သစ်ထူးလွင် သတင်းစုစည်းမှု (၁၅-၈)
သစ်ထူးလွင် |
- သူရဦးရွှေမန်း၏ ဆန္ဒအမှန်
- မတ္တရာမြို့နယ်အတွင်း တံငါချောင်းမကြီးမှ ရေများမြင့်တက်မှုဖြစ်ပွား
- လယ်ယာမြေဆုံးရှုံးခဲ့ရသည့် အိန္ဒိယလယ်သမား ၂၅၀၀၀ ကျော် မိမိကိုယ်ကို အဆုံးစီရင်ခွင့်ပြုရန် သမ္မတထံ ခွင့်တောင်း
- လက်ဆောင်ပေးရန် ရှိကြောင်းပြောပြီး အဓမ္မပြုကျင့်
- ကာရာအိုကေနှင့် နိုက်ကလပ်များ (၁၁) နာရီ မပိတ်ပါက ထောင်ဒဏ်ဖြင့် အရေးယူမည်
- လူငယ်တွေမဲပေးဖို့ တိုက်တွန်း
- ချယ်ရီ FM ၃လ ယာယီရပ်ထားဖို့ ပြန်ကြားရေး ဝန်ကြီးပြော
- ချယ်ရီ FM အသံလွှင့်ရုံလုပ်ငန်းတွေ ပိတ်ရမည်
- ကယားပြည်နယ် သစ်တော ပြုန်းဖွယ်ရှိ
- လူသေကောင်များ မပုပ်အောင် စီမံရာတွင်အသုံးပြုသည့် ကင်ဆာအေးဂျင့် ဖော်မလင်ကို မုန့်ဖတ်၊ ပဲပြား၊ ချက်နို့ဆီများ၌ တွေ့ရှိရဟုဆို
- ကြိုးဆွဲချ သေဆုံးသည့် NLD ကိုယ်စားလှယ်လောင်းနေရာ အချိန်မီ အစားထိုး
- မီတာ ၁၀၀၀ အကွာမှ ကျည်ဆန်သုံးတောင့်နှင့် စစ်သွေးကြွသုံးယောက်ကို ဇီဝိန်ခြွေ၍ သားအဖနှစ်ယောက်ကို ကယ်တင်နိုင်ခဲ့
- ကိုယ်စားလှယ်လောင်း ၅,၄၀၀ ကျော် ရွေးကောက်ပွဲ ကော်မရှင်ထံ စာရင်းပေးသွင်း
- သူရဦးရွှေမန်းဖယ်ရှားမှု ကန်အစိုးရနဲ့ လွှတ်တော်အမတ် ဝေဖန်
- ဦးရွှေမန်း အပေါ် ဘာ ဆက်လုပ်နိုင်သလဲ
- အာဏာရပါတီ အကွဲအပြဲအပေါ် ကျန်ပါတီတွေ စိုးရိမ်နေ
- ဦးရွှေမန်းကိုဖြုတ်ချပုံ ကန် ဆီးနိတ် ခေါင်းဆောင် စိုးရိမ်
- မတူပီမြို့လမ်းပန်းဆက် သွယ်ရေး ပြတ်တောက်မှုကြောင့် စားနပ်ရိက္ခာ ရှားပါး
- နေရာရွေ့ မြေမြှုပ်မိုင်း အန္တရာယ် UNICEF သတိပေး
- တောင်ကိုရီးယားသွားမယ့် လုပ်သားတွေ လုပ်ငန်းကျွမ်းကျင် စာမေးပွဲဖြေရတော့မယ်
- ကုန်သွယ်ရေးပိတ်ဆို့မှု ဖယ်ရှားပေးဖို့ ယူအက်စ်ကို ကျူးဘား တိုက်တွန်း
- ပြည်ခိုင်ဖြိုး ထိပ်ပိုင်း အပြောင်းအလဲ ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေအမိန့် ဖြစ်နိုင်ကြောင်း သူရဦးအောင်ကို ပြော
- ပြည်ခိုင်ဖြိုးပါတီ ထိပ်ပိုင်း အပြောင်းအလဲ၊ NLD ပါတီဝင်တွေ ထုတ်ပယ်နေမှု ဦးတင်ဦးနဲ့ မေးမြန်းချက်
- အောင်မြေသာစံ မြို့နယ်၌ မီးလောင်မှုဖြစ်ပွား
- ကြည့်မြင်တိုင် သီတာလမ်း၌ မီးလောင်
Posted: 15 Aug 2015 07:24 AM PDT
မိမိ၏ဆန္ဒအမှန်
❖ နိုင်ငံနှင့် နိုင်ငံသားများ အကျိုးစီးပွားဖြစ်ထွန်းရေးသာ အဓိကဦးတည်ဆောင်ရွက်ရန်မှာ မိမိ၏ဆန္ဒအမှန် ဖြစ်သည်။
❖ နိုင်ငံနှင့် နိုင်ငံသားများ ဒုက္ခရောက်စေနိုင်သော မည်သည့်ကိစ္စကိုမှ မိမိမလုပ်သကဲ့သို့ အခြားသူများကိုလည်း မလုပ်စေလိုပါ။
❖ ထိုစိတ်ရင်းအမှန်ဖြင့် ဆောင်ရွက်ရာတွင် အခက်အခဲ၊ အကျပ်အတည်း၊ အတားအဆီးများစွာ ရှိနိုင်သည်ကို မိမိသိရှိထားပါသည်။
❖ မိမိအနေဖြင့်လည်း အသက်အရွယ်ရရှိလာပြီဖြစ်၍
|
Posted: 15 Aug 2015 05:47 AM PDT
မတ္တရာ သြဂုတ် ၁၅
မန္တလေးတိုင်းဒေသကြီး ၊ ပြင်ဦးလွင်ခရိုင်၊ မတ္တရာမြို့နယ် အတွင်း
တောင်ကျရေကြောင့် ဆည်တော်ကြီး ရေလှောင်တမံမှ သတ်မှတ်ရေ အမှတ်ထက်
ကျော်လွန်သော ရေများကို ရေထွက်ပေါက်မှ
ရေချိန်လျှော့ သဖြင့် ယနေ့နံနက် (၆) နာရီ အချိန်မှစ၍
မတ္တရာမြို့နယ်အတွင်းရှိ တံငါချောင်းမကြီး၏ သတ်မှတ် သည့်ရေ အမှတ်(၂၁)
ပေသို့ရေအပြည့် ၀င်ရောက် သဖြင့် ချောင်းမကြီးဘေးရှိ ကျေးရွာများသို့
ရေအနည်း ငယ် ၀င်ရောက် လျှက်ရှိကြော
|
Posted: 15 Aug 2015 05:47 AM PDT
အိန္ဒိယနိုင်ငံလွတ်လပ်ရေးနေ့တွ
|
Posted: 15 Aug 2015 05:47 AM PDT
ပြင်ဦးလွင်မြို့နယ်တွင် လက်ဆောင် ပစ္စည်းများ ပေးရန်ရှိကြောင်း
ပြောဆိုပြီး ငါးကြိမ်တိုင်တိုင် အဓမ္မပြုကျင့်ခဲ့ကြောင်း တိုင်းရဲရုံးထံမှ
သိရသည်။
ယခုလ (၁၀) ရက်နေ့ နံနက် (၁၀) အချိန်တွင် မ…….(၃၀) နှစ်သည်
နေအိမ်တွင် ရှိနေစဉ် အိမ်နီးချင်း ဖြစ်သူဦး…… (၆၅) နှစ်က
လက်ဆောင်ပစ္စည်းများ ပေးမည်ဖြစ်၍ အနီးစခန်းကျေးရွာ အုပ်စုဈေး
ကုန်းစာကြည့်တိုက် အနီးသို့ လာရောက်ယူရန် ပြောဆိုသဖြင့် မ……မှာ လမ်းေ
|
Posted: 15 Aug 2015 05:47 AM PDT
ဓါတ်ပုံ - အင်တာနက်
ရန်ကုန်တိုင်း ဒေသကြီးတွင် မြို့နယ် (၄၄) မြို့နယ်ရှိ
စားသောက်ဆိုင်၊ ကာရာအိုကေ၊ နိုက်ကလပ်များ (၁၁) နာရီ အချိန်တွင် မပိတ်ပါက
ဆိုင်ပိတ်ထောင်ချသည် အထိ အရေးယူမည် ဖြစ်ကြောင်း မြို့နယ်ရဲမူးကြီး
