Monday, November 3, 2014

သမိုင်းဟာ သမိုင်းပါဘဲ။


အတိတ်ဖြစ်စဉ်ဟူသည် ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ၊ သိထားဘို့လိုသ လို ပြောင်းလဲပစ်ဖို့လည်း မသင့်လျော်ပါဘူး။ ဒါကြောင့်အမှန်ဖြစ်စဉ်တခုကိုပြောပြပါ ရစေ။
မြန်မာပြည်ကို Internet စတင်မိတ်ဆက်ပေးခဲ့သူဟာ ဘယ်သူလဲလို့မေးရင်၊ ကျနော် သိသလောက် အဲဒီသူဟာ ဦးသောင်း (အမေရိကန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ် ကြီးဟောင်းနဲ့သိပ္ပံ/နည်းပညာ ၀န်ကြီးအငြိမ်းစား) ဖြစ်ပါတယ်။
ထို့အတူ မြန်မာပြည် မှာ ကိုယ်ပိုင်MBA သင်တန်းတွေစတင်ဖွင့် လှစ်သင်ကြားနိုင်အောင် စတင်လှုံ့ဆော် Initiate လုပ်ခဲ့သူဟာလည်းသူပါဘဲ။
တဆက်တည်းမှာဘဲ သူစတင်မိတ်ဆက်/ လှုံ့ဆော်ပေးခဲ့တဲ့ Internet နဲ့MBA သင် တန်းတွေဖြစ်လာစေဘို့အတွက် အစအဆုံး အကောင်အထည်ဖော်ဆောင်ရွက်
( Implement လုပ်)ခဲ့တဲ့အပြင် Computer နဲ့ IT ပညာရပ်တွေကို မူလတန်းကစ,လို့ တိုင်းပြည်တနံတလျား အခုလိုကျယ်ကျယ်ပြန့်ပြန့်ထွန်းကားလာအောင်လုပ်ဆောင်
ပေးခဲ့သူက ယခင်အတွင်းရေးမှူး(၁)နဲ့ဝန်ကြီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီးခင်ညွန့် ဖြစ်ပါ တယ်။
ဒီလိုပြောရတာကလည်းတခြားကြောင့်မဟုတ်ပါဘူး။အဲသည်အချိန် (၁၉၉၄ခုနှစ်) က မိမိကိုယ်တိုင် ဒီကိစ္စတွေနဲ့ပါတ်သက်ပြီး တစိပ်တပိုင်းဆက်နွယ်ပါဝင်ဆောင်ရွက်ေ ပးခဲ့ရဘူးလို့ပါ။
၁၉၉၄ ခုနှစ် ကျနော် စစ်ဦးစီးမှူး (ပ) (G-1) ဘ၀နဲ့ အမေရိကန်နိုင်ငံကို အကြမ်းဖက် တိုက်ဖျက်ရေးကိစ္စဆွေးနွေးဘို့တာဝန်နဲ့ရောက်ရှိခဲ့ပြီး မြန်မာပြည်ကို ပြန်ခါနီးမှာ သံအမတ်ကြီး ဦးသောင်းကပြောပါတယ်။ မြန်မာပြည်မှာ Internet စတင်အသုံးပြု သင့်ကြောင်း၊ World Wide Web ဆိုတဲ့ WWW စာလုံး ရှေ့မှာခံပြီးဖွင့်ထားတဲ့ Information Highway/ Website တွေကအရမ်းများပြီး အကြောင်းအရာကဏ္ဍ စုံ သလို ဘာသာရပ်လည်းစုံလှသမို့ ပညာရေး/ကျန်မာရေးကအစ၊ကိစ္စအတော်များများ အတွက်အလွန်အကျိုးရှိမှာဖြစ်ပြီး တိုင်းပြည်ဖွံ့ဖြိုးရေးမှာ အထောက်အကူပြုစေနိုင်ေ ကြာင်း၊
