Posted: 11 Nov 2014 06:48 AM PST
အာဆီယံ
စီးပွားရေး အသိုင်းအ၀ိုင်း ထူထောင်ရေး ၈၀ ရာခိုင်နှုန်း အဆင်သင့်
ဖြစ်နေပါပြီလို့ အာဆီယံ အတွင်းရေးမှူးချုပ်က ပြောဆို လိုက်ပါတယ်။ ၂၅
ကြိမ်မြောက် အာဆီယံ ထိပ်သီး ညီလာခံ တက်ရောက်ဖို့ နေပြည်တော်ကို ရောက်
ရှိနေတဲ့ အာဆီယံ အတွင်းရေးမှူးချုပ် Le Luong Minh ကို ဗွီအိုအေက ဒီကနေ့
သီးသန့် တွေ့ဆုံစဉ်မှာ အခုလို ပြောဆိုလိုက်တာပါ။
ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးအတွက် အသင်းဝင် နိုင်ငံတွေအားလုံးက
|
Posted: 11 Nov 2014 06:44 AM PST
ရန်ကုန်
နိုဝင်ဘာ ၁ဝ
မြန်မာနိုင်ငံ၏ နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှု ပမာဏမှာ ဒေါ်လာလေးဘီ
လီယံကျော်ခန့် အထိ ရရှိထားပြီး ဖြစ်ရာ အာရှနိုင်ငံ အများစုမှာ ရင်း
နှီးမြှုပ်နှံမှု အများဆုံး နိုင်ငံများ အဖြစ် ရပ်တည် နေကြောင်း ရင်းနှီး
မြှုပ်နှံ မှုနှင့် ကုမ္ပဏီများ ဆိုင်ရာ ညွှန်ကြား မှုဦးစီးဌာန (DICA)
မှသိရသည်။
''ထိပ်သီးရင်းနှီးမြှုပ်နှံမှု ပြု လုပ်တဲ့နိုင်ငံ ၂၈ နိုင်ငံမှာ အာရှ
နိုင်ငံတွေက ဦးဆောင်နေပါတယ်။
|
Posted: 11 Nov 2014 06:41 AM PST
ရန်ကုန်
နိုဝင်ဘာ ၁ဝ
အမေရိကန်နိုင်ငံ သမ္မတအိုဘားမား ခရီးစဉ်အတွက် လုံခြုံရေးပစ္စည်း များကို
လေယာဉ် ၁၅ စင်းဖြင့် ရန်ကုန်သို့ တင်ပို့ထားကြောင်း ရဲမှူး ချုပ်တစ်ဦးက
ပြောကြားသည်။
ယခုလ ၁၄ရက်တွင် ရန်ကုန် မြို့ရှိ ရန်ကုန်တက္ကသိုလ် စိန်ရတု ခန်းမ၌
မိန့်ခွန်း ဟောပြောမည့် အစီ အစဉ်နှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့
ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် နှင့်တွေ့ဆုံရန် အစီအစဉ်များရှိသော ကြောင့်
အိုဘားမား လုံခြုံရေး အတွက်
|
Posted: 11 Nov 2014 04:17 AM PST
ကချင်လွတ်လပ်ရေး
တပ်မတော် KIA က တပ်သားသစ်အဖြစ် စုဆောင်း ခံထားရတဲ့ ရှမ်းတိုင်းရင်းသား
တရာလောက် ပြန်လည် လွတ်မြောက်လာပြီလို့ ရှမ်းမျိုး နွယ်စု ရေးရာအဖွဲ့က
