Posted: 07 Nov 2014 07:39 AM PST
ဧရာဝတီတိုင်းက
စိုက်ပျိုးစရိတ်ချေးငွေ ပြန်မဆပ်နိုင်တဲ့ လယ်သမား တစ်သောင်း ငါးထောင်
လောက်ကို မြေနဲ့အခွန်တော် ဥပဒေအရ တရားစွဲဆိုဖို့ ပြင်ဆင် နေကြောင်း
မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်က ဒီနေ့ ပြောပါတယ်။
ပုသိမ်၊ ဟသာင်္တ၊ မြောင်းမြ၊ မအူပင်နဲ့ ဖျာပုံခရိုင်က အကြွေးပေးစရာရှိတဲ့
လယ်သမား တစ်သောင်း ငါးထောင်လောက်ကို ဘယ်နေ့နောက်ဆုံးထားပေးရမယ်ဆိုပြီး အကြောင်းကြားစာထုတ်ပြန်ထားပေမယ့် လယ်သမားတွေက မပေးခဲ့တာကြောင့် အခုလို
|
Posted: 07 Nov 2014 07:14 AM PST
ကိုပါကြီးသေဆုံးမှု စစ်ဆေးနေတဲ့ မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင်ဟာ
သူတို့ရဲ့ ၃ ရက်ကြာ စစ်ဆေးခဲ့တာတွေ နေပြည်တော်ကို ပေးပို့လိုက်ပြီး
နေပြည်တော်က နိုဝင်ဘာ ၅ ရက် ရက်စွဲနဲ့ သတင်းထုတ်ပြန်လိုက်ပါတယ်။
ဦးစစ်မြိုင်ခေါင်းဆောင်တဲ့ ကော်မရှင်ဟာ နိုဝင်ဘာ ၁ ရက်မှာ မွန်ပြည်နယ်၊
မော်လမြိုင်မြို့ကို ရောက်ရှိပြီး စစ်ဆေးတာကိုတော့ နိုဝင်ဘာ ၂ ရက်မှာ
စတင်ပြုလုပ်ခဲ့ပါတယ်။
သူတို့အဖွဲ့ ဘယ်လောက်
|
Posted: 07 Nov 2014 07:13 AM PST
အလွတ်သတင်းထောက်
ကိုပါကြီး ခေါ် ကိုအောင်ကျော်နိုင် ရုပ်အလောင်းကို မော်လမြိုင်ဆေးရုံကနေ
ပြန်လည်သယ်ဆောင်ပြီး ရန်ကုန်မြို့ ရေဝေးသုဿန်မှာ ဒီနေ့ညနေပိုင်းက
ဂူသွင်းသင်္ဂြိုဟ်ခဲ့ပါတယ်။
ကိုပါကြီးဈာပန အခမ်းအနားကို လာရောက်ခဲ့တဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့
ပွင့်လင်းလူ့အဖွဲ့အစည်းက ကိုဂျင်မီက အတားအဆီးတွေရှိတဲ့ကြားက
စည်းလုံးမှုရှိတဲ့အတွက် ကိုပါကြီးအလောင်းကို အခုလို သင်္ဂြိုဟ်နိုင်တာလို့
ပြောပါတယ်။
"
|
Posted: 07 Nov 2014 07:05 AM PST
အာဆီယံရဲ့
ဥက္ကဋ္ဌအဖြစ် မြန်မာနိုင်ငံက လက်ခံ ကျင်းပတော့မယ့် ထိပ်သီး အစည်းအဝေး
ပွဲတွေမှာ မြန်မာနိုင်ငံတွင်းက လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို အလေးထား
