Saturday, August 22, 2015

ငြိမ်းချမ်းရေး စစ်တမ်း (၁၇)



တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ်အတည်ပြုမူကြမ်း ဥပဒေပြသနာများ

            ၂၀၁၅ မတ်လ (၃၁) ရက်က သဘောတူညီခဲ့သည့် အတည်ပြုမူကြမ်း(ဤလင့်ခ်တွင်ရှု) [i] ကို အဓိကထားကာ လက်မှတ်လာရောက် ထိုးကြရန် ဦးသိန်းစိန်ကဖိတ်ခေါ်ပြီးနောက်တွင် ဤစာချုပ်ကို ယခုအဆင့်တွင် လက်မှတ်ထိုး
သင့် မသင့်၊ တိုင်းရင်းသားအဖွဲ့ အစည်းများအကြား၌ ရပ်တည်ချက်အမျိုးမျိုးပေါ်လာနိုင်ပါသည်။ ယင်းနှင့် စပ်လျှဉ်း၍ သက်ဆိုင်ရာ တိုင်းရင်းသားလူထုများ၏ သဘောထား ထုတ်ဖေါ်ခွင့် ရစေရေးအတွက်၊ တရားဝင်စာချုပ်ဖြစ်နိုင်ရေး လိုအပ်ချက်များအားနိုင်ငံတကာ နှင့် ပြည်တွင်းဥပဒေရှုဒေါင့်များမှ တင်ပြပါမည်။
မဝေးလှသည့် တချိန်ချိန်တွင် စနစ်တကျပြင်ဆင်ရေးသားထားသော ငြိမ်းချမ်းရေးစာချုပ်အား အားလုံးဝိုင်းဝန်းကာ လက်မှတ်ထိုးကြရပါမည်။ ဤသည်ကို ငြင်းဆန်၊ ငြိမ်းချမ်းရေးကို ဦးတည်သည့် တွေ့ ဆုံဆွေးနွေးရေးဝိုင်းအား မျက်ကွယ်ပြုကာ၊ လက်နက်ကိုင်တိုက်ပွဲသက်သက်နှင့်သာ ပြသနာကို ဖြေရှင်းမည် ဟူ၍ မည်သည့် တိုင်းရင်းသား
လက်နက်ကိုင်အဖွဲ့ အစည်းကမျှ တောင်းဆိုနေခြင်း၊ ရပ်တည်ဆောင်ရွက်နေခြင်း ကို မတွေ့ ရပါ။ သို့ ရာတွင် မြန်မာ စစ်အစိုးရ အလိုကျ ယခုအချိန်မှာပင် ဤစာချုပ်ကို ချက်ခြင်းကြီးလက်မှတ်ထိုးချုပ်ဆိုရန် အဘယ်ကြောင့်လိုအပ်ပါသနည်း။ လက်မှတ်မထိုးပါက တိုက်ပွဲများ ပြန်ဖြစ်ကာ၊ သွေးထွက်သံယို များပေါ် လာနိုင်ပါမည်လား။ ဤသည်ကို ဆန်း စစ်ရန်လိုအပ်လာပါသည်။
လက်ရှိ ဘက်နှစ်ဘက် ဆွေးနွေးပွဲများတွင်အဓိကအားဖြင့် ပါဝင်ဦးဆောင်ဆွေးနွေးနေကြသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အစည်းကြီးများသည် ပြည်နယ်အဆင့်မှာသာမက၊ ပြည်ထောင်စုအဆင့်မှာပါ အပစ်ရပ်
စာချုပ်များအား လက်မှတ်ရေးထိုးချုပ်ဆိုခဲ့ကြပြီးဖြစ်သည်။ ကေအိုင်အိုနှင့် လည်း စစ်ရှိန်လျှော့ရန် သဘောတူ လက်မှတ်ထိုးထားခဲ့ကြပြီးဖြစ်သည်။ အဆိုပါ စာချုပ်များ၊ သဘောတူညီချက်များတွင် နောင်ချုပ်ဆိုမည့် တနိုင်ငံလုံး
အပစ်ရပ်စာချုပ်ကို လက်မှတ်ရေးထိုးခြင်း မပြုပါက မူလ စာချုပ် ပျက်ပြယ်စေရမည် ဟူသော ကန့် သတ်ချက်မပါရှိပါ။
သို့ ဖြစ်၍ ယခု အတည်ပြုမူကြမ်းအား လတ်တလောလက်မှတ်ရေး ထိုးချုပ်ဆိုခြင်းမပြုသေးရုံမျှနှင့် မူလရရှိ
ထားခဲ့သော သဘောတူညီချက်များသည် ဥပဒေသဘောအရ အလိုအလျှောက် ပျက်ပြယ်မသွားပါ။ သို့ ဖြစ်၍ မြန်မာ
စစ်အစိုးရအနေဖြင့် အသက်ဝင်နေဆဲဖြစ်သော အဆိုပါစာချုပ်များ၊ သဘောတူညီချက်များအား ဥပက္ခာပြုပြီး ၄င်း၏ သဘောဆန္ဒတခုတည်းနှင့် တဘက်သတ်ထိုးစစ်ကြီးများဆင်နွှဲတိုက်ခိုက်၍ မရပါ။ ဤသို့ ပြုပါက ချုပ်ဆိုခဲ့ပြီးသော စာချုပ်များနှင့် သဘောတူညီချက်များအား မြန်မာစစ်အစိုးရကိုယ်တိုင်က တဘက်သတ် ချိုးဖေါက်ခြင်း ဖြစ်ပါမည်။ တိုင်းရင်းသား အဖွဲ့ အစည်းများတွင် တာဝန်မရှိပါ။ ဤသို့ ချိုးဖေါက် တတ်သော အစိုးရမျိုးဖြစ်ကြောင်း ထင်ရှား
လျှင် ယခု တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ်ကိုအဘယ်ကြောင့် ထပ်မံချုပ်ဆိုရန် အကြောင်းရှိပါသနည်း။ မြန်မာစစ်အစိုးရဘက်က ၄င်းတို့ အလိုမကျပါက ထပ်မံ ချိုးဖေါက်ဦးမည်သာ ဖြစ်သည်။
သို့ ဖြစ်၍ ယခုရရှိထားသည့် တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် (အတည်ပြုမူကြမ်း) ကို လက်
မှတ်ရေးထိုးချုပ်ဆိုခြင်း မပြုသေးရုံမျှနှင့် တိုက်ပွဲကြီးများပြန်ဖြစ်၊ ဘက်နှစ်ဘက်စစ်သည်များနှင့် ပြည်သူလူထုများ သွေးထွက်သံယိုဖြစ်ကြမည် ဆိုပါက တာဝန်ရှိသူမှာ မြန်မာ စစ်အစိုးရသာဖြစ်ပါမည်။ ယခုရရှိထားသည့် အတည်ပြု မူကြမ်းအရဆိုလျှင်လည်း လက်မှတ်ထိုးချုပ်ဆိုစေဦးတော့ အလွယ်တကူ ကျိုးပေါက်နိုင်မည့် အနေအထား ဆက်ရှိနေ ဆဲပင်ဖြစ်သည်။ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးကိုပင် ခိုင်မာအောင်မလုပ်နိုင်သေးသည့် အတည်ပြုမူကြမ်း ဟူသည်အား ချက်ခြင်းလက်မှတ်ရေးထိုးချုပ်ဆိုရန် အရေးပေါ်အကြောင်းရပ်[ii] မရှိပါ။ ချုပ်ဆိုသင့်သည့် စာချုပ်မှာ ပစ်ခတ်တိုက်ခိုက်မှု
များ တကယ်တန်းပြန်မဖြစ်စေသည့် ထိန်းချုပ်မှုများခိုင်မာစွာပါရှိနေသော ငြိမ်းချမ်းရေးစာချုပ်[iii] ဖြစ်သည်။
တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် ချုပ်ဆိုလိုသည်မှာ မြန်မာ စစ်အစိုးရဖြစ်သည်။ ၄င်းကို လိုက်
ပါဆွေးနွေးရင်း တိုင်းရင်းသားတော်လှန်ရေးအဖွဲ့ အစည်းများက ငြိမ်းချမ်းရေး၏ အခြေခံများဖြစ်သည့် ဖက်ဒရယ်ပြည်
ထောင်စု၊ တိုင်းရင်းသား အခွင့်အရေး၊ လူသားချင်းစာနာမှု အကူအညီများ၊ နိုင်ငံရေးဆွေးနွေးပွဲဆိုင်ရာများ၊ မတရား
အသင်းကြေငြာထားခြင်းမှ ပယ်ဖျက်ရေး ဆိုင်ရာများ၊ အမျိုးသမီးများ၏ ပါဝင်ခွင့်၊ ကြားကာလအတွင်းဆောင်ရွက်မည့် အစီအစဉ်များ စသည်တို့ အားထည့်သွင်းဆွေးနွေးလာကြခြင်းဖြစ်သည်။ အပစ်ရပ်စာချုပ်သက်သက်မဟုတ်တော့။ ငြိမ်းချမ်းရေးစာချုပ် အသွင်ဆောင်လာ လျှက်ရှိပါပြီ။ ဤသည်မှာ ကောင်းသည့်လက္ခဏာဖြစ်သည်။ မြန်မာစစ်အစိုးရ
သည် ငြိမ်းချမ်းရေးကို တကယ်တန်း လို လားသည်မှန်ပါမူ ဘက်နှစ်ဘက်ဆွေးနွေးပွဲများ ဆက်လက်ကျင်းပကာ ပြည့်စုံကောင်းမွန်သည့် ငြိမ်းချမ်းရေးစာချုပ် တခု ဖြစ်လာစေရေးအတွက် ၀ိုင်းဝန်းကြိုးပမ်းပေးရန် တာဝန်ရှိသည်။
ယခုအဆင့်တွင် လက်မှတ်ထိုးလိုကြသည့် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့ များကိုယ်တိုင် မိမိတို့ ကိုယ်ကို ပြန်လည်သုံးသပ်ရန်လိုအပ်လာပါသည်။ ပြည်ထောင်စု အဆင့်အထိ ၄င်းတို့ အသီးသီးနှင့် မြန်မာစစ်အစိုးရ တို
လက်မှတ်ထိုးထားခဲ့သည့် စာချုပ်များနှင့် နိုင်းယှဉ်ပါက ယခုရရှိထားသည့် တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး စာချုပ် (အတည်ပြုမူကြမ်း) သည် များစွာ ကွာခြားသွားခဲ့ပါပြီ။ တိုးတက်မှုအမြောက်အများကို တွေ့ မြင်နိုင်ပြီဖြစ်သည်။ ဤသည်မှာ အားလုံးစုပေါင်းကြိုးပမ်းမှု၏ ရလာဒ်ဖြစ်သည်။
သို့ ရာတွင် ယခုရထားသော (အတည်ပြုမူကြမ်း) အဆင့်မျှနှင့် လက်မှတ်ရေးထိုးပေးလိုက်မည်ဆိုပါမူ စစ်မှန်
သော ငြိမ်းချမ်းရေးအတွက် အုတ်မြစ်ချရာမရောက်ဘဲ ("အယောင်ပြ" ဒီမိုကရေစီ နှင့် "ဝေါဟာရ" မျှသာ ရမည့် ဖက်ဒရယ် တို့ ဖြင့်) စစ်အာဏာရှင်စနစ်သက်ဆိုးရှည်ရေးကို လက်တွေ့ အရ ပံ့ပိုးပေးလိုက်ရာများ ရောက်နေမည်လား
သုံးသပ်ရန်လိုအပ်လာပါသည်။ ဤသည်ကို သက်ဆိုင်ရာတိုင်းရင်းသားတော်လှန်ရေး အဖွဲ့ အစည်းများက ကိုယ်စားပြု ထားသည့်တိုင်းရင်းသား လူမျိုးအသီးသီးကိုယ်တိုင်က လေ့လာ၊ သဘောထားများ စုစည်းထုတ်ဖေါ်၊ ယခုရထားသော (အတည်ပြုမူကြမ်း) လက်မှတ်ထိုးရေး မထိုးရေး ကို ဆုံးဖြတ်ဆောင်ရွက်ကြမည့် မိမိတို့ ၏ အဖွဲ့ အစည်းများအား အကြံပြုချက်များ ပေးပို့ ကြမည် ဆိုလျှင် အကျိုးရှိနိုင်ပါမည်။
ငြိမ်းချမ်းရေး ပြသနာသည် လက်နက်ကိုင်စွဲတိုက်ပွဲဝင်နေကြသည့် အဖွဲ့ အစည်းများ၏ ပြသနာ သက်သက် မဟုတ်ပါ။ တိုင်းရင်းသားပေါင်းစုံ လူထုကြီးတရပ်လုံး၏ ပြသနာဖြစ်သည်။ ယခုအချိန်တွင် ဤသည်ကို ဆုံးဖြတ်ဆောင် ရွက်ကြမည့် တိုင်းရင်းသားတော်လှန်ရေး အဖွဲ့ အစည်းအသီးသီးများသည် မိမိတို့ သက်ဆိုင်ရာ လူထုများ၊ မိမိတို့ ကို အစဉ်တစိုက် ထောက်ခံလာခဲ့ကြသော ပြည်တွင်း ပြည်ပရှိ လူထုအသင်းအဖွဲ့ များနှင့် (ဖြစ်နိုင်လျှင်ကိုယ်တိုင်ကိုယ်ကျ) တွေ့ ဆုံ သဘောထားဆန္ဒများ ရယူခြင်း၊ အနည်းဆုံးအားဖြင့် အဝေးရောက်ဆန္ဒများ ရယူခြင်းတို့ ဆောင်ရွက်နိုင်မည်
ဆိုပါက ငြိမ်းချမ်းရေးလှုပ်ရှားမှုသည် လူထု လှုပ်ရှားမှုအသွင်ဆောင်လာပါမည်။ လူထုအင်အားများပါလာပါမည်။ ယင်း
သို့ ဖေါ်ဆောင်သည့် လုပ်ငန်းစဉ်သည်သာ စစ်မှန်သည့် ငြိမ်းချမ်းရေးကို ဦးတည်နိုင်ပါသည်။
           နိုင်ငံအချင်းချင်း အကြား ချုပ်ဆိုသည့် စာချုပ်(သို့ မဟုတ်) နိုင်ငံတနိုင်ငံနှင့် နိုင်ငံတကာ အသွင်လက္ခဏာ ဆောင်သော နိုင်ငံတကာအဖွဲ့ အစည်း (ဥပမာ ILO) တို့ အကြား ချုပ်ဆိုသည့် စာချုပ်ဖြစ်မှသာ နိုင်ငံတကာ ဥပဒေ အရတရားဝင် စာချုပ်ဖြစ်ပါမည်။ ၄င်းအခြေခံအရဆိုပါမူ အစိုးရနှင့် ၄င်းကို ဆန့် ကျင်တော်လှန်တိုက်ခိုက်နေကြသည့် လက်နက်ကိုင်အင်အားစုများအကြား ချုပ်ဆိုသော စာချုပ်များ[iv] သည် နိုင်ငံတကာ ဥပဒေအရ တရားဝင်စာချုပ်
မဖြစ်နိုင်ပါ။
           
