လောက်ကိုင်ကိစ္စ နဲနဲပြောပါရစေ။
Author: lubo601 |
7:37 PM |
No မှတ်ချက် |
လောက်ကိုင်ကိစ္စ နဲနဲပြောပါရစေ။ ၂ ဖက်လုံးကို ပြောချင်တာ။
သတင်းဖောင်းပွမှုဖြစ်နေပါတယ် ဆိုရင် မမှားလောက်ပါဘူး။
သတင်းဖောင်းပွမှုဖြစ်နေပါတယ် ဆိုရင် မမှားလောက်ပါဘူး။
မီဒီယာတွေမှားတာ မပြည့်စုံတာ ကိုနားလည်ပေးလို့ ရပါသေးတယ်။ မီဒီယာတွေ ကိုးကန့်ဒေသကို မရောက်ဖူးပါဘူး။ သွားဖို့လည်း စိတ်မဝင်စားပါဘူး။ လောက်ကိုင်ခရိုင်ဟာ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှန်းတောင် မသိသူတွေ တစ်ပုံကြီးပါပဲ။ လက်ရှိ ဖုန်ကြားရှင်ဆိုလို့သာ ဖုန်ကြားရှင်နေရပြီး ဦးပယ်ရှောက်ချမ်းဆိုတာ ယခင် အထူးဒေသ(၁)ဗဟိုကော်မတီဝင်တွေကနေ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဥက္ကဋ္ဌတို့ ဗိုလ်မှူးကြီးဝေစန်းဆိုတာ ယခင်ကိုးကန့်စစ်တပ် ယခုနယ်ခြားစောင့်တပ်ကနေ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တိုက်ရိုက်ခန့် ပြန်တမ်းဝင်အရာရှိဗိုလ်မှူးကြီးဆိုတာတွေ သိမှာမဟုတ်ပါဘူး။ ဦးပယ်နှင့်ဦးဝေတို့ ကျိတ်ပြိုင်နေကြတာလည်း မသိပါဘူး။ ကိုးကန့်ရာဇဝင်ဆို ပိုဝေးပါလိမ့်မယ်။ ငြိမ်းချမ်းရေးကာလ ဖုန်ကြားရှင်လက်ထက်မှာ မြို့လယ်က ဘုံခုနစ်ဆင့်မှာ လူသတ်ပြီး အလောင်းကို ချိတ်ဆွဲပြထားတာတွေ၊ မသတ်ခင် သတ်ခံရမည့်လူကို တရုတ်ရာဇဝင်ကားထဲကလို မြို့လှည့်လည်ပြတာတွေ မသိမီကြပါဘူး။
လက်ရှိကာလမှာလည်း အရင်လို ဒုတိယဟောင်ကောင်လို့ တင်စားခေါ်ဝေါ်တဲ့ မြို့၊
အခြေခံဥပဒေအထက်ကမြို့၊ ကာစီနိုဝိုင်းကြီးတွေ ဖဲဝိုင်းကြီးတွေနှင့် လောင်းကစားအဆိုင်း ၃ ဆိုင်းမှာ အလုပ်သမ မိန်းကလေးထောင်ချီရှိတဲ့ ဟိုတယ်ကြီးတွေရှိတဲ့ မြို့၊ လောင်းကစားဝိုင်းလုံခြုံရေးက မောင်းပြန်သေနတ်ကိုင်ပြီး အပေါက်ဝကစောင့်တဲ့ မြို့၊ အစိုးရဝန်ထမ်းတွေ သြဇာမရှိတဲ့မြို့၊ ရဲတပ်ဖွဲ့ယူနီဖောင်းကို တွေ့ကရာလူ ဝတ်တဲ့မြို့၊ ကလေးရဲတွေ ရှိတဲ့မြို့၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးက သေနတ်ကိုင်ရပ်ကွက်ရဲကိုနောက်က သေနတ်အသင့်နှင့်လိုက်ခိုင်းပြီး ရဲကားမီးဖွင့်လို့ ရန်လုံကျိုင်းနယ်စပ်ဂိတ်မှာ မိန်းမသွားကြိုတတ်တဲ့မြို့၊ အနှိပ်ခန်းနှင့် ဖာတန်းကို ဆိုင်ခန်းစနစ်တကျနဲ့ အခွန်ဆောင်စေပြီး လမ်းဘေးမှာ ဖောက်သည်အော်ခေါ်တတ်တြဲ့မို့၊ မြို့ထဲ ဗမာတန်းခေါ်တဲ့ ဆိုင်ခန်း ၂၀ လောက်မှအပ မြန်မာငွေ သုံးမရတဲ့မြို့၊ မြန်မာစကားနှင့် ဈေးဝယ်လို့မရတဲ့မြို့၊ ကိုးကန့်လူကြီးသာမက သားသမီးအိမ်ပါ ကိုးကန့်ရဲက စောင့်ပေးရတဲ့မြို့၊ သေနတ်ချိတ်ပြီး ကလပ်ထဲဝင်က ကြတဲ့ကောင်းဘွိုင်မြို့၊ သေနတ်ချိတ်ထားတဲ့ ကိုးကန့်မှ တရုတ်မတွေကပ်တဲ့မြို့၊ စေတီပုထိုးကို အလှထားတတ်တဲ့မြို့၊ နေ့အိပ်ညမအိပ် ဖဲရိုက်တဲ့မြို့၊ လူသတ်မှုတွေအမှုမဖွင့်ဘဲ ကိုးကန့်အုပ်ချုပ်ရေးလက်ထဲပျောက်တဲ့မြို့၊ ဆေးပြားပေါတဲ့မြို့၊ ဆေးသမားပေါတဲ့မြို့၊ ကစထမှူးလောက်ပဲ လူထင်တဲ့ ကိုးကန့်အကြီးအကဲတွေ အုပ်ချုပ်တဲ့မြို့၊ ဖဒရယ်စနစ်ထက်ပိုတဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနေတဲ့မြို့၊ အဲဒါလောက်ကိုင်မြို့ဆိုတာ သိမှာမဟုတ်ပါဘူး။ ဒါကြောင့် ဘာကုန်သွယ်ရေးစခန်းမှ မရှိဘဲ သတင်းလည်းအမှောင်ချထားတဲ့ လောက်ကိုင်ကို မရောက်ဖူးတော့ ပေစုတ်စုတ်နယ်စပ်မြို့လို့လည်း ထင်ကြမှာပေါ့။လက်ရှိကာလမှာလည်း အရင်လို ဒုတိယဟောင်ကောင်လို့ တင်စားခေါ်ဝေါ်တဲ့ မြို့၊
မီဒီယာပြီးတော့ လိုင်းပေါ်က စစ်သားတွေကို ပြောဦးမယ်။ ထင်ရာမြင်ရာ မရေးပါနဲ့။ စိတ်ခံစားချက်တိုင်းမရေးပါနဲ့။ အမြင် ၄ မြင်နှင့်ရေးပါ။ အခြေခံဥပဒေကို ဖတ်ပြီးရေးပါ။ ကိုးကန့်ဟာ မြန်မာမင်းလက်ထက်ကတည်းက မြန်မာပိုင်မြေပါ။ ကိုးကန့်က တရုတ်ကို သစ္စာခံခဲ့တဲ့သမိုင်းမရှိဘူး။ ဘဘစစ်ဆင်ရေးပြန်ဖတ်ပါ။ ကိုးကန့်ကာကွယ်ရေးတပ်က တပ်မတော်အပေါ်အများကြီး အထောက်အကူပြုခဲ့လို့ လက်ရှိကိုးကန့်ဒေသ မြန်မာပိုင်နေဆဲပါ။ အဲခေတ်က တရုတ်က ငတ်ပြတ်နေတဲ့ မော်စီတုန်းခေတ်ပါ။ ဒါကသမိုင်းပါ။ ခုကတော့ တရုတ်ကို ကိုးကန့်အစစ်တွေက မြေတောင်မရောင်းပါဘူး။ အငှားပဲ ချပါတယ်။ ဖုန်ကြားရှင်က တရုတ်ကို သူအာဏာရရေး ကွန်မြူနစ်စနစ်ပြန်လည်အသက်သွင်းရေးကို အားကိုးနေတာပါ။ ဖုန်ကြားရှင်နှင့် ကိုးကန့်ခွဲမြင်ပါ။ ကို့ကန့်သူပုန်ကသာ တရုတ်လက်ကိုင်တုတ်ပါ။ ကိုးကန့်သည် တိုင်းရင်းသား သာလျှင်ဖြစ်ပါတယ်။ ကိုးကန့်ဒေသမှာ ရှမ်းရော ပလောင်ရော ရောနှောနေထိုင်ကြပါတယ်။
ရေးသားချက်တွေဟာ တို့တာဝန်အရေး ၃ ပါးကို မထိပါးစေဘဲ ရေးသားပါ။ ငြိမ်းချမ်းရေးမူ ၆ ချက်ကို မထိပါးပါစေနဲ့။ အခြေခံဥပဒေထက်မကျော်လွန်ပါနဲ့။ ပြည်သူလူထုအပေါ် လေးလေးစားစားရေးပါ။ လျို့ဝှက်အက်ဥပဒေကို လေးစားပါ။ အမှန်ကိုပဲ ချပြပါ။ အချက်အလက်ခိုင်မာပါစေ။ စိတ်ဓာတ်စစ်ဆင်ဝါဒဖြန့်တဲ့ နည်းမသုံးဘဲ အမှန်တရားဖြင့်ယုံကြည်မှုတည်ဆောက်ပါ။ တိုက်ခိုက်မှုကို ဒေါသဖြင့်မတုန့်ပြန်ပါနှင့်။ ပညာဥာဏ်ရင့်ကျက်မှုဖြင့် တုံ့ပြန်ပါ။ သေသေခြာခြာမသိဘဲ မရေးပါနဲ့။ တရားသောစစ်နိုင်ဖို့ ပြည်သူလူထုသိဖို့ မျှဝေပေးတာတော့ လုပ်ရပါမည်။ တပ်မတော်၏ စေတနာနှင့် ရပ်တည်ချက်အမှန်ကို အများပြည်သူ သိဖို့တော့ဘောင်ထဲကတော့ ဆောင်ရွက်ရပါမည်။ တိုင်းပြည်အတွက် ကိုယ့်ဖုန်းဘေလ်အကုန်ခံ အချိန်ကုန်ခံ ဦးနှောက်စားခံပြီး အလုပ်တစ်ဖက်နှင့် စေတနာ့ဝန်ထမ်း ပြန်ကြားရေးလုပ်နေကြသူချင်း နားလည်ပါသည်။ ဆရာလုပ်ခြင်းမဟုတ်ပါ။ အကြံပြုခြင်းမျှသာ ဖြစ်ပါသည်။
လေးစားလျှက်
ထက်ယံ ( ၁၀-၂-၂၀၁၅)
Credit..U Aung Za Ya
Min Zaw Swe Facebook မှ ကူးယူဖော်ပြသည် ။
ပုံ / သခင် ဖိုး အောင်
Mg Phoe
- ပြန်လည်မျှဝေပါ
- Facebookသို့
- Twitterသို့
- Google+သို့
- Stumbleသို့
- Diggသို့
0 comments:
Post a Comment