဦး

ပါမောက္ခက ကျောင်းသားအား နောက်ဆုံးစာမေးပွဲအတွက် လူတွေ့စစ်မေးနေလေသည်။
ပါမောက္ခ - ရွှေနဲ့ အသိဉာဏ် နှစ်ခုယှဉ်လာရင် မင်း.. ဘာကို ရွေးချယ်မလဲကွ။
ကျောင်းသား - ရွှေကို ယူမှာပေါ့ဆရာရဲ့။
ပါမောက္ခ - ဆရာကတော့ အသိဉာဏ်ကို ယူမယ်ကွ၊ ဘာကြောင့်လဲ သိလား။
ကျောင်းသား - သိပါတယ်ဆရာ၊ လူဆိုတာ ကိုယ့်မှာ မရှိတာ၊ မပြည့်စုံတာကို လိုချင်တတ်ကြတာ သဘာဝပဲလေ။
``ဒိန်-----`
တစ်နေ့မှ မိန်းကလေးတစ်ယောက်က တက္ကစီငှားဖို့ ဖုန်းဆက်သတဲ့။
မိန်းကလေး .... ဟလို ကျွန်မ +++ လမ်းထိပ်မှာပါ။တက္ကစီတစ်စီး လွတ်ပေးလို့ရမလား?
တက္ကစီသမား .... ဟုတ်ကဲ့.. ခင်ဗျား ဘာအဝတ်အစား ဝတ်ထားသလဲ?
မိန်းကလေး ... အဖြူရောင်အင်္ကျီနဲ့ အပြာရောင်စကပ်ပါ
တက္ကစီသမား ... ဘယ်အထိလဲ? (ဘယ်အထိ ပို့ရမလဲ?)
မိန်းကလေး... ဒူးအထိပါ
တက္ကစီသမား... =!=
`

သင်ပေးမှာပေါ့

တရားသူကြီး/ /သူများ အိတ်ကပ်ထဲက နာရီကို သူမသိအောင် ဘယ်လိုနှိုက်ယူလိုက်တာလဲ မောင်မင်း ကျုပ်သိချင်တယ် . . . ?"
တရားခံ"/ /နည်း ၁၀ နည်းစလုံး အကုန်သင်ပေးရမှာလား ခင်ဗျ. .. ဒါဆို ကျွန်တော့်သင်တန်းကြေးက ငါးဒေါ်လာယူပါတယ် တရားသူကြီးမင်း . . . ."
ခွီးး


အချိန်မနှောင်းခင်

ယောက်ျားက မိန်းမဖြစ်သူကို အလုပ်က သူငယ်ချင်းတစ်ယောက်ကို
ညစာစားဖို့ ဖိတ်ခဲ့တယ်လို့ ပြောတော့ မိန်းမဖြစ်သူက
"ဘာ.. ရှင့် သူငယ်ချင်းကို ညစာစားဖို့ ဖိတ်ထားတယ်။
ရှင် ရူးများရူးနေသလား။ တစ်အိမ်လုံးလည်း ရှုပ်ပွနေတာပဲ၊
ကျွန်မဈေးလည်း မသွားထား မိဘူး။ ပန်းကန်တွေလည်း မဆေးရသေးဘူး။
ဒီပုံနဲ့ ညစာကောင်းကောင်း ဘယ်လိုချက်နိုင် မှာလဲ"လို့ ဆိုပါတယ်။
ယောက်ျားဖြစ်သူက "ငါသိပါတယ်ကွ"လို့ ပြောတော့
မိန်းမက "ဒါဖြင့် ရှင့်သူငယ်ချင်းကို ဘာလို့ ညစာစားဖို့ ဖိတ်သေးလဲ" လို့ မေးပါတယ်။
ဒါနဲ့ ယောက်ျားက ပြန်ပြောတာက
"ဘာကြောင့်လဲဆိုတော့ သနားစရာ ငနဲလေးက မကြာခင် လက်ထပ်တော့မှာကွ"တဲ့။
ငင်----

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...