သို့ ရာတွင် တိုင်းရင်းသားတော်လှန်ရေး အဖွဲ့ အစည်းများသည် အခြေအနေနှစ်ရပ်အောက်တွင် နိုင်ငံတကာ
ဥပဒေအရ အရေးထားရမည့်အရာ[v] ဖြစ်သွားမည်ဆိုပါက နိုင်ငံတကာရှုဒေါင့်မှနေ၍ တရားဝင်မှုကို တစုံတရာ ချဉ်းကပ်
နိုင်ဘွယ်ရှိလာပါသည်။[vi]  ပထမ တရပ်မှာ နိုင်ငံတကာ လူသားချင်းစာနာထောက်ထားသည့် ဥပဒေ[vii] အခြေခံများအား စာချုပ်တွင် ထည့်သွင်းချုပ်ဆိုခြင်းနှင့် နိုင်ငံတကာမှ ပါဝင်လက်မှတ်ရေးထိုးခြင်း[viii]  ဖြစ်သည်။ သာဓကအနေဖြင့် အစိုးရနှင့် Revolutionary United Front (RUF) တို့ အကြားချု့ပ်ဆိုသည့် စာချုပ်တွင် လူသားချင်းစာနာထောက်ထား
မှုဆိုင်ရာများအား ထည့်သွင်းချုပ်ဆိုခဲ့ကြသည်။[ix] ယင်းသို့ ဖြင့်စာချုပ်မှနေ၍ နိုင်ငံတကာက ပါဝင်ပတ်သက်နိုင်ရေး လမ်းကြောင်းကို ပွင့်သွားစေခြင်း ဟု ဆိုနိုင်သည်။
ဒုတိယ တရပ်မှာ ခေတ်သစ်ကြို နိုင်ငံတကာဥပဒေ[x] က လက်ခံလာသည့် (မိမိတို သမိုင်းကြောင်း၊ ရိုးရာ
အစဉ်အလာ၊ ဘာသာစကား၊ နယ်မြေ တို့ ကိုယ်စီ ရှိကြသည့်) လူမျိုး[xi] များအား သမိုင်းကြောင်းအရ ဦးစားပေးမှု[xii] အခြေခံမှနေ၍ ဒေသခံတိုင်းရင်းသားများ (Indigenous Peoples) အနေဖြင့်[xiii] အသိအမှတ်ပြုခွင့်ရရေး ရှုဒေါင့်မှ ချဉ်းကပ်ခြင်း ဖြစ်သည်။ လွတ်လပ်သောနိုင်ငံတည်ထောင်ခြင်းမှလွဲ၍ ယင်း၏ အောက်တဆင့်နိမ့်ရုံမျှ[xiv]  ဖြစ်သော
ကိုယ်ပိုင်ပြဌာန်းခွင့်[xv] အပြည့်အ၀ရထိုက်သည့် လူထုအနေအထားမျိုးမှ စာချုပ်ကို ချဉ်းကပ်ခြင်း ဖြစ်သည်။[xvi] သာဓကအားဖြင့် မက္ကဆီကန် အစိုးရနှင့် Chiapas လူမျိုးများ (ZNLA မှတဆင့်) ဘင်္ဂလားဒေ့ရှ် အစိုးရနှင့် စစ်တကောင်းတောင်တန်းရှိ ဒေသခံတိုင်းရင်းသားများ၊ အိန္ဒိယ အစိုးရနှင့် အရှေ့ မြောက်ဒေသရှိ လူမျိုးအုပ်စုများ၊ ပြင်သစ်နှင့် နယူးကယ်လီဒိုးနီးယားရှိ Kanaks များ၊ ဂွါတီမာလာ အစိုးရနှင့် ဒေသခံတိုင်းရင်းသားများ အစရှိသည်
တို့ ဖြစ်သည်။[xvii] အလားတူ သဘောတူညီချက်များအား တောင်အာဖရိက အစိုးရနှင့် Khomani San တို့ အကြား
တွင်လည်းကောင်း၊ ကနေဒါ အစိုးရနှင့် ဒေသခံတိုင်းရင်းသားများအကြားတွင်လည်းကောင်း ရရှိခဲ့ကြပြီး မြေယာအငြင်း
ပွားမှုများနှင့် ဆက်နွယ်သည့် ကိုယ်ပိုင်ပြဌာန်းခွင့်ဆိုင်ရာများ ပါဝင်သည်။[xviii]
စင်စစ်အားဖြင့်မူ မြန်မာနိုင်ငံရှိတိုင်းရင်းသားများသည် စုပေါင်းအခွင့်အရေးတွင် မြန်မာလူမျိုးများနှင့် တန်းတူ ရထိုက်သူများဖြစ်သည်။ ကရင်အမျိုးသားများဆိုလျှင် တနိုင်ငံလုံးလူဦးရေအရတွက်ပါမူ လူနည်းစု ဟူ၍ပင် ဆို၍မရ
နိုင်ပါ။ သို့ ဖြစ်၍လည်း တန်းတူရေးနှင့်ကိုယ်ပိုင်ပြဌာန်းခွင့်အတွက် တလျှောက်လုံးဦးတည်တိုက်ပွဲဝင်နေခြင်းဖြစ်သည်။
မြန်မာနိုင်ငံပြည်တွင်းစစ်ပြသနာကို အဖြေရှာနိုင်ရေးအတွက် အထက်ပါ နိုင်ငံတကာဥပဒေအခြေခံများနှင့် ဆက်စပ်ကာ မြန်မာမဟုတ်သော တိုင်းရင်းသားများအနေဖြင့် ဒေသခံတိုင်းရင်းသားအခွင့်အရေး Indigenous Peoples’ Rights ကို ဖေါ်ထုတ်တောင်းဆိုရန် လိုအပ်လာသည်။ မြန်မာလူမျိုးလည်း တိုင်းရင်းသား၊ မြန်မာမဟုတ်
သော အခြားတိုင်းရင်းသားလူမျိုးများလည်း တိုင်းရင်းသား[xix] ဟူရုံမျှနှင့် မလုံလောက်တော့ပါ။ မြန်မာလူမျိုးလည်း တိုင်းရင်းသားဟူသည်ကို သမိုင်းအရ အငြင်းပွားဘွယ်မရှိ။ သို့ ရာတွင် တိုင်းရင်းသားပြည်နယ်များ တွင် မြန်မာ
မဟုတ်သော သက်ဆိုင်ရာတိုင်းရင်းသားလူမျိုးအသီးသီးသည် သမိုင်းတွင် မြန်မာလူမျိုးများထက် အရင်ဦးစွာ
ရောက်ရှိ အခြေစိုက် နေထိုင်လာခဲ့ကြသည့် ဒေသခံတိုင်းရင်းသားများဖြစ်သည်။
မြန်မာလူမျိုးများသည် မြန်မာအစ တကောင်းက ဟူသည့် ဆိုရိုးစကားလာရှိသည့် အတိုင်း တကောင်း၊ ပုဂံစသည့် မြေပြန့် ဒေသ တ၀ိုက်တွင် ဒေသခံတိုင်းရင်းသားများဖြစ်သည်။ သို့ ရာတွင် ၄င်းတို့ သည် မြန်မာမဟုတ်
သည့် အခြားတိုင်းရင်းသားပြည်နယ်အသီးသီးတွင် ဒေသခံတိုင်းရင်းသားများမဟုတ်၊ နောက်ပိုင်းမှ သွားရောက်အခြေ
စိုက်နေထိုင်လာခဲ့ကြသူများ[xx] ဖြစ်သည်။ သို့ ဖြစ်၍ အဆိုပါ ပြည်နယ်အသီးသီးတွင် စာရေးသူကဲ့သို့ မြန်မာလူမျိုးများ သည် ဒေသခံတိုင်းရင်းသားအခွင့်အရေးမရထိုက်။
 တိုင်းရင်းသားပြည်နယ်များ၌ ဒေသခံတိုင်းရင်းသားများ နှစ်ရာပေါင်းများစွာအစဉ်တစိုက်အခြေစိုက်နေထိုင်
လာခဲ့ကြသည့် ရေမြေ၊ တောတောင်၊ သဘာဝပတ်ဝန်းကျင်များအား ၄င်းတို့ သာလျှင် အဓိကပိုင်ဆိုင် စီမံခန့် ခွဲခွင့်
ရှိသည်။ ဤသည်မှာ ၄င်းတို့ ၏ စုပေါင်းအခွင့်အရေး[xxi] သာမက ကိုယ်ပိုင်ပြဌာန်းခွင့်လည်းဖြစ်သည်။ အမြင်ကို ရှင်းလင်းစွာလက်ခံပြီးနောက်တွင် မြန်မာစစ်အစိုးရအနေဖြင့် စာချုပ်ကို ချဉ်းကပ်မှသာ သဘာဝကျပါမည်။ နိုင်ငံတကာ ဥပဒေအခြေခံများနှင့်လည်းကိုက်ညီပါမည်။  ရေမြေ၊ တောတောင်၊ သဘာဝပတ်ဝန်းကျင်များအပေါ်တွင် ဒေသခံတိုင်း
ရင်းသားများ၏ ပိုင်ဆိုင်၊ အသုံးချ၊ စီမံခန့် ခွဲပိုင်ခွင့်ကို ငြင်းပယ်ပါက ယင်းတို့ အပေါ်တွင် အခြေခံကာ ကျင့်သုံးရမည့် သီးသန့် ဖြစ်သော ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်း၊ ရိုးရာအစဉ်အလာ၊ ဘာသာစကား၊ စာပေ များ တဖြေးဖြေးမှေးမှိန်ကာ ပျောက်ကွယ်သွားပါမည်။
ထိုအခါတွင် စစ်အာဏာရှင်စနစ်ကြောင့်ဟူ၍ လွယ်လင့်တကူ လက်ညှိုးထိုးရုံ ထက်ပို၍ဆိုးကာ မြန်မာလူမျိုး
များက မြန်မာမဟုတ်သော အခြားတိုင်းရင်းသားလူမျိုးများအပေါ် ကိုလိုနီပြုသည်ဟူ၍ စွပ်စွဲခံရနိုင်ပါ မည်။ ယင်းသို
ဖြစ်လျှင် ဒေသခံတိုင်းရင်းသားများ၏ အခွင့်အရေးအား နိုင်ငံတကာလူ့ အခွင့်အရေးနှင့် ဆက်စပ်သည့်[xxii] လှုပ်ရှား
မှုများ ပေါ်ပေါက်လာလျှင် မြန်မာလူမျိုးများကိုယ်တိုင် ဂုဏ်သိက္ခာထိခိုက်ဘွယ်ရှိသည်။ သို့ ဖြစ်၍ မြန်မာ မဟုတ်သည့် တိုင်းရင်းသားများအား ၄င်းတို့ ၏ သက်ဆိုင်ရာပြည်နယ်အသီးသီး၌ ဒေသခံတိုင်းရင်းသားအခွင့်အရေး ကို အသိ
အမှတ်ပြုဖေါ်ဆောင်ပေးရန်သည် မြန်မာလူမျိုးများကိုယ်တိုင်၏ ပခုံးပေါ်ကို ကျရောက်နေပါပြီ။ ဤအခြေခံ မှ နေ၍ လက်ရှိချုပ်ဆိုမည့် စာချုပ်ကို ချဉ်းကပ်ကာ အုတ်မြစ်များချသွားမည်ဆိုပါက စစ်မှန်သည့် ငြိမ်းချမ်းရေးကို ဦးတည်နိုင်
ပါမည်။

