Sunday, August 30, 2015

🌻အမုန်းစိတ်၏ ထွက်ပေါက်🌻


တို့တတွေစိတ်ထဲမှာ ဒေါသဆိုတဲ့ အလိုမကျမှု၊ တစ်ဦးတစ်ယောက်ကို မုန်းတီးမှုဆိုတာ
ကိုယ့်သန္တာန်မှာ ဖြစ်နေလို့ရှိရင် စိတ်နှလုံးဟာ ပူလောင်နေရပါတယ်။ အဲဒီ ပူလောင်မှုတွေကို မလို
ချင်ဘူး၊ ထာဝရ အေးချမ်းနေတာကို လိုချင်တယ်ဆိုရင် မေတ္တာနဲ့ အစားထိုးလိုက်ပါ။ မေတ္တာဟာ
အမုန်းစိတ်၏ တကယ့်ထွက်ပေါက်ပါ။


ဒါပေမယ့် တဏှာရာဂဟာ မေတ္တာအယောင်ဆောင်ပြီးတော့ လှည့်စားသွားတတ်တဲ့အတွက်
တဏှာနဲ့ မေတ္တာ ကွဲအောင် အရင်ကြည့်ဖို့ လိုပါတယ်။ မေတ္တာဆိုတာက သူ့အကျိုးကို လိုလားတဲ့စိတ်ဓာတ်၊ တဏှာဆိုတာက ကိုယ့်အကျိုးကို ဦးစားပေးတာပါ၊ မေတ္တာဆိုတာက စွန့်လွှတ်နိုင်တယ်၊တွယ်တာမနေဘူး၊ တဏှာဆိုတာက မစွန့်လွှတ်နိုင်ဘူး၊ အင်မတန်မှ ကွဲပြားခြားနားမှု ရှိပါတယ်။
တဏှာချစ်က ပူလောင်ပါတယ်၊ မေတ္တာချစ်က အေးမြပါတယ်။ မေတ္တာဆိုတာ အတွယ်အတာကင်းပါတယ်။ ကောင်းကျိုးချမ်းသာကို လိုလားတဲ့ စိတ်သဘောပါ။ မေတ္တာဆိုတာ သူ့အတွက်၊တဏှာဆိုတာ ကိုယ့်အတွက်ပါ။
အဲဒီတော့ တဏှာချစ်နဲ့ မေတ္တာချစ်က အလွန်ကွာပါတယ်။ မေတ္တာဆိုတာ အကျိုးစီးပွားကို
လိုလားပါတယ်။ ကောင်းစားစေချင်တယ်။ ကြီးပွားစေချင်တယ်။ သို့သော် တွယ်တာမှုကင်းပါ
တယ်၊ ကိုယ့်အတွက်မဟုတ်ဘဲ သူ့အတွက်ပဲ စဉ်းစားပါတယ်။ ဒီ့ထက်ရှင်းအောင် ပြောရမယ်ဆိုရ
ရင် မေတ္တာဆိုတာ “ မိတ်ဆွေရဲ့ စိတ်ဓာတ်” ကို ခေါ်တာပါ။
မေတ္တာဆိုတဲ့ သဘောတရားဟာ အဒေါသ၊ အမုန်းကင်းစင်တဲ့ သဘောတရား၊ ကောင်း
ကျိုးချမ်းသာကို လိုလားတဲ့ ကြီးပွားစေချင်တဲ့ သဘောတရား။ မေတ္တာဟာ မိမိရဲ့သန္တာန်မှာ ပင်
ကိုယ်က ရှိနေပေမယ့်လို့ လေ့ကျင့်ပေးမှ အစွမ်းထက်ပါမယ်။ အဲဒီတော့ မေတ္တာဆိုတဲ့ သဘောတရားကို အာရုံနဲ့ပဲ လေ့ကျင့်ယူရပါမယ်။
ကောင်းပြီ... လေ့ကျင့်မယ်ဆိုလို့ရှိရင် ပထမ အစ ပုဂ္ဂိုလ်ကို ရွေးရပါလိမ့်မယ်။ ပုဂ္ဂိုလ်ထဲ
တွင်၊ အသက်ရှင်ဆဲပုဂ္ဂိုလ်၊ သေတဲ့ပုဂ္ဂိုလ်ဆိုပြီး နှစ်မျိုးရှိတဲ့အထဲမှာ “ အသက်ထင်ရှားရှိနေတဲ့
ပုဂ္ဂိုလ်” ကို ရွေးရပါမယ်။
အဲဒီလို ရွေးတဲ့အခါမှာလည်းပဲ လူကို အမျိုးအစား ၃ မျိုး ခွဲလိုက်ပါ။ တစ်ဦးက ကိုယ်နဲ့ခင်
မင်ရင်းနှီးတဲ့ပုဂ္ဂိုလ်၊ နောက်တစ်ဦးက ခင်လည်း မခင်ဘူး၊ မုန်းလည်း မမုန်းတဲ့ သာမန်ပုဂ္ဂိုလ်၊
နောက်တစ်ဦးက မုန်းတဲ့ ကိုယ့်ရန်သူ ဆိုပြီး ၃ မျိုးခွဲလိုက်ပါ။
