Friday, November 7, 2014

ရွှေမြန်မာတို့-သိဘို့သင့်ပြီ (၁)


ဒီစာလေးရေးဘို့ကကြာလှပြီ-အမေးအဖြေနဲ့ကုသမှုတွေကို ဦးစားပေးနေရတဲ့တွက်ကြာခဲ့ရတယ်။ အခုတော့ရေးသင့်ပြီဆိုပြီးအချိန် ယူလိုက်ရတယ်။ ငယ်စဉ်သိတတ်ခါစ လူကြီးတွေဆုံ ရင်ပြော တတ်တဲ့ဆေးဝါးအကြောင်း၊ အဲဒီတုံးက ဆေးတွေက အတော်ရှားတာ၊ မှောင်ခိုဆိုပြီးလဲ အဖမ်းဆီးရှိကြသေး။
လူကြီးတွေပြောတဲ့ စကားမှာ နိုင်ငံခြားဆေး တွေကမြန်မာပြည်မှာလူတွေကို စမ်းသပ်သုံးဘို့ ၀င်လာတာလို့ အပြော များပြီးကြောက်နေကြတယ်တဲ့။ အခုဆို ရင်တော့ပြောစရာမရှိတော့ ပါဘူး။မြန်မာကထွက်တဲ့ပဲလှော်တွေထက်တောင်များနေမလားပဲ။ ဟိုခေတ်ကဆေးတစ်မယ်ရဘို့ တန်းစီရတယ်၊ ဒါပြန်ရောင်းရင်ဆေးမှောင်ခို၊ဒါပေမဲ့ဒီခေတ်လောက်ဆေးရုံမရှိလူနာမများ၊ ခုများကျတော့ ဆေးရုံဆိုတာလဲ အများကြီး ဆေးတွေကလဲစုံနေရော ဒါပေမဲ့ လူနာတွေကဘာကြောင့်ရော့မသွားပဲ ဆေးရုံ တစ်ခုပေါ်တာနဲ့ ခွဲတန်းချပေးသလိုလူနာကပြည့်လာတာချည်းပဲ။ ဒီတော့ရွှေမြန်မာတို့ ဘိုးဘွား စဉ်ဆက်ကတွေရောဒီလိုရောဂါတွေထူပြောကြပါသလား။ အနောက်တိုင်းရဲ့လွှမ်းမိုးမှုကို သတိရှိကြစေချင်ပါတယ် ။နောက်သူတို့ရဲ့ဆေးတွေရဲ့ဆိုးကျိုး ဘယ်သူမှမငြင်းနိုင် ၊ပြန်ပြောလာနိုင်တဲ့ စကားတစ်ခွန်း ရှိမှမရှိပဲ ဆိုတာ ။ မှန်သလောက်တော့မှန်နိုင်ပေမဲ့ရှိခဲ့တာတွေကို အလွယ်သုံးရင်း တိမ်မြုပ်နေတာပါလို့သာပြောချင်ပါတယ်။ ခေတ်နဲ့အညီပေါ်နေတဲ့ဝေဒနာအတော်များများက အနောက်တိုင်းနည်းနဲ့ ကုမရဘူးဆိုတာကို လက်တွေ့ပြချင်ပါတယ်။ အခု လက်ရှိခေတ်အစားဆုံးသောရောဂါ ဆီးချိုသွေးချို -တလောကလုံးက ကြားကြမှာပါ သေရာပါ-ရောဂါဆိုတာ။ အနောက်တိုင်းကရှာဖွေစမ်းသပ်မှုတွေကတော့ကျုပ်တို့လိုက်မမှီတာတော့အမှန်ပါ။ဒါပေမဲ့တ ချို့ရောဂါတွေအကြောင်းအရာတွေက ခက်ခက်ခဲခဲရှာဖွေစရာ မလိုတာတွေတွေ့ရတာတွေ ရှိပါတယ်။ အခုဆီးချိုအကြောင်းပဲ နမူနာပြရရင် သူတို့မှာ ဆီးချို (၁) ဆီးချို(၂) သတ်မှတ်ကြတယ် ကျုပ်တို့ကတော့ ဆီးချိုပါပဲ။နောက်ပန်ကရိယမကောင်းလို့ဆီးချိုဖြစ်တယ်။ ကျုပ်တို့လဲဒါကိုပဲယူတယ် ။နောက်ပန်ကရိယ ဘာ ကြောင့်မကောင်းတာလဲအလုပ်မလုပ်တာလဲ ဒါကျတော့ကျုပ်တို့က ပန်ကရိယထဲသွေးရောက်တာ မလုံလောက်ရင်ပန်ကရိယကအဟာရပြတ်ပြီး အားမရှိလို့အလုပ်မလုပ်ဘူးအင်ဆူလင်မထုတ်နိုင်ဖြစ်ပြီး ဆီးချိုဖြစ်တယ်လို့ယူဆတယ်။ ဒီအယူအဆတိုင်းကုသရေးမှာသုံးတဲ့တွက်အောင်မြင်မှုတွေများလာတယ်။ အဲဒီအကြောင်းအရာလေးကို အမေရိကန်မှာ(၃)နှစ်ဆေးရုံမှာထိုင်ပြီးကုသရေးဆင်းခဲ့တဲ့ ဆရာဝန်ကြီးတစ်ယောက်နဲ့ဆွေးနွေး ခဲ့ရာမှာအပြည့်အ၀ကိုလက်ခံခဲ့ပါတယ်။ ကျနော်တို့မှာတော့ ပန်ကရိယမကောင်းတာကိုပဲ အသိအမှတ်ပြုပြီးရပ်ပါတယ်ဆိုပြီးဆွေးနွေးဘူးပါတယ် ။နောက်အခု ဆီးချိုပျောက်တယ်လို့ပြောသံကြားရင်ဒီလူရူးနေပြီလို့ပြောကြ သေး။ ဒီတော့ဆီးချိုတော့ မပျောက် ဘူးပြောပြီးသွေးစစ်တဲ့စက်တွေအင်ဆူလင်တွေကိုတော့တွင်တွင်ကျယ် ကျယ်ကြော်ငြာကြတယ်။ (၄-၅)နှစ်ကလေးတွေကိုကျောင်းမှာသွေးဖေါက်စစ်တာသင်ပေးသလို(၆-၇)နှစ်တွေက လဲ အင်ဆူလင်ကိုထိုးပြီးရပ်တည်ကြတယ်။အင်ဆူလင်နဲ့ရပ်တည်တဲ့ဗီဒီယိုဖိုင်တွေလဲအများကြီး YOU TUBE မှာ တွေ့ရတတ်တယ်။ အခုကျုပ်တို့ရဲ့ကုသရေးမှာအေးဆေးပျောက်နေတဲ့တွက် ဆီးချိုဆိုတာကြောက်စရာမှ မ ဟုတ်တော့တာ။ ဒီတော့ ငယ်ငယ်တုံးအရွယ်- ၀ါဆိုဝါခေါင် ကဗျာထဲကလို ဆီးချိုဆိုတာဂျိုနဲ့လား လို့သာ သရော်ပြီးစိန်ခေါ်ခဲ့တာပါ။ ဆီးချိုပျောက်တယ်ဆိုတာကိုတော်ယုံဆို သံသယရှိနိုင်တာမို့ပျောက်သွားပြီဖြစ်တဲ့ အာဏာပိုင်အဖွဲ့အစည်းကလူကြီးပိုင်း တွေကိုလဲ အမည်နဲ့ တာဝန်တွေကို ကာယကံရှင်မှာခွင့်တောင်းပြီးတင်ပေးတာပါ။ နိုင်ငံရပ်ခြား ပညာသင်သွားလေ့ရှိတဲ့ အရာရှိတွေကပိုပြီးတော့တောင်အံ့သြကြသေး ။နေပြည်တော်ကအကြီးပိုင်းတွေထဲမှာလဲ ဆီးချိုနဲ့ပတ်သက်လို့ သိတဲ့သူတွေများလာတာတွေ ရှိနေပါပြီ။ ဒီတော့မသိသေးတဲ့သူတွေ ကသိရအောင်လို့ သိပြီးသားသူတွေက၀င်ကူပြီး ဆင့်ပွားအသိပေးရင်ဖြင့် ရွှေမြန်မာတို့ဆီးချိုကင်းကြရင် ကျုပ် တို့ဆောင်ပုဒ်အတိုင်းအကောင်ထည်ဖေါ်နိုင်ပါပြီ ။ရွှေမြန်မာတို့ ကူပြီးရှယ်လိုက် ကယ်လိုက်ကြ ရအောင်လို့  နိုးဆော်လိုက်ပါတယ်။
ချက်ဘောက်မှာ အမည်
အသက် နေရပ် ခံစားနေရတဲ့ဝေဒနာတွေကို ချန်မထားပဲဖြစ်သမျှရေးတင်ထားပါ။ လိုင်းကောင်းတဲ့ခါအဖြေနဲ့လိုအပ်တာကိုရေးထားပေးပါမယ်။ အမ်အာအိုင် ။ အိပ်စရေးရှိသူကလဲ ဓါတ်ပုံရိုက်ပြီးတင်ထားပေးနိုင်ပါတယ်။
ဆက်လက်ဖေါ်ပြပါမည်။

အောင်စံမှီ (အထူးကု)

မှတ်(၁)ဒီစကားဝါလမ်းရွှေတောင်ရပ်၊
သီတာချမ်းမြေ့ဓမ်မာရုံရှေ့
 မော်လဲမြိုင်မြို့။
 -၀၉၄၉၈၀၇၃၃၇။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...