Tuesday, August 18, 2015

ပရဟိတ သူရဲကောင်း ကိုသာပို (ခ) နိုင်ထူးအောင်

 
၁၈-၈-၂၀၁၅
နံနက်(၁း၄၂)နာရီ။
စင်္ကာပူနိုင်ငံမှ တကူးတကမြန်မာပြည်ပြန်လာပြီး ရေဘေးသင့်နေကြရတဲ့ပြည်သူတွေကို ကယ်ဆယ်ရေးလုပ်ငန်းတွေလုပ်နေတဲ့ ကိုသာပို(ခ)နိုင်ထူးအောင်ဟာ (၁၆-၈-၂၀၁၅)၇က်က အမြန်လမ်းပေါ်မှာ ကားမတော်တဆမှုဖြစ်ရာက အသက်ဆုံးရှုံးသွားခဲ့ရပါတယ်။

မွန်မြတ်တဲ့စိတ်ထား၊ ခေါင်းဆောင်ကောင်းအရည်အသွေးကောင်းတွေနဲ့ အရွယ်ကောင်းမှာကွယ်လွန်ခဲ့ရလို့ တိုင်းပြည်အတွက်ရော၊ မိသားစုအတွက်ပါဝမ်းနည်းနှမြောတသဖြစ်ရပါတယ်။ fb ပေါ်မှာပဲသိရပေမယ့် သူ့ရဲ့စိတ်ဓါတ်၊ သူ့ရဲ့လုပ်ရပ်တွေကို မလေးစား မချီးကျူးးပဲ မနေနိုင်တာကြောင့် သူတစ်ခါက fb ပေါ်မှာ ရေးသားခဲ့တဲ့ ပရဟိတလူငယ်များအကြောင်း Post လေးကို ပြန်လည် မျှဝေဖေါ်ပြရင်း ကိုသာပို ကို ဂုဏ်ပြု နှုတ်ဆက်လိုက်ရပါတယ်။
ကိုသာပို...ငြိမ်းချမ်းသောဘ၀နဲ့ မြန်မာပြည်အမြန်လမ်းမရှိတဲ့ ကောင်းရာသုဂတိ
ဘုံဘ၀မှာ ခံစားစံစားနိုင်ပါစေ။
မောင်ထွန်းလွင် (မိုးလေ၀သ)
------------------------------------------------------------------
ကို သာပို
August 10 at 8:55pm • Edited •
ကိုယ်နဲ့ ကိုယ့်အဖွဲ့ထဲက သူတွေဟာ မအားလပ်တဲ့ ကြားထဲကပဲ ကိုယ်စွမ်းဥာဏ်စွမ်း ရှိတာထက်ကို ပိုအားထုတ်ခဲ့ ကြတယ်ဆိုတာ ကိုယ်အသိဆုံးပဲ... အခုထိ ကိုယ်တို့တွေ လှူခဲ့တဲ့ ငွေတွေကော... အလှူခံရခဲ့တဲ့ ငွေတွေရောကို သေချာထိရောက်ပြီး အကျိုးရှိရှိ အသုံးချခဲ့တယ်...
စာရိတ်တွေအတွက် အလှူငွေကို မထိခိုက်စေပဲ စားဖို့မကျန်... ကားငှားဖို့ မကျန်တဲ့အထိ စိုက်ပြီးလုပ်ခဲ့ကြတယ်... ရသမျှ သုံးသမျှတိုင်းမှာ သေချာတိကျတဲ့ စာရင်းအင်းနဲ့ ခိုင်မာတဲ့ အကြောင်းပြချက် ရှိတယ်ဆိုတာကို ဂုဏ်ယူမိတယ်... အချိန်မရွေး တိကျသေချာကြောင်း သက်သေပြနိုင်တယ်...
တစ်ချို့သော အဖွဲ့ကလေးတွေဟာ ရင်ထဲကနေ လှိုက်ကနဲ ဆို့တက်လာတဲ့ ခံစားချက်ရဲ့ တွန်းကန်အားနဲ့ အလှူခံကြတယ်... စီမံခန့်ခွဲကြတယ်... သွားလှူကြတယ်... အတွေ့အကြုံနဲ့ စီမံခန့်ခွဲတဲ့ဘက်မယ် အားနည်းတာကြောင့် ကုန်ကျစာရိတ်တွေ အပိုကုန်တာတွေ... လေလွင့်တာတွေနဲ့ မထိရောက်တာတွေ ရှိလာကြတယ်...
ဒီအချက်တွေပေါ် မူတည်ပြီးတော့ လူတစ်ချို့ရဲ့ သရော်စရာ... လှောင်စရာ... ဖြစ်လာနေတယ်... အဲ့ဒိလို သရော်လှောင်ပြောင် တာတွေဟာ အမှားတွေ လုပ်နေကြတယ်လို့ ကိုယ်မြင်တယ်... ကိုယ်တွေလဲ ပရဟိတ ခြေလှမ်းတွေရဲ့ အစတွေမှာ အတွေ့အကြုံနဲ့ စီမံခန့်ခွဲမှု အားနည်းချက်တွေ ရှိခဲ့တာပဲ... အမှားအယွင်း တစ်ချို့ကနေ ကိုယ်တွေသင်ယူခဲ့သလို... သူတို့အတွက်လဲ သင်ယူဖို့ လိုအပ်တယ်...