သို့ မဟုတ်ဘဲ နောင်ကို ကျင်းပမည်ဟု မြှော်လင့်ချက်ပေးထားသော နိုင်ငံရေးဆွေးနွေးပွဲဟူသည်များအပေါ်
တွင် သာ ယုံကြည်ပြီး ပုံထားလိုက်လျှင်၊ ယင်းတွင် ပုံသဏ္ဍာန်အမျိုးမျိုး၊ စုဖွဲ့ မှု အဖုံဖုံဖြင့် "စစ်ခေါင်းဆောင် ဟောင်း၊ သစ် များနှင့် မြန်မာလူမျိုးဧရာမအများစုအား" လူများစုကြီးနေရာရအောင် ဖန်တည်းပေးထားမည်မှာ သေချာနေသည်။ ၁၉၉၃ ခုနှစ်မှနေ၍ ၁၅ နှစ်နီးပါးကြာ ကျင်းပခဲ့သည့် အမျိုးသားညီလာခံမျိုးအား "နိုင်ငံရေးဆွေးနွေးပွဲ" ဟူ၍ ခေါင်းစဉ်
ပြောင်းတပ်ကာ ဒုတိယအကြိမ်ကျင်းပခွင့်ပေးခြင်းထက် ပိုနိုင်ဘွယ်မရှိပါ။ ဒေသခံ တိုင်းရင်းသားများ၏ ကိုယ်ပိုင်ပြ
ဌာန်းခွင့်များရရှိနိုင်ရေး ဟူသည်မှာ စိတ်ကူးယဉ်အိပ်မက်မျှနှင့် နိဂုံးချုပ်သွားနိုင်ပါမည်။  
သို့ ဖြစ်၍ ယခုအတည်ပြုမူကြမ်းဟူသည်အား လွယ်လင့်တကူ လက်မှတ်ထိုးပေးလိုက်ခြင်း မပြုဘဲ နိုင်ငံ
တကာ အသွင်လက္ခဏာ[xxiii] ဆောင်သည့်အပြင် ဥပဒေသဘောအရ စာချုပ်၏ အင်္ဂါရပ်နှင့်ညီညွတ်သော ငြိမ်းချမ်းရေး
သဘောတူညီချက်မျိုး ပေါ်ထွက်လာရန် ဆက်လက်ကြိုးပမ်းမည်ဆိုပါက တိုင်းရင်းသားပြည်နယ်များ အားလုံး အတွက် အကျိုးရှိနိုင်ပါမည်။ သို့ ဖြစ်လျှင် နိုင်ငံတကာဥပဒေအရ တစုံတရာ အသိအမှတ်ပြုခံရကာ ပြည်တွင်း ဥပဒေအရလည်း တရားဝင်သည့် သဘောတူညီချက် ဖြစ်ရပါမည်။ ယင်းအတွက် လိုအပ်ချက်များမှာ အဘယ်နည်း။
      (
) သဘောတူညီချက်လက်မှတ်ရေးထိုးသည့် စာချုပ်ဝင်များ[xxiv] သည် တရားဝင်ရမည်။ တရားဝင်အဆင့်
           
အတန်း[xxv] ရှိနေရမည်။ အနည်းဆုံးအားဖြင့် လက်မှတ်ရေးထိုးပြီးသည့်အချိန်တွင် တရားဝင်အဖွဲ့ အစည်းများ
           
အဖြစ်ရောက်ရှိသွားပြီဖြစ်ကြောင်းသဘောတူညီချက်တွင် ဖေါ်ပြပါရှိရန်လိုသည်။
      (
) စာချုပ်ကို ချုပ်ဆိုကြသည့် ဘက်နှစ်ဘက်[xxvi] ကို ရှင်းလင်းစွာဖေါ်ပြရမည်။
      (
) သဘောတူညီချက်အား ပုံစံတကျ ရေးသားဖေါ်ပြ၊[xxvii] တိကျရှင်းလင်းမှုရှိကာ[xxviii] အခွင့်အရေးများ[xxix] နှင့်
           
တာဝန်ရှိမှု[xxx]  ကို ပေါ်လွင်စေရပါမည်။
      (
) နိုင်ငံတကာဥပဒေက မြန်မာနိုင်ငံတွင် စာချုပ်ချုပ်ဆိုကြမည့် ဘက်နှစ်ဘက်အပေါ် သက်ရောက်မှုရှိစေခြင်း၊
          
စာချုပ်ချုပ်ဆိုရာတွင် ရွေးချယ်မှု[xxxi] ကို ဆန့် ကျင်ပြီးတပြေးညီ[xxxii] ကျင့်သုံးခြင်း၊ ယခင်က အလားတူစာချုပ်
          
များရှိခဲ့လျှင် မည်သည့်စာချုပ်က လွှမ်းမိုးကြောင်း[xxxiii] ရှင်းလင်းစွာဖေါ်ပြခြင်း၊ စသည်တို့ ဖြင့် ဥပဒေစိုးမိုး
          
ရေး[xxxiv] အခြေခံကို ဖေါ်ဆောင်ရပါမည်။
      (
) ဒေသခံတိုင်းရင်းသားများ၏ အခွင့်အရေး၊ လူ့ အခွင့်အရေး အခြေခံများမှနေ၍ လတ်တလောပြသနာများ[xxxv]
          
