Wednesday, February 11, 2015

Academic Edu Talk-16


Language Policy နဲ့ပတ်သက်ပြီး ဆရာကြီးဦးမြင့်ဟန်(ပညာရေးသုတေသန -ညွန်ချုပ်(ငြိမ်း))၊ ဆရာကြီးဒေါက်တာခင်မောင်ဝင်း(သင်္ချာ)၊ ဆရာအောင်ကျော်ဦး(မဟာဝိဇာ)နှင့် ဆရာမရိုးပြေပြစ်အောင်တို့ရဲ့ဆွေးနွေးချက်များကို Academic Weekly ပညာရေးစကားဝိုင်း အမှတ်စဉ်(၁၆) မှာဆွေးနွေးခဲ့ကြပါတယ်။ ဂျာနယ်အတွဲ(၃) အမှတ်(၂၄) (3၊ 7၊ 2014) မှာ ထွက်ရှိခဲ့တာပါ။ လက်ရှိအခြေအနေမှာလည်း ကျောင်းသားတွေရဲ့တောင်းဆိုချက်ထဲမှာ ပါဝင်နေတာကြောင့် စာဖတ်ပရိသတ်များစိတ်ဝင်စားမယ်ထင်ပါတယ်။

အားပေးဖတ်ရှုဝေဖန်အကြံပြုချက်များကို မျှော်လင့်စောင့်စားလျက်ပါ။
AKO: မင်္ဂလာပါခင်ဗျာ။ ကျွန်တော်နဲ့သမီးလည်း ကျွန်တော့် ကျန်း မာရေး စစ်ဆေးဖို့ ပြည်ပခရီးကို ခဏသွားခဲ့ရတော့ စကားဝိုင်းကို ပြုလုပ်ဖို့အချိန်မှ ရနိုင်ပါ့မလားဆိုပြီး စိတ်ပူနေခဲ့ရပါတယ်ခင်ဗျာ။ ဆရာကြီးဦးတင်ညိုကတော့ ပြည်ပက ပြန်မရောက်သေးတဲ့အတွက်E-Mail နဲ့ပဲ အဆက်အသွယ်ရခဲ့ပါတယ်ခင်ဗျာ။
ဆရာကြီး UMHN: ကျန်းမာစွာပြန်လည်ရောက်ရှိလာတဲ့အတွက် ၀မ်းသာပါတယ်။ စာပေတာဝန် ဆက်လက်ထမ်းဆောင်ကြတာပေါ့ ဗျာ။
AKO; ဟုတ်ကဲ့ပါခင်ဗျာ။ သမီးရေ ဘဘကြီးဦးတင်ညိုရဲ့E-Mail လေးကို ပြောပြပါဦး။
YPPA: ဟုတ်ကဲ့၊ ပထမအချက်က “ဒို့စကားဝိုင်းက တိမ်လွှာမို့မို့လွင် ဖြစ်နေသလား။ အများပြည်သူတွေ ရှင်းရှင်းလင်းလင်း နားလည်နိုင် မယ့်အကြောင်းအရာ၊ စကားလုံးအသုံးအနှုန်းတွေကို များများထည့် သွင်း ဆွေးနွေးသင့်ပါတယ်””တဲ့။
ဒုတိယအချက်က “ကိုယ်တိုင်ယူစနစ်(Buffet system) ဆိုတော့ ကြိုက်တာလေးတွေ ရွေးပြီးယူကြမှာပဲ။ အမယ်စုံအောင် ထည့်မိဖို့တော့ လိုမယ်နော်”လို့ ပြောပါတယ်ရှင့်။
AKO: ဆရာကြီး ဦးတင်ညိုကတော့ ကျွန်တော့်ဆရာမို့ ဆရာကြီး ရဲ့ ဆိုလိုရင်းကို ကျွန်တော်သဘောပေါက်ပါတယ်။E-Mail မှာဆို တော့ “လိုရင်း၊ တိုရှင်း” ပြောလိုက်တာပါ။
