သစ်ထူးလွင် သတင်းစုစည်းမှု (၁၅-၂)
သစ်ထူးလွင် |
- ကျောင်းသား သပိတ် စစ်ကြောင်း ၂ ခု ရပ်နားမယ်
- ဒိန်းမတ် သေနတ်သမား သေဆုံးပြီလို့ ယုံကြည်ရ
- ပညာရေးဥပဒေပြင်ဆင်မှု ဥပဒေကြမ်း လွှတ်တော်တင်ဖို့ အသင့်
- လောက်ကိုင်မြို့ နောက်ဆုံး အခြေအနေ
- လောက်ကိုင်ရဲစခန်း ပစ်ခတ်ခံရ၊ ရဲမိသားစုဝင် ၁၃၀ ကျော် လားရှိုးကို ထွက်ပြေး
- လောက်ကိုင်တွင် အပြစ်မဲ့အရပ်သားများ ပစ်သတ်ခံရဟု ဆို
- လောက်ကိုင်မြို့တွင်း နယ်မြေရှင်းလင်းရာ လူ၊ လက်နက်၊ ခဲယမ်းများနှင့် မူးယစ်ဆေးဝါးများ ထမ်မံ သိမ်းဆည်းရမိ
- ဇလွန်မြို့နယ်၊ ရုံးတောကျေးရွာတွင် လူနေအိမ်(၂၃)လုံး မီးလောင်ဆုံးရှုံး
- ဒီမိုကရေစီပညာရေး ပင်မနှင့် ပဲခူး စစ်ကြောင်း ၂ ခု ပူးပေါင်းချီတက်
- ကျောင်းသားတောင်းဆိုထားသည့် ပညာရေးဥပဒေကြမ်း ရေးဆွဲပြီးစီး
- မောင်းနှင်လာသည့် ခရီးသည်တင်မှန်လုံယာဉ်အား လေးခွဖြင့် ပစ်ခတ်သူကို စုံစမ်းဖော်ထုတ် အရေးယူထား
- လိမ်လည်၍ ချစ်သူရှာဖွေပေးသည့် ဝက်ဘ်ဆိုက်များကို အင်တာနက် ထိန်းသိမ်းသူများ စောင့်ကြည့်မည်
- သင်္ဘောနှစ်စီး တိုက်မိပြီး လူ တစ်ရာခန့် ပျောက်ဆုံးလျက်ရှိ
- ရန်ကုန်ဝင်ရင် ရေနစ်မည်ဟု အစိုးရပြောကြားချက် ခြိမ်းခြောက်မှုဆန်ဟု ဗကသပြော
- ဦးဖုန်ကြားရှင် လောက်ကိုင် အာဏာသိမ်းမှု လက်မခံဟု ကာချုပ်ပြော
- မိုင်းပေါသည့်နယ်ဘက်တွင် အစိုးရနှင့် လက်နက်ကိုင်အဖွဲ့စည်းများ မြန်ဆုံးညှိနိုင်းဆောင်ရွက်သင့်
- ဌာနချုပ်လိုင်ဇာ အနီးသို့ အစိုးရတပ်များ လက်နက်ကြီးများ ပစ်ခတ်
- အဓ္ဓမပြုကျင့် သတ်ဖြတ်ခံရသော ဆရာမနှစ်ဦး အမှု တရားခံဖော်ထုတ်နိုင်ရေး အစာရှောင် ဆုတောင်းမည်
- ယူကရိန်း အပစ်ရပ်ရေး စတင်ပြီ
- ကျောက်ဖြူတွင် ဦးခေါင်းမရှိဘဲ သေဆုံးနေသူ တစ်ဦးတွေ့ရှိ
- စိတ်မနှံ့သူ ကိုယ့်အိမ်ကိုကိုယ် မီးရှို့ရာမှ မင်းပြားမြို့နယ်တွင် နေအိမ် ၁၅ လုံး မီးလောင်
- "မွေးချင်းပေါက်ဖော်ဆိုပါလား"
- မွေးရာပါ ခြေလေးချောင်းနှင့် ကလေးငယ်ကို ဧရာဝတီ ဖောင်ဒေးရှင်း၏ ကူညီပံ့ပိုးမှုဖြင့် အောင်မြင်စွာ ခွဲစိတ်နိုင်ခဲ့
- ရန်ကုန်အဝင်လမ်းမှာ လုံခြုံရေးတွေ ရာနဲ့ချီ တိုးမြှင့်ချထား
- ပညာရေး ဥပဒေမူကြမ်း အသစ် ၃ ပုံ ၂ ပုံ ဆွေးနွေးနိုင်ခဲ့
Posted: 15 Feb 2015 07:40 AM PST