တစ်ဦးထံမှ သိရသည်။
''ထွေအုပ်မှာ လိုင်စင် ပေးကတည်းက (၁၁) နာရီကျော်ရင် သူတို့
မဖွင့်ပါဘူးဆိုပြီး လက်မှတ် ထိုးထားတာ ဒါကို သူတို့ လိုက်နာမှုမရှိဘဲ
သုံးနာရီ လေးနာရီ အထိ ဖွင့်ြ
|
Posted: 15 Aug 2015 05:47 AM PDT
နိုင်ငံတကာ လူငယ်များနေ့ကို သြဂုတ်လ ၁၅ ရက်နေ့က ရန်ကုန်မြို့ ပြည်လမ်း
ယုဒသန်ခန်းမမှာ ကျင်းပနေစဉ်။ Photo: Aung Min Htike/ RFA
လာမယ့်ရွေးကောက်ပွဲမှာ မဲပေးနိုင်သူလူဦးရေ ၃၃ သန်းရှိရာမှာ အသက် ၁၈
နှစ်ကနေ ၃၅ ကြားလူငယ်လူဦးရေက တစ်ဝက်နီးပါး ရှိပြီး မဲပေးနိုင်သူ လူငယ်
အားလုံး မဲပေးကြဖို့ကို ဒီနေ့ ကျင်းပတဲ့ နိုင်ငံတကာ လူငယ်များနေ့မှာ
တက်ရောက်စကားပြောသူတွေက တိုက်တွန်းလိုက်ပါတယ်။
ရန်ကုန်မြို့ ပြည်လမ်း
|
Posted: 15 Aug 2015 05:05 AM PDT
ချယ်ရီ FM ရေဒီယို တည်ထောင်တာ သြဂုတ်လ ၁၅ရက်နေ့မှာ
၆နှစ်ပြည့်
ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီတွင်း
ဖြစ်ပေါ်နေတဲ့ အခြေအနေတွေနဲ့ ဆက်စပ်ပြီး ချယ်ရီ FM
ရေဒီယိုရဲ့ ထုတ်လွှင့်မှုတွေနဲ့ ပတ်သက်လို့ ချယ်ရီ FM
ရေဒီယို တာဝန်ရှိပုဂ္ဂိုလ်နဲ့ ပြန်ကြားရေး ဝန်ကြီးတို့
ဒီကနေ့ တွေ့ဆုံ ပြောဆိုခဲ့ရာမှာ ထုတ်လွှင့်မှု ၃
|
Posted: 15 Aug 2015 03:05 AM PDT
Photo: Cherry FM ( Facebook )
ဦးတိုးနိုင်မန်းနဲ့ ပတ်သက်တဲ့ ချယ်ရီ FM ကို ပိတ်လိုက်ဖို့
ပြန်ကြားရေးဝန်ကြီးဌာနက ညွှန်ကြားလိုက်တယ်လို့ သိရပါတယ်။
ချယ်ရီ FM ဟာ ပြန်ကြားရေးဝန်ကြီးဌာနနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်ပါ
အချက်တွေကို ဖောက်ဖျက်တယ်ဆိုပြီး အသံလွှင့် လုပ်ငန်းအားလုံးကို
ပိတ်သိမ်းလိုက်ဖို့ ဒီကနေ့ နေပြည်တော်မှာ ပြန်ကြားရေးဝန်ကြီးဌာနက
တာဝန်ရှိသူတွေနဲ့ တွေ့ဆုံစဉ်မှာ ပြောတာလို့ သိရှိရပါတယ်။
ရန်ကုန်
|
Posted: 15 Aug 2015 03:05 AM PDT
ကယားပြည်နယ်အတွင်းမှာ အဖိုးတန်ကျွန်းသစ်တွေကို ခုတ်ယူမှုများပြား
လာတာကြောင့် သစ်တောပြုန်းတီးမှု ရှိလာနေတဲ့အတွက် KNPPခေါ် ကရင်နီ အမျိုးသား
တိုးတက်ရေးပါတီကနေ ကျွန်းသစ်ထုတ်ခွင့်ကို လုံးဝ ပိတ်ပင် တားဆီးသွားမယ်လို့