ကို ချက်ခြင်းစတင်ဖြေရှင်းနိုင်မည့် သဘောတူညီချက်များ နှင့် အရင်းခံပြသနာများ[xxxvi] ကို ရေရှည်ဖြေရှင်းနိုင်
           
မည့် အခြေခံသဘောတူညီချက်များပါရှိရန် လိုပါမည်။
      (
) သဘောတူညီချက်များအား အကောင်အထည်ဖေါ်မည့် အဖွဲ့ အစည်းတရပ်၏ ဖွဲ့ စည်းမှုကို ထည့်သွင်းချုပ်ဆို
          
ရပါမည်။
      (
) ဘက်တဘက်ဘက်က ဖေါက်ဖျက်ကျူးလွန်မှုရှိလာလျှင် အရေးယူဆောင်ရွက် မည့် ယန္တရား[xxxvii] နှင့် ယင်း၏
          
ဖွဲ့ စည်းမှုကို စာချုပ်တွင် ထည့်သွင်းရပါမည်။
      (
) တတိယအင်အားစု[xxxviii]တွင် စာချုပ်ကို အဓိပ္ပါယ်ဖွင့်ဆိုခွင့် သို့ မဟုတ် အတည်ပြုခွင့်ရှိကြောင်း ရှင်းလင်းစွာ
          
ဖေါ်ပြရပါမည်။
      (
) သက်ဆိုင်ရာနိုင်ငံ၏ အုပ်ချုပ်ရေးအရ အမြင့်ဆုံးတာဝန်ရှိသူ နှင့် တဘက်အဖွဲ့ အစည်း၏ အမြင့်ဆုံးတာဝန်
           
ရှိသူများတို့ လက်မှတ်ရေး ထိုးနိုင်လျှင် အကောင်းဆုံးဖြစ်သည်။ စာချုပ်အကောင်အထည်ဖေါ်ရာ၌ ၀င်ရောက်
           
ပံ့ပိုးထောက်ကူပေးမည့် ကုလသမဂ္ဂ၊ ( အီးယူနှင့် အာဆီယံတို့ ကဲ့သို့ သော) ဒေသကြီးဆိုင်ရာအဖွဲ့ အစည်း
          
ကြီးများ၊ နိုင်ငံကြီးများ၏ အစိုးရကိုယ်စားလှယ်များ အသိသက်သေအနေဖြင့် ပါဝင်လက်မှတ်ရေးထိုးစေ
          
သင့်သည်။
       (
၁၀) နောက်တက်လာမည့် အစိုးရအဆက်ဆက်က စာချုပ်အပေါ် တာဝန်ခံမှုကို အာမခံသည့် ဥပဒေဘောင်
              
နောက်ခံရှိနေရပါမည်။
အထက်ပါ အခြေခံစံထားချက်မှနေ၍ လက်ရှိအတည်ပြုမူကြမ်းကို သုံးသပ်ပါမည်။
() စာချုပ်ဝင်များ၏ တရားဝင် အဆင့်အတန်း
           
တဘက်က တရားဝင်နေရာရယူထားပြီး အခြားတဘက်အား တရားမ၀င်ပြုထားလျှင်၊ သို့ မဟုတ် တရားဝင် ပြုမယောင်နှင့် တရားမ၀င်သည့် နေရာတွင် ဆက်လက်ထားရှိနိုင်စေမည့် ချုပ်ဆိုချက်မျိုးပါရှိလျှင် တရားဝင်စာချုပ်ဖြစ်
လာနိုင်ဘွယ်မရှိပါ။ ယခုစာချုပ်၌ အစိုးရဘက်ကသာ တရားဝင်နေရာဆက်ယူထားပြီး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ များအား တရားမ၀င်ဆက်ရှိစေမည့် အနေအထားမျိုးကို တွေ့ နေရသည်။ တရားဝင်စာချုပ်မဖြစ် နိုင်ပါ။
            စာချုပ်အပိုဒ် ၂၄ () တွင် "ဤသဘောတူစာချုပ်ကို လက်မှတ်ရေးထိုးကြသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ အားလုံးကို မတရားအသင်းအဖြစ်ကြေညာထားခြင်းမှ ပယ်ဖျက်ရေး ဆက်လက်ဆောင်ရွက်သွားရန် သဘောတူသည်။" ဟု ဖေါ်ပြထားသည်။ "ပယ်ဖျက်ရေး ဆက်လက်ဆောင်ရွက်သွားရန်" ဟူသည်မှာ ဥပဒေသဘော
အရတိကျရေရာမှုမရှိပါ။ စာချုပ်ချုပ်ဆိုပြီးနောက်ပိုင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းများအား "မတရား
အသင်းအဖြစ်ကြေညာထားခြင်းမှ ပယ်ဖျက်နိုင်ရေးအတွက် လက်နက်ဖြုတ်ကြပါ" ဟု မြန်မာစစ်အစိုးရက ဖြစ်စေ၊ မြန်မာစစ်တပ်၏ ကာချုပ်ကဖြစ်စေ တောင်းဆိုလာလျှင် ဤသည်မှာ စာချုပ်နှင့် မညီဟု မဆိုနိုင်ပါ။ လက်နက်မဖြုတ် သမျှကာလပတ်လုံး မတရားအသင်းအဖြစ်ကြေငြာထားခြင်းမှ ပယ်ဖျက်ခြင်း မပြုနိုင်ဟု မြန်မာစစ်အစိုးရက အကြပ် ကိုင်နိုင်သည်။
            စာချုပ်ချုပ်ဆိုပြီးနောက်ပိုင်းတွင် အဖွဲ့ အစည်းနှင့် ၄င်း၏ လက်နက်ကိုင်တပ်အား ဖြိုခွဲရာ၌ ၄င်း အပိုဒ် ၂၄() အား လက်နက်အဖြစ်လည်းသုံးသွားနိုင်သည်။ အဖွဲ့ အစည်းကို မတရားအသင်းကြေငြာထားခြင်းမှ ပယ်ဖျက်ပေးပြီး ၄င်း၏တပ်အား သည်အတိုင်းထားခဲ့လျှင် မည်သို့ ဖြစ်မည်နည်း။ အဖွဲ့ အစည်းက တရားဝင်အသင်းဖြစ်သွားမည်။ ၄င်း၏ လက်နက်ကိုင်တပ်က မတရားအသင်းအနေဖြင့် ဆက်ရှိနေမည်။ သက်ဆိုင်ရာအဖွဲ့ အစည်းကို မတရားအသင်း
အဖြစ်မှ ပယ်ဖျက်လိုက်သည့် အချိန်တွင် စစ်ဘက်ဆိုင်ရာတာဝန်ယူမထားသူ အရပ်ဘက်ခေါင်းဆောင်များသည် မတရားအသင်း ဥပဒေနှင့် အရေးယူခံရခြင်းမှ ကင်းလွတ်သွားမည်။ အရပ်ဘက်ရော စစ်ဘက်ရော နှစ်ခုလုံးအတွက် ခေါင်းဆောင်မှုတာဝန်ယူထားသူများ၏ အနေအထားသည် မည်သို့ ရှိမည်နည်း။ ဥပဒေသဘောအရ ရှုတ်ထွေးမှုများစွာ ပေါ်လာပြီး တိုင်းရင်းသားတော်လှန်ရေးအဖွဲ့ အစည်းတခုအတွင်း အချင်းချင်း အကြားတွင် မယုံသင်္ကာများ၊ သံသယ များ၊ ပြသနာများ မြောက်များစွာပေါ်လာနိုင်သည်။
ယင်းတို့ ကို ဖြေရှင်းနိုင်ရန် ရယူသင့်သော သဘောတူညီချက်ကို အောက်ပါအတိုင်း အဆိုပြုပါသည်။
            "ဤသဘောတူစာချုပ်ကို လက်မှတ်ရေးထိုးကြသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ အားလုံး
ကို ယင်းသို့ လက်မှတ်ရေးထိုးချုပ်ဆိုသည့် နေ့ မှ ရက်သတ္တပတ် သုံးပတ်အတွင်း မတရားအသင်းအဖြစ်ကြေညာထား
ခြင်းမှ အစိုးရအနေဖြင့် ပယ်ဖျက်ရုပ်သိမ်းပေးသွားမည်။ ၄င်းတို့ ၏ တပ်များအား ဒေသရှိပြည်သူလူထုကို ကာကွယ်
စောင့်ရှောက်သည့် လက်နက်ကိုင်အဖွဲ့ များအဖြစ်ဖွဲ့ စည်းသွားနိုင်ရေး အပါအ၀င် အဖွဲ့ အစည်းအသီးသီး တရားဝင်
ဖွဲ့ စည်း ရပ်တည်နိုင်ရေးအတွက် တည်ဆဲဥပဒေများအား လိုအပ်သလိုပြင်ဆင်ခြင်းကို တနှစ်အတွင်း အပြီးဆောင်ရွက်
ပေးရန် သဘောတူသည်။"
() စာချုပ် ချုပ်ဆိုကြသည့် ဘက်နှစ်ဘက်
              
