Don’t Argue—Discuss! အငြင်းအခုန် မလုပ်ပါနှင့် ဆွေးနွေးညှိနှိုင်းပါ။
ဆွေးနွေးညှိနှိုင်းခြင်းသည် ရင်းနှီးကျွမ်းဝင်သော ဆက်ဆံရေးကို ထူထောင်ပေးနိုင်ပြီး၊ ပါဝင် ပတ်သက်သူ အားလုံးကို အနိုင်ရစေရန် ဖန်းတီးပေးနိုင်သဖြင့် အကျိုးဖြစ်ထွန်းစေပါသည်။
အခြားတစ်ဘက်တွင် အငြင်းအခုန်လုပ်ခြင်းသည် အကျိုးဖြစ်ထွန်းစေရန် အလားအလာသိတ်မရှိပါ။ အကြောင်းမှာ အငြင်းအခုန်လုပ်ခြင်းသည် အမှန်စင်စစ် တဘက်သား၏ အမြင်အယူအဆများကို ပြောင်းလဲပစ်ရန် အတင်းအကြပ် ကြိုးပမ်းခြင်းသာဖြစ်ပြီး၊ အနိုင်ရသူနှင့်ရှုံးနှိမ့်သူများကိုသာ ထွက်ပေါ်စေသောကြောင့် ဖြစ်သည်။
အငြင်းအခုန်လုပ်ခြင်းသည် သင်က အနိုင်ရလိုက်သည့်တိုင် ထိခိုက်နစ်နာမှု တစ်မျိုးမျိုးကို အမြဲတစေ ဖြစ်ပေါ်စေပါသည်။ အကယ်၍ နောက်တစ်ကြိမ် သင် အယူအဆရေးရာ ပဋိပက္ခတွင် ပါဝင်ပတ်သက်လာရပါက အောက်ဖေါ်ပြပါ လမ်းညွှန်များကို အသုံးပြုပြီး၊ အငြင်းပွားနေရမှုကို ဖြေရှင်းလျှက် ရင်းနှီးကျွမ်းဝင်သော ဆက်ဆံရေးကို ထူထောင်နိုင်သည့် ဆွေးနွေးညှိနှိုင်းမှု အဖြစ်သို့ ပြောင်းပစ်ပါ။
- သဘောမတူနိုင်မှု ကို လှိုက်လှိုက်လဲလဲ ကြိုဆိုလိုက်ပါ။
တဘက်သားမှာ သင်က မစဉ်းစားမိသော အမြင်အထင်အယူအဆ ရှိနေနှိုင်သည့် အတွက် ကျေးဇူးတင်ထိုက်ပါသည်။ ဤလုပ်ခြင်းဖြင့် သင်က အမှားတစ်ခုကို မပြုမီ၊ အမှန်ပြင်နိုင်ရန် အခွင့်ကောင်း ရကောင်းရသွား နိုင်ပါသည်။
- သင့်ကိုသင် ကာကွယ်ဖို့ ကနဦး စိတ်စောနေမှုကို အားမထားလိုက်ပါနှင့်။
ကိုယ့်ကိုကိုယ် ကာကွယ်လိုခြင်းသည် သဘာဝတုန့်ပြန်မှု ဖြစ်ကြောင်း မကြာခဏ တွေ့ရှိ ရတတ်ပါသည်။ သို့သော်၊ ကိုယ့်ကိုကိုယ် မှန်သည် (ငါမမှားနှိုင်ဘူး)ဟု ကနဦး ထင်မှတ်မှုက နောက်ပိုင်း သင့်ရပ်တည်ချက်ကို ပြင်ဆင်ဖို့ ခက်ခဲသွားစေတတ်ပါသည်။ ထို့အပြင်၊ သင်က တဖက်သား၏ အယူအဆအတွေးအမြင်များကို ရယူအသုံးချနှိုင်မည့် အခွင့်အရေးကောင်း လက်လွှတ်ဆုံးရှုံး သွားနှိုင်ပါသည်။
- သင့် စိတ်၊ ဒေါသကို ထိမ်းချုပ်ပါ။
အခါခပ်သိမ်း ဒေါသထွက်၊ စိတ်မရှည် ဖြစ်မှုက ဆက်သွယ်ပြောဆိုမှုများကို ခက်ခဲသွားစေပါသည်။ လွယ်ကူချောမွေ့စေနိုင်ခြင်း မရှိပါ။ ထို့ကြောင့် ဒေါသအိုး မပေါက်ကွဲမီ သင့်စိတ်ကိုဖြေလျှော့ ထားပါ။
<!--[if !supportLists]-->· <!--[endif]-->ပထမ တဘက်သားပြောစကားကို နားထောင်ပါ။
တဘက်သားကို ဦးစွာ စတင်ပြောဆိုခွင့် ပေးလိုက်ပါ။ တဘက်သားက ပြောဆိုနေစဉ် ကိုယ့်ကိုကိုယ် ကာကွယ်ဖို့၊ (သို့) အငြင်းအခုံလုပ်ဖို့ မကြိုးစားပါနှင့်။ နားလည်(ပြေလည်)မှု တံတားကိုခင်းပါ၊ အထင်အမြင်လွဲမှု အုတ်တံတိုင်းကို မကာမိပါစေနှင့်။
