Thursday, August 20, 2015

အမေ့ဆုတောင်း


၁။ငါအိုသွားသောအခါ၊ ငါအရင်လိုမဟုတ်တော့ဘူး၊ ငါ့ကိုနားလည်ပေးပါ၊ စိတ်ရှည်ထားဆက်ဆံပေးပါ။
၂။ချိနဲ့နဲ့လက်တွေနဲ့ထမင်းဟင်းတွေ၊ အင်္ကျီလုံချည်ဖိုသီဖတ်သီဖြစ်နေတဲ့အခါ၊ ငါ့ကိုမရွံပါနဲ့၊ ငယ်ငယ်တုံးကငါသုတ်သင်ပေးခဲ့ဒါတွေကိုကျေးဇူးပြုပြီးသတိရပေးပါ။
၃။အပ်ကြောင်ထပ်မကပြောခဲ့ဘူးတဲ့စကားတွေပြန်ပြောမိတဲ့အခါ၊ စကားမဖြတ်ဘဲကျေးဇူးပြုပြီး သီးခံနားထောင်ပေးပါ၊

ငယ်ငယ်တုံးကအိပ်ယာဝင်တိုင်းတထောင့်တညပုံပြင်တွေ ငါးရာငါးဆယ် နိပါတ်တော်တွေ ဇာတ်ကြီးဆယ်ဘွဲ့တွေ၊ စတဲ့ပုံပြင်တွေကိုမရိုးအောင်ပြောရင်း ငါချော့သိမ့်ခဲ့တာတွေကို သတိပေးပါ။
၎။မလှုပ်ရှားနိုင်လို့ရေချိုးဖို့အကူအညီလိုတဲ့အခါ၊ မငြိုညင်ပါနဲ့၊ ငယ်ငယ်တုံးကချော့တခါခြောက်တလှည့် ငါရေချိုးပေးခဲ့တဲ့ပုံရိပ်လေးကိုမြင်ယောင်ပေးပါ။
၅။စိတ်သွားတိုင်းကိုယ်မပါနွမ်းလျပြီး လမ်းမလျှောက်နိုင်တဲ့အခါ၊ ခွန်အားပါတဲ့လက်တစုံနဲ့ငါ့ကို ကူတွဲပေးကြပါ၊ လမ်းလျှောက်သင်စအရွယ်တုံးက တလှမ်းခြင်းလမ်းလျှောက်လေ့ကျင့်ခဲ့ဘူးတာတွေ သတိရပေးပါ။
၆။တနေ့ထက်တနေ့အိုစာသွားတဲ့ငါ့ကိုကြည့်ပြီ၊ ဝမ်းမနဲပါနှင့်၊ နားလည်ပေးပါ အားပေးပါ၊ အရင်တုံးက လူ့ဘဝတက်လမ်းအတွက် ငါလမ်းညွှန်ခဲ့သလို၊ အခုအချိန်မှာ ငါ့ဘဝနောက်ဆုံးအချန်အတွက်၊ အဖော်ပြုပေးပါ။
ချစ်ခြင်းမေတ္တာနဲ့၊ အေးမြမှုတွေကို၊ ငါပြုံးပြုံးလေးလက်ခံမှာပါ၊ အဲဒီအပြုံးတွေထဲမှာ၊ မဆုံးတဲ့ငါ့မေတ္တာတွေတွေ့ရမှပါ၊ သားတို့သ္မီတို့ရေ။

ထာဝရပျော်ရွှင်ချမ်းမြေ့ကြပါစေကွယ်။

*သားသ္မီးတိုင်း မိဘတွေအပေါ်နားလည်စွာနဲု့ ယုယနွေးထွေးနိုင်ကြပါစေ*

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...