ဤစာချုပ်သည် တဘက်က မြန်မာအစိုးရ၊ အခြားတဘက်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်း
များအကြားချုပ်ဆိုသော စာချုပ်ဟု ခေါင်းစဉ်တပ်ထားသည်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းများဟု ဆိုရာ၌ တဖွဲ့ ခြင်းကို မဆိုလိုပါ။ အစိုးရက တဖွဲ့ ချင်းစီနှင့်ချုပ်ဆိုပြီးခဲ့သည်မှာ အများစုကြီးဖြစ်နေသောကြောင့်ပင်။
            ဤစာချုပ်အရ "တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းများ" ဟူသည်မှာ "စုပေါင်းထားသည့် အုပ်စု" ကို ဆိုလိုသည်။ လက်တွေ့ တွင်လည်း မြန်မာစစ်အစိုးရသည် စုပေါင်းထားသည့်အုပ်စုဖြစ်သော NCCT နှင့် တလျှောက်
လုံးဆွေးနွေးခဲ့သည်။ လော်ခီး လာညီလာခံပြီးသည့်နောက်တွင် ၄င်းက ဖွဲ့ စည်းပေးလိုက်သည့် အဆင့်မြင့်ကိုယ်
စားလှယ်အဖွဲ SD အား ဆက်လက် လက်ခံ ဆွေးနွေးခဲ့သည်။ သို့ ဖြစ်၍ အဆိုပါ စုပေါင်းထားသည့် အုပ်စုထဲတွင် ပါဝင်သော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ အစည်းများအားလုံးပါဝင်ရေးထိုးမှသာ စာချုပ်သည် သဘာဝကျပြီး တရားဝင်နိုင်ခြေရှိပါမည်။ စုပေါင်းထားသည့် အုပ်စုထဲတွင် မည်သည့်တိုင်းရင်းသားအဖွဲ့ အစည်းများပါဝင်နေသည် ကို အတိအကျဖေါ်ပြ၊ ၄င်းတို့ အားလုံးနှင့်ကြေလည်အောင်ဆွေးနွေးပြီး လက်မှတ်ရေးထိုးချုပ်ဆိုမှသာ စာချုပ်၏ သဘာဝ
အရ ၄င်းတို့ အပေါ်စည်းနှောင်အားရှိသည့် အပြင် ခိုင်မာပါမည်။
            "လက်မှတ်ထိုးခြင်တဲ့ အဖွဲ့ တွေလာထိုးကြ။ မထိုးသေးတဲ့ အဖွဲ့ တွေလည်းနောက်မှ တဖြေးဖြေးလာထိုးနိုင်
တယ်။" ဟူသည့် မှုန်ဝါးပြီး၊ အဆုံးအစမရှိ ဖွင့်ထားသည့်မူကို[xxxix] ကျင့်သုံးလျှင် စာချုပ်၏ ဦးတည်ချက်ကို မဖေါ်ဆောင်
နိုင်၊ ဥပဒေစိုးမိုးရေးနှင့်လည်းဆန့် ကျင်၊ မည်သည့်နိုင်ငံတွင်မျှလည်း မကျင့်သုံး၊ လူထု နှင့် နိုင်ငံတကာ၏ ယုံကြည်မှု
ကိုလည်း ထိခိုက်ပါမည်။
() ပုံစံတကျ ရေးသားဖေါ်ပြမှု၊ တိကျရှင်းလင်းမှု၊ အခွင့်အရေး နှင့် တာဝန်ရှိမှု၊
         
