မောင်ဖေတင်နှင့် ပျက်ပျယ်သွားသော အချစ်စစ် ၊၊
ကျွန်တော်တို့က သူကို အတင်ဟု ငယ်ပေါင်းအတိုင်း ခေါ်ကြသည်၊၊
အမှန်တော့ သူ့ နာမည်မှာ မောင်ဖေတင် ပါ၊၊
မောင်ဖေတင် သဘောကျနေသည့် မိသာယာ ကို ဒီတစ်ခါ အကွက်ဆင်ထားသလို့  ထိပ်တိုက်တွေ့ ကာ သူမ ၉ ထပ်မြောက်ရုံးသို့  သွားသည်နှင့် ထပ်တူ ဆုံလေတော့သည် ၊၊
သူငယ်ချင်းများကလည်း ဓါတ်လှေကားမှာ လူတွေကလည်း နည်းနေသည့် အချိန်မို့  သည်တစ်ခါ ဖေတင် ချစ်သက်ဝင် နေသည့် သူမလေးနှင့် ဓါတ်လှေခါးတွင် အကြောင်း ဆုံကာ သူမအား ပြေးမလွတ်အောင် ချစ်စကားများ ပြောခွင့် ရပါစေဟု စေတနာနှင့် သူတို့ နှစ်ယောက်သား လွတ်လပ်စွာ ၉ ထပ်သို တက်ပါစေ ဟု ဆိုကာ မြေညီထပ်မှ ဘော်ဘော်တွေက အားပေးစောင့်မျှော် နှားစွင့် နေကြလေသည်၊၊
ဓါတ်လှေခါး ၉ ထပ်သို့  မရောက်ခင် အပြောအဆိုလေးတွေ အဆင်ပြေပါစေလို့  ဖေတင် သူငယ်ချင်းတွေက တမျှော်မျှော် ရှိနေခဲ့ ကြသည်၊၊
နှစ်ယောက်သား တက်သွားသည်မှာ မကြာလှပါ ၊၊ တက်သွားသော ဓါတ်လှေခါး မြေညီထပ်သို ပြန်လည့် ရောက်ရှိလာကာ ဘွင်းကနဲ့  တခါးဖွင့်လေသောအခါ ဖေတင်တစ်ယောက်မျက်နှာ မသာမယာရှိနေမှန်း မှန်းဆသိနိင်လေသည် ၊၊
ထိုအခါ သူငယ်ချင်းများက …
ဟေ့ သူငယ်ချင်း
ဘယ်လိုလဲ
အဆင်ပြေခဲ့လားဟု တစ်ယောက်တစ်ပေါက်မေးလေသောအခါ မောင်ဖေတင် က အဆင်ဂိုး မပြေခဲ့ဘူးဟု ဆိုလေသည် ၊၊
ထိုအခါ သူငယ်ချင်းများက ဘယ်လို ဘယ်ပုံ အဆင်မပြေ ဖြစ်ရတာလဲ ၊ အကွက်ဆိုက်လျှက်နှင့်ကွာ ဟု စိတ်မကောင်းစွာ မေလေတော့သည် ၊၊
မင်းဘယ်လို စပြောလိုက်တာလဲ ။ နောက်ပီး မင်းကောင်မလေးက ဘာတွေပြောခဲ့ လို့  အဆင်မပြေခဲ့ရတာလဲ လင်းစမ်းပါဦးဟု စုံစမ်းရေး စတင်လေသည်၊၊
ဟုတ်ပါသည်
အဆင်မပြေ စရာ အကြောင်းမရှိ မောင်တင်မှာ စားသောက်ဆိုင် တစ်ဆိုင်ဖွင့်ဖို့ နေရာထိုင်ခင်း ရှာနေတဲ့ သူတစ်ယောက် အလုပ်ကြိုးစားတယ် ၊ ရိုးသားတယ် ၊
အဖွဲ့ အနွဲ့  ကဗျာ မဖွဲ့ တတ် ၊၊
သို့ သော် မောင်တင် အကြိုက် ဖြစ်ခဲ့ သည့် မိန်းမချော လေးမှာ သူမြင်တွေ့ ခဲ့သည့်ရက်ပေါင်းမှ ရေတွက်သော် ရက်ပေါင်း မကြာလှသေးပါ၊၊
နှလုံးသားက ထို မရှိစလောက်ရက်ပေါင်းတွေကို အံတုကာ ချစ်ရေးဆိုဖို့ ဘယ်က သတ္တိရလာမှန်းမသိ ၊၊ ဆုံတွေ့ အခွင့်ကြုံသော်ငြားလည်းပဲ တစ်ဖက်မှ သူကလေးအား နားကျလေအောင် ရည်းစား စကား ပြောမတတ်ခဲ့လေခြင်းကြောင့် အဆင်မပြေ ဖြစ်ခဲ့ရသည်၊၊
စစ်မေးတော့ တစ်လုံးမကျန် ထွက်ကျ လာလေသည် ၊၊
ဓါတ်လှေခါး တံခါးပိတ်တော့ ကျွန်တော် သူမကို ကွမ်းယာ ယာတတ်လား စမေးခဲ့တယ် ၊
အဲဒါ ကျွန်တော့်အမှားပါ ၊၊
ဝန်ခံပါတယ် ၊၊
သူမလေးအား ဆိုင်ဖွင့် ဈေးရောင်းပြီး အတူတူ စီးပွါးရှာကြမယ်၊ ဈေးရောင်းရတာ ဝါသနာပါလားလို့ မေးချင်တဲ့ သဘောပါ ၊၊ ရှိနေတဲ့အရင်း အနှီးလေးနှင့် ဘဝတူ တက်လှမ်းကြမည်ကို မပြောတတ်ခဲ့တဲ့ မောင်ဖေတင် ဘဝပါ ၊၊
အဲဒီနောက် သူမလေးက ဘာပြန်ပြော ၊၊
သူပြန်ပြောတာက
“စကားပြောတာ ကြည့်ပြောတဲ့ ”
အဲဒီတော့ ..
အဲဒီတော့ သူက ၉ ထပ်ကို ရောက်သွားပြီလေး ၊၊
ပြီးတော့ ..
ပြီးတော့ အခု ငါ အောက်ထပ် မြေညီထပ်ရောက်လာတယ် လေ..
အဲဒီတော့ မင်းက ဆိုင်ဖွင့်မယ် ၊ လက်ရှိပိုင်ဆိုင်ထားတဲ့ မလေးရှား ဒေါ်လာ ၅သောင်းအကြောင်းနှင့် နှစ်ယောက်သား စီးပွါးရေး အတူ ပေါင်းလုပ် မယ် .. ဘာဘာညာညာ အသက်ထက်ဆုံး မိသားဖသားပီပီ ပေါင်းမယ် လို့ မပြောဖြစ်ခဲ့ဘူးလား ၊၊
ထိုအခါ ဖေတင်က
ငါ မြေညီထပ် အောက်ရောက်လာတာ ကံကောင်းဟု စိတ်မရှည်စွာ ပြောကာ တစ်ရောက် တစ်လမ်း အမြန် နှုန်းအတိုင်း တစ်နာရီ မိုင်းတစ်ထောင်ပြေးသည့်အလား ဘာတစ်ခွန်းမှ ဆက်မမေးတော့ပါပဲ ချစ်သူငယ်ချင်းများ တစ်ယောက်တစ်လမ်း လမ်းခွဲ ကြလေတော့သည်၊၊
ဆက်၇န်

0 comments:
Post a Comment