Monday, February 9, 2015

ပြုပြင်ပြောင်းလဲရမည့် မြန်မာ့ Education


လက်ရှိမြန်မာ့ Education က ပြုပြင်ပြောင်းလဲရမှာပေါ့။ ဒါကအမှန်တရားပဲ။ အခြားတောင်းဆိုနေသူတွေရှိသလို ကျုပ်တို့ကလည်း အမှန်ဖြစ်တဲ့။ ဖြစ်သင့်ဖြစ်ထိုက်တဲ့ဟာကိုပြောကြရမှာပဲ။ အားလုံး အကျိုးရှိရင်ကောင်းတာပေါ့။ ပြောပေါင်းများပါပြီ။ ဘယ်တာဝန်ရှိသူကမှ အရေးအဖက်မလုပ်ကြဘူး။ ဒီတော့လည်း ကျုပ်တို့လည်း ကျုပ်တို့လုပ်နိုင်တာနဲ့လုပ်နေတာပဲ။
မြန်မာလူမျိုးတွေဟာ ထက်မြက်တဲ့လူမျိုးတွေပဲ။ သို့သော် ဒီနေ့ မြန်မာနိုင်ငံဆိုတာက အခုဖွံ့ဖြိုးမှုအနည်းဆုံး၊ အဆင်းရဲဆုံးနိုင်ငံပဲ။ ဒါအမှန်ပဲ။ ဒီလိုဖြစ်ရတာက အခြေခံအကြောင်းရင်း (၃) ခုရှိတယ်။ ပထမတစ်ခုက ကျုပ်တို့မြန်မာလူမျိုးတွေမှာ စွဲမြဲနေတဲ့ အခြေခံအယူအဆတွေ၊ ဒုတိယတစ်ခုက ငါပြောသလိုလုပ် ငါလုပ်သလိုမလုပ်နဲ့ဆိုတဲ့ အာဏာရှင်စနစ်နဲ့ နောက်ဆုံးတစ်ခုကတော့ တရားဥပဒေ စိုးမိုးမှုမရှိခြင်းတွေဖြစ်တယ်။