ပုံစံတကျ ရေးသားရာတွင်မူ ချုပ်ဆိုပြီးခဲ့သမျှသော စာချုပ်များတွင် အကောင်းဆုံး ဟု ဆိုနိုင်သည်။ သို့ ရာ
တွင် တိကျရှင်းလင်းမှုမရှိသေးဘဲ စာချုပ်ချုပ်ဆိုပြီးနောက် အငြင်းပွားဘွယ်ေ၀၀ါးနေသော ဝေါဟာရများ အမြောက်
အများကို တွေ့ နေရသည်။ "ပြည်ထောင်စု မပြိုကွဲရေး" "ပြည်ထောင်စု စိတ်ဓါတ်" အစရှိသည်တို့ မှာ နိုင်ငံရေးကြွေး
ကြော်သံအနေဖြင့် နားထောင်ကောင်းနိုင်ဘွယ်ရှိသော်လည်း ဥပဒေသဘောအရ မတိကျ။ အဓိပ္ပါယ်ကို လိုသလို ဖွင့်နို်င်သည်။ ဒေသခံတိုင်းရင်းသားများ၏ အခွင့်အရေးကို တင်သွင်းတောင်းဆိုမည်ဆိုလျှင်ပင် "ပြည်ထောင်စု ပြိုကွဲ
အောင်ပြုသူ" "ပြည်ထောင်စု စိတ်ဓါတ်ကင်းမဲ့သူ" အဖြစ်စွပ်စွဲခံရနိုင်သည်။ ""
            "
ပါဝင်သင့်ပါဝင်ထိုက်သူအားလုံး"  "နှစ်ဘက်သဘောတူညီထားသည့် နိုင်ငံရေးဆွေးနွေးမှု မူဘောင်" "သဘောတူညီထားသည့် စစ်ဘက်ဆိုင်ရာကျင့်ဝတ်"  " အဖွဲ့အစည်းများအကြား ရန်လိုသောဝါဒဖြန့်ချီမှုများ၊ မမှန်
မကန်သော (သို့မဟုတ်) ဂုဏ်သိက္ခာကို ညှိုးနွမ်းစေ သောပြောဆိုမှုများ"  ဟူသည်တို့ မှာ မည်သည့်အရာများနည်း။
"
ဒေသခံများ၏ မြေယာများကို အဓမ္မသိမ်းပိုက်ခြင်း နှင့် လွှဲပြောင်းခြင်းများ မပြုလုပ်ရ" ဟူသည်မှာ မြန်မာစစ်အစိုးရ အနေဖြင့် ၄င်းတို့ ပြဌာန်းထားသည့် ဥပဒေများကို ကိုးကားကာသိမ်းလျှင်တော့ သိမ်း၍ရပြီး တိုင်းရင်းသားတော်လှန် ရေး အဖွဲ့ အစည်းများက သိမ်းပိုက်လျှင်မူ အဓမ္မသိမ်းပိုက်သည် ဟူ၍ မစွပ်စွဲနိုင်ပေဘူးလား။
            အတည်ပြုမူကြမ်း အပိုဒ် () တွင်ပါသည့် "အပစ်ရပ်နယ်မြေအတွင်း တရားဥပဒေစိုးမိုးရေး ကိစ္စကို ညှိနိုင်း ဆောင်ရွက်ရန်" ဟူသောစာသားမှာ ယခင်မူကြမ်းအဟောင်းတွင်ပါခဲ့သည့် "မြန်မာနိုင်ငံရဲတပ်ဖွဲ့ က တာဝန်ယူ ဆောင်
ရွက်ရန်" ဟူသည်ထက်မူ တိုးတက်ကောင်းမွန်လာပါသည်။ သို့ ရာတွင် မရှင်းလင်းသေးပါ။ "အပစ်ရပ်နယ်မြေဟူသည်
မှာ အဘယ်နည်း။" ဥပမာအားဖြင့် ၀ိုင်းမော်မြို့ ဝန်းကျင် ကေအိုင်အိုလွှမ်းမိုးထားရာနယ်မြေကို အပစ်ရပ်နယ်မြေ အဖြစ် သတ်မှတ်လိုက်လျှင် မြစ်ကြီးနားမြို့ နှင့် ၄င်း၏ အနီးတ၀ိုက်သည် အပစ်မရပ်သေးသည့်နယ်မြေဖြစ်သည်။ ဆက်လက် ပစ်ခတ်တိုက်ခိုက်ခွင့်ရှိသော နယ်မြေဖြစ်နေသည်။ သို့ ဖြစ်လျှင် တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဟူသော စာချုပ်၏ အဓိပ္ပါယ်သည် မည်သို့ ရှိမည်နည်း။ တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဟူသည်ကို ကိုင်စွဲပါမူ တနိုင်ငံ
လုံးအား အပစ်ရပ်နယ်မြေအဖြစ်သတ်မှတ်ရပါမည်။
သို့ ဖြစ်လျှင် အပိုဒ် () တွင်ပါသည့် ဒေသတချို့ ကို ရည်ညွှန်းသတ်မှတ်ရန်ကြိုးပမ်းသည့် "အပစ်ရပ်နယ်
မြေ" ဟူသော ဝေါဟာရကို ဖြုတ်ရပါမည်။  ယင်းသို့ ဖြုတ်လိုက်ပါက " တရားဥပဒေစိုးမိုးရေး ကိစ္စကို ညှိနိုင်း ဆောင်
ရွက်ရန်" ဟူသော စာသားသာ ကျန်ရှိပါမည်။ ဤတွင် မရှင်းလင်းမှု နောက်တဆင့်ရှိလာပြန်သည်။ "တပြည်လုံး၏ တရားဥပဒေစိုးမိုးရေး ကိစ္စကို မြန်မာစစ်အစိုးရသည် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့ များနှင့် တကယ်တန်း ညှိနိုင်း ဆောင်ရွက်သွားမည်လား။" ယင်းမှာ မဖြစ်နိုင်ပါ။ ယင်းကို ရည်ညွှန်းသည်ဆိုလျှင်လည်း အတိအကျ ရေးသား ဖေါ်ပြ
ထားရပါမည်။ ထို့ အပြင် လက်တွေ့ တွင် မည်သို့ ညှိနိုင်းဆောင်ရွက်သွားမည်ကို ပါ ရှင်းလင်းစွာ ထပ်ဆောင်းထည့်
သွင်းကာ အတိအကျ ဖေါ်ပြချုပ်ဆိုသင့်သည်။
သို့ မဟုတ်ဘဲ ယခုအတိုင်းထားလျှင် ဥပဒေစိုးမိုးရေးကိစ္စကို ညှိနိုင်း ဆောင်ရွက်မည့် နေရာမှာ တိုင်းရင်းသား
တော်လှန်ရေး အဖွဲ့ အစည်းများ ထိန်းချုပ်ထားသည့် နယ်မြေများကို ရည်ညွှန်းသည့် သဘောဆောင်သည်။ မြန်မာ
စစ်အစိုးရသည် ၄င်းတို့ လိုလား၊ မွေးမြူထားသည့် တိုင်းရင်းသားခေါင်းဆောင်များအား မျက်နှာသာပေး၊ အခွင့်အရေး
မျိုးစုံပေးကာ လက်သပ်မွေးထားမည်။  ၄င်းတို့ မနှစ်မြို့ သော အဖွဲ့ အစည်းနှင့် ခေါင်းဆောင်များကိုမူ တည်ဆဲဥပဒေ
ဟူသည်များကို အသုံးပြုကာ ပြသနာရှာလာနိုင်သည့် လမ်းကြောင်းကို ဖွင့်ပေးထားရာရောက်သည်။ ၄င်းတို့ ကိုယ်တိုင်
ကမူ ပြစ်မှု လုံးဝကင်းစင်သူများပုံဖမ်းပြီး ဥပဒေ၏ အထက်တွင်ဆက်လက်နေသွားမည့် လက္ခဏာများတွေ့ နေရသည်။  SSPP မှ ဗိုလ်ချုပ်ဆေထင်အား ဖမ်းဆီးပြီး ထောင်ဒဏ် ၁၀၆ နှစ်ချခဲ့သည့် အတွေ့ အကြုံရှိခဲ့ပြီ။
"ဥပဒေစိုးမိုးရေး" ဟူသော ဝေါဟာရအား စာချုပ်တွင်ထည့်သွင်းလာခြင်းမှာ သင့်မြတ်ကောင်းမွန်ပါသည်။ စာချုပ်တခုလုံး၏ အနှစ်သာရလည်းဖြစ်သင့်သည်။ သို့ ရာတွင်ယင်းဝေါဟာရအား ကိုးကားသုံးစွဲကာ မြန်မာစစ်အစိုးရ
က တကယ်တန်းအားဖြင့် "ဥပဒေစိုးမိုးရေး" ကို ဆန့် ကျင်မှုများ တောက်လျှောက်ကျူးလွန်ခဲ့၊ ကျူးလွန်ဆဲဖြစ်သည်။ သို့ ဖြစ်၍ အနည်းဆုံးအားဖြင့် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့ များအနေဖြင့် (ဖက်ဒရယ်ပြည်ထောင်စုကို စစ်မှန်စွာ တည်ဆောက်နိုင်သည့်အချိန်အထိ) မိမိတို အုပ်ချုပ်ရေးချထား၊ထိန်းချုပ်ထားသည့်နယ်မြေများအပေါ် မြန်မာစစ်
အစိုးရက စာချုပ်အရ "ဥပဒေစိုးမိုးရေး" ဟူသည်ကို ကြွေးကြော်ကာ ၀င်ရောက်စွက်ဖက်မှုများ မရှိအောင် ကန့် သတ်
သည့်ဖေါ်ပြချက်များ စာချုပ်တွင်ပါဝင်အောင် ကြိုးပမ်းသင့်သည်။ ဤသည်မှာ ဘက်တဘက်မှနေ၍ ဖြစ်သည်။
အခြားဘက်တဘက်တွင်လည်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းများ ထိန်းချုပ်ထားသည့် နယ်မြေ၊ (အထူးသဖြင့် သီးခြားလွတ်လပ်စွာ တည်ထောင်ထားနိုင်သည့် ဒေသများ) အတွင်း ဒီမိုကရေစီအခြေခံတွင် ပြည်သူ
လူထုအား ကြိုတင် သတင်းအပြည့်အစုံပေး၊ လွတ်လပ်သည့်သဘောဆန္ဒကို ရယူသည့်[xl] နည်းလမ်းဖြင့် အုပ်ချုပ်ရေး နှင့် ဖွံ့ ဖြိုးရေးလုပ်ငန်းဆောင်ရွက်ရေးမူများအား စာချုပ်တွင် ထည့်သွင်းချုပ်ဆိုရန်လိုပါမည်။ သို့ မဟုတ်လျှင် တပြည်
လုံး စစ်အာဏာရှင်ကြီး၏ ခွင့်ပြုမှုအောက်တွင် ဒေသဆိုင်ရာစစ်အာဏာရှင်ကလေးများ ပေါ်လာမှုကို အားဖြစ်စေ
ပါမည်။ သို့ ဖြစ်ပါက ဒေသခံ အောက်ခြေတိုင်းရင်းသားလူထုများသည် အမည်ခံဟန်ပြငြိမ်းချမ်းရေး အောက်တွင် အနည်းဆုံးဓါးနှစ်လက်၊ သို့ မဟုတ် ဓါးပေါင်းများ စွာအားကြောက်ရွံ့ ရသည့်ဘ၀ နှင့်သာ နိဂုံးချုပ်ဘွယ်ရှိသည်။
အစိုးရ၏ ခွင့်ပြုချက်ရယူပြီးမှ အိုင်ဒီပီများကို ကူညီရမည်ဆိုလျှင် အစိုးရကခွင့်မပြုလျှင် မည်သို့ ဆောင်ရွက် မည်နည်း။ "နိုင်ငံရေးဆွေးနွေးပွဲမူဘောင်ကို ရေးဆွဲသဘောတူညီမှုရယူခြင်း" ဟူသည်များတွင် သဘောမတူညီပါက မည်သို ဆောင်ရွက်မည်နည်း။ နိုင်ငံရေးဆွေးနွေးပွဲမူဘောင်ကို ရေးဆွဲသဘောတူညီမှုရယူရေး နှင့် စပ်လျှဉ်း၍ အပိုဒ် ၂၀ () တွင် ဘက်နှစ်ဘက် သာ ဆွေးနွေးကြရန် ပါရှိသော်လည်း အပိုဒ် ၂၁ () အရ "ပါဝင်သင့်ပါဝင်ထိုက်သူများ နှင့် အတူတကွ" ဟုဆိုထား သဖြင့် ရှေ့ နှင့်နောက်ဆန့် ကျင်ကွဲလွဲလျှက်ရှိသည်။ မည်သည်ကို အတည်ယူမည်နည်း။ နောက်ပိုင်းတွင် ယင်းအပေါ် အငြင်းပွားလာပါက မည်သည့်အဖွဲ့ အစည်းက ဆုံးဖြတ်မည်နည်း။
အတည်ပြုမူကြမ်း၏ အပုဒ် ၂၀ () နှင့် အပိုဒ် (၂၆) တွင် ဖေါ်ပြထားသော "ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်း၍ အတည်ပြုချက်ရယူခြင်း။"ဟူသည်အား လုံးဝပင် မထည့်သွင်းသင့်။ ၂၀၀၈ ဖွဲ့ စည်းပုံကို အတည်ပြုပေး
လိုက်ရာကျသောကြောင့်ပင်။ ဘက်နှစ်ဘက် ဆွေးနွေးပွဲသည် အပြီးသတ်ဖြစ်ရပါမည်။ ဘက်နှစ်ဘက် ဆွေးနွေးပွဲတွင် တဘက်၌ မြန်မာစစ်အစိုးရ နှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ လက်ရှိ မြန်မာစစ်တပ်၏ စစ်ခေါင်းဆောင်များပါဝင်
နေပြီးဖြစ်သည်။ လူနည်းသေးလျှင် ထပ်တိုးထည့်နိုင်သည်။
ဘက်နှစ်ဘက်ဆွေးနွေးပွဲမှ ပေါ်ထွက်လာသည့် သဘောတူညီချက်ကို ၂၀၀၈ ဖွဲ့ စည်းပုံအရ ဖွဲ့ စည်းထား
သော ပြည်ထောင်စု လွှတ်တော် သို တင်သွင်း အတည်ပြုချက်ရယူပါက ယင်းလွှတ်တော်တွင် မြန်မာစစ်ခေါင်း
ဆောင်များသာ ဆက်လက်ပါဝင်ခွင့်ရနေမည်။ တိုင်းရင်းသားတော်လှန်ရေး အဖွဲ့ ခေါင်းဆောင်များ ဆက်လက်ပါဝင်
ခွင့်ရမည် မဟုတ်တော့။ မြန်မာစစ်ခေါင်းဆောင်များက နှစ်ထပ်ကွမ်းအခွင့်အရေးရနေသည်။ သို့ ဖြစ်၍ တရား မျှမှု မရှိသည့် လုပ်ငန်းစဉ် ဟု ဆိုနိုင်သည်။ လွှတ်တော်က အတည်မပြုပါက မည်သို့ ဆက်လက်ဆောင်ရွက်မည် ဟူသည်
လည်း မပါရှိ။
အတည်ပြုမှာ အသေအချာဖြစ်သည်၊ လုပ်ထုံးလုပ်နည်းသဘောအရခိုင်မာအောင် ဖေါ်ပြထားခြင်းသာ ဖြစ်
သည် ဆိုလျှင်လည်း "ဤစာချုပ်အား ပြည်ထောင်စုလွှတ်တော်က အတည်ပြုပေးပြီးနောက် ယင်း၏ အနှစ်သာရများ
အား ဥပဒေအနေဖြင့် ပြဌာန်းကျင့်သုံးသွားနိုင်ရေးကို အစိုးရအနေဖြင့် တာဝန်ယူဆောင်ရွက်ပေးသွားရန် သဘောတူ
သည်။" ဟူသည်ကို ထည့်သွင်းချုပ်ဆိုရန် လိုပါမည်။ မြောက်အိုင်ယာလန် နိုင်ငံတွင် ၂၀၁၀ ခုနှစ်မတ်လ ရက်နေ
Hills Borough ဟေးလ်ဘောရိုး သဘောတူညီချက်အား ပါလီမန်က အတည်ပြုပေးခဲ့သည့် သာဓကအား လေ့လာ
နိုင်သည်။
"အားလုံးပါဝင်သောနိုင်ငံရေး ဆွေးနွေးပွဲ" ဟူရာ၌ မည်သည့်နိုင်ငံရေး အင်အားစုများက မည်သည့်အရေ
အတွက်ဖြင့် ပါဝင်မည်နည်း။ ပါဝင်သင့်သည့် အရေအတွက်နှင့် အချိုးအစားအပေါ် နောက်ပိုင်း၌ ညှိ၍ မရဘဲ အငြင်း
ပွားကြလျှင် မည်သူက ဆုံးဖြတ်မည်နည်း။ အတည်ပြုမူကြမ်းသည် မရေရာမှုပေါင်းစုံ နှင့် အတိပြီးလျှက်ရှိသည်။
EITI လုပ်ထုံးလုပ်နည်းများအရ အစိုးရ၊ နိုင်ငံတကာကုမ္ပဏီများ နှင့် လူထုအသင်းအဖွဲ့ များ က အဓိက ဖြစ်သည်။ ဤတွင် အစိုးရဟူသည်မှာ လက်ရှိမြန်မာစစ်အစိုးရတခုတည်းကိုသာ ဆိုလိုသလား။ တိုင်းရင်းသား
တော်လှန်ရေး အဖွဲ့ အစည်းများက ဖွဲ့ စည်းထားသည့် ၄င်းတို့ ၏ ဒေသခံအစိုးရများအခန်းကဏ္ဍ မှာ လုံးဝ ပျောက်ဆုံး
သွားပြီလား။ အစရှိသည်တို့ စိုးစဉ်းမျှပင် တိကျရေရာမှု မရှိပါ။
အခွင့်အရေးနှင့် တာဝန်များသည်လည်း ထိုနည်းလည်းကောင်းပင်ဖြစ်သည်။ တိကျရှင်းလင်းစွာ ဖေါ်ပြမထား။
အနည်းဆုံးအားဖြင့် တနိုင်ငံလုံးအပစ်ရပ်ထားသည့်ကာလအတွင်း တိုင်းရင်းသားတော်လှန်ရေး အဖွဲ့ အစည်း များအနေဖြင့် မည်သည့်အရာများကို လုပ်ဆောင်ခွင့်ရှိသည်၊ မည်သည့်အရာများအား လုပ်ဆောင်ခွင့်မရှိ ဟူသည်များ အား စာချုပ်တွင် ရှင်းလင်းစွာ ဖေါ်ပြထားရန်လိုသည်။ ဥပမာအားဖြင့် ဒေသဖွံ့ ဖြိုးရေးလုပ်ငန်းများအတွက် နိုင်ငံတကာ မှ အကူအညီများရှာဖွေလက်ခံခွင့်ရှိမည်လား၊ ဒေသခံလူထုများ၏ ပညာရေးအဆင့်မြင့်မားစေရေးအတွက် နိုင်ငံတကာ
မှ ပညာရှင်များအား မိမိတို့ ထိန်းချုပ်ထားရာနယ်မြေများသို့ ဖိတ်ကြားခွင့်ရှိမည်လား၊ မိမိတို့ သက်ဆိုင်ရာပြည်နယ်၏ မြို့ တော်များတွင် လူထုအစည်းအဝေးပွဲ များ ကျင်းပခွင့်ရှိမည်လား၊ ပြည်ထောင်စုနိုင်ငံ၏ မည်သည့်ဒေသတွင် မဆို အခြားတိုင်းရင်းသားနိုင်ငံရေးအင်အားစု၊ ဒီမိုကရေစီရေးအင်အားစု စသည်များနှင့် တွေ့ ဆုံဆွေးနွေးမှုများ လုပ်ခွင့်ရှိ
မည်လား အစရှိသည်တို့ ဖြစ်သည်။
"ညှိနိုင်းဆောင်ရွက်ရန်" ဟူသော ဝေါဟာရမျှသည် အလုပ်မဖြစ်ပါ။ စာချုပ်ချုပ်ဆိုပြီးနောက် လက်တွေ
ဆောင်ရွက်ရာတွင် တိုင်းရင်းသားတော်လှန်ရေးခေါင်းဆောင်များက မြန်မာစစ်အာဏာရှင်များအား မျက်နှာချိုသွေး
ပေါင်းမှသာ အခွင့်အရေးရမည့် အနေအထားမျိုးဖြစ်နေသည်။ တနိုင်ငံလုံး အပစ်ရပ်ထားသည့် ကာလအတွင်း မိမိ
တို့ ရသင့်သော အခွင့်အရေးများအပြင် မိမိတို့ ၏ သက်ဆိုင်ရာ လူထုများရသင့်သော အခွင့်အရေးများကိုပါ တပါ
တည်း ထည့်သွင်းဆွေးနွေးသင့်သည်။ အဓိကအားဖြင့် မြေယာ၊ သဘာဝသယံဇာတ နှင့် သဘာဝပတ်ဝန်းကျင်
ဆိုင်ရာများဖြစ်သည်။  ယင်းတို့ ကို စာချုပ်တွင်ထည့်သွင်းချုပ်ဆိုခြင်းဖြင့် တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး
စာချုပ်သည် ငြိမ်းချမ်းရေးကို တကယ်တန်းဦးတည်နိုင်ပါမည်။
၎။ နိုင်ငံတကာဥပဒေက မြန်မာနိုင်ငံတွင် စာချုပ်ချုပ်ဆိုကြသည့် ဘက်နှစ်ဘက်အပေါ် သက်ရောက်မှုရှိစေခြင်း၊
   ရွေးချယ်မှုကို ဆန့် ကျင်ခြင်း၊ စာချုပ်အချင်းချငိးပက္ခ နှင့် ဥပဒေစိုးမိုးရေးအခြေခံ။
            မြန်မာနိုင်ငံက ပါဝင်လက်မှတ်ရေးထိုး၊ အတည်ပြုထားသည့် နိုင်ငံတကာ ဥပဒေ တချို့ ရှိပါသည်။ ယင်းတို
ကို လိုက်နာကျင့်သုံးသွားမည်ဖြစ်ကြောင်း စာချုပ်တွင် ပါရှိရန်လိုသည်။ စစ်ဥပဒေဟု လူသိများသည့် ဂျီနီဗာ ကွန်ဗင်း
ရှင်းကဲ့သို့ နိုင်ငံတကာဥပဒေအား စာချုပ်ချုပ်ဆိုကြမည့် ဘက်နှစ်ဘက်လုံးက လေးစားလိုက်နာသွားမည်ဖြစ်ကြောင်း ထည့်သွင်းချုပ်ဆိုကြမည် ဆိုလျှင် စာချုပ်သည် ဂုဏ်သိက္ခာရှိပြီး၊ နိုင်ငံတကာအဆင့်နှင့် ယှဉ်နိုင်ကာ၊ ဥပဒေစိုးမိုးရေး အတွက် များစွာအထောက်အပံ့ဖြစ်ပါမည်။
တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ်ဟု ခေါင်းစဉ်တပ်ထားသော်လည်း လက်တွေ့ တွင် အားလုံးကို
မလွှမ်းခြုံဘဲ တဖွဲ့ သို့ မဟုတ် အုပ်စုတစု၊ နေရာဒေသတခု သို့ မဟုတ်အချို့ တွင်သာ ဖေါ်ဆောင်မည်ဆိုပါက ရွေးချယ်
မှု[xli] ကို ကျင့်သုံးခြင်း ဖြစ်သဖြင့် ဥပဒေစိုးမိုးရေးအခြေခံကို မတည်ဆောက်နိုင်ပါ။
            