ပြောပါတယ်။ ဦးကျော်စိုး ပေးပို့ထားပါတယ်။ DVB TV - 11.11.2014
ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ
|
Posted: 11 Nov 2014 03:40 AM PST
ဧပြီလအတွင်းက
တောင်ကိုရီးယား ကူးတို့ သင်္ဘောကြီး Sewol နစ်မြုပ်မှုတွင် တာဝန်လစ်ဟင်းမှု၊
လျစ်လျူ ရှုမှု တို့ဖြင့် သင်္ဘောကပ္ပတိန် ဖြစ်သူကို ထောင်ဒဏ် ၃၆ နှစ်
ချမှတ်လိုက်ပြီ ဖြစ်ကြောင်း သိရသည်။
ထိုစဉ်က သင်္ဘောပေါ်တွင် လူပေါင်း ၄၇၆ ဦး လိုက်ပါသွားခဲ့ရာ လူပေါင်း ၃၀၀
ကျော် သေဆုံးခဲ့ရသည်။ သေဆုံးသူ အများစုသည် လေ့လာရေးခရီး ထွက်လာသော
အထက်တန်းကျောင်းသားများဖြစ်သည်။
သင်္ဘောကြီးနစ်မြုပ်မှုကြောင့် ကပ္ပတိန် Lee Joon-seok
|
Posted: 11 Nov 2014 03:37 AM PST
နိုဝင်ဘာ
၁၁ရက်၊ ၂၀၁၄ခုနှစ်။
လာမည့် ၂၀၁၅ ရွေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင်ရန်အတွက် ကရင်ပြည်နယ်အခြေစိုက်
နိုင်ငံရေးပါတီနှစ်ခု ဖြစ်သည့် ကရင်ပြည်နယ်ဒီမိုကရေစီနှင့်
ဖွံ့ဖြိုးတိုးတက်ရေးပါတီ(KSDDP)၊ ကရင်ဒီမိုကရက်တစ်ပါတီ(KDP)နှင့်
ရန်ကုန်အခြေစိုက် ကရင်ပြည်သူ့ပါတီ(KPP)တို့က ယခု နိုဝင်ဘာလအတွင်း
တွေ့ဆုံဆွေးနွေးပြီး မဟာမိတ်ဖွဲ့ကြ မည်ဟု သိရသည်။
ယခုရက်ပိုင်းအတွင်း ကရင်ပြည်နယ် ဖားအံမြို့ရှိ KSDDP ရုံး၌ေ
|
Posted: 11 Nov 2014 03:32 AM PST
ကမ္ဘာ့သမိုင်းမှာ
ကျောင်းသား အခွင့်အရေး အပြည့်အဝ ရရှိစေရေး အတွက် တိုက်ပွဲဝင် ခဲ့ကြတဲ့
ဖြစ်စဉ်တွေ မနည်းပါဘူး။ ကျောင်းသား တွေဟာ သူတို့ အခွင့်အရေးကို ရလဲရသင့်
ပါတယ်။ ဒါပေမဲ့ ကျောင်းသား တွေက တက္ကသိုလ် စာမေးပွဲမှာ စာကူးချခွင့်ဟာ
ကျောင်းသား တွေရဲ့ အခွင့်အရေးပါ ဆိုပြီး တောင်းဆို လာကြရင် ဘယ့်နှယ်
လုပ်ရမှာပါလိမ့်။
အိန္ဒိယမှာတော့ အခု လက်တွေ့ ဖြစ်နေပါပြီ။ တက္ကသိုလ် ကျောင်းသားတွေ
စာမေးပွဲမှာ စာကူးချတာကို ပိတ်ပင်
|
Posted: 11 Nov 2014 03:27 AM PST
ရှေးဟောင်းယဉ်ကျေးမှု
အမွေအနှစ်များ ထိခိုက်ပျက်စီးစေမည့် တည်ဆောက်မှုများကို တားမြစ်