ဆွေးနွေးဖို့ လူ့အခွင့်အရေး အဖွဲ့တွေက တိုက်တွန်းနေပါတယ်။ ဗွီအိုအေ
သတင်းထောက် Steve Standford ရဲ့ သတင်းဆောင်းပါး ကို ကိုဉာဏ်ဝင်းအောင်က
တင်ပြပါထားပါတယ်။ VOA Burmese
ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ
|
Posted: 07 Nov 2014 06:34 AM PST
မူးယစ်
ဆေးဝါးတွေ၊ လက်နက်တွေ၊ ကလေးငယ် တွေရဲ့ ညစ်ညမ်း ပုံတွေနဲ့ တရားမဝင်
ကုန်ပစ္စည်း တွေကို အင်တာနက် ကနေ ရောင်းချနေတဲ့ Silk Road 2.0 ဝက်ဘ်ဆိုက်
အပါအဝင် အခြား ဝက်ဘ်ဆိုက် ၄၀ဝ ကို နိုင်ငံတကာ ရဲတွေက ပိတ်လိုက်ပါတယ်။
အဲဒီ ဝက်ဘ်ဆိုက်တွေဟာ သမားရိုးကျ ရှာဖွေရေး အင်ဂျင်တွေနဲ့ ရှာလို့
မတွေ့နိုင်တဲ့ Tor ကွန်ရက်ကို အသုံးပြုပြီး လျှို့ဝှက် လွှင့်တင် ထားတာ
ဖြစ်ပါတယ်။
Dark net လို့ သိကြတဲ့ အဲဒီ အင်တာနက်
|
Posted: 07 Nov 2014 04:50 AM PST
ထိုင်းနိုင်ငံတောင်ပိုင်း
စူရတ်ဌာနီခရိုင် လိပ်ကျွန်း (ခိုတောင်ကျွန်း) မှာ ပြီးခဲ့တဲ့ စက်တင်ဘာ
လလယ်ပိုင်းက လူသတ်မှုနဲ့ပတ်သက်လို့ ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီး ထိန်းသိမ်း
ထားတဲ့ ကိုဝင်းဇော်ထွန်းနဲ့ ရဲတပ်ဖွဲ့အကြား ဘာသာပြန်ပေးတဲ့ ကိုရဲကို
ဒီဗွီဘီ သတင်းထောက် ကိုအေးနိုင်က ဆက်သွယ် မေးမြန်း ထားပါတယ်။
ဝင်းဇော်ထွန်းနဲ့ ကိုဇော်လင်းတို့ကို ဖမ်းဆီးစဉ်က ကိုရဲတို့
ဘာသာပြန်ဆောင်ရွက်တဲ့ အခြေအနေကို ပြောပြပါ။
“
|
Posted: 07 Nov 2014 04:38 AM PST
ထိုင်းတောင်ပိုင်း
လိပ်ကျွန်း လူသတ်မှုသံသယနဲ့ ဖမ်းဆီး ချုပ်နှောင်ခံ နေရတဲ့
ကိုဝင်းဇော်ထွန်းနဲ့ ကိုဇော်လင်းတို့ နှစ်ယောက်ကို ချုပ်ထားရာကနေ
ပြန်လည်လွှတ်ပေးဖို့ သူတို့ရဲ့ ကိုယ်စားလှယ် ရှေ့နေတွေက ဒီကနေ့ သွားရောက်
တောင်းဆို ပေမယ့် မအောင်မြင်ခဲ့ ဘူးလို့ ကာယကံရှင် ရှေ့နေတွေက ပြောပါတယ်။
သံသယရှိသူ ၂ ဦးကို ရှေ့နေလိုက်ပေးနေတဲ့ ထိုင်းရှေ့နေများ ကောင်စီအဖွဲ့က
ဝါရင့်ရှေ့နေ နခွန် ချူမ်းဖူးချတ်က “ကျနော်တို့
|
Posted: 07 Nov 2014 04:33 AM PST
နိုဝင်ဘာလ