၁၉၆၂ ကနေ ၁၉၈၈ ခုနှစ်ထိ မြန်မာနိုင်ငံဟာ ဆိုရှယ်လစ်စနစ်နဲ့သွားခဲ့တယ်။ ၁၉၈၈ ခုကနေ ၂၀၁၀ ထိ ဘာမှန်းမသိတဲ့ စနစ်နဲ့သွားခဲ့တယ်။ ၂၀၁၀ စပြီး ဒီမိုကရေစီဘက်ကို ပြောင်းလာခဲ့တယ်။ ကျုပ်တို့ Education က ဆိုရှယ်လစ်စနစ်မှာ အခြေခံပဲရှိနေခဲ့သေးတယ်။ ဒီတော့ သေချာတာပေါ့။ ဒီ Education ကပြောင်းလဲရမှာပဲ။
တကယ်တော့ Education ဆိုတာက လူငယ်တွေကို မိမိတို့လိုတဲ့ ပုံသွင်းတာပါ။ ဒီတော့ မြန်မာနိုင်ငံမှာနေရင် မြန်မာလူမျိုးတော့ ဖြစ်လာရမှာပေါ့။ မြန်မာဆိုတာ ဂုဏ်ယူတတ်ဖို့တော့လုပ်ရမှာပေါ့။ ဒီမှာက Education ဆိုရင် ပညာရေးလို့ဘာသာပြန်လိုက်ရင်တော့ ပညာရေးဆိုရင် သင်ရမယ်လို့သာထင်မြင်ကုန်တယ်။
ပညာသင်ကြားပေးတာက ဘာအတွက်လဲဆိုရင် Think, Understand, Do သုံးခုရှိတယ်။ စဉ်းစားတတ်အောင်၊ နားလည်အောင်၊ လုပ်တတ်အောင် ဆိုတဲ့ ရည်ရွယ်ချက် (၃) ခုပါတယ်။ ဒီတော့ အရာရာအားလုံးကို အာဂုံဆောင်ပြီး အလွတ်ကျက်ဖြေတဲ့ နည်းနဲ့ကမဖြစ်နိုင်ဘူး။
အခုဒီမှာဖြစ်ကုန်တာက ကျောင်းမှာ သင်တာ အလွတ်ကျက် ပြီးရင်စာမေးပွဲဖြေ၊ အောင်ကြ ဒီလိုနဲ့ဆိုတော့ အရည်အသွေးတွေကျကုန်တယ်။ ဒီလိုအရည်အသွေးကျနေတာတွေက Education တစ်ခုတည်းမှာ မဟုတ်ဘူး။ Sector အကုန်လုံးမှာဒီလိုပဲ။ Industry အားလုံးမှာလည်းဒီလိုပဲ။
အခုပြောင်းလဲရမှာက သင်ရိုး၊ သင်ကြားနည်းစနစ်၊ နဲ့ စာမေးပွဲ စစ်ဆေးခြင်း အပိုင်းသုံးပိုင်းပဲ။ သင်ရိုးက အခု Democracy နဲ့ ကိုက်ညီတဲ့ သင်ရိုးဘက်ကိုပြောင်းရတော့မယ်။ Democracy လို့ပြောလိုက်ရင် Economy က Capitalist Economy ဘက်ကို အခြေခံတဲ့ Education ဖြစ်ရတော့မယ်။
နောက်သင်ကြားနည်းစနစ်ကပြောင်းရမယ်။ သင်ကြားနည်းစနစ်က (၃) မျိုးရှိတယ်။ ရှေးအကျဆုံးနည်းကတော့ ဆရာကို အခြေပြုတဲ့သင်ကြားနည်း (Teacher Center) လို့ခေါ်တယ်။ ဆရာပြောသမျှကို ကျောင်းသားက လိုက်မှတ်ပြီး စာမေးပွဲဖြေရတာ။ အခုမြန်မာနိုင်ငံမှာက ဒီ စနစ်ပဲရှိသေးတယ်။ ဒုတိယတစ်နည်းက ကျောင်းသား ဗဟိုပြုစနစ်ပဲ (Student Center) လို့ခေါ်တယ်။ ဒီစနစ်ဆိုရင်တော့ ကျောင်းသားကိုယ်တိုင် လိုက်လံရှာဖွေရတာဖြစ်တယ်။ Library တွေ၊ အခုခောတ်ဆိုရင် ပိုလို့တောင်လွယ်နေပါပြီ။ အင်တာနက်ကောင်းကောင်းသုံးလို့ရရင် အကြောင်းအရာအတော်များများက Internet မှာ ရှာလို့ရနေပြီ။ ဒီစနစ်က ကျောင်းသားမှာ ဗဟိုပြုတယ်။ နောက်ဆုံးနည်းကတော့ Interactive နည်းပဲ။ ဒီ Interactive နည်းမှာတော့ ဆရာနဲ့ ကျောင်းသားနဲ့ ပူးပေါင်းဆွေးနွေးတဲ့ နည်းဖြစ်တယ်။ ဒီလိုလုပ်နိုင်ဖို့ ဆရာတွေကို အရည်အသွေးမြှင့်ဖို့အများကြီးလိုတယ်။
နောက်အရေးကြီးဆုံးတစ်ချက်က စာမေးပွဲစစ်ခြင်း Assessment ပဲ။ အခုစစ်နေတာတွေက ရေးဖြေတွေပဲ ဖြစ်နေတယ်။ တကယ်စစ်ရမှာက Learning Outcome နဲ့ Assessment Criteria တွေရှိတယ်။ ဒါတွေကလည်း စကားလုံးတွေသာကြီးနေတာပါ။ လိုအပ်ရင် လိုအပ်တဲ့ နည်းနဲ့စစ်ဖို့ပဲ။ လူတွေမှာက Cognitive Domain ဆိုတာရှိတယ်။ Cognitive Domain ဆိုတာက နားလည်မှု အဆင့်ဆင့်ကိုပြောတာ။ သူဘယ်လိုနားလည်သလည်းဆိုတာကိုပြောတာ။ ဒီတော့ စာမေးပွဲစစ်ရင် လက်တွေ့၊ စာတွေ့၊ အင်တာဗျူး အစရှိသည်ဖြင့် စာမေးပွဲ ပုံစံအားလုံးထည့်သွင်းရတယ်။ ဒါတွေကပြင်ရမှာ။
ဒါတွေပြင်ဖို့ နိုင်ငံခြားကိုပဲ အကူအညီယူနေလို့မရဘူး။ ကိုယ့်မြန်မာလူမျိုးပညာရှင်တွေပြင်မှရမယ်။ စာတွေ့သင်တဲ့ Academic တွေအပြင် လက်တွေ့ပါတဲ့ Technical & Vocational Education တွေအများကြီးတိုးချဲ့မှရမယ်။ ထွက်လာတဲ့ ကျောင်းသားတွေအလုပ်ရဖို့ Economy ကို အရမ်းမြှင့်တင်မှရမယ်။ သိပ်အများကြီးပြင်စရာမလိုဘူး။ ပေါက်ကရတွေ ပြင်စရာမလိုဘူး။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...