ထားသော်လည်း ပုဂံယဉ်ကျေးမှုဇုန် အတွင်း ဆက်လက် လုပ်ဆောင်မှုများ ရှိနေ
ပုဂံ ၊ ၁၁-၁၁-၂၀၁၄
ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ် များကို ထိခိုက်စေမည့် တည်ဆောက်မှု များကို
ယဉ်ကျေးမှု ဝန်ကြီးဌာန မှ တားမြစ် ထားသော်လည်း ပုဂံယဉ်ကျေးမှု ဇုန်တွင်
ဆက်လက် လုပ်ကိုင်မှုများ ရှိနေသေး ကြောင်း ပုဂံချစ်သူများ အဖွဲ့ မှ
ဦးဝင်းမောင် ၏ ပြောကြားချက်
|
Posted: 11 Nov 2014 03:44 AM PST
မလေးရှားနိုင်ငံမှာ
သွားရောက် အလုပ်လုပ်ကိုင်နေတဲ့ မြန်မာတွေကို အကြမ်းဖက် သတ်ဖြတ်ခံ ရတာ
တွေကို တားဆီးဖို့ အစီရင်ခံစာ တစောင်ပြုစုပြီး အမျိုးသား လွှတ်တော် ဥက္ကဋ္ဌက
မလေးရှားနိုင်ငံ လွှတ်တော် ဥက္ကဋ္ဌကို ပေးပို့တောင်းဆိုသွားမှာ ဖြစ်ပါတယ်။
စက်တင်ဘာလ အမျိုးသား လွှတ်တော် ၁၁ ကြိမ်မြောက်ပုံမှန် အစည်းအဝေးမှာ
ရခိုင်ပြည်နယ် မဲဆန္ဒနယ် အမှတ် ၆ က အမျိုးသား လွှတ်တော်ကိုယ်စားလှယ်
ဦးခင်မောင်လတ်က မလေးရှားနိုင်ငံမှာြ
|
Posted: 11 Nov 2014 03:43 AM PST
မလေးရှားနိုင်ငံ
ပီနန်မှာ မြန်မာ အလုပ်သမား တဦး အလောင်းကို တွေ့ရှိတယ်လို့
မလေးရှားနိုင်ငံထုတ် သည်စထရိတ်တိုင်မ်း သတင်းစာက ရေးပါတယ်။
သေဆုံးသူဟာ အသက် ၃၄ နှစ်အရွယ် ဆောက်လုပ်ရေး လုပ်သား
ကိုဟိန်းလတ်ကျော်ဖြစ်ပြီး ဂျာရတ် အတာ့စ် နေရာက ဆီအုန်းခြံထဲမှာ လည်ပင်း
ပြတ်ရှတဲ့ ဒဏ်ရာနဲ့ တနင်္လာနေ့ မနက်က တွေ့တာလို့ ပီနန်ဒေသ စီအိုင်ဒီအဖွဲ့
အကြီးအကဲ မဇလန် ကိဇာ က ပြောဆိုချက်ကို ကိုးကား ရေးသား ပါတယ်။
ကိုဟိန်းလတ်ကျော်ေ
|
Posted: 11 Nov 2014 03:16 AM PST
ရန်ကုန်၊
နိုဝင်ဘာ ၁၁။
မြန်မာနိုင်ငံတွင် မကြာမီ ကျင်းပမည့် အာဆီယံထိပ်သီး အစည်းအဝေးသို့
တက်ရောက်မည့် အမေရိကန် သမ္မတ အိုဘားမား၏ လုံခြုံရေးအတွက် အမေရိကန်ရေတပ်မှ
စစ်ရေယာဉ် USS Peleliu (LHA-5) သည် နေပြည်တော်နှင့် အနီးဆုံးနေရာဖြစ်သည့်
ရခိုင်ကမ်းရိုးတန်း ပင်လယ်ပြင်သို့ ယနေ့ (နိုဝင်ဘာ၁၁ ရက်)