လွှတ်တော်မှာ ဆွေးနွေးမှာကို သပိတ် မလှန်ဘဲ စောင့်ကြည့် နေမယ် အစိုးရ၊ လွှတ်တော်၊ NNER နဲ့ ကျောင်းသား တွေရဲ့ အမျိုးသား ပညာရေး ဥပဒေကို ပြင်ဆင်တဲ့ ဥပဒေ မူကြမ်း ကို တနဂင်္နွေ နေ့မှာ အပြီးသတ် ဆွေးနွေးခဲ့ အပြီး မှာတော့ ရန်ကုန် ကို ချီလာတဲ့ ကျောင်းသား သပိတ် စစ်ကြောင်းတွေ ထဲက ၂ ဖွဲ့ဟာ သပိတ် ရပ်နား တော့မှာ ဖြစ်ပါတယ်။ အဲဒီ ၂ ဖွဲ့ ကတော့ မော်လမြိုင် - ထားဝယ် သပိတ် စစ်ကြောင်းနဲ့ ဧရာဝတီ သပိတ် စစ်ကြောင်း တွေြ
|
Posted: 15 Feb 2015 07:31 AM PST
ဒိန်းမတ်ရဲတပ်ဖွဲ့ဝင်တွေ စနေပစ်ခတ်မှုနဲ့ ဆက်စပ်နေမှုရှိရာ Norrebro အရပ်က Mjoelnerparken တိုက်ခန်းတွေမှာ ရှာဖွေနေစဉ်။ (ဖေဖေါ်ဝါရီ ၁၅၊ ၂၀၁၅) ဒိန်းမတ်နိုင်ငံ ကိုပေဟေဂင်မြို့မှာ စနေနေ့က အရပ်သား ၂ ဦးသေဆုံးပြီး ရဲ ၅ ယောက်ကို ဒဏ်ရာစေခဲ့တဲ့ သေနတ်နဲ့ ပစ်ခတ်မှု ၂ ခု ကို လုပ်ဆောင်မယ်လို့ ယုံကြည်ရတဲ့ သံသယဖြစ်ဖွယ်လူတဦးကို တနင်္ဂနွေနေ့မှာ ရဲတွေက အသေဖမ်းဆီးရမိခဲ့တယ်လို့ ဒိန်းမတ်ရဲတွေက ပြောပါတယ်။ ပစ်ခတ်မှုတခုဟာ
|
Posted: 15 Feb 2015 07:27 AM PST
ကျောင်းသား၊ လွှတ်တော်၊ အစိုးရနဲ့ NNER လေးပွင့်ဆိုင် ဆွေးနွေးပွဲ (ဓာတ်ပုံ-NNER fb) အစိုးရ၊ လွှတ်တော်၊ NNER ကိုယ်စားလှယ်တွေနဲ့ ကျောင်းသား ကိုယ်စားလှယ်တွေ လေးပွင့်ဆိုင်သဘောတူညီချက်နဲ့ အမျိုးသား ပညာရေးဥပဒေကို ပြင်ဆင်တဲ့ ဥပဒေကြမ်း ဒီကနေ့မှာ အပြီးသတ်ရေးသားပြုစုပြီးဖြစ်လို
|
Posted: 15 Feb 2015 07:19 AM PST
တရုတ် နယ်စပ် နားက လောက်ကိုင် လောက်ကိုင် မြို့ပေါ် မှာ စနေ နေ့ညက အစိုးရ နဲ ကိုးကန့် တပ်ဖွဲ့ တွေ တိုက်ပွဲ တွေဖြစ်ပွါးခဲ့ ပေမယ့် ဒီနေ့ ညနေပိုင်း အထိ အခြေအနေတွေ ငြိမ်သက် နေ ပါ တယ် ။ လူ ဦးရေ ၆ သောင်း လောက် ရှိတဲ့ လောက်ကိုင် မြို့ပေါ်က လူအတော် များ များ ဟာ ထိတ်လန့် ပြီး မြို့ပေါ်က ထွက် ပြေး တိမ်းရှောင် သွား ကြပြီ လို့လည်း သိရပါတယ် ။ မနေ့က လောက်ကိုင် မြို့ပေါ်မှာ အစိုးရ တပ် က ကိုးကန့် တပ်တွေနဲ့ လောက်
|
Posted: 15 Feb 2015 06:16 AM PST
တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ လောက်ကိုင်မြို့က ရဲတပ်ဖွဲ့ဝင်မိသားစု ကလေးလူကြီး ၁၃၀ကျော်ဟာ ဖေဖော်ဝါရီ ၁၅ ရက် မွန်းလွဲပိုင်းက လားရှိုးမြို့ကို ထွက်ပြေး ရောက်ရှိ လာကြပါတယ်။ ဖေဖော်ဝါရီ ၁၄ ရက်နေ့ ညနေပိုင်းက ထွက်ပြေးလာကြတာဖြစ်ပြီး မြို့မရဲစခန်း ရှေ့တည့်တည့် နေအိမ်တွေ ကနေ စခန်းကို ချောင်းမြောင်း ပစ်ခတ်တဲ့ အတွက် လူကြီးတွေ ကပြောင်းခိုင်းတဲ့ အတွက် လားရှိုးကို ထွက်ပြေးလာကြတာလို့ ရဲမိသားစုဝင်အမျိုးသမီးတဦးက ဒီ