စာချုပ်၏ နိဒါန်းအပြင် အခန်း () အပုဒ် () တွင်ပါရှိသည့်အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ
များ အကြားချုပ်ဆိုထားသော သဘောတူညီချက်များနှင့် ကတိက၀တ်များကို ထပ်လောင်းအတည်ပြုရန် ဟူသော ဖေါ်ပြချက်သည် ဥပဒေအရ ပြသနာရှိသည်။ ယခုချုပ်ဆိုမည့် စာချုပ်သည် အဓိကလား။ ယခင်က ထားရှိခဲ့သော သဘောတူညီချက်နှင့် ကတိက၀တ် များသည် အဓိကလား ရွေးချယ်ရပါမည်။ ယခုချုပ်ဆိုမည့် စာချုပ်က အဓိကဖြစ်ပါ မူယခင်က ထားရှိခဲ့သော သဘောတူညီချက်များနှင့် ကတိက၀တ် များ အနက် ဤစာချုပ်နှင့် ဆန့် ကျင်သော အပိုင်း
မှန်သမျှများသည် ပျက်ပြယ်စေရမည်။ဟု ဖေါ်ပြရပါမည်။ သို့ မှသာ ဥပဒေစိုးမိုးရေးအခြေခံနှင့် ကိုက်ညီပါမည်။
၅။ ဒေသခံတိုင်းရင်းသားများ၏ အခွင့်အရေး နှင့် လူ့ အခွင့်အရေးအခြေခံများ၊ လတ်တလော နှင့် အရင်းခံပြသနာ
    များအား ဖြေရှင်းနိုင်မည့် သဘောတူညီချက်များ။
            ဒေသခံတိုင်းရင်းသားများ၏ အခွင့်အရေး နှင့် လူ့ အခွင့်အရေးအခြေခံများအား ဝေါဟာရအနေဖြင့်ပင် စာချုပ်
တွင်မပါရှိသေးသဖြင့် နိုင်ငံတကာဥပဒေနှင့် ဆက်စပ်နိုင်မည့် အနေအထားအားနည်းလျှက်ရှိသည်။ ကိုယ်ပိုင်ပြဌာန်း
ခွင့်အား တိုင်းရင်းသားတော်လှန်ရေးအဖွဲ့ အစည်းများက တောင်းဆိုလျှက်ရှိကြသော်လည်း ဘုံတူညီစွာ တိကျ သည့် အဓိပ္ပါယ်ဖွင့်ဆိုမှု မပြုနိုင်သေးပါ။ ဒေသခံတိုင်းရင်းသားများ၏ အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂကြေငြာစာတမ်း The UN Declaration on the Rights of Indigenous Peoples တွင်ပါရှိပြီးဖြစ်သော ကိုယ်ပိုင်ပြဌာန်းခွင့်ဆိုင်ရာမူများ
အပေါ် နှစ်ဘက်သဘောတူညီကြောင်း ဖေါ်ပြနိုင်လျှင်ပင် အခြေခံအားဖြင့် ပြည့်စုံပြီး နိုင်ငံတကာဥပဒေနှင့်လည်း ဆက်စပ်နိုင်ပါမည်။
            တကမ္ဘာလုံးက လက်ခံထားသော လူ့ အခွင့်အရေးကို ဝေါဟာရအနေဖြင့်ပင် မပါရှိခြင်းမှာ ဤစာချုပ်အား ရုပ်ဆိုးစေပါသည်။ အစိုးရအနေဖြင့် လူ့ အခွင့်အရေးချိုးဖေါက်မှုများ မပြုရုံသာမက ကြိုတင်ကာကွယ်စောင့်ရှောက် ရန် ပင်တာဝန်ရှိပါသည်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ များသည်လည်း မိမိတို့ သက်ဆိုင်ရာနယ်မြေများတွင် အစိုးရ များ အနေဖြင့်တာဝန်ယူအုပ်ချုပ်နေကြပါက အလားတူတာဝန်ရှိပါသည်။ ဤသည်ကို နှစ်ဘက်လုံးက လျှစ်လျှူရှု ထိန် ချန်ထားခဲ့ခြင်းဖြင့် စာချုပ်၏ အနှစ်သာရကို ထိခိုက်သည်။
ပြည်သူလူထုကောင်းကျိုးစီးပွားသည် ဤစာချုပ်၏ ဗဟိုချက်မဖြစ်သင့်သည်။ ဤအတွက်တိုင်းတာရမည့် စံထားချက်မှာ လူ့ အခွင့်အရေးဖြစ်သည်။ စာချုပ်က ဤသည်ကို မျက်ကွယ်ပြုထားခြင်း မဖြစ်သင့်။ လူ့ အခွင့်အရေး ချိုးဖေါက်မှုများ ရှိမရှိ စောင့်ကြည့်ဖေါ်ထုတ်သည့် ပြည်တွင်းလူထုအသင်းအဖွဲ့ များနှင့် နိုင်ငံတကာအဖွဲ့ အစည်းများ လှုပ်ရှားဆောင်ရွက်မှုပြုခွင့်အား စာချုပ်တွင် မလွဲမသွေ ဖေါ်ပြသင့်သည်။
စာချုပ်လက်မှတ်ထိုးချုပ်ဆိုပြီးသည့် နေ့ မှစ၍ မြေယာ၊ သယံဇာတ နှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာများ စီမံခန့် ခွဲမှုနှင့် စပ်လျှဉ်း၍ လတ်တလောနှင့် ရေရှည်အတွက်ပါ ပြသနာများဖြေရှင်းပြေလည်မှုကို အထောက်အပံ့ဖြစ်
စေရေးအတွက် ဒေသခံတိုင်းရင်းသားများတွင် မည်သည့်အခွင့်အရေးရှိကြောင်းလည်း စိုးစဉ်းမျှမပါရှိပါ။ ဆွေးနွေးရန် ခေါင်းစဉ် Agenda များကို အများဆုံးတွေ့ နေရပြီး နှစ်ဘက်ညှိနိုင်းဆောင်ရွက်ရန် ဟူသော ဝေါဟာရကိုသာ ထပ်ခါ
တလဲလဲသုံးထားသည်။
           