၈ ရက်နေ့ ၂၀၁၄
သျှမ်းမြောက် နမ့်ခမ်းမြို့တွင် ယခုနှစ် အောက်တိုဘာ လဆန်း မှစပြီး
လောင်းကစားဝိုင်းများ ပြန်ဖွင့် လျက် ရှိနေ ကြောင်း ဒေသခံများကပြောသည်။
ကုန်းဆာကျေးရွာ ခန်တော် ဘုရားကျောင်းအနီးရှိ ကြက်တိုက်ဝိုင်းမှာ
နမ့်ခမ်းဈေးနေ့ (၅ ရက် တစ်ကြိမ်) ရှိပြီး မိုင်းဝီးလမ်း အောင်မေတ္တာရပ်ကွက်
ဝိပုလ စာသင်တိုက် အနီးရှိ ငါးပစ်ဂိမ်း-တီဗီဂိမ်း လောင်း ကစား ရုံတို့မှာ
နေ့တိုင်းဖွင့်လှစ်ကြောင်း ဒေသခံ
|
Posted: 07 Nov 2014 04:26 AM PST
မန္တလေးမြို့
၊ ချမ်းမြသာစည်မြို့နယ်အတွင်းရှိ ဆင်ဖြူကန်ဘီယာဆိုင်တွင် (၂)
နှစ်အရွယ်ကလေးငယ်နှင့် ၇ နှစ် အရွယ် ကလေးငယ်နှစ်ဦးအား ဖခင်ဖြစ်သူက
ခေါ်လာပြီး ဘီယာသောက်နေကြသည်ကို မြင်တွေ့ခဲ့ရသည်။
အဆိုပါ ဆင်ဖြူကန်မြန်မာဘီယာဆိုင်တွင် ထိုင်နေသော ဘေးဝိုင်းမှ လူများက
ကလေးငယ် ဘီယာသောက်နေ ကြောင်း ပြောပြရာ ဖခင်ဖြစ်သူက “ရတယ် အစ်ကို၊ သူက
တနှစ်နဲ့ (၆)လ ကတည်းက တနေ့ (၃) ခွက်လောက် သောက်တာ။ ကျွန်တော်တို့က လင်ကိုယ်
|
Posted: 06 Nov 2014 10:19 PM PST
ရန်ကုန်၊
နိုဝင်ဘာ ၅
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ကို မီဒီယာများက ဝေဖန်ရေးသားမှု များကြောင့်
သမ္မတ၏ သမီးများက ဖခင်ဖြစ်သူအား အလုပ်မှ နုတ်ထွက်ရန် တိုက်တွန်း
ပြောကြားခဲ့သည်ဟု ပြည်ထောင်စု အဆင့် အကြီးအကဲ တစ်ဦးအား သမ္မတ ဦးသိန်းစိန်က
ကိုယ်တိုင် ပြောကြား ခဲ့ကြောင်း အဆိုပါ ပြည်ထောင်စု အဆင့် အကြီးအကဲက
မြန်မာ သံတော်ဆင့် သို့ ပြောကြားခဲ့သည်။
သမ္မတဦးသိန်းစိန်ကို သမ္မတ၏ သမီးများက နုတ်ထွက်ရန် ပြောကြား ခဲ့ခြင်းကို
|
Posted: 06 Nov 2014 09:54 PM PST
ဒီကနေ့
မနက်က ကိုပါကြီးဇနီး ဒေါ်သန္တာ ကိုယ်တိုင် ဦးစီး သယ်ယူလာတဲ့ ကိုပါကြီး
အလောင်း ဒီကနေ့ ညနေပိုင်းလောက် ရန်ကုန်ကို ရောက်ရှိမှာ ဖြစ်တဲ့ အတွက်
အလောင်းကို ညနေ ၅ နာရီ ဂူသွင်းသင်္ဂြိုဟ်ဖို့ စီစဉ်ထား တယ်လို့ ဒီမိုကရေစီနဲ့
ငြိမ်းချမ်းရေး အမျိုးသမီး ကွန်ရက်အဖွဲ့ဝင် နော်အုန်းလှက ပြောပါတယ်။