တိမ်လွှာမို့မို့လွင်ဆိုတော့ ကျွန်တော်တို့စကားတွေက ဟိုး အထက်မှာပဲ ရှိနေသလား။ မိုးကောင်းကင်ပေါ်မှာပဲ ကောင်းကင် လေ တိုက်နေပြီး အောက်ခြေအတွက် မပါဘူးလားဆိုတာ သုံးသပ်ဖို့ ပြော ချင်တာပါ။
ဒုတိယအချက်ကတော့ ဂျာနယ်မှာပါတဲ့ အကြောင်းအရာ လေးတွေက လူကြီး၊ လူငယ်၊ လူလတ်အပေါ်၊ အောက်၊ အလယ်လွှာ အသီးသီးက ကိုယ်တိုင် ကြိုက်တာရွေးဖတ်၊ ကြိုက်တာရွေးမှတ်၊ ကြိုက် တာကို ရွေးပြီး ယူနိုင်တဲ့သဘောဖြစ်အောင် စီမံဖို့အတွက် အကြောင်း ကြားတာပါခင်ဗျာ။
ဆရာကြီးUMHN:သဘောထားမတိုက်ဆိုင်တာ၊ အမြင်မတူတာ တွေက လောကကြီးမှာ ရှိနေတာပဲ။ ကြိုက်တာရွေး ယူချင်မှာပေါ့ဗျာ။ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့က အေးအေးဆေးဆေး တည်တည်ငြိမ်ငြိမ် နားထောင်၊ ဆွေးနွေးတတ်ဖို့ အမြင်ဖလှယ်တတ်ဖို့ လိုတာပေါ့။ လူ အများပါဝင်ပြီးနဘအေန လုပ်ဖို့ ပါဝင်ဆွေးနွေးဖို့ဖိတ်ခေါ်ပါဗျာ။ ဒါမှ လည်း လက်တွေ့ဆန်လာမယ်လေ။
AKO: ကျွန်တော်စီစဉ်ပါမယ် ဆရာကြီးခင်ဗျာ။ ပြီးခဲ့တဲ့အပတ်က ပညာရေးစကားဝိုင်း (၁၅) မှာ ကျွန်တော်ကလည်းLanguage Policy လို့ခေါ်တဲ့ ဘာသာစကားဆိုင်ရာ မူဝါဒချမှတ်ဖို့ ဆွေးနွေးထားပါတယ်။ ဆရာကြီးတို့ရဲ့ အမြင်ကို ဆက်လက်ဆွေးနွေး ပေးဖို့ တင်ပြအပ်ပါတယ် ခင်ဗျာ။
ဆရာကြီးUMHN: Language နဲ့ ပတ်သက်ရင် သင်ရတဲ့ရည်ရွယ် ချက်ကို သိသင့်တယ်ဗျ။Language as a subject ဘာသာစကား ဟာ ဘာသာရပ်တစ်ခုလိုပါပဲလေ။
Through Language ဟာ ကိရိယာလည်းဖြစ်တယ်ဗျ။ ပညာကိုသင်တဲ့ ကိရိယာပေါ့ဗျာ။ ကျွန်တော်တို့ ငယ်ငယ်တုန်းက ဘုရားစာတွေကို ပါဠိဘာသာနဲ့ နှုတ်တိုက်သင်ပေးတာကို ရွတ်ဆိုခဲ့ ရတယ်ဗျာ။ နည်းနည်းကြီးလာတော့ ဆရာတော်တွေက မြန်မာဘာသာ ပြန်ဆိုပြီး ရှင်းပြတော့ အဓိပ်္ပာယ်ကို သိခဲ့ရတယ်။ အဓိပ်္ပာယ်သိပြီး ရွတ်ဆိုရတာ့ ပိုပြီးကျေနပ်နှစ်သက်တယ်။ ခံယူချက်တွေ လေးနက်လာ တယ်လေ။