ပါတီခေါင်းဆောင် တွေက ပြောပါတယ်။ အခုလိုသစ်တွေကို အလွန်အကျွံ
ခုတ်လှဲခဲ့မှုကြောင့် ကယားပြည်နယ်အတွင်းမှာ ရာသီဥတုဖေါက်ပြန်မှု ဒဏ်ကို
တွေ့ကြုံနေရပြီးလို့လဲ သဘာဝ ပါတ်ဝန်းကျင်လေ့လာသူတွေ ကနေပြော
|
Posted: 15 Aug 2015 03:05 AM PDT
လူသေများတွင် မပုပ်မသိုးအောင်စီမံသည့် ဖော်မလင် (formalene) ကို စားသောက်
ကုန်များဖြစ်သည့် မုန့်ဟင်းခါးဖတ်၊ မုန့်တီ၊ နန်းကြီး၊ ပဲပြား၊
ချက်နို့ဆီစသည်များတွင် အသုံးပြုမှု များပြားလာသည်ဟု မြန်မာ နိုင်ငံ
စားသုံးသူ ကာကွယ်ရေးအသင်း ဥက္ကဋ္ဌ ဦးဗအုပ်ခိုင်က News Watch ဂျာနယ်သို့ ပြော
ကြားခဲ့သည်။
၎င်းးမှ “မုန့်ဟင်းခါးဖတ်၊ မုန့်တီ၊ နန်းကြီးဖတ်၊ ပဲပြားတို့၊
ချက်နို့ဆီတွေမှာ ကြာရှည်ခံအောင် ဖော်မလင်သုံးလာတာ တော်ေ
|
Posted: 15 Aug 2015 03:03 AM PDT
ကြိုးဆွဲချ သေဆုံးသည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်
ကိုယ်စားလှယ်လောင်း၏ နေရာအား အချိန်မီ အစားထိုးခဲ့ကြောင်း ဧရာဝတီတိုင်း
ဒေသကြီး ပါတီ ဥက္ကဋ္ဌ ဒေါက်တာမျိုးညွန့်က The Messenger Media သို့ ပြောသည်။
““ကျွန်တော်တို့ ချက်ချင်းပဲ အချိန်မီပေါ့ ၊ လပွတ္တာခရိုင်
အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးထွန်းလှကို အစားထိုးလိုက်ပါပြီ””ဟု ၎င်းက ပြောသည်။
လပွတ္တာမြို့နယ် ဒီချုပ်ပါတီ အတွင်းရေးမှူး တို
|
Posted: 15 Aug 2015 02:59 AM PDT
ဖခင်တဦးနှင့်ရှစ်နှစ်အရွယ် သားလေးတယောက်တို့ကို အိုင်အက်စ်စစ်သွေးကြွတွေက
ယုံကြည်မှု ဘာသာမကူးပြောင်းတဲ့အတွက် လူမြင်ကွင်းမှာ ခေါင်းဖြတ်သုတ်သင်ဖို့
ဆွဲထုတ်လာခဲ့တယ်။ ဒါပေမဲ့ ကံကောင်းချင်တော့ ခေါင်းဖြတ်ကာနီးမှာ ကိုက် ၁၀၀၀
အဝေးက လက်ဖြောင့်တပ်သားတွေရဲ့လက်ချက်ေ
|
Posted: 15 Aug 2015 02:59 AM PDT
ရန်ကုန်မြို့ရှိ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရုံး (ဆင်ဟွာ)
ရန်ကုန်၊ သြဂုတ် ၁၅ ရက် (ဆင်ဟွာ)
၂၀၁၅ ပါတီစုံ အထွေထွေ ရွေးကောက်ပွဲ ဝင်ရောက်ရန် အတွက် ပြည်ထောင်စု
ရွေးကောက်ပွဲ ကော်မရှင်ထံ သတ်မှတ်ရက် နောက်ဆုံးနေ့ဖြစ်သော သြဂုတ်လ (၁၄)