တွင်ရောက်ရှိမည်ဖြစ်ကြောင်း မြန်မာ့တပ်မတော် (ရေ) မှသတင်းထုတ်ပြန်သည်။
အာဆီယံထိပ်သီး အစည်းအဝေးတက်ရောက်ရန်
|
Posted: 11 Nov 2014 03:09 AM PST
၂၀၁၄
နိုဝင်ဘာလ ၁၁ ရက်
သျှမ်းပြည်မြောက်ပိုင်း မူစယ်မြို့တွင် ယာဘစိတ်ကြွဆေးပြား သုံးစွဲသူတဦးက
မိမိနေအိမ်အား မီးရှို့ ဖျက်ဆီးသည့် ဖြစ်ရပ်တခု ယနေ့ ဖြစ်ပွားခဲ့ကြောင်း
ဒေသတွင်းသတင်းအရ သိရှိရသည်။
ယနေ့ (နိုဝင်ဘာလ ၁၁ ရက်) မွန်းလွှဲ ၂ နာရီခန့် မူစယ်မြို့ မန့်ဝိန်းရပ်နေ
မန့်ဝိန်းဘုန်းကြီးကျောင်း အနီး နေထိုင်သည့် အသက် ၄၀ ကျော် ရှိ
စိုင်းသန်းမောင်သည် မိမိနေအိမ်အား မီးတင်ရှို့ခဲ့ပြီး
၎င်းနေအိမ်နှင့်ကပ်လျက်ရှိ
|
Posted: 11 Nov 2014 03:46 AM PST
ထိုင်းနိုင်ငံ
မြောက်ပိုင်း ချင်းမိုင် ခရိုင် ချင်းဒေါင်း မြို့နယ်က မြန်မာ နယ်စပ်
တောအုပ်ထဲမှာ နိုဝင်ဘာလ ၁၁ ရက် မနက် ၁၁ နာရီလောက်က ထိုင်းနယ် ခြားစောင့်
ရဲတပ်ဖွဲ့နဲ့ မူးယစ် ကုန်သည် တွေကြား ပစ်ခတ်မှု ဖြစ်ပွားပြီး လူ ၅ ဦး
သေဆုံး တယ်လို့ ထိုင်း သတင်း တွေမှာ ဖော်ပြ ပါတယ်။
ချင်းဒေါင်းမြို့နယ် မိုင်းနကျေးရွာ အုပ်စုထဲမှာ မူးယစ်ဆေးဝါး ကုန်သည်တွေ
ဖြတ်သန်းလာမယ့် အကြောင်း ကြိုတင်သတင်း အရ အမှတ် ၃၃၅
|
Posted: 11 Nov 2014 03:05 AM PST
ရခိုင်ပြည်နယ်
ကျောက်ဖြူမြို့နယ် မဒေးကျွန်းမှာ စီအန်ပီစီ ဓာတ်ငွေ့ပိုက်လိုင်းကုမ္ပဏီက
လျှပ်စစ်မီတာပုံးတွေ အခမဲ့တပ်ဆင်ပေးမယ်လို့ ကတိပေးထားပေမယ့် လက်တွေ့
အကောင်အထည် ဖော်ခြင်း မရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။
မဒေးကျွန်းမှာ တရုတ်ကုမ္ပဏီက စက်ရုံနဲ့ပိုက်လိုင်းတွေ တည်ဆောက်ပြီးတဲ့ နောက်
ဒေသခံတွေနစ်နာမှုအတွက် လျော်ကြေးအနေနဲ့ တရွာလုံးကို လျှပ်စစ်မီတာ ပုံးတွေ
အခမဲ့တပ်ဆင်ပေးမယ်၊ ရွာလမ်းကိုပြင်ပေးမယ်လို့
|
Posted: 11 Nov 2014 03:03 AM PST
နိုဝင်ဘာလ
၁၁ ရက် ၂၀၁၄
သျှမ်းပြည်တောင်ပိုင်း မြောက်ပိုင်း အရှေ့ပိုင်းမြို့နယ်အများအပြား
ဒေသခံသျှမ်းများ နှစ်သစ်ကူး အခါသမယ မိမိဒေသ နှစ်သစ်မကူးဘဲ
