ဟာသစုဗူး (၁၀-၇)
" ပြ ဿ နာ "
အိပ်မပျော်သောရောဂါဖြင့် ယောင်္ကျားကြီးတစ်ယောက် ဆရာဝန်ထံ ရောက်လာသည် ။ ၄င်းကို ဆရာဝန်က
လိုအပ်သည်များကို စမ်းသပ်စစ်ဆေးသည် ။ စိုးရိမ်စရာ ဘာကိုမှ မတွေ့ သည်နှင့် ဆရာဝန်က ပြောသည် ။

" ခင်ဗျား အိပ်ပျော်အောင် ကျနော် လုပ်ပေးမယ် .. ဒါပေမဲ့ ခင်ဗျားကလဲ ကျနော့်ကို ကူဘို့ လိုတယ်
အဓိက ကတော့ ခင်ဗျား အိပ်ရာဝင်တဲ့အခါမှာ ရှိနေတဲ့  ပြဿနာတွေကို ခင်ဗျားနဲ့  အတူ ယူမလာ
နဲ့ ...။ ဘေးဖယ်ထားလိုက် "
" ဆရာ့ အကြံကို ကျနော် လက်ခံချင်လိုက်တာ ဆရာရယ်.. ခက်တာက ကျနော့်မိန်းမက သူတစ်ယောက်
တည်း အိပ်ဘို့  ငြင်းတယ် ခင်ဗျ "
Credit- TUN AYE
" လူ ကောင်း "
စိတ်ရောဂါအထူးကု ဆရာဝန်ကို လူနာက ပြောသည် ။
" ဒေါက်တာ..ကျနော့်ကို ကူပါဦး...။ ကျနော် လူတစ်ကိုယ်ထဲနဲ့  သုံးစိတ်ကွဲနေသလား မသိဘူး..

စဉ်းစားတာ တစ်ခု ၊ ပြောတော့ တစ်မျိုး ၊ လုပ်တော့ တစ်ခြား ဖြစ်နေတယ်ခင်ဗျ. "
" ဒါများ..အဆန်းလုပ်လို့  .. မစိုးရိမ်နဲ့  ... ခင်ဗျား ဘာမျ မဖြစ်ဘူး ။ ဒါ ..လူကောင်းတစ်ယောက်ရဲ့ 
လက္ခဏာတွေပဲဗျ. "
Credit- TUN AYE
သူရရဲ့ မိန်းမက အရမ်းကို သ၀န်တိုတတ်ပါတယ်။ သူရကို ဘယ်သွား သွား၊ ဘယ်လာလာ စိတ်မချတတ်သလို အမြဲ တမ်းလည်း ကွယ်ရာမှာ တခြားမိန်းကလေးတွေနဲ့ခြေရှုပ်နေပြီလားလို့လဲ အမြဲသံသယဖြစ်တတ် ပါတယ်။
တစ်ရက်တော့ သူရက အိမ်ပြန်နောက်ကျပါတယ်။ ဒါနဲ့မိန်းမဖြစ်သူက သူရရဲ့ ကုတ်အင်္ကျီကိုအသည်းအသန်တောင်းပြီး မိန်းမဆံပင်တွေ့လို တွေ့ငြား ရှာပါတော့တယ်။
ဆံပင်ချည်တစ်မျှင်မှ မတွေ့လို့သူရက စိတ်အေးသက်သာသွားချိန်မှာ သူ့မိန်းမက သ၀န်တို တတ်သူ ပီပီ ဒေါသတကြီး ဆိုလိုက်တာက "ရှင် ကျွန်မကွယ်ရာမှာ ကတုံးမ တစ်ယောက်နဲ့ ဖောက်ပြန်နေတယ်မဟုတ် လား .."တဲ့။
Credit- No Name
သူခိုး
မိမိ၏မိန်းမဖောက်ပြန်နေသည်ဟု သံသယဝင်နေသောယောက်ျားသည်
ခရီးသွားမည်ဟုမိန်းမကိုပြောပြီး ညဘက်တိတ်တိတ်လေးပြန်လာပြီး
အခန်းထဲတွင်ပြောသည့်စကားများကို အခန်းအပြင်မှခိုးနားထောင်နေသည်။
''တစောင်းလှဲလိုက်၊အင်း ဟိုဘက်နည်းနည်းရွှေ့၊ခြေထောက်ကိုအပေါ်ထောင်လိုက်
ဟုတ်ပြီ ရပြီ ရပြီ၊ကဲစဆွဲမယ်''
ကြားရသောစကားများကိုသည်းမခံနိုင်တော့ရွေ့
အခန်းထဲသို့ဝင်လိုက်သည်
မိန်းမဖြစ်သူ တခေါခေါနှင့်အိပ်မောကျနေသည်
စန္ဒရားကြီးမရှိတော့ချေ
Credit- No Name
သားက အဖေကို မေးသည်။
"ဖေဖေ ငွေဆိုတာ ဘာလဲပာင်?"
အဖေဖြစ်သူ မျှော်လင့်လေသံ နှင့် ပြန်ပြောသည်။
"ငွေဆိုတာ ကိုယ်ပိုင်ကား။ ၀ီစကီ နဲ့ မိန်းမချောတွေပါ။"

'ငွေမရှိဘူး ဆိုရင်ကော?
"အဲ့ဒါဆို ဘတ်စ်ကား။ လက်ဖက်ရည်ကြမ်းနဲ့ မင်းအမေပါ သားရယ်။"
CREDIT- NO NAME
*သေဖို့တောင် မကြံသေးဘူး ဟန်ရေးကပြင်ပြီ*
------------------------------
နာတာရှည် ရောဂါဝေဒနာနဲ့ မသက်မသာ ခံစားနေရတဲ့ လင်ယောကျာင်္းကို မယားဖြစ်သူ
အားပေးနေပါတယ်။
“မောင် အားမငယ်နဲ့နော် ကျွန်မရှင့်ကို ပြုစုလာခဲ့တာ ဘယ်လောက်ကြာပြီလဲ
မကြာခင်ပျောက်သွားမှာပါ”
“ရောဂါက မသက်သာပါဘူး မိန်းမရယ်”
“ဒါဆို ကျွန်မဘာလုပ်ပေးရမလဲဟင်”
“စောစောက မီးဖိုချောင်က ကြက်သားဟင်းနံ့ရတယ်ကွာ အဲဒါနဲနဲလောက် စားချင်လို့”
“အို အဲဒါ ဟိုလူ့ဖို့တော့်”
Credit- Sai Moe Htet

0 comments:
Post a Comment