ရန်ကုန် ရေဝေးသုသာန်မှာ ဂူသွင်းသင်္ဂြိုဟ်ဖို့အတွက် နားရေးကူညီမှု အသင်း၊
နိုင်ငံရေး တက်ကြွ လှုပ်ရှား သူတွေနဲ့ အဖွဲ့စည်းတွေက
|
Posted: 06 Nov 2014 09:51 PM PST
ရန်ကုန်
၊ ၇-၁၁-၂၀၁၄
ရန်ကုန်မြို့၌ ယာဉ်ကြော ကျပ်တည်းမှုမှာ တစ်နေ့တခြား များပြား လာလျက်ရှိရာ
ထိုသို့ ယာဉ်ကြော ကျပ်တည်းမှုကို ဖြေရှင်း နိုင်ရေးအတွက် မိုးပျံလမ်းများ
တည်ဆောက်ရန် ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ မှ ဆောင်ရွက် သွားမည်
ဖြစ်ကြောင်း သိရသည်။
ရန်ကုန်မြို့၌ တည်ဆောက်ရန် Phase 1၊ Phase 2 နှစ်ပိုင်းခွဲ သတ်မှတ်ကာ
မိုးပျံလမ်း တည်ဆောက်ရန် လျာထား ဆောင် ရွက်လျက် ရှိသည့်အပြင် သတ်မှတ်
ထားသည့်
|
Posted: 06 Nov 2014 09:44 PM PST
ရန်ကုန်
၊ ၇-၁၁-၂၀၁၄
မြန်မာနိုင်ငံ၌ နှစ်ပေါင်း ၁ဝဝ ကျော် ကြာမြင့်နေပြီ ဖြစ်သည့်
သီပေါမင်းနှင့် စုဖုရားလတ် တို့၏ ဝတ်ရုံတော် ပြုပြင်ရန် ပြည်ပနိုင်ငံ၏
နည်းပညာ အကူအညီများ လိုအပ် နေကြောင်း ရန်ကုန် အမျိုးသား ပြတိုက်
ညွှန်ကြားရေးမှူး ဦးငွေထွန်းမြင့် က ပြောသည်။
အဆိုပါ ၀တ်ရုံတော် များကို ပြုပြင်ရန် ၂ဝ၁၃ ခုနှစ်က ဂျပန်နိုင်ငံမှ
ပညာရှင်များ လာရောက် လေ့လာခဲ့ သော်လည်း ၄င်းတို့မှာ မည်သို့ ထိန်းသိမ်းရမည်
|
Posted: 06 Nov 2014 09:23 PM PST
ထိုင်းနိုင်ငံမှာ
ခိုတောင်းကျွန်း လူသတ်မှုနဲ့ ပတ်သက်ပြီး မသင်္ကာမှုနဲ့ ဖမ်းဆီး ထိန်းသိမ်း
ခံနေရတဲ့ မြန်မာ လူငယ်နှစ်ဦး အပေါ် စွဲချက်တင်မတင် အစိုးရရှေ့နေတွေက
တစ်လအတွင်း ဆုံးဖြတ်မယ်လို့ သိရပါတယ်။
အမှုနဲ့ပတ်သက်ပြီး ထိုင်းရဲတပ်ဖွဲ့ရဲ့ နောက်ထပ် စုံစမ်းစစ်ဆေးမှုတွေ ၈ဝ
ရာနှုန်း ပြီးစီးသွားပြီ ဖြစ်ကြောင်း၊ ဒါကြောင့် မောင်ဇော်လင်းနဲ့
မောင်ဝင်းဇော်ထွန်းတို့ကို နောက်ထပ်ချုပ်ရက် နှစ်ကြိမ်အတွင်း
စုံစမ်းစစ်ဆေးမှုတွေ
|
Posted: 06 Nov 2014 09:16 PM PST
ကိုပါကြီး
အလောင်းကို သယ်ယူရာမှာ မြန်မာစံတော်ချိန် ၁၁ နာရီခွဲလောက် စစ်တောင်း တံတား