ရက်နေ့အထိ ကိုယ်စားလှယ်လောင်း ၅,၄၀၀ ကျော် စာရင်း ပေးသွင်းထားကြောင်း
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ယနေ့ ထုတ်ပြန်သည်။
အဆိုပါ ကိုယ်စားလှယ်လောင်း ၅,၄၀၀ေ
|
Posted: 14 Aug 2015 08:39 PM PDT
ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းကို ထားဝယ်မြို့ တောင်သူလယ်သမားရေးရာတွေ့ဆုံပွဲ
|
Posted: 14 Aug 2015 08:04 PM PDT
ရုံးပြန်တက်နေတဲ့ သူရဦးရွှေမန်း။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီပါတီ ဥက္ကဋ္ဌ ရာထူးကနေ သူရ
ဦးရွှေမန်းကို ဖယ်ရှားလိုက်တဲ့ ကိစ္စဟာ မကြာခင်မှာ ဒီထက် ပိုမိုပြင်းထန်တဲ့
ရိုက်ခတ်မှုတွေ ဆက်လက် ဖြစ်လာနိုင်ခြေရှိတယ်လို့ မြန်မာ့နိုင်ငံရေး အနီးကပ်
လေ့လာသူတွေက သုံးသပ် ပြောဆိုကြပါတယ်။ လောလောဆယ် သူရ ဦးရွှေမန်း ရုံးတက်ပြီး
လွှတ်တော်ဥက္ကဋ္ဌ တာဝန်တွေကို ပြန်လည် ထမ်းဆောင်တယ်ဆိုတာဟာလည်း သူ့သဘောနဲ့
လုပ်ဆောင်
|
Posted: 14 Aug 2015 08:04 PM PDT
သမ္မတ ဦးသိန်းစိန် က စစ်တပ်ကို ကျောထောက် နောက်ခံ ပြုပြီး
အာဏာကို ပိုမို ဆုပ် လာတဲ့ သဘော ဆိုရင် တော့ ကြံ့ခိုင်ရေး
ပါတီတွင်း အကွဲအပြဲ ဆိုတာ မျိုးထက် ကျော်လွန် ပြီး မြန်မာ
နိုင်ငံ မှာဒီမိုကရေစီ စနစ် ထွန်းကား ဖို့ လုပ်ဆောင်
နေတဲ့ ပြုပြင် ပြောင်းလဲ ရေး လုပ်ငန်းစဉ် တွေ အပေါ် မှာ
ထိခိုက် လာနိုင်။
လက်ရှိ ဖြစ်ပေါ် နေတဲ့
|
Posted: 14 Aug 2015 08:04 PM PDT
သူရဦးရွှေမန်းကို ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး USDP ပါတီဥက္ကဋ္ဌ
အဖြစ်ကနေ ဖြုတ်ချလိုက်တာနဲ့ ဆိုင်တဲ့ အခြေအနေ တွေဟာ မြန်မာ့ ဒီမိုကရေစီ
ပြုပြင်ပြောင်းလဲရေးပေါ် ထောက်ခံသူတွေ အတွက် ပြန် စဉ်းစားစရာဖြစ်တယ် လို့
အမေရိကန် အထက် လွှတ်တော် လူများစုခေါင်းဆောင် Mitch McConnell က သြဂုတ်လ ၁၄
ရက်နေ့စွဲနဲ့ ထုတ်ပြန်ချက် တခုထဲမှာ ပြောထားပါတယ်။
တခြားနိုင်ငံရေးပါတီတွေလိုပဲ USDP အနေနဲ့ ပါတီခေါင်းဆောင်ကို ကို
|
Posted: 14 Aug 2015 08:03 PM PDT
ချင်းပြည်နယ် မင်းတပ်မြို့ကနေ မတူပီမြို့ကို သွားတဲ့ကားလမ်းမှာ