conceptualization လို့ခေါ်တဲ့ အတွေးအမြင်စိတ်ကူး စိတ်သန်းတွေက ဖြစ်တည်ခိုင်မြဲလာတယ်ပေါ့ဗျာ။language policy က လွန်စွာမှ အရေးပါပါတယ်ဗျာ။
YPPA: ဘဘကြီး သမီးက ဘာသာစကားတွေကို စူးစူးနစ်နစ် စွဲစွဲ မြဲမြဲ လေ့လာဖူးပါတယ်ရှင့်။ မူလ အသိကLanguage is not Literature ဘာသာစကားက စာပေမဟုတ်ပါဘူး။ ဆက်ဆံဆက်သွယ်မှု commumication အတွက်လို့ပဲ သိထားပါတယ်။
အခုဘဘကြီးပြောတော့ နည်းနည်းအသိပြောင်းလာသလို ခံစားရပါတယ်ရှင့်။ နည်းနည်းထပ်ပြီး ရှင်းပြပေးပါဦးရှင့်။
ဆရာကြီး UMHN:Language ဆိုတာ သင်ကြားရေးမဏ္ဍိုင်အဖြစ် အသုံးပြုတာပဲလေ။ ဥပမာ ၉ တန်း၊ ၁၀ တန်းမှာ အင်္ဂလိပ်စာ ဘာသာ အပြင် ဓာတု၊ ရူပ၊ သင်္ချာဘာသာတွေကိုပါ အင်္ဂလိပ်လို သင်ပေးတာ ဟာ အင်္ဂလိပ်စာကို ကြားခံပေါင်းကူးအနေနဲ့ အသုံးပြုတာပဲ။Medium of instruction ဖြစ်သလို တစ်ပြိုင်နက်တည်းပဲ ဘာသာစကားကို သင် ပေးတာ၊ အသုံးပြုတာလည်းဖြစ်ပါတယ်။
ဒီထက်ရှင်းအောင်ပြောရရင် ဘာသာစကားကျွမ်းကျင်စွာ တတ်မြောက်ခြင်းဟာ ပညာသင်ယူရာမှာ များစွာအထောက်အကူပြု စေနိုင်ပါတယ်။ ဘာသာ၊ စာပေ တတ်မြောက်မှုဟာ ပညာသင်ယူခြင်း အတွက် မရှိမဖြစ် ကိရိယာပါပဲ။
AKO; ကချင်စာပေ၊ ကရင်စာပေ၊ မြန်မာစာပေ၊ အင်္ဂလိပ်စာပေ နဲ့ ဘာသာစကားတွေဟာ ပညာကို သင်ယူမယ့်ကိရိယာအဖြစ်အသုံးပြု ပြီးတော့ ပညာကို သင်ယူ၊ သင်ကြားနိုင်မယ်လို့ ကျွန်တော်ခံယူမိပါ တယ်။
ဆရာကြီးရေးထားတဲ့ ဆောင်းပါးတစ်ပုဒ်မှာ ကာတွန်းပုံလေး နဲ့ သရုပ်ဖော်ထားတာတွေ့ပါတယ်။ “ပညာ” ကို သဲပုံကြီးလား၊ မြေပုံ ကြီးလား၊ စပါးပုံကြီးလားတော့ မသိဘူး။ အဲဒါနဲ့ ပမာပြုပြီးတော့ “စာ” ကိုတော့ မြေကော်တဲ့ ကော်ပြားနဲ့တင်စားထားတာပါ။ ကော်ပြား ကြီးရင် ပညာကို များများရယူနိုင်မယ်ဆိုတဲ့ ပုံလေးပါ။
ဆရာကြီး UMHN: ပညာရေးပြုပြင်ပြောင်းလဲမှုအတွက် ကြိုးပမ်းနေ တဲ့ ပညာရှင်တွေကလည်း အတွေ့အကြုံတွေရှိပါတယ်။ ကျွန်တော်တို့ စောင့်ကြည့် လေ့လာကြရမှာပေါ့ဗျာ။
AKO: မှန်ပါတယ်ခင်ဗျာ။ ဆရာကြီး ဒေါက်တာခင်မောင်ဝင်းက ဆွေးနွေးပေးဖို့ ဖိတ်ခေါ်ပါတယ်ခင်ဗျာ။