အရောက်မှာ သံဃာ ၃ ပါးက မြို့ကို ဖြတ်မသယ်ဖို့ လာတား ခဲ့တယ်လို့ ဒီဗွီဘီ
သတင်းထောက်က ပြောပါတယ်။
ပဲခူးမြို့ မ၀င်ခင် တားဆီးခဲ့တာဖြစ်ပြီး ညှိနှိုင်းမှု ပြေလည်ခဲ့လို့
လက်ရှိမှာ ပဲခူးမြို့ကို ၀င်ပြီဖြစ်ပါတယ်။
အလောင်းကို နာရေးကူညီမှု အသင်းကားနဲ့ သယ်ယူပြီး လက်ရှိ ၈၈ ငြိမ်းချမ်းရေးနဲ့
ပွင့်လင်း လူ့အဖွဲ့ အစည်းနဲ့ အမျိုးသား
|
Posted: 06 Nov 2014 07:13 PM PST
၂၀၁၁
ခုနှစ်တုံးက ပါကစ္စတန်နိုင်ငံမှာ ပုန်းအောင်းနေတဲ့ အယ်လ်ကိုက်ဒါး အကြမ်းဖက်
အုပ်စု ခေါင်းဆောင် အိုစမာဘင်လာဒင် ရဲ့ ခြံဝန်းကို သန်းခေါင်ယံ အချိန်
ဝင်ရောက်စီးနင်း တိုက်ခိုက်ရာမှာ ပါဝင်ခဲ့သလို ဘင်လာဒင်ကို ပစ်သတ်
ခဲ့တဲ့သူဟာ သူဖြစ်ကြောင်း အမေရိကန် ရေတပ်ကွန်မန်ဒို စစ်ပြန်တယောက်က
ထုတ်ဖေါ် ပြောဆို လိုက်ပါတယ်။
သူ့ရဲ့ နာမည်ကို ၃ နှစ်ကျော် လျှို့ဝှက်ထားခဲ့ပေမဲ့ Robert O’Neill ဆိုသူက
ဘင်လာဒင်ကို သေနတ်နဲ့
|
Posted: 06 Nov 2014 07:13 PM PST
တဲလ်အဗစ်
၊ ၇-၁၁-၂၀၁၄
အစ္စလာမ္မစ် ဟားမာ့စ် လှုပ်ရှားမှု လက်နက်ကိုင် အဖွဲ့ဖြစ်သည့် Al- Qassam
Brigades သည် အစ္စရေးနိုင်ငံ အပေါ် ပိုမိုကြီးမားသည့် နောက်ထပ် စစ်ပွဲတစ်ရပ်
ထပ်မံဆင်နွှဲရန် အတွက် လက်နက်များ တပ်ဆင်၍ ကြိုတင် ပြင်ဆင်လျက် ရှိကြောင်း
နိုဝင်ဘာလ ၅ ရက်နေ့တွင် ထုတ်ဖော် ပြောကြား ခဲ့သည်ဟု Xinhua သတင်းတစ်ရပ်အရ
သိရသည်။
မိမိတို့ အနေဖြင့် နောက်ဆုံး ဖြစ်ပွားခဲ့သည့် တိုက်ပွဲမှ အောင်မြင်မှု ထက်
ပိုမိုကြီးမားသော
|
Posted: 06 Nov 2014 07:09 PM PST
အမေရိကန်သမ္မတ
ဘားရက်အိုဘားမား မြန်မာပြည်လာရန် ၁၂ ရက် အလိုတွင် ကျင်းပသော ထိုထိပ်သီး
ဆွေးနွေးပွဲ၏ ရည်ရွယ်ချက် ကား နိုင်ငံ့အနာဂတ် ကောင်းမွန်ရေး အတွက် စိတ်ရင်း
စေတနာမှန် ဦးတည်ချက် မရှိသည်မှာ ထင်ရှားနေ …
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
နေပြည်တော် သမ္မတအိမ်တော်ရာမှာ အောက်တိုဘာ ၃၁ ရက်က နိုင်ငံ့~ ထိပ်သီး