တောင်ကြီးမြို့တော်၌ စုပေါင်းကျင်းပ မည့်ပွဲတော်သို့
သွားရောက်ပူးပေါင်းဆင်နွှဲမည်ဟု သိရပါသည်။
နိုဝင်ဘာ ၂၂ ရက်နေ့ ကျရောက်မည့် ၂၁၀၉ ခု သျှမ်းနှစ်သစ်ကြိုဆိုသည့်ပွဲအား
ပြည်ထောင်စု တဝှမ်းလုံးရှိသျှမ်းများက တောင်ကြီးမြို့၌
စုပေါင်းကျင်းပမည်ဖြစ်ကြောင်း၊ေ
|
Posted: 11 Nov 2014 02:58 AM PST
မော်စကို
မြို့တွင် ဟိုက်ဒြိုဂျင် ဆာလ်ဖိုက်ဒ် နဲ့ ရောနေတဲ့ အဆိပ်အတောက် အငွေ့ တွေ
မြို့ ကို ဖုံးလွှမ်းနေလို့ မြို့ခံအများအပြား ဟာ အိမ်ပြူတင်းပေါက်တွေ ကို
ပိတ်ပြီး အိမ်ထဲ က အိမ့်ပြင်မထွက်ဘဲ နေကြရပါတယ်။
သက်ဆိုင်ရာ အရာရှိတွေ ကတော့ မြို့ရဲ့ တောင်ဘက်မှာ ရှိတဲ့ ရေနံချက် စက်ရုံ
မှာ စက်ချို့ယွင်းရာက အနံ့အသက် မကောင်းတဲ့ အဆိပ်ငွေ့ တွေ ထွက်လာတဲ့ ကြောင်း
ပြောပါတယ်။
အခုလို ဖြစ်ရပ် နဲ့ ပတ်သက်ပြီး လူမှုကွန်ယက်
|
Posted: 11 Nov 2014 02:56 AM PST
ထိုင်းနိုင်ငံတောင်ပိုင်း
လိပ်ကျွန်းမှာ ဗြိတိန်နိုင်ငံသား ၂ ဦး သတ်ဖြတ်ခံရတဲ့ လူသတ်မှုကို လာရောက်
စုံစမ်းတဲ့ ဗြိတိန် ရဲတွေရဲ့ သုံးသပ်ချက်ကို အစီရင်ခံစာကို တင်သွင်းမှာ
ဖြစ်ပါတယ်။
စကော့တလန်ယာဒ့် ရဲတပ်ဖွဲ့ ကတော့ ထိုင်းအာဏာပိုင်တွေရဲ့
ပူးပေါင်းဆောင်ရွက်မှုကို ကျေးဇူးတင်တဲ့အကြောင်း ထုတ်ပြန်ပါတယ်။
“ဟန်နာနဲ့ ဒေးဗစ်မေလာ လူသတ်မှုကို စုံစမ်းစစ်ဆေးတာကို ပြန်လည် သုံးသပ်တဲ့
ဗြိတိန်က ထောက်လှမ်းရေးအရာရှိတွေရဲ့
|
Posted: 11 Nov 2014 02:54 AM PST
ဂျပန်နိုင်ငံ
တိုကျိုမြို့မှာ အောက်တိုဘာ ၂၆ ရက်နေ့ကနေ နိုဝင်ဘာ ၁၁ ရက်နေ့ထိ
ကျင်းပနေတဲ့ Miss International Beauty Pageant 2014 ပြိုင်ပွဲအတွက်
မြန်မာနိုင်ငံ ကိုယ်စားပြု အလှမယ် မေဘရဏီသော် ၀င်ရောက်ယှဉ်ပြိုင်နေပါတယ်။
သက်တမ်း ၅၄ နှစ်ရှိဖြစ်တဲ့ Miss International Beauty Pageant 2014
ပြိုင်ပွဲကို နိုင်ငံပေါင်း ၆၅ နိုင်ငံက အလှမယ်တွေ
ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး နိုဝင်ဘာလ ၁၁ ရက်နေ့မှာ ဆုပေးပွဲကို