သို့ ဖြစ်၍ ယခုစာချုပ်ကို ချုပ်ဆိုလိုက်ခြင်းမှာ ချုပ်ဆိုပြီးသည့် နေ့ မှစ၍ ဒေသခံတိုင်းရင်းသားများ၏ မြေယာ၊ သဘာဝသယံဇာတနှင့် သဘာဝပတ်ဝန်းကျင်များအား မြန်မာ စစ်အစိုးရ၏ လက်ဝယ်သို တရားဝင်အပ်နှင်းလိုက်ရာ
ရောက်သည်။ နှစ်ပေါင်း မည်မျှကြာဦးမည်မသိသော တနိုင်ငံလုံး အပစ်ရပ်ကာလဟူသည်များအတွင်း မြေယာ၊ သဘာဝသယံဇာတ နှင့် သဘာဝပတ်ဝန်းကျင် တို့ နှင့်စပ်လျှဉ်း၍ ဤအတည်ပြုမူကြမ်းကို ကိုးကားကာ ဒေသခံတိုင်း
ရင်းသားလူထုများက ၄င်း တို့ ၏ အခွင့်အရေးအတွက် ၄င်းတို့ ကိုယ်တိုင်လှုပ်ရှားတောင်းဆိုနိုင်မည့် သဘောတူညီ
ချက်တခုမျှ မပါရှိ။ အရပ်သားအသွင်ယူ မြန်မာစစ်အစိုးရအနေဖြင့် ၄င်းတို့ ပြဌာန်းထားသည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု
ဥပဒေ၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေ၊ အထူးစီးပွားရေးဇုန်ဥပဒေ စသည်များကို အသုံးပြုကာ ထင်သလို စီမံခန့် ခွဲ
ကြပါတော့ မည်။ ထို့ အပြင် ၄င်းတို့ လက်သပ်မွေးထားသော အဖွဲ့ အချို့ နှင့် ခေါင်းဆောင်များအား လက်သိပ်ထိုး
လုပ်ပိုင်ခွင့် အနည်းအကျဉ်းကလေးများချပေးကာ အတူခွဲဝေစားသောက်နိုင်ရေး ဆောင်ရွက်ကြပါတော့မည်။
တိုင်းရင်းသားတော်လှန်ရေးအဖွဲ့ များသည် လက်နက်များစွဲကိုင်ထားကာ ငုတ်တုတ်ထိုင်ကြည့်နေကြရုံမှတပါးအခြား တတ်နိုင်တော့မည် မဟုတ်ပါ။
() () နှင့် ()  သဘောတူညီချက်အား အကောင်အထည်ဖေါ်မည့် အဖွဲ့ အစည်း၊ အရေးယူမည့် ယန္တရားနှင့်
                      တတိယအင်အားစု
သဘောတူညီချက်အား အကောင်အထည်ဖေါ်မည့် အဖွဲ့ အစည်းမှာ ဘက်နှစ်ဘက်ပူးတွဲ မျှသာ ဖြစ်နေ သည်။ ပူးတွဲသက်သက်သည် အလုပ်မဖြစ်ခဲ့ကြောင်းအနီးခေတ်သမိုင်းက သက်သေပြခဲ့ပြီ။ မြန်မာစစ်အစိုးရသည် ၄င်း တို့ မလိုလားသည့်အချိန်တွင် ချိုးဖေါက်ပါမည်။ ညှိနိုင်းခြင်း၊ ဆွေးနွေးညှိနိုင်းခြင်း ဟူသည့်ဝေါဟာရများကိုသာ စာချုပ်
မူကြမ်းတွင် ထပ်ခါ တလဲလဲသုံးထားသည်။ ညှိနိုင်း၍ မပြေလည်လျှင် မည်သို့ ဆောင်ရွက်သွားမည်ဟူသည်အား လုံးဝဖေါ်ပြမထား။ ညှိနိုင်းမှု မှန်သမျှတွင် မြန်မာစစ်အစိုးရအနေဖြင့် တိုင်း၇င်းသားခေါင်းဆောင်များအား ပုဂ္ဂိုလ်အ၇ ငွေကြေး၊ အခွင့်အရေးများပေးပြီး စည်းရုံး၍ရလျှင်ရ၊ မရလျှင်လည်းဂရုမစိုက်ဘဲ ၄င်းတို့ အလိုရှိသမျှကို ဆက်လုပ်သွား
ကြမည်သာ ဖြစ်သည်။ အရေးယူမည့် ယန္တရားနှင့် တတိယအင်အားစု လုံးဝပင် မပါရှိသောကြောင့် တိုင်းရင်းသား တော်လှန်ရေးအဖွဲ့ ခေါင်းဆောင်များသည် မကြေနပ်သော်လည်း ပြန်တိုက်နိုင်သော အင်အားမရှိပါက ခေါင်းငုံ့ နေကြ ရုံသာ ရှိပါမည်။
() စာချုပ်ချုပ်ဆိုရာတွင် နိုင်ငံတကာအနေဖြင့် အသိသက်သေသက်သက်မျှပါဝင်ရုံဖြင့် မလုံလောက်ပါ။
            စာချုပ်အကောင်အထည်ဖေါ်ရာ၌ ၀င်ရောက်ကူညီ ပံ့ပိုးပေးမည့် အနေအထားဖြင့်လက်မှတ်ထိုး[xlii] မှသာ
          
နိုင်ငံတကာက အလေးထားသည့် စာချုပ် ဖြစ်လာနိုင်ပါမည်။
(၁၀) နောက်တက်လာမည့် အစိုးရအဆက်ဆက်က စာချုပ်အပေါ်တာဝန်ခံမှုကိုအာမခံသည့် ဥပဒေဘောင်
         
၁၉၄၇ ခုနှစ် ဖွဲ့ စည်းပုံအခြေခံဥပဒေတွင် ပုဒ်မ ၂၂၅ အရ ပဋိဥာဉ်များ၊ တာဝန်များနှင့် စပ်လျှဉ်း၍ အစိုးရအား
တရားစွဲဆိုနိုင်သော အခွင့်အရေး ကို ပြဌာန်းထားသည်။ ယင်းမှာ အစိုးရတရပ်၏ လုပ်ဆောင်မှုကို နောက်အစိုးရက ဆက်လက်တာဝန်ခံသည့် သဘောကို ဆောင်သည်။ ၂၀၀၈ ဖွဲ့ စည်းပုံအခြေခံဥပဒေတွင် အလားတူ ပြဌာန်းချက်မျိုး မပါရှိ။ပုဒ်မ ၄၄၅ အရ န၀တ၊ နအဖ အစိုးရများ၏ တာဝန်နှင့် ရပိုင်ခွင့်ကို ဆက်ခံကြောင်းသာ ပါရှိသည်။ သို့ ဖြစ်၍ ယခု အတည်ပြုမူကြမ်းကို လက်မှတ်ရေးထိုးချုပ်ဆိုလိုက်စေဦး၊ နောင်တက်လာမည့် အစိုးရအဆက်ဆက်၏ တာဝန်ခံ
မှု သည် အဘယ်နည်း။
လုပ်ဘော်ကိုင်ဘက် အချင်းချင်းဖြစ်သူ ဦးရွှေမန်းကိုပင် မိမိတို့ အာဏာတည်မြဲရေး အတွက် လုံခြုံရေးအင်
အားသုံးပြီး ကြက်ငှက်ကလေးလို မထောက်မညှာ ဖယ်ရှားပစ်ခဲ့သော သမတဦးသိန်းစိန် နှင့် ကာချုပ်မင်းအောင်လှိုင်
တို့ ထံမှ  စာချုပ်အပေါ်၊ စာချုပ်လက်မှတ်ရေးထိုးချုပ်ဆိုမည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ အစည်းများအပေါ် တာဝန်ခံမှုကို မြှော်လင့်နိုင်ရေးမှာ အထက်ဖေါ်ပြပါ အခြေခံ (၁၀) ချက်နှင့် ပြည့်စုံသည့် တရားဝင်သဘောတူညီချက်
မျိုးမှသာ ဖြစ်နိုင်ပါမည်။
 
ဦးအောင်ထူး (လူ့ အခွင့်အရေးရှေ့ နေ)
ဥပဒေအထောက်အကူပြုကွန်ရက် တည်ထောင်သူ                            နေ့ စွဲ။ သြဂုတ်လ (၂၀) ရက် ၂၀၁၅ ခုနှစ်



[i] https://drive.google.com/file/d/0B75-mXONmTooa2FhVGducXRzdnRQTWtVLW5RR3UyeWtxZFpV/view?invite=CNe9ls0N&pli=1
[ii] Matter of urgency
[iii] Peace agreement
[iv] State and non-state actors
[v] Subjects of international law
[vi] Peace agreements: Their nature and legal status by Christine Bell, Prof. of Public International Law,
   Transitional Justice Institute, University of Ulster, UK. P. 381.
[vii] International humanitarian law
[viii] International Signatories
[ix] Part 5: Humanitarian, Human Rights and Social-econimic Issues;
    1. The Government of the Sierra Leone and the RUF/SL, recognizing the importance of upholding, promoting and protecting the human rights of every Sierra Leonean as well as the enforcement of humanitarian law, agree to the following formulas for the achievement of these laudable objectives. Each of these formulas (not in priority order) is continued in separate Articles of this Part of the present Agreement.
[x] Premodern International Law
[xi] Nations
[xii] Historical precedence
[xiii] UN Declaration on the Rights of Indigenous Peoples
[xiv] Short of independent statehood
[xv] The Right to Self-determination
[xvi] Supra Note 4
[xvii] Ditto
[xviii] Ditto
[xix] Ethnic
[xx] Migrants
[xxi] Collective rights
[xxii] "International Human Rights and Indigenous Peoples" by S.James Anaya
     www.arizonajournal.org/ajicl/archive/AJICL2004/vol211/Anaya.pdf
[xxiii] internationalized
[xxiv] Parties to the agreement
[xxv] Legal status
[xxvi] Two parties
[xxvii] Formality
[xxviii] Accuracy
[xxix] Rights
[xxx] Obligation
[xxxi] Selectivity
[xxxii] Equality
[xxxiii] Override
[xxxiv] The Rule of Law but not Rule by Law
[xxxv] Current problems
[xxxvi] Underlying issues
[xxxvii] Enforcement Mechanism
[xxxviii] Third party
[xxxix] a vague and open-ended agreement
[xl] Free, prior and informed consent
[xli] Selectivity
[xlii] International signatories

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...