ဆရာကြီး Dr.KMW: ကျွန်တော်နဲ့ပတ်သက်လို့ ဆရာအောင်ကျော်ဦး က သုံးသပ်ရာမှာ ကျွန်တော်က သင်ကြားမှုကို ပိုပြီး အားသန်တယ်လို့ ပြောထားပါတယ်။ ဒါဟာ သိပ်မှန်ပါတယ်။ ကျွန်တော့်ကို ဒါတွေ... ဒါတွေကို တတ်အောင် သင်ပေးပါလို့ တာဝန်ပေးခဲ့ရင်၊ ဒီတာဝန်ကို လုပ်နိုင်ပါတယ်။ ဒါပေမဲ့လည်း အခုဆွေးနွေးပွဲမှာ ချမှတ်တဲ့ ရည်ရွယ် ချက်တွေဖြစ်မြောက်အောင် ဘာတွေသင်မလဲ စဉ်းစားပေးပါဆိုရင်တော့ ဘယ်ကစ ဘာလုပ်ရမှန်းမသိတော့ပါဘူး။ တကယ်ကို လမ်းပျောက် တဲ့ ကလေးငယ်လို ဖြစ်သွားပါတယ်။
AKO: ဟုတ်ကဲ့။ ကျွမ်းကျင်ရာ လိမ်္မာရာပဲဖြစ်မှာပါခင်ဗျာ။ အမှန် အတိုင်းဝန်ခံရရင် ကျွန်တော်ကလည်း ပညာရေးနဲ့ပတ်သက်ပြီးတော့ မိမိကိုယ်ကို အားမရပါဘူး။ ဘာသာရေးခံယူချက်၊ လူမှုရေးခံယူချက် နဲ့ ပညာရေးအပေါ်ထားရှိတဲ့ အမြင် သဘောထားတွေက တွန်းအား တစ်ရပ်အဖြစ် ပေါင်းစပ်ပြီးတော့မှ ဒီဂျာနယ်လေးကို ထုတ်ဝေဖြန့်ချိ နေတာပါ။ ဒီစာကားဝိုင်းလေးကို အားထည့်ပြီးဆွေးနွေးနေတာပါခင်ဗျာ။
ကျွန်တော့်ရဲ့ ပညာပါရမီ နည်းပါးခဲ့တဲ့အတွက် ယခု ပညာဒါနပြုရင်း၊ ကိုယ်တိုင်လေ့လာသင်ယူရင်းနဲ့ မျှဝေနေတာပါ ဆရာ ကြီးခင်ဗျာ။ ကျွန်တော့်မှာ အားနည်းချက်ရှိရင် သွန်သင်မှုကို ခံယူပါ မယ် ခင်ဗျာ။
ဆရာကြီးDr,KMW: ကျွန်တော်ရဲ့ ဆရာတွေဆီကရတဲ့ ပညာရေးဆိုင်ရာ သင်ခန်းစာအချို့ကို မျှဝေချင်ပါတယ်။ ကျွန်တော့်ရဲ့ဆရာတွေထဲမှာ ထူးခြားတဲ့ဆရာတစ်ယောက်က သင်္ချာပါမောက်္ခ ဒေါက်တာချစ်ဆွေဖြစ် ပါတယ်။ တစ်ချိန်က မူလတန်းနဲ့ အလယ်တန်း သင်ရိုးတွေနဲ့ ပတ်သက် တဲ့ အစည်းအဝေးမှာ ကျွန်တော်တို့ကို ဘာတွေ တတ်သင့်သလဲဆိုတာကို ပွင့်ပွင့်လင်းလင်းပြောဖို့ မေးပါတယ်။ ကျွန်တော်တို့လည်း ကောင်းမယ် ထင်တာတွေကို လျှောက်ပြောတာပေါ့ဗျာ။ ကျွန်တော် ဘာတွေ ပြော သလဲဆိုတာတော့ အခုမေ့ကုန်ပြီ။ ဒါပေမဲ့ ဆရာဒေါက်တာ ချစ်ဆွေ ပြောတဲ့ စကားတစ်ခုကိုတော့ အခုထိ မမေ့ပါဘူး။ ယခုခေတ်မှာ မူဝါဒ ပေါ်လီစီတွေ ချမှတ်ပေးတဲ့ လူကြီးတွေ အလွန်အတုယူထိုက်တဲ့ စကား မျိုးဖြစ်ပါတယ်။
