Sunday, August 30, 2015

နင်သနားတာ ငါသိပါတယ်


မနက်ကလမ်းလျှောက်တော့ ၄၀ ရပ်ကွက်ထဲမှာ သူခိုးတွေ သောင်းကျန်းနေတဲ့သတင်း၊ တစ်အိမ်လုံးကို တစ်နေကုန် စိတ်ကြိုက်ဖောက်ထွင်းပြီး တန်ဖိုးရှိတာတွေပဲ ရွေးယူသွားတယ်ဆိုတဲ့သတင်း ကြားလိုက်ရသဗျ။
မြို့ထဲမှာလည်း ဆိုင်အသိမ်း ရိုက်လုတဲ့သတင်း။ ကိုယ့်ပြန်မကြိုက်တဲ့ ကောင်မလေးရဲ့ လည်ပင်းကို ဓားနဲ့ ထိုးတဲ့သတင်း၊ ကြည့်တာကို မကျေနပ်နဲ့ ဓါးနဲ့လာခုတ်တဲ့သတင်းတွေအပြင် ဒီမနက် သတင်းတစ်ပုဒ်မှာလည်း ၂၀၁၅ သြဂုတ်လ ၂၃ ရက်နေ့အထိ ရန်ကုန်မှာလုယက်မှုတွေများလာပြီး ကျူးလွန်သူတွေဟာ လူလတ်ပိုင်း အရွယ်တွေဆိုတာ ရဲတပ်ဖွဲ့ကထုတ်ဖော်ဝန်ခံကြောင်း ဖတ်လိုက်ရပါတယ်။
သမ္မတကြီးမေတ္တာနဲ့ ထောင်အကြိမ်ကြိမ်ခါလိုက်တော့ ဆိုးခိုးလုတိုက်တွေက ဥပဒေကို မလေးခန့်တော့ဘူး။ မကြာပါဘူးက အထဲဝင်ရလည်း ခဏပေါ့လို့တောင် ပြောတဲ့အထိ။ ညက ဆိုက္ကားသမားတစ်ယောက် တုတ်ကိုင်ပြီး ကားဂိတ်မှာသောင်းကျန်းရင်းက ပြော တာလေးကိုလည်း နားထောင်ကြည့်လိုက်ဦး
“ဟေ့ကောင် မင်းလိုကောင်မျိုးကို အသေရိုက်သတ်လိုက်လို့ရတယ်သိလား .. ထောင်ထဲသွားနေလည်း တစ်ပတ်ပဲကွ” တဲ့ဗျာ။ အဲဒီလောက်ကို အရပ်ထဲမှာဖြစ်နေတာပါ။
သာမန်လူတွေကတော့ တစ်သက်တစ်ကျွန်းထောင်ကျတဲ့ တရုတ်တွေကိုတောင် ၈ ရက်နဲ့ လွှတ်ပေးရင်၊ လူသတ်တာ ပေါ့ပေါ့လေးဆိုပြီး တွေးလုပ်နေသလား မသိပါဘူး။
၁၉၈၈ အရေးအခင်းဖြစ်တော့ ထောင်တွေ ဖွင့်ပေးလိုက်တာ မှတ်မိကြမှာပေါ့။ နောက်ဆက်တွဲ အကျိုးဆက်က ဘာဖြစ်လာသလဲ။ ထောင်ထွက်တွေ အကြောင်းပြပြီး တောကြောင်တွေထွက်လာတယ်။ တိုင်းပြည်ကို စစ်တပ်က အာဏာမသိမ်းသိမ်းအောင် တွန်းပို့လိုက်တဲ့ တွန်းအားတွေဖြစ်လာခဲ့တယ်။
ခုလည်း အကြိမ်ပေါင်းများစွာ သမ္မတကြီးမေတ္တာထားနေတာဟာ ရွေးကောက်ပွဲနဲ့ နီးလာပါပြီ။ တိုင်းပြည်ထဲက ပြည်သူတွေလည်း ထိတ်လန့်နေရပါပြီ။ သမ္မတကြီးရဲ့ မေတ္တာဟာ ၀ှက်ဖဲတစ်ချပ် သို့မဟုတ် မီးတစ်စတော့ မဖြစ်စေချင်ဘူးဗျ။ ဘာကြောင့်လည်းဆိုတော့ ယမ်းတွေက နေရာအနှံ့ချထားတာမဟုတ်လား။ မီးတစ်စဆိုတာ အချိန်မရွေး ပေါက်ကွဲစေနိုင်တဲ့ အားလည်းဖြစ်သွားနိုင်တာပဲ။
အိမ်နီချင်းနိုင်ငံဖြစ်တဲ့ ထိုင်းမှာ စစ်အစိုးရက တိုင်းပြည်ကိုအုပ်ချုပ်နေတော့ စစ်တမ်းကောက်ပါသတဲ့။ သူတို့ စစ်အစိုးရကို ဘယ်လောက်ထောက်ခံသလဲဆိုတာ သက်သေထူဖို့ ကြိုးစားကြတာပေါ့။ ထုံးစံအတိုင်း ပညာတတ်အများစုနဲ့ ချမ်းသာတဲ့သူတွေက စစ်အစိုးရကို ထောက်ခံကြတယ်။ သဘောကတော့ အလုပ်အကိုင် အခွင့်အရေးတွေနဲ့ စည်းစိမ်ဥစ္စာတွေ ပြုတ်သွားမှာကြောက်လို့ပဲ။
တိုင်းပြည်ကို မငြိမ်းချမ်းအောင်လုပ်ပြီး ငြိမ်းချမ်းအောင် သို့မဟုတ် ချောက်ထဲမကျအောင် ငါတို့လုပ်ပေးလို့ ဆိုကာ ပြည်သူတွေကို ကျေးဇူးရှင်တွေအဖြစ် အမြဲကိုးကွယ်အောင် ဘယ်သူတွေက လုပ်တတ်သလဲဗျာ။ ကိုယ့် အသိတရားတွေနဲ့ သတိမထားရင်တော့ ထိုင်းနိုင်ငံလို စစ်အာဏာရှင်အောက် ပြန်ရောက်ရမှာ စိုးရိမ်ရသဗျ။
၂၈.၈.၂၀၁၅

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...