အဲဒီထဲမှာ ဘယ်လိုပုဂ္ဂိုလ်ကို ရွေးရမလဲဆိုတာ အရေးကြီးပါတယ်။ မေတ္တာ စပြီးတော့ ပျိုးတော့မယ် ဆိုလို့ရှိရင် ကိုယ်နဲ့ ခင်လည်းမခင်၊ မုန်းလည်း မမုန်းတဲ့ ပုဂ္ဂိုလ်ကို သွားရွေးမယ် ဆိုလို့ရှိရင် မေတ္တာ စပျိုးဖို့ ခက်ပါလိမ့်မယ်။ မခင်တဲ့အတွက် သူ့ကို ပထမ အနေနဲ့ မရွေးရပါ။ ရန်သူကို ရွေးမလား ဆိုတော့လည်း ရန်သူကိုရွေးရင် ဒေါသ ဖြစ်မှာပါ။ မေတ္တာပျိုးလို့ မရနိုင်ပါ။ အဲဒီ
တော့ “ ပိယပုဂ္ဂလ ” ဆိုတာ ကိုယ်ခင်မင် ချစ်ခင်တဲ့ပုဂ္ဂိုလ်ကို ရွေးရပါမယ်။
ဒီလို ရွေးတဲ့နေရာမှာလည်းပဲ နောက်တစ်ခု သတိထားစရာက လိင်တူကိုပဲ ရွေးရပါမယ်။
ဆိုလိုတာက အမျိုးသားဆိုရင် အမျိုးသားထဲကရွေး၊ အမျိုးသမီးဆိုရင် အမျိုးသမီးထဲကရွေးပါ။
လိင်မတူတာကို ရွေးလို့ရှိရင် မေတ္တာဖြစ်မယ့်အစား တဏှာရာဂတွေ ဖြစ်လာတတ်ပါတယ်။ တဏှာ
ရာဂကြောင့် အန္တရာယ် ရှိပါတယ်။
အဲဒီလို ရွေးပြီးတော့ စိတ်ဓာတ်ကို လေ့ကျင့်ပေးရပါမယ်။ ကိုယ်ချင်းစာတရား ထားတတ်ဖို့အတွက် ကိုယ့်ကိုယ်ကို အရင်ဆုံး စဉ်းစားပြီး မေတ္တာပို့လိုက်ပါ။ ကိုယ့်ကိုယ်ကို မေတ္တာပို့တာကတော့ ဘာဝနာအတွက် မဟုတ်ပါ။ လွယ်အောင်လို့ ပြင်ဆင်လိုက်တဲ့ သဘောပါ။
မေတ္တာပို့တဲ့အခါမှာ “ကျန်းမာပါစေလို့ ပြောပြော၊ ချမ်းသာပါစေလို့ ပြောပြော၊ အရာခပ်
သိမ်း အဆင်ပြေပါစေလို့ ပြောပြော ” ဘာပဲပြောပြော ကိုယ်ကြိုက်တဲ့ တစ်ခုခုကို ပြောလို့ ရပါတယ်။ မေတ္တာပို့မယ့် ပုဂ္ဂိုလ်ကို ရွေးပြီးတဲ့အခါ ကိုယ်တစ်ယောက်တည်းနေတဲ့ အချိန်လေးမှာ ထို
ပုဂ္ဂိုလ်ရဲ့မျက်နှာ စိတ်ထဲမှာ ပေါ်လာအောင် ပုံဖေါ်လိုက်ပါ။ ပုံဖေါ်လို့ မရဘူးဆိုလို့ရှိရင် သူ့ရဲ့ဓာတ်ပုံလေးတစ်ခု ကိုယ့်ရှေ့မှာ ထားပြီးတော့ ပုံဖေါ်လိုက်ပါ။ သူ့ရဲ့ပြုံးရွှင်နေတဲ့မျက်နှာ ကြည်နူးနေတဲ့မျက်နှာလေးကို ကြည့်ပြီးတော့ “ အစဉ်ထာဝရ ပြုံးနိုင်ပါစေ၊ ချမ်းသာပါစေ၊ ကျန်းမာပါစေ၊ ရွှင်လန်းပါစေ ” ဆိုပြီး အဲဒီစိတ်ကလေး ထပ်တလဲလဲ ဖြစ်နေအောင် မေတ္တာထပ်ကျော့နေရပါတယ်။
တစ်နာရီလုပ်ရင် တစ်နာရီလုံး ထပ်ကျော့နေရပါတယ်။ (ပွတ်ပေး) မေတ္တာပို့နေရပါတယ်၊ အဲဒါကို
လေ့ကျင့်နေတယ်လို့ ခေါ်ပါတယ်။
အဲဒီလို ပွတ်ပေး(မေတ္တာပို့)နေလိုက်တဲ့ အခါမှာ ဘယ်နေရာပဲသွားသွား ဒီပုဂ္ဂိုလ်ရဲ့မျက်နှာ
ပဲ မြင်နေပါမယ်။ စိတ်က အဲဒီပေါ်မှာပဲ ငြိမ်ကျလာပါမယ်။ အဲဒီလို ငြိမ်ကျလာတဲ့အပေါ်မှာ မေတ္တာစိတ်ကလေးနဲ့ ထပ်ထပ်ပြီးတော့ ပွတ်ပေးနေလို့ရှိရင် နောက်ဆုံးမှာ သမာဓိစွမ်းအားတွေ ကောင်း
လာလို့ရှိရင် အာရုံပေါ်မှာ စူးစူးစိုက်စိုက်ဖြစ်ပြီးတော့နေတဲ့ သမာဓိစွမ်းအား ဈာန်သမာဓိတောင် ရနိုင်ပါတယ်။ ဒါဆို အမုန်းစိတ် မရှိတော့ပါ။ အမုန်းစိတ်၏ ထွက်ပေါက်ပါပဲ။
{အရှင်နန္ဒမာလာဘိဝံသ}

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...