သူက အခုလို ရှင်းပြပါတယ်။ “ကျွန်တော့်အနေနဲ့ ဆရာ တို့ ပြောတာတွေအပေါ် ဘာမှ ဝေဖန်ချက် မလုပ်ခင်မှာ ကျွန်တော့် စိတ်ထဲမှာရှိထားတဲ့ ရည်ရွယ်ချက်တစ်ခုကို ပြောချင်ပါတယ်။
အခု မူလတန်းနဲ့ အလယ်တန်းကို တက်မယ့် ကျောင်းသား တွေကိုကြည့်ရင် အဓိကအားဖြင့် နှစ်မျိုးတွေ့ရမယ်။
ပထမတစ်မျိုးက ဒီအတန်းပြီးသွားရင် ဆက်မတက်တော့ဘဲ အသက်မွေးဝမ်းကျောင်းတစ်ခုခုကို ထွက်လုပ်ရမယ့်သူတွေ ဖြစ်တယ်။” တဲ့ဗျာ။ ပြီးတော့ ဆရာက -
“ဒုတိယတစ်မျိုးကတော့ မူလတန်းပြီး၊ အလယ်တန်း ပြီးရင် အထက်တန်း၊ ပြီးရင် တက်္ကသိုလ် အဆင့်ကို လှမ်းမည့်လူတွေဖြစ် တယ်။ ဒီနှစ်မျိုးမှာ ဘယ်သူတွေကို ပိုပြီး အာရုံစိုက်သင့်သလဲဆိုတာကို စဉ်းစားပါ။ ကျွန်တော့်အယူအဆကို ပြောရရင် ပထမအမျိုးအစားဖြစ်တဲ့ မူလတန်း (သို့မဟုတ်) အလယ်တန်းပြီးရင် ပညာဆက်မသင်တော့ဘဲ သူတို့အတွက် အသက် မွေးဝမ်းကျောင်းလုပ်ရမယ့် ကျောင်းသားတွေကို ဦးစားပေးရမယ်။ သူတို့က သူတို့တတ်နိုင်သလောက် ပညာကို ယူ သွားပြီးရင်၊ ဒီပညာဟာ သူတို့ရဲ့ အသက်မွေးဝမ်းကြောင်းကို အထောက်အကူဖြစ်စေဖို့ ဖြစ်ရမယ်။ ဒါကြောင့် သင်ရိုးတွေကို ခွဲရာမှာ၊ အဲဒါကို အဓိကထားပြီး စဉ်းစားပေးရမယ်။ သူတို့အတွက် ပညာသင်ဖို့ အခွင့်အရေးဟာ ဒါပဲဖြစ်လို့ ဒါကို အကောင်းဆုံးဖြစ်အောင် လုပ်ရ မယ်။” တဲ့လေ။
သူပြောတာကို နားထောင်ပြီး ကျွန်တော်က ပြန်ပြော ခဲ့ပါ တယ်။ “ဆရာကလည်းဗျာ ဒီလိုဆိုရင်လည်း စောစောကတည်းက အဲသလို ပြောထားရောပေါ့။ ကျွန်တော်တို့က ဆရာပြောတဲ့ ရည်ရွယ် ချက်နဲ့ ကိုက်အောင် စဉ်းစားပေးနိုင်တာပေါ့ဗျာ။” လို့လေ။
အဲဒီအခါကျတော့မှ ဆရာဒေါက်တာချစ်ဆွေက ပြန်ဖြေပါ တယ်။ ကျွန်တော်က ဒီရည်ရွယ်ချက်ကို စောစောက မပြောခဲ့တာ အကြောင်း ရှိပါတယ်။
