Thursday, August 27, 2015

ကျွန်မကိုချစ်ရင် စာကိုဆုံးအောင်ဖတ်ပါ


သူငယ်ချင်း
လူ့ဘဝဆိုတာ ခဏလေးပါ။ အပိုင်ရတယ်ဆိုတာ ဘာမှ မရှိပါဘူး။
တခဏတာ ဆုပ်ကိုင်မိတဲ့ ကာလအခိုက်အတန့်
လေးမှာ ပိုင်ဆိုင်မူတွေရှိသယောင်နဲ့ ပြီးတော့လည်း ပုံစံအမျိုး မျိုးနဲ့
သူကမချန်ရင် ကိုယ်ကချန်ထားခဲ့ရတာပဲလေ။


မနက်ဖြန်ဆိုတာ လက်ရှိအချိန်လောက် မသေချာပါဘူး။
အချိန်ဆိုတာ လှည်ပတ်နေတဲ့ ယန္တရားတစ်ခုပါ။
နောက်ကိုပြန်ဆုတ်ပေးမှာ မဟုတ်တဲ့ အချိန်ကြောင့် ဖြု န်းတီးလိုက်မိတဲ့ ဘဝရဲ့ စက္ကန့် နာရီ
ရက် လ နှစ်တွေ ပြန်စစ်ကြည့်တော့နှမြောစရာပဲနော်။
ရှေ့အနာဂတ်ကိုလည်း လှမ်းကြည့်လိုက်ပါဦး
နေ့မြင် ညပျောက်ခေတ်မဟုတ်တော့ပဲ
ခုမြင် ခုပျောက်စေတဲ့ ဆုတ်ကပ်ခေတ်ကြီးမှာ
သူက ဘယ်လောက်သက်တမ်းထိ နေထိုင်ခွင့်ရ
မယ် ကိုယ်က ဘယ်နေ့အထိ အသက်ရှင်ခွင့် ရ
မယ် ဘယ်သူ့မှ အတပ်မပြောနိုင်ပါဘူး။
ခန္တာဇီဝ လူပ်ဆောင်ချက်အရတော့ ခန့်မှန်းခြေ သိနိုင်ပေမဲ့
ကံသီလအကျိုးပေးရဲ့ သက်တမ်းကသာ  အဓိကပါ။
မသိလို့ မလုပ်တဲ့လူ
သိပြီး မလုပ်တဲ့လူ
သိလဲမသိ လုပ်လဲ မလုပ်တဲ့လူထဲမှာ
ကိုယ့်ကိုကိုယ် ဗုဒ္ဓဘာသာဝင်မှန်းသိပြီး
ဘုရားစကားနားထောင်ရမှန်းသိသော်လည်း
သိပြီး မလုပ်တဲ့လူတွေရဲ့ ဘဝအကူးဟာ
ကြောက်ဖို့ အလွန်ကောင်းပါတယ်။
မသိရင် သိအောင်လုပ်
သိပြီးရင် ကျင့်ပါ။
ဝေဒနာတွေပြနေပြီး အချိန်တန် ပစ်ထားခဲ့ရမဲ့
ကိုယ်မပိုင်တဲ့ ဒီခန္တာကိုယ်ကြီးကို
ဘာလို့ သနားညှာနေမှာလဲ၊
တရားထိုင် ၁ နာရီကို fb သုံးချိန်ထဲက ပေးလိုက်ပါ
တရားနာ ၁ နာရီကို ဖုန်းပြောချိန်နဲ့ Chat နေချိန်က ပေးလိုက်ပါ
အကျိုးမရှိ မထိတထိနဲ့ ကလိနေတဲ့စကားတွေ
ကတိမတည်တဲ့ စာသားတွေနဲ့ အချိန်ဖြုန်းနေမဲ့
အစား ကံငါးပါးထိန်းပြီး
ညဏ်ပွင့်ပေးမဲ့ မသိတဲ့တရားတွေ ဆည်းပူးပါ
အသိတရားတွေ တိုးပွားပါ၊ အရှိတရားကို လက်ခံပါ
အဖြစ်တွေကို မြဲနေတယ် မမှတ်ပါနဲ့
အချိန်တန် ပျက်သွားမှာ ကြီးပါပဲ။
လွန်ခဲ့တဲ့ ၁၃ နှစ်ကျော်က
ဥပုဉ်တစ်ရက်မှာ ကျောင်းထိုင်ဆရာတော် တစ်ပါး
ဟောတဲ့ သေမင်းတရားကို သတိရမိတယ် သိလား။
လူတစ်ယောက်က သူသေရမယ်လို့ သိနေတဲ့
ရက်မှာ သေမင်းလာခေါ်ရင် မျက်စိလယ်သွား
အောင် ကုတင်ခြေရင်းဘက် ခေါင်းထားပြီး
ပြောင်းပြန် အိပ်နေလိုက်တာပေါ့နော်
အချိန်ကျလို့ သေမင်းက ရောက်လာရော
အဲ့ဒီနေ့ကျ မှ သေမင်းကလဲ စိတ်ကောင်းဝင်ပြီး
ဒီသူငယ်လေးခမျာ သနားပါတယ်
သေချင်ရှာဦးမှာ မဟုတ်ဘူးလို့ သနားစိတ်တွေ
ဝင်ပြီး သူလုပ်ရမဲ့ တာဝန်ကို လုပ်ဖြစ်တယ်ဆိုတဲ့
စတိ သဘောနဲ့ ခေါင်းရင်းဖက် တင်းပုတ်နဲ့မထုပေးပဲ ခြေရင်းကိုဘဲ လှမ်းထုပေးခဲ့သလိုပေါ့၊
အချိန်ကျလာရင်တော့ ဘယ်လိုမှ ရှောင်မရပါဘူး။