|
Posted: 10 Nov 2014 09:44 PM PST
လှိုင်သာယာမြို့နယ်၊
အောင်ဇေယျတံတား အတက်တွင် ယာဉ် (၂)စီး မျက်နှာချင်းဆိုင် တိုက်မိသဖြင့်
(၃)ဦးသေဆုံး
ရန်ကုန်၊ နိုဝင်ဘာ ၁၁
၁၀.၁၁.၂၀၁၄ရက်နေ့ ၂၃၄၅အချိန်တွင် လှိုင်သာယာမြို့နယ်၊ ရန်ကုန်-ညောင်တုန်း
လမ်းအတိုင်း လှိုင်သာယာဘက်မှ အင်းစိန်ဘက်သို့ ယာဉ်မောင်း ကိုနန်းလင်း
(၃၀)နှစ် မောင်းနှင်လာသော 3G---နစ်ဆန်းယူဒီထရပ်ယာဉ်သည် အောင်ဇေယျ တံတား
အတက်အရောက် တစ်ဘက်ယာဉ်ကြောသို့ ရောက်ရှိပြီး မျက်နှာချင်းဆိုင်မှ အသက် (၃၀
|
Posted: 10 Nov 2014 09:17 PM PST
နိုဝင်ဘာ
၁၁ ရက် ၂၀၁၄
တန်ဆောင်မုန်း လပြည့်ည မြန်မာ့ရိုးရာ သူခိုးညက သျှမ်းပြည်တောင်ပိုင်း
လဲချားမြို့သို့ အုတ်ရိုက် အငှားလိုက်နေထိုင်သည့် အောက်ပြည်သား လေးဦးက
ရွာတွင်းကြက်များ လိုက်ခိုးရာ အိမ်ရှင်နှင့်တိုး၍ ရိုက်နှက်မှုဖြစ်ပွားပြီး
ဆေးရုံတင်လိုက်ရသည့် အိမ်ရှင်အား သူခိုးကပြန်လည် တရားစွဲသည် ဟုသိရသည်။
နိုဝင်ဘာ ၆ ရက် တန်ဆောင်မုန်းလပြည့်ည(သူခိုးည)က လဲချားမြို့ အမှတ် ၇
ရပ်ကွက် နောင်မိန်းရွာ အတွင်းြ
|
Posted: 10 Nov 2014 09:08 PM PST
ထော်လာဂျီယာဉ်၏ ၀ဲ/ယာ ရှေ့ဘီးနှင့် လေးများပြုတ်ထွက်ကာ တံတားအနောက်ဘက်ရှိ လူသွားစင်္ကြန်အုတ်ခုံအား ၀င်ရောက်တိုက်မိတိမ်းမှောက်သဖြင့်
ဒဏ်ရာရ
နေပြည်တော်၊ နိုဝင်ဘာ ၁၀
၂၀၁၄ ခုနှစ်၊ နိုဝင်ဘာလ ၉ ရက်နေ့ ညနေ ၅ နာရီခွဲအချိန် မကွေးတိုင်း ဒေသကြီး၊
နတ်မောက်-မြို့သစ်ကားလမ်း၊ မိုင်တိုင်အမှတ်(၂၆/၁-၂)ကြား၊ ယင်းချောင်း
တံတားပေါ်တွင် ယာဉ်တိုက်မှု ဖြစ်ပွားကြောင်းသတင်းအရ နတ်မောက်မြို့မရဲစခန်းမှ
တပ်ဖွဲ့ဝင်များက
|
Posted: 10 Nov 2014 09:04 PM PST
လန်ဒန်
၊ ၁၁-၁၁-၂၀၁၄
SAS အထူးတပ်ဖွဲ့ သည် ဗြိတိန်နိုင်ငံသား နှစ်ဦးကို ခေါင်းဖြတ်
ကွပ်မျက်ခဲ့သည့် ISIS စစ်သွေးကြွ အဖွဲ့မှ ဂျွန် အမည်ရှိ ဂျီဟက်ဒ်
စစ်သွေးကြွ တစ်ဦးကို နှိမ်နင်း တိုက်ခိုက်မည့် ၄င်းတို့၏ စစ်ဆင်ရေးကို