မြေပြိုတဲ့ နေရာ ၆ ခု လောက် ရှိနေတာကြောင့် မတူပီမြို့က ဒုက္ခသည်တွေထံကို
စားနပ်ရိက္ခာ ပို့ဆောင်ပေးဖို့ ခက်ခဲနေတယ်လို့ သိရပါတယ်။
မင်းတပ်မြို့မှာရောက်နေတဲ့ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့
ပွင့်လင်းလူ့အဖွဲ့အစည်းဝင် ကိုဇော်ဝမ်းမောင် က မင်းတပ်ကနေ မတူပီကို
ဆန်အိတ်တွေ ကားနဲ့ တင်ပို့ဖို့ အခက်ကြုံနေတယ်လို့ RFA ကိုပြောပါတယ်။
"မင်းတပ်နဲ့ မတူပီလမ်း
|
Posted: 14 Aug 2015 08:03 PM PDT
မြန်မာနိုင်ငံ ဒေသ အများအပြားမှာ ရေကြီးတာ နဲ့ မြေပြိုတာတွေကြောင့်
မြေမြှုပ်မိုင်း နဲ့ ပေါက်ကွဲစေတတ်တဲ့ ပစ္စည်းတွေဟာ နေရာ ရွေ့လျားသွားပြီး
ရေမြုပ်သွားတဲ့တိုင် အန္တရာယ်ရှိနေဆဲဖြစ်တယ်လို့ ကုလသမဂ္ဂ
ကလေးသူငယ်များဆိုင်ရာ အရေးပေါ် ရန်ပုံငွေ အဖွဲ့ UNICEF ရဲ့
မြန်မာနိုင်ငံဆိုင်ရာရုံးက သတိပေးထားပါတယ်။
တကယ်လို့ မြေမြှုပ်မိုင်း ဒါမှမဟုတ် ပေါက်ကွဲစေနိုင်တဲ့
ပစ္စည်းတွေတွေ့တယ်ဆိုရင် ကိုယ့်ဖာသာ ကိုင်တွယ်တာမျိုးမ
|
Posted: 14 Aug 2015 08:08 PM PDT
လုပ်ငန်း ကျွမ်းကျင် မှု ကို စိစစ် ခေါ်ယူ မယ် ဆိုရင်
တောင်ကိုရီးယား ရောက် မြန်မာ လုပ်သားတွေ အတွက် လည်း
အလုပ်အကိုင် ပိုမို အာမခံချက် ရှိနိုင်။
တောင်ကိုရီးယား နိုင်ငံကို မြန်မာ အလုပ်သမား တွေ တရားဝင် သွားရောက်
အလုပ်လုပ်ကိုင် နိုင်ဖို့ ဆိုရင် ကိုရီးယား ဘာသာစကား အပြင် သက်ဆိုင်ရာ
လုပ်ငန်း တစ်ခုခု မှာ ဘယ်လောက် ကျွမ်းကျင် မှု ရှိသလဲ ဆိုတဲ့ အရည်ချင်း
စစ်တဲ့ စာမေး
|
Posted: 14 Aug 2015 08:03 PM PDT
ကျူးဘား နိုင်ငံ ဟာဗားနား မြို့တော် မှာ ဩဂုတ်လ ၁၄ ရက် သောကြာနေ့ က
အမေရိကန် သံရုံး ကို ပြန်လည် ဖွင့်လှစ် ခဲ့ပြီးတဲ့ နောက် အမေရိကန် အနေနဲ့
ကျူးဘား အပေါ် ကုန်သွယ်ရေး ပိတ်ဆို့ ထားမှု တွေ ကို အလုံးစုံ ဖယ်ရှား ပေးပါ
ဆိုပြီး ကျူးဘား အာဏာပိုင်တွေ က တောင်းဆို လိုက်ပါတယ်။
နှစ်နိုင်ငံကြား ဆက်ဆံရေး ကို အပြည့်အဝ ပြန်လည် ထူထောင်ရေး လုပ်ငန်းစဉ် ကို
ကြီးကြပ်ဖို့ ပူးတွဲ ကော်မရှင် တစ်ရပ် ဖွဲ့စည်း ထားရှိမယ် လို့
|