တခါ- အစိုးရသတင်း ထုတ်ပြန်ရေးအဖွဲ့ကမကြာမကြာပြုလုပ်နေတဲ့ သတင်းစာရှင်း လင်းပွဲတွေရဲ့မှတ်တမ်းတွေကိုမြန်မာသံရုံးအသီးသီးထံ Fax နဲ့ ညလုံးပေါက်ထိုင်ပို့ နေမဲ့အစား Email ကနေ Soft Copy ထည့်ပြီး အားလုံးကိုတပြိုင်နက်တည်း လျင် မြန် စွာပို့နိုင်ကြောင်း။
နောက်တခါ- စင်္ကာပူနိုင်ငံကလာတဲ့ MBA သင်တန်းသားတွေရဲ့ မြန်မာပြည်လေ့ လာရေးခရီးစဉ်တွေကို သူ့အနေနဲ့သတင်းကနေ မကြာခဏကြားသိ/တွေ့မြင်နေ ရပေမဲ့ ကိုယ့်ဆီမှာ MBA သင်တန်းမရှိလို့သူတို့ဆီကိုတုံ့ပြန်မစေလွှတ်နိုင်ကြောင်း။ မြန်မာပြည်မှာMBA သင်တန်းရှိသင့်ကြောင်း။ ဒါကြောင့် ဒီကိစ္စတွေဆောင်ရွက်ဘို့ အမျိုးသား ပညာရေးကော်မီတီထံတင်ပြပေးစမ်းပါလို့ပြောပါတယ်။
သူပြောသွားတဲ့ Internet တို့၊ Email တို့၊ Website တို့၊ MBA ဆိုတာတွေ၊ အဲဒီအ ချိန်(၁၉၉၄ ခုနှစ်)လောက်က မြန်မာပြည်မှာမရှိသေးတဲ့အချိန်ပါ။ ဒါကြောင့် မြန်မာ ပြည်ကို ကျနော်ပြန်ရောက်တဲ့အခါ ထိုစဉ်က မြန်မာနိုင်ငံအမျိုးသားပညာရေးကော်မီ တီဥက္ကဌအဖြစ်ဆောင်ရွက်နေတဲ့ ဗိုလ်ချုပ်ကြီး ခင်ညွန့်ထံဆက်လက်တင်ပြပေးခဲ့ပါ တယ်။
ဗိုလ်ချုပ်ကြီး ခင်ညွန့်ကလည်း ချက်ချင်းဘဲ လိုလိုလားလား စိတ်ဝင်တစားနဲ့လိုအပ် တဲ့ စာရွက်စာတမ်းတွေ ထပ်မံ ရှာဖွေစုဆောင်းပြီး အစိုးရအဖွဲ့(Cabinet)ထံတင်ပြ ခဲ့ပါတယ်။ တခါ- Internet ကိုချိတ်ဆက်ပြီး Website တွေနဲ့ Email ပို့လွှတ်နည်းေ တွကို Cabinet အဖွဲ့ဝင်တွေရှေ့မှောက်မှာလက်တွေ့ပြသနိုင်ဘို့အတွက် IT နား လည်သူ အနီးအနားရှာဖွေရာမှာ တယောက်မှမရှိတာကြောင့် သံအမတ်ကြီး ဦးေ သာင်းဆီကလူတယောက်ကိုဘဲ အောက်စက်နဲ့တကွ ရန်ကုန်ကိုစေလွှတ်ခိုင်းကာ ချိတ်ဆက်ပြသခဲ့ပါတယ်။ ရန်ကုန်မှာ Internet လိုင်းတလိုင်းမှမရှိဘဲ အခက်အခဲရှိ သမို့ ဗန်ကောက်ရှိစစ်သံရုံးကတဆင့် ဖုန်းဆက်ခေါ်ယူချိတ်ဆက်ပေးခိုင်းကာလက်ေ တွ့ပြသခဲ့ရသပေါ့။ အဲသည်နောက်- Cabinet ကအတည်ပြုပေးပြီးတော့မှ ထိုစဉ်က ပညာရေးဝန်ကြီး၊ဆက်သွယ်ရေးဝန်ကြီး၊ ဒု-၀န်ကြီးတွေအပြင်အခြားသက်ဆိုင်ရာ ပါချုပ် /ပုဂ္ဂိုလ်တွေနဲ့ ပူးတွဲညှိနှိုင်းဆောင်ရွက်ခဲ့တာပါ(ကျနော်မှတ်မိသလောက် ဒေါက် တာသန်းညွန့်၊ ဒေါက်တာခင်စမ်းရီတို့ ဦးဆုံးပါဝင်ခဲ့ကြတယ်ထင်ပါတယ်)။
Internet ကိစ္စပြီးတော့၊ ပထမဆုံး MBA သင်တန်းအတွက် ပြည်ပကသင်ကြားရေး နဲ့ နည်းပြဆရာလိုအပ်တာကြောင့် အဲသည်အချိန်(၁၉၉၅)မှာ နှစ်နိုင်ငံတပ်မတော် ချင်း ချစ်ခင်ရင်းနှီးစေရေးအတွက် ကျနော်ဦးစီးပြီးဆောင်ရွက်နေတဲ့ US-Myanmar Joint Para-Jumping Programme (မြန်မာ-အမေရိကန်ပူးတွဲလေထီးခုန်) အစီအ စဉ်အရ ရန်ကုန်ကိုခေတ္တရောက်ရှိနေကြတဲ့ ဒုတိယကမ္ဘာစစ်အတွင်းအမေရိကန်နိုင် ငံ US Army ရဲ့ခရီးဝေးထိုးဖောက် လေထီးဆင်းကင်းထောက်တပ်ဖွဲ့( Marrill’s Marauders) အုပ်စုထဲက စစ်သည်ဟောင်းအဖိုးးကြီးအချို့ကတဆင့် အကူအညီေ တာင်းခဲ့ရပါတယ်။ သူ့တို့အသိအငြိမ်းစား Rector တဦးတို့ကို Volunteer အဖြစ်စ တင်ခေါ်ယူသင်ကြား စေခဲ့တာပါ။ (အခုတော့ MBA သင်တန်းဆိုတာဘယ်အမှတ် စဉ်ထိရောက်နေမှန်းမသိတော့သလို ဘယ်နေရာမှာ ဖွင့်နေမှန်းတောင်သိမထားမိေ တာ့ပါဘူး)။
ဒီလိုစတင်ခဲ့ရာကနေ ကွန်ပြူတာနဲ့ IT ပညာဆိုတာလည်း ထွန်းကားကျယ်ပြန့်သွား လိုက်တာ၊ သည်ကနေ့ ကျနော်တို့လိုက်မမှီနိုင်တော့ပါဘူး။ လူငယ်လူတော်တွေ လည်း အများကြီးပေါ်ထွက်ခဲ့ပါတယ်။ ဒီအတွက်ဝမ်းသာမှုအပြည့်ခံစား ရပါတယ်။ Internetသာ အဲသည်ချိန်ကမစခဲ့ရင်အခုဘယ်လိုဘ၀ရောက်နေမှာလည်းလို့လဲတွေး မိပါတယ်။
ဘာဘဲဖြစ်ဖြစ် အချိန်ကာလတွေ ဘယ်လိုပြောင်းခဲ့ပြောင်းခဲ့၊ တိုင်းပြည်တိုးတက်ေ အာင် တဖက်တလမ်းက ပါဝင်ဆောင်ရွက်ခဲ့ကြသူတွေရဲ့ လုပ်ဆောင်ချက်အမှန်ဖြစ် ရပ်တခုကိုတော့ နှောင်းလူတွေမေ့ပျောက်မသွားစေချင်ကြောင်းပါခင်ဗျား။

(လေးလွင်)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...