- သဘောတူညီမှု ရနိုင်မည့် အနေအထား (နယ်ပယ်)ကို ရှာကြံပါ။
နှစ်ဦးနှစ်ဖက် သဘောတူညီမှု ရနိုင်မဲ့ နယ်ပယ်ကို တည်ဆောက်ပါ။ ဤသို့ တည်ဆောက်နိုင်ခြင်းက နှစ်ဦးနှစ်ဖက် ဘုံရပ်တည်ချက်ကို ရရှိစေပြီး၊ နှစ်ဦးနှစ်ဖက်စလုံး အတွက် ကောင်းမွန်သော အဖြေကို ရရှိစေပါသည်။
<!--[if !supportLists]-->· <!--[endif]-->ရိုးသားပါ။
သင်မှားနေကြောင်း ၀န်ခံရမည့်နေကို ရှာဖွေပြီး စောလျှင်စွာဝန်ခံပါ။ ဤသို့ပြုခြင်းက တဘက်သားကို လက်နက်ဖြုတ်သိမ်းစေပြီး၊ တဘက်သား၏ ကိုယ့်ကိုကိုယ် အတင်း ကာကွယ်လိုမှုကို လျှော့ကျစေနိုင်ပါတယ်။
- တဘက်သား၏ အယူအဆများကို လက်ခံစဉ်းစားမည်ဖြစ်ကြောင်း ကတိပြုပါ။
တဘက်သား၏ အယူအဆ၊ အထင်အမြင်ကို လက်ခံ စဉ်းစား၊သုံးသပ်မည်ဖြစ်ကြောင်း ပြောပြလျှက် အမှန်ပင် ထိုသို့ ပြုလုပ်ပါ။ အမှန်တကယ်ပဲ သူကမှန်နေခြင်း ဖြစ်ကောင်း ဖြစ်နိုင်ပါသည်။
တဘက်သားကို သူ့ရဲ့အကူအညီပေးလိုသည့်ဆန္ဒ အတွက် ကျေးဇူးတင်ကြောင်း ရိုးသားစွာ ပြောပြပါ။
ကိစ္စတစ်ရပ်အပေါ် သင်နှင့်သဘောမတူနိုင်ဖို့ အချိန်ယူစဉ်းစားသူ အများစုသည် သင့်လိုပင် ရလာဒ်ကောင်းတစ်ခုကို စိတ်ဝင်စားသူဖြစ်ပါသည်။ ယင်းကို ကြိုဆိုလိုက်ပါ။
သင်နှင့် တဘက်သား၊ နှစ်ဦးနှစ်ဖက်စလုံးက အသေအချာအချိန်ယူ စဉ်စားနှိုင်ဖို့ အရေးယူ လုပ်ဆောင်မှုတွေကို ယာယီရွှေ့ဆိုင်းလိုက်ပါ။
လိုအပ်လျှင် နောက်တစ်ကြိမ် တွေ့ဆုံဆွေးနွေးဖို့ အဆိုပြုပါ။ နောက်တစ်ကြိမ် တွေ့ဆုံဆွေးနွေးဖို့ ပြင်ဆင်ရာမှာ သင့်ရပ်တည်ချက်အပေါ် သင့်ကိုသင် ပြင်းပြင်းထန်ထန် မေးခွန်းထုတ် ဆန်းစစ်ပြီး၊ နှစ်ဦးနှစ်ဖက်စလုံးအတွက် အပြန်အလှန် အကျိုးဖြစ်စေမယ့် အဖြေကို အာရုံပြုပါ။
- သဘောမတူ နိုင်မှုကို သဘောတူဖို့ ဆန္ဒရှိပါစေ။
တစ်ခါတစ်ရံ၊ သင်တို့ နှစ်ဦးနှစ်ဖက်စလုံးမှာ မတူညီသော အထင်အမြင်၊အယူအဆများ ရှိနေကြောင်း လက်သင့်ခံဖို့ လိုအပ်တတ်ပါသည်။ ထိုအခါ ယင်းသို့လက်ခံလျှက် ရှေ့ခရီးဆက်နိုင်ရန်လိုပါသည်။ ဖြစ်နိုင်သမျှ သဘောထားပျော့ပျောင်းပြီး၊ အပေးအယူ အလျှော့အတင်း လုပ်နိုင်စွမ်းရှိရန် လိုအပ်ပါသည်။ ”မှုနှင့်ပတ်သက်လာလျှင် ကျောက်တုံးကျောက်ခဲလို ကြံ့ခိုင်ပါစေ၊ ခံစားမှုနှင့်ပတ်သက်လာလျှင် ရေစုံမှာ မျော်လိုက်သလို ငြင်သာပါစေ“ ဆိုတဲ့ အမေရိကန်နိုင်ငံရေးသုခမိန်ရဲ့ အကြံပေးချက်ကို နှလုံးသွင်းပါလေ။
0 comments:
Post a Comment