Posted: 14 Aug 2015 02:35 PM PDT
ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံဖြိုးရေးပါတီရဲ့ ထိပ်ပိုင်း ခေါင်းဆောင်
အပြောင်းအလဲဟာ အများယူဆသလို ဗိုလ်ချုပ်မှူုးကြီးဟောင်း ဦးသန်းရွှေရဲ့
အမိန့်နဲ့ လုပ်တာ ဖြစ်နိုင်တယ်လို့ ကြံ့ခိုင်ဖွံဖြိုးရေးပါတီရဲ့
ဗဟိုအလုပ်အမှုဆောင်ဟောင်း သူရဦးအောင်ကိုက RFA ကို ပြောပါတယ်။
ပြည်သူ့လွှတ်တော် တရားစီရင်ရေး၊ ဥပဒေရေးရာ စိစစ်ရေးကော်မတီ ဥက္ကဌ
သူရဦးအောင်ကို ကို RFA အဖွဲ့သူ မသင်းသီရိက ဆက်သွယ်မေးမြန်းထားတာ
နားဆင်နိုင်
|
Posted: 14 Aug 2015 02:57 PM PDT
ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ခေါင်းဆောင်ပိုင်း ပြဿနာကို ဖြေရှင်းတဲ့
အခါမှာ ပြည်သူလူထု အကျိုးကိုကြည့်ပြီး ငြိမ်းငြိမ်းချမ်းချမ်း
ဆောင်ရွက်ဖို့ တိုက်တွန်းတယ်လို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်
သဘာပတိအဖွဲ့ ဥက္ကဌ ဦးတင်ဦးက RFA ကိုပြောပါတယ်။
ဒီဆောင်ရွက်ချက်တွေဟာ အရင်စနစ်ဆိုးတွေရဲ့ အကြွင်းအကျန်တွေဖြစ်တယ်လို့လည်း
ပြောပါတယ်။
ဒါ့အပြင် NLD ပါတီ အတွင်းမှာလည်း ရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်း
ရွေးချယ်မှုေ
|
Posted: 14 Aug 2015 02:12 PM PDT
မန္တလေး သြဂုတ် ၁၄
မန္တလေးမြို့၊ အောင်မြေသာစံ မြို့နယ် (၈၂)လမ်းနှင့် (၈၃)လမ်းကြား၊
(၁၈)လမ်းနှင့်(၁၉)လမ်းကြားရှိ ကျီဝင်း ရပ်တွင် ယနေ့ ညနေ ၅ နာရီခွဲက အဲကူလာ
အပူလွန်ကဲခြင်းကြောင့် မီးလောင်မှုဖြစ်ပွားကြောင်းသိ
|
Posted: 14 Aug 2015 02:12 PM PDT
ရန်ကုန် သြဂုတ် ၁၄
သြဂုတ် ၁၄ ရက် မွန်းလွဲ ၁၂ နာရီမိနစ် ၂ဝ ခန့်က ကြည့်မြင်တိုင်မြို့နယ်
သီတာရပ်ကွက် သီတာလမ်းတိုက် အမှတ် ၆ဝ သုံးခန်းတွဲရှစ်လွှာ A ခေါင်းရင်း ခန်း၌
မီးလောင်မှုဖြစ်ပွားခဲ့သည်။
မြို့နယ်စုံမှ မီးငြှိမ်းသတ်ရေးယာဉ်အစီး ၂ဝကျော် နှင့်အတူ
မီးသတ်တပ်ဖွဲ့ဝင်များ အများအပြားရောက်ရှိ လာခဲ့ကြသည်။
မီးသတ်တပ်ဖွဲ့ဝင်တစ်ဦး၏ အဆိုအရ အဆင့်နှစ်ဖြစ်ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီး
|
0 comments:
Post a Comment