ခေါင်းဆောင်တွေ ပါဝင်တဲ့ နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲ ကျင်းပခဲ့ပါတယ်။
တိုင်းပြည်
|
Posted: 06 Nov 2014 07:01 PM PST
အင်ဒိုနီးရှားရဲတွေက
ဘာလီကျွန်းမှာ ဗြိတိန်စီးပွားရေးသမား ရောဘတ်အဲလစ်ကို သတ်မှုမှာ ပါတယ်လို့
သံသယရှိသူ နောက်ထပ်လူ ၂ ယောက်ကို နိုဝင်ဘာလ ၆ ရက်နေ့က ဖမ်းဆီးခဲ့ပါတယ်။
သူ့ရဲ့အင်ဒိုနီးရှား ဇနီး ဂျူလိုင်ကာ နော အိုင်နီဟာ လူသတ်ဖို့
လူသတ်သမားတွေကို ငှားခဲ့ တယ်လို့ သံသယရှိ ခံထားရ ပါတယ်။ သူနဲ့ တခြား ၃
ယောက်ကို အစောပိုင်းက ဖမ်းခဲ့တာပါ။
အဲလစ်ဟာ ဘာလီကျွန်းကို မပြောင်းလာခင်က သြ စတြေးလျနိုင်ငံမှာေ
|
Posted: 06 Nov 2014 06:37 PM PST
မြန်မာနိုင်ငံမှာ
ဒီမိုကရေစီ ထွန်းကားဖို့နဲ့ အမျိုးသား ပြန်လည် သင့်မြတ်ရေး အတွက်
နိုင်ငံရေးနဲ့ စီးပွါးရေး ပြုပြင် ပြောင်းလဲမှုတွေ လုပ်ဆောင်နေတာကို EU
ဥရောပ သမဂ္ဂက ကြိုဆိုလိုက်ပေမယ့် ရခိုင် ပြည်နယ်ထဲက ဆိုးဝါးတဲ့
အခြေအနေတွေလို လူ့အခွင့်အရေး ဆိုင်ရာ စိန်ခေါ်မှုတွေကို ဖြေရှင်းဖို့ နဲ့
မြန်မာနိုင်ငံတွင်း သတင်းသမားတွေနဲ့ လူ့အခွင့်ရေး လုပ်ဆောင်သူတွေကို
အန္တရာယ် မရှိအောင် လုပ်ဆောင်ပေးဖို့ပါ တောင်းဆို
|
Posted: 06 Nov 2014 06:33 PM PST
မြန်မာနိုင်ငံမှာ
လူ့အခွင့်အရေး နဲ့ ဒီမိုကရေစီ အတွက် ဆောင်ရွက် ပေးနေတဲ့ အစိုးရ မဟုတ်တဲ့
အဖွဲ့အစည်းတွေရဲ့ ကိုယ်စားလှယ်တွေနဲ့ ကြာသပတေးနေ့က သမ္မတ အိုဘားမားရဲ့
လက်ထောက် အမျိုးသား လုံခြုံရေး အကြံပေး ပုဂ္ဂိုလ် Benjamin Rhodes တို့
တွေ့ဆုံခဲ့ပါတယ်။ အဲ့ဒီ့လို တွေ့ဆုံတဲ့အချိန်မှာ မြန်မာနိုင်ငံ အပေါ်
ထားရှိမယ့် အမေရိကန်ရဲ့ မူဝါဒဟာ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီကို အလေးထားတဲ့
အကြောင်း မစ္စတာ Rhodes
|
Posted: 06 Nov 2014 06:20 PM PST
နိုဝင်ဘာလ
၆ ရက် ၂၀၁၄
သျှမ်းပြည်မြောက်ပိုင်း မူစယ်မြို့၌ ဟိုတယ်ဇုန် တည်ဆောက်ရန် အတွက်
လယ်ယာမြေကို လုံးဝ မရောင်း ပေးနိုင်ကြောင်း လယ်ယာမြေ ပိုင်ရှင်များက