နိုဝင်ဘာ ၉ ရက်တွင် စတင် လုပ်ဆောင်နေပြီ ဖြစ်ကြောင်း ဗြိတိန် အစိုးရအဖွဲ့မှ
အရာရှိများက ပြောကြားသည်။
SAS အဖွဲ့မှ တပ်ဖွဲ့ဝင် များသည် ၄င်းတို့၏ စစ်ဆင်ရေးကို စတင် လုပ်ဆောင်ရန်
အတွက်
|
Posted: 10 Nov 2014 07:55 PM PST
ဒုက္ခသည်တွေထဲမှာ
မြန်မာတွေဟာ ပြဿနာများ သူတွေ ဖြစ်ကြတယ်လို့ မလေးရှား ပြည်ထဲရေး ဝန်ကြီးက
ပြောဆိုကြောင်း မလေးရှား Bernama သတင်းက ဖော်ပြပါတယ်။
ဒုက္ခသည် လက်မှတ် ထုတ်ပေးမယ့် ကိစ္စပြောဆိုရင်း ထည့်သွင်း ပြောကြား ခဲ့တာပါ။
မလေးရှား နိုင်ငံ ရောက် မြန်မာနိုင်ငံသား တစ်သိန်းလေးသောင်းနီးပါးကို
ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR ရဲ့အစီအစဉ်နဲ့
ဒုက္ခသည်အဖြစ် အသိအမှတ်ပြု သက်သေခံကဒ်ပြားတွေ ထုတ်ပေးမယ်လို့
|
Posted: 10 Nov 2014 07:33 PM PST
ကျောက်မဲ
၊ ၁၁-၁၁-၂၀၁၄
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲမြို့တွင် အမျိုးသမီး တစ်ဦးကို
တစ်ရပ်ကွက် တည်းနေသူ အမျိုးသမီးကြီး တစ်ဦးက တရုတ် နိုင်ငံသား နှင့် အဓမ္မ
လက်ထပ် ထိမ်းမြားရန် တရုတ်ငွေ သုံးသောင်းဖြင့် ရောင်းစား ခဲ့ကြောင်း
သိရသည်။
ဖြစ်စဉ်မှာ နိုဝင်ဘာ ၇ ရက် မွန်းတည့် ၁၂ နာရီခန့်က တရုတ်နိုင်ငံမှ
မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ အမှတ် ၁၇ လူကုန်ကူးမှု တားဆီး ကာကွယ်ရေး အဖွဲ့သို့
ပြန်လည် လွှဲပြောင်းပေး
|
Posted: 10 Nov 2014 07:28 PM PST
နယူးယောက်
၊ ၁၁-၁၁-၂၀၁၄
အမေရိကန်ြ ပည်ထောင်စုမှ အမျိုးသမီးကြီး တစ်ဦးသည် ၄င်း၏ အသက် ၁ဝဝ ပြည့်
မွေးနေ့ပွဲကို ကောင်းကင်မှ ဒိုင်ဗင်ထိုး၍ ကျင်းပ ခဲ့ကြောင်း သိရသည်။
နယူးယောက် မြို့ဟောင်း ကရေ့ဗ်ခရိုင် မှ အလီနောကန်း နင်းဂမ်း အမည်ရှိ အဆိုပါ
အမျိုးသမီးကြီး သည် နိုဝင်ဘာ ၈ ရက်တွင် ကျရောက်ခဲ့သည့် ၄င်း၏ အသက် ၁ဝဝ
နှစ်ပြည့် မွေးနေ့ပွဲကို ဆာရာတိုဂါ ကောင်းကင် ဒိုင်ဗင်ထိုး စခန်းတွင်
လုပ်ဆောင် ခဲ့ခြင်းဖြစ်ပြီး
|
0 comments:
Post a Comment