Saturday, February 14, 2015

ရတနာပုံတက္ကသိုလ်အနီးက အလုံပိတ်တဲအိမ်များကို ကွင်းဆင်းစစ်ဆေးသင့်ပြီ


မန္တလေးမြို့ အမရပူရမြို့နယ် အတွင်းရှိ ရတနာပုံတက္ကသိုလ်အနီး အနောက်ကန်ပတ်လမ်းဘေးတစ်လျှောက် ဆောက်လုပ်ထားသော အလုံပိတ်တဲ အိမ်များအား သက်ဆိုင်ရာဌာနများမှ ကွင်းဆင်းစစ်ဆေးမှုများ ပြုလုပ်သင့် ကြောင်း ရပ်ကွက်နေပြည်သူများထံ မှ သိရသည်။
အစားအသောက်များအားရောင်း ချလျက်ရှိသည်ဟုဆိုသော အဆိုပါ တဲအိမ်၊ ဆိုင်ခန်းများအနီးတစ်ဝိုက် တွင် အဖော်(ကွန်ဒုံး)များအား မကြာ ခဏ တွေ့ရှိရသည့်အတွက် နောက် ဆက်တွဲအဖြစ် မလိုလားအပ်သော ပြဿနာရပ်များ ဖြစ်ပေါ်လာမည်ကို ၄င်းတို့က စိုးရိမ်နေကြခြင်းဖြစ်သည်။

ယင်းတဲအိမ်များသို့ ရတနာပုံ တက္ကသိုလ်မှ ကျောင်းသား၊ ကျောင်း သူများအများစု ဝင်ထွက်သွားလာမှု ရှိသဖြင့် ဝင်ပေါက်တစ်ခုသာရှိသော အလုံပိတ်တဲအိမ်များဖြင့် စားသောက် ဆိုင်ဖွင့်လှစ်ရောင်းချမှုများအား သက် ဆိုင်ရာဌာနများမှ ကွင်းဆင်းစစ်ဆေး သင့်ကြောင်း ဒေသခံ ကျောင်းသား မိဘတစ်ဦးကပြောသည်။ အဆိုပါတဲ အိမ်တန်းများအား ယခင်က ဖျက်သိမ်း မှုများရှိခဲ့ပြီး ယခုအခါမှသာ ကျောင်း ဖွင့်ရာသီအမီ ပြန်လည်တည်ဆောက် ဖွင့်လှစ်ထားကြခြင်းဖြစ်ကြောင်း၎င်း က ဆိုသည်။
အမရပူရမြို့နယ် အုပ်ချုပ်ရေးမှူး ရုံးသို့ ဆက်သွယ်မေးမြန်းရာ အငယ် တန်းစာရေး အမျိုးသမီးတစ်ဦးက ''အဲဒီကတဲတွေကို မြို့နယ်စည်ပင်နဲ့ ရပ်ကွက်အုပ်ချုပ်ရေး မှူးတို့ပူးပေါင်းပြီး စိစစ်ဖျက်သိမ်းခဲ့ပြီး ပါပြီ။ သူ့အသုတ်လိုက်၊ အသုတ်လိုက် ကို စိစစ်ဖျက်သိမ်းခဲ့တာပါ။ ကျွန်မတို့ မှာ အချက်အလက် ခိုင်ခိုင်လုံလုံရှိပါ တယ်။ အခုကျန်နေတာကတော့ အကြို အကြားက မသိနိုင်တဲ့နေရာတွေမှာ ဖြစ် ပါလိမ့်မယ်။ အုပ်ချုပ်ရေးမှူးနဲ့ ရပ်ကွက် နေပြည်သူတွေ ပူးပေါင်းပြီး ချိတ်ဆက် ဖြေရှင်းသွားပါမယ်။ တောက်လျှောက် ကို လိုက်လံစိစစ်နေပါတယ်''ဟု ရန်ကုန် တိုင်းမ်သို့ ဖုန်းဖြင့်ဖြေသည်။
မြို့နယ်ရဲစခန်းသို့ ဆက်သွယ်မေး မြန်းရာတွင်မူ ¤င်းတို့ရဲတပ်ဖွဲ့အနေဖြင့် အုပ်ချုပ်ရေးမှူးရုံးများမှ ညွှန်ကြားချက် မျိုး ရှိမှသာ လိုက်လံစိစစ်ပေး၍ရနိုင် ကြောင်း ပြောပါသည်။
အမရပူရမြို့နယ် ရဲစခန်းမှ ဒုရဲ အုပ်တစ်ဦးက ''ဒီကိစ္စက ထွေအုပ်ရုံးက စီမံခန့်ခွဲတာပါ။ သူတို့မှာသာ လုပ်ပိုင် ခွင့်ရှိတဲ့အတွက် ထွေအုပ်ရဲ့ ညွှန်ကြား ချက်ရမှသာ ကျွန်တော်တို့က လုပ်လို့ ရပါတယ်''ဟု ဆိုသည်။
အစားအသောက်များ ရောင်းချ သည်ဟုဆိုသော အဆိုပါအလုံပိတ်တဲ အိမ်များကို အနောက်ကန်ပတ်လမ်း စတင်ဖောက်လုပ်စဉ်၊ လမ်းမချဲ့ခင်က တည်းက ဆောက်လုပ်ရောင်းချနေခြင်း ဖြစ်ပြီး နောက်ဆက်တွဲအဖြစ် မလိုလား အပ်သော ပြဿနာရပ်များ ဖြစ်ပေါ် လာမည်ကို စိုးရိမ်သဖြင့် ဒေသခံနှင့် ကျောင်းသားမိဘများကတော့ သက် ဆိုင်ရာဌာနများ၏ ကွင်းဆင်းစစ်ဆေး မှုများကို အမြန်ဆုံးဖြစ်စေရန် အလိုရှိ နေကြသည်။
လွင်ပြင်

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...