သျှမ်းပြည်နယ် ၀န်ကြီးချုပ် စဝ်အောင်မြတ် ထံ စာတင်သည်ဟု သိရှိရပါသည်။
အစိုးရစီမံကိန်း စီးပွားရေး ဇုန်တည်ဆောက်ရန်အတွက်၂၀၁၂ ခုနှစ်ကတည်းက New
Star Light ကုမ္မဏီ က လယ်ယာမြေဧက ၁၀၀ ကျော်ကို ဈေးနှိမ်ဝယ်ယူခဲ့သည်။
ယခုအခါ နောက်ထပ်လယ်ယာမြေ ၉၈ ဧကတွင်
|
Posted: 06 Nov 2014 06:20 PM PST
နိုဝင်ဘာလ
၆ ရက် ၂၀၁၄
တနေ့တခြား များပြား လာနေသည့် မူးယစ် ဆေးဝါးကို စုပေါင်း တိုက်ဖျက်နိုင်ရန်
ရည်ရွယ်၍ ကချင်၊ တအာင်း ခေါ် ပလောင်နှင့် သျှမ်းဒေသခံတို့ ပူးပေါင်း၍
“မူးယစ်ဆေးဝါး ဆန့်ကျင်တိုက်ဖျက်ရေး ပညာပေး ဟောပြောပွဲ” ကို ကျင်းပ
ခဲ့ကြောင်း သိရှိရသည်။
“မူးယစ်ဆေးဝါး ဆန့်ကျင်တိုက်ဖျက်ရေး ပညာပေး ဟောပြောပွဲနှင့် စင်တင်တေးဂီတ”
ကို သျှမ်းပြည် မြောက်ပိုင်း မူစယ်မြို့နယ် မော့တောင်း ကျေးရွာအုပ်စုေ
|
Posted: 06 Nov 2014 06:19 PM PST
ရန်ကုန်၊
နိုဝင်ဘာ ၆
သမ္မတဦးသိန်းစိန်၏ ဂုဏ်သိက္ခာနှင့် အခွင့်အရေးကို ထိခိုက်စေမှုဖြင့် မြန်မာ
သံတော်ဆင့် အယ်ဒီတာချုပ် ဦးကျော်စွာဝင်း အပါအ၀င် အယ်ဒီတာအဖွဲ့၊
စာပေတိုက်မန်နေဂျာနှင့် ဖြန့်ချိရေးဝန်ထမ်း စုစုပေါင်း ၁၁ ဦးအား
ပြန်ကြားရေး ၀န်ကြီးဌာနက အသစ်ပြဋ္ဌာန်းလိုက်သည့် သတင်းမီဒီယာဥပဒေ ပုဒ်မ ၂၅
(ခ)ဖြင့် နေပြည်တော် ဗုဗ္ဗသီရိမြို့နယ် တရားရုံး၌ အမှုဖွင့်တရားစွဲဆို
ထားပြီဖြစ်ကြောင်း ဗိုလ်တထောင်မြို့နယ်
|
Posted: 06 Nov 2014 06:13 PM PST
ပုသိမ်၊
နိုဝင်ဘာလ ၎
ဧရာဝတီတိုင်း ဒေသကြီး၊ ပုသိမ်မြို့၊ ကုန်သည်လမ်း၊ တိုင်းဒေသကြီး
ဥပဒေချုပ်ရုံး အနီးရှိ Sky Link မိုဘိုင်းဖုန်း နှင့် ဆက်စပ်ပစ္စည်း
အရောင်းဆိုင် ၌ အောက် တိုဘာလ ၂၉ ရက်နေ့က ဖောက်ထွင်း ခံရမှု ဖြစ်ပွားခဲ့ရာ
တရားခံ များမှာထောင် ဒဏ်ကျခံနေရဆဲ အကျဉ်းသား များ ဖြစ်ကြောင်း နိုဝင်ဘာ လ
၂နေ့က ဧရာဝတီတိုင်းဒေ သကြီး၊ ရဲတပ်ဖွဲ့မှူးရုံးတွင် ကျင်းပသည့် စနစ်အစည်း
အဝေးပွဲတွင် တာဝန်ရှိသူများ က
|
0 comments:
Post a Comment