ကျွန်တော်က ခင်ဗျားတို့ကို လွတ်လွတ်လပ်လပ် ချုပ်ကိုင်မှု မရှိဘဲ တွေးခေါ်စဉ်းစားစေချင်တယ်။ အဲဒီအတွေးအခေါ်တွေကိုလည်း သိချင်ပါတယ်။ ခင်ဗျားတို့ရဲ့ လွတ်လပ်တဲ့အတွေးတွေကို ဘယ်လို ရည်ရွယ်ချက် စတာတွေနဲ့ မချုပ်ကိုင်ချင်ဘူး။ အခု ခင်ဗျားတို့တွေကို ကျွန်တော့်ရဲ့ ရည်ရွယ်ချက်ကို ရှင်းပြပြီးပြီ။ အကယ်၍ ဒီ ရည်ရွယ်ချက် ကို ခင်ဗျားတို့အနေနဲ့ လက်ခံနိုင်သလား။ ဒါကို အရင်စဉ်းစားပါ။ အကယ်၍ လက်ခံတယ်ဆိုရင် စောစောက ခင်ဗျားတို့ ပြောခဲ့တာတွေ အပေါ်မှ ဘယ်လိုအကျိုးသက်ရောက်သလဲ၊ ဒါကို စဉ်းစားပါ။” လို့ ဆရာက ပြန်ပြီးဆွေးနွေးပါတယ်။
ဒီအစည်းအဝေးရဲ့ ရလဒ်ကို ပြောရရင် ကျွန်တော်ဟာ နောက်ပိုင်းအစည်းအဝေးတွေကို ဆက်ပြီး မတက်ဖြစ်တော့ပါဘူး။ အကြောင်းကတော့ ကျွန်တော်ဟာ ကိုယ့်ကိုယ်ကိုယ် ဒီရည်ရွယ်ချက် အတိုင်း လုပ်နိုင်တဲ့အရည်အချင်းမရှိဘူးလို့ ယူဆလို့ဖြစ်ပါတယ်။
ရှေ့အပတ်ကျရင် ဒေါက်တာချစ်ဆွေရဲ့ အမြင်ကို ဆန့်ကျင် တဲ့ အမြင်တစ်ခုအကြောင်းကို တင်ပြပါ့မယ်။
AKO; ဆရာကြီးကိုကျေးဇူးတင်ပါတယ်။ ဒါက နိုင်ငံတစ်ဝှမ်းလုံး မှာ အမှန်တကယ်ဖြစ်နေတဲ့ အကြောင်းအရာပါ။ ဒါကို ကုစားဖို့က ခက်ခဲမှာပါခင်ဗျာ။ ဆရာကြီးတို့ ငယ်ငယ်က ကြုံတွေ့ခဲ့ရတဲ့ ပြဿနာ ဟာ လက်ရှိ ကျွန်တော်တို့ သားသမီးတွေအထိ ရင်ဆိုင်နေရဆဲပြဿနာ ပါပဲ။ နောက်တစ်ပတ်မှာ ဆွေးနွေးမယ့် စကားလေးတွေကိုလည်း ကျွန်တော်တို့က မျှော်လင့်နေပါတယ်ခင်ဗျာ။
ဆရာကြီးဦးမြင့်ဟန်ကလည်း ဆွေးနွေးပေးပါဦးခင်ဗျာ။
ဆရာကြီးUMHN: ကျွန်တော်တို့ပညာရေးမှာ “ထွက်သူနဲ့ဆက်သူ” ဆိုတာ ရှိတယ်ဗျ။
“ထွက်သူ” ဆိုတာက ပညာတစ်ပိုင်းတစ်စနဲ့ ထွက်သူပေါ့ ဗျာ။ “ဆက်သူ”ဆိုတာကတော့ တစ်တန်းပြီးတစ်တန်း ဆက်ပြီးသင် ယူသူပေါ့။ နောက်အပတ်ကျမှ ဆွေးနွေးကြတာပေါ့ဗျာ။
AKO: ဆရာကြီးတို့ကို ကျေးဇူးတင်ပါတယ်ခင်ဗျာ။ ကျွန်တော်လည်း နောက်အပတ်မှာ ဆွေးနွေးနိုင်ဖို့ ပြင်ဆင်စောင့်ကြိုနေပါမယ်ခင်ဗျာ။
အယ်ဒီတာ

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...