Saturday, August 29, 2015

အတွေးအမြင်စာစု


တခါက ဥက္ကဌကြီးမော်စီတုံးဟာ သမ္မတလျူရှောက်ချီ၊ ၀န်ကြီးချုပ်ချူအင်လိုင်းတို့နှင့် တွေ့တော့ မေးခွန်း တစ်ခုမေးတယ်။
" ကြောင်တစ်ကောင်ကို ငရုတ်ကောင်းစားစေချင်တယ် ဆိုပါတော့၊ ခင်ဗျားတို့ဘယ်လိုကျွေးမလဲ "
ပထမဆုံး လျူကဖြေတယ် " လွယ်ပါတယ်ဥက္ကဌကြီး ကြောင်ကိုမလှုပ်နိုင်အောင် လူတစ်ယောက်က သေသေချာချာချုပ်ထားမယ်၊ ပြီးရင် ပါးစပ်ကိုဖြဲ၊ ငရုတ်ကောင်းအစေ့ကို ပါးစပ်ထဲထည့် လည်ချောင်းထဲ ကျသွားအောင် တူနဲ့ထိုးချ "

သူ့စကားမဆုံးမီ မော်စီတုံးက ထိတ်လန့်ဟန်ဖြင့် လက်ပြတားလိုက်သည်။ ဒါက မော်စကိုမှာသုံးသည့် အကြမ်းပတမ်းနည်းမျိုးဖြစ်တယ်။ လျူပြောတာကို သူလက်မခံ။ ပြီးတော့ ငရုတ်ကောင်းဆိုသည်မှာ အမှုန့်ထောင်းပြီး စားရသောအရာ၊ အစေ့လိုက်ဆိုတော့ ငရုတ်ကောင်းစားတာနှင့် မတူပေ.......
" မဟုတ်သေးပါဘူးဗျာ၊ စားတယ်ဆိုတာ သူ့သဘောဆန္ဒနဲ့ သူ့ဘာသာ စားတာမျိုးပဲ ဖြစ်ရမှာပေါ့၊ အတင်းအဓမ္မ အင်အားသုံးတာမျိုးတွေ မလုပ်ပါနဲ့ဗျာ " ဟု မော်က ဆိုသည်။
ချူအလှည့်မှာတော့ ချူက " ကျွန်တော် ပထမဆုံး ကြောင်ကို အစာမကျွေးဘဲ သုံးလေးရက် ပစ်ထားမယ်ဗျာ။ ပြီးတော့မှ ငရုတ်ကောင်းမှုန့်ကို အသားလွှာတစ်ခုပေါ်ဖြူးး အသားလွှာကို လိပ်ပြီးကျွေးမယ်ဗျာ၊ အစာငတ်နေတဲ့ အကောင်ဆိုတော့ အသားလိပ်တစ်ခုလုံး မြိုချမှာပဲ၊ ငရုတ်ကောင်း ပါမှန်းတောင် သိမှာမဟုတ်ဘူး " ဟု အဖြေပေးသည်။
ဒါကိုလည်း မော် သဘောမကျ....
" ခင်ဗျားဟာက တမင်လှည့်ဖျားတဲ့ နည်းပဲဗျာ၊ လူတွေကိုအရူးမလုပ်ကောင်းဘူး၊ ငရုတ်ကောင်းစားဖို့ အသားပါထည့်ကျွေးရမယ်ဆိုရင်တော့ ဘယ်ဖြစ်မလဲ"
" ဒါဆိုလည်း ဥက္ကဌကြီး စဉ်းစားထားတဲ့နည်းကို ပြောပြပါလားခင်ဗျာ "
လွယ်ပါတယ်ဗျ ဟု မော်က ပြုံးပြီးပြောသည်။
" ကြောင်ကို ၀မ်းဗိုက်ရော နံဘေးတွေပါ ငရုတ်ကောင်းမှုန့် နာနာပွတ်ပေး၊ ငရုတ်ကောင်းကြောင့် ပူပြီး ဘယ်လိုမှ နေထိုင်လို့မရ ဖြစ်လာတဲ့အခါ သက်သာအောင် လျှာနဲ့ လျက်လိမ့်မယ်၊ အဲဒါကို သွားမတားနဲ့ သူ့သဘောနဲ့သူ လွတ်လွတ်လပ်လပ် လျက်ခွင့်ပေးထားလိုက်။ အဲဒီလိုလျက်ခွင့်ရတဲ့အတွက်လည်း သူလည်း ကျေနပ်နေမှာပါဗျာ " ဟူ၍.........
မူရင်း…ကျော် သီဟ

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...