အလှူခံတာ ၁၀... ကုန်ကျစားရိတ်က ၉ ကျပ် လှူတာ ၁ ကျပ်ဆိုပြီး လှောင်ပြောင်တာ... မလိုအပ်ပဲ လူအများကြီးသွားတယ်... စာရိတ်တွေထောင်းတယ်... မလိုတာတွေ စီမံတယ်... စသဖြင့် မလှောင်ပြောင် မသရော်သင့်ဘူး... လူငယ်တွေရဲ့ ပရဟိတ အညွန့်လေးတွေ မညိုးသွားဖို့ လိုအပ်တယ်... သူတို့ရဲ့ ကောင်းတဲ့စိတ်ထားလေး မပျက်သွားဖို့ လိုအပ်တယ်...
သူတို့လေးတွေ ဒုက္ခရောက်နေတဲ့ နေရာတွေကို ကိုယ်တိုင်သွားလိုက်တာဟာ အတွေ့အကြုံနဲ့ ဒီပရဟိတကို ဆက်လုပ်စေမယ့် တွန်းအားတွေ ရလာလိမ့်မယ်... တစ်ခါလုပ်ဖူးရင် နောက်အခါမှာ ပိုပြီးတော့ စေ့စပ်သေချာစွာ လုပ်လာနိုင်မယ်... ခေါင်းဆောင်နိုင်လာမယ်... ဦးဆောင်နိုင်လာမယ်...
တကယ်ပဲ ထိရောက်စေချင်တယ်... အကျိုးရှိရှိနဲ့ အလေအလွင့် နည်းစေချင်ရင် လှောင်ပြောင်နေ သရော်နေတာတွေအစား သိတဲ့တတ်တဲ့သူတွေက သူတို့လေးတွေကို ဦးဆောင်လမ်းပြ လုပ်သင့်တယ်... ကိုယ့်သားသမီးကို အရှက်ရစေတဲ့နည်း... စိတ်အနာဖြစ်အောင် လုပ်ပြီးတော့ ဆိုဆုံးမတဲ့နည်းနဲ့ မသွန်သင်သင့်ကြ သလိုပါပဲ...
လူငယ်တွေရဲ့ ကိုယ်ချင်းစာတရား... ကြေကွဲဖွယ် အကြောင်းအရာကနေ ဆို့နင့်လာတဲ့ တွန်းအားကနေ ဖြစ်လာတဲ့ ပရဟိတစိတ်ကို မြေတောင်မြှောက်ရမယ့်အစား ချိုးဆိတ်ဖို့ မသင့်ကြဘူး... တကယ်တမ်း ဦးစီးဦးဆောင်လဲလုပ် တာဝန်လဲယူကြတဲ့ သိတတ်သူတွေဟာ လှောင်ပြောင်သရော်နေကြဖို့ မအားကြပါဘူး...
အလှူခံရတဲ့ငွေ အများဆီက စုစည်းထားတဲ့ ငွေတွေကို သုံးတဲ့အခါမှာ ဘယ်လိုသုံးကြောင်း ဘယ်နေရာမှာ သုံးကြကြောင်း တင်ပြရတာ ထုံးစံပါ... ဒါတွေကို ဖော်ရှိုးလုပ်တယ်... အလှူခံ ဓါတ်ပုံတွဲရိုက်ဖို့ လုပ်ကြတယ်... မဆိုသာပါဘူး... လှူဒါန်းမှုအတွက် အမြင်သာဆုံး သက်သေပြမှုသည် ဓါတ်ပုံဖြစ်နေလို့ပါ...
သူတို့လေးတွေ မှားခဲ့ရင် ဒါဟာလဲ စေတနာအမှားပါ... အမှားကို အမှန်ဖြစ်အောင် အရှက်ခွဲပြီး အပုပ်ချတဲ့ နည်းလမ်းအပြင် ဦးဆောင်သင်ကြား လမ်းညွှန်ပေးတဲ့ နည်းလမ်းလဲ ရှိပါသေးတယ်... လူငယ်လေးတွေပါ... ကောင်းတာလုပ်နေကြတာပါ... အရက်သောက် ဖဲရိုက် ဆေးချနေတာ မဟုတ်ဘူး... ဒါ့ကြောင့်မို့ မှားနေရင်တောင်မှ လက်တွဲခေါ်ပါ... လမ်းညွှန်ပေးပါ... သိမ်းသွင်းပါ...
ဒါ ငါတို့နိုင်ငံရဲ့ တာဝန်ယူတတ်တဲ့ စိတ်ဓါတ်တွေ အပြည့်ရှိနေတဲ့ အနာဂတ် ခေါင်းဆောင်လောင်းတွေပါ...
စာနာနားလည် ဦးဆောင်လမ်းပြ နိုင်သူတွေ ဖြစ်ကြပါစေ...

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...