သူငယ်ချင်း၊
နောက်တစ်နှစ်
ဒီတရားဟောပေးတဲ့ ဆရာတော်ဘုရားဟာ
နေမကောင်းဖြစ်ရာမှ ပျံလွန်တော်မှုသွားတာ
သိလိုက်ရတော့ သေခြင်းတရားဟာ
ကျွန်မအတွက်တော့ မှတ်မှတ်ရရတွေပါပဲ။
သူငယ်ချင်းရယ်
တကယ်တမ်းကျ တော့လေ
တစ်ကယ့်အရေး တစ်ကယ့်ဘေး
ဘယ်သွေး ဘယ်သား မကယ်ပြီ
ကိုယ်ထက်ကြီးသူ ကိုယ့်အောက်လူ
ရွယ်တူသေတာ များလှပြီ
ခန္တာမစဲ အိုစမြဲ ငါလဲသေဖို့နီးခဲ့ပြီ
မသေသေးမှီ ပါရမီ ငါသည်ဖြည့်မှ တော်လိမ့်မည်
ဝိပသနာ ဘာဝနာ ငါဟာပွားမှ တော်တော့မည်။
သူငယ်ချင်းရေ
တရားဟောဆရာ မဟုတ်တဲ့ကျွန်မ
အမှားပြောမှာလဲ မဟုတ်ဖူးလို့ လက်ခံပေးပါ
စေတနာဆိုတာ လူတိုင်းနဲ့ မထိုက်တန်ဖူးဆိုပေမဲ့ သူငယ်ချင်း အတွက်တော့ ထိုက်တန်တဲ့
အရာ ဖြစ်စေချင်ပါတယ်။
ခန္တာ အသိ ညဏ်အရှိကို ထိုးထွင်းသိမြင်ပြီး
မေတ္တာကမ္မဌာန်း စီးကာဖြန်း
ချမ်းမြေ့သာယာ ရှိပါစေ။ ။

ယဉ်မေသက်

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...