|
Posted: 15 Feb 2015 06:10 AM PST
မြန်မာအစိုးရ၏ စစ်တပ်မှ ပြန်လည်သိမ်းယူပြီး ပုဒ်မ ၁၄၄ ထုတ်ပြန် ထားသည့် လောက်ကိုင်ဒေသတွင် အရပ်သားအများအပြား ကို မြန်မာစစ်တပ်မှ ပစ်သတ်လျက်ရှိသည်ဟု တရုတ်နိုင်ငံမှ လာသော သတင်းများက ဆိုသည်။ ကိုးကန့်ဒေသခံတို့သည် ပုဒ်မ ၁၄၄ ကို နားမလည်ခြင်း၊ မြန်မာစစ်တပ်မှ ထုတ်ပြန်ချက်များကို မသိရှိခြင်းတို့ကြောင့် တရုတ်နယ်စပ်ဂိတ်သို့ သွားရာ လောက်ကိုင်လမ်းမပေါ်တွင်ပင် ခေါင်းသို့ သေနတ်ဖြင့် ပစ်သတ်ခံရခြင်း ဖြစ်ကြောင်း ယူန
|
Posted: 15 Feb 2015 06:04 AM PST
နေပြည်တော် ဖေဖော်ဝါရီ ၁၅ လောက်ကိုင်နယ်မြေတည်ငြိမ်အေးချ
|
Posted: 15 Feb 2015 05:59 AM PST
နေပြည်တော်၊ ဖေဖော်ဝါရီ ၁၅ ၂ဝ၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၄ ရက်နေ့ နေ့လယ် ၂ နာရီ ၅ဝ မိနစ်အချိန် ဧရာဝတီတိုင်း ဒေသကြီး၊ ဇလွန်မြို့နယ်၊ ရုံးတောကျေးရွာတွင် မီးလောင်မှု ဖြစ်ပွားကြောင်း သတင်းအရ ဇလွန်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ၊ ရွာသူ/ သားများက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ ညနေ ၃ နာရီ ၄ဝ မိနစ်အချိန် မီးငြိမ်းသွားခဲ့သည်။ စစ်ေ
|
Posted: 15 Feb 2015 04:42 AM PST
မန္တလေးမြို့ကနေ ရန်ကုန်မြို့ကို ဦးတည် ချီတက်လာခဲ့တဲ့ ဒီမိုကရေစီပညာရေး ပင်မ သပိတ်စစ်ကြောင်းနဲ့ ပဲခူးစစ်ကြောင်းတို့ ပူးပေါင်း ချီတက်နေကြပါတယ်။ ဒီနေ့လယ် ၂ နာရီ အချိန်လောက်မှာ အုတ်ဖိုမြို့နဲ့ ကြို့ပင်ကောက် နယ်နိမိတ်အဆက် ပန်းပဲကုန်း ကျေးရွာထိပ်မှာ သပိတ်စစ်ကြောင်း ၂ ခု ပူးပေါင်းလိုက်ပြီး ဒီနေ့ည အုတ်ဖိုမြို့မှာ ညအိပ်ရပ်နားကြမှာ ဖြစ်ပါတယ်။ အမျိုးသားပညာရေး ဥပဒေကို ဆန်
|
Posted: 15 Feb 2015 04:40 AM PST
ဆွေးနွေးပွဲ ပြုလုပ်စဉ် (ဓာတ်ပုံ – DPNS) ကျောင်းသားတွေ တောင်းဆိုချက်နဲ့ ရေးဆွဲထားတဲ့ အမျိုးသား ပညာရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းတရပ်ကို ဖေဖော်ဝါရီ ၁၅ ရက်မှာ အပြီးသတ် ရေးဆွဲနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ရန်ကုန်မြို့မှာ ဖေဖော်ဝါရီ ၁၄ နဲ့ ၁၅ နှစ်ရက်တာ ပြုလုပ်ခဲ့တဲ့ အစိုးရ၊ကျောင်းသား၊နိုင်ငံလုံး
|
Posted: 15 Feb 2015 04:32 AM PST
နေပြည်တော်၊ ဖေဖော်ဝါရီ ၁၅ ၂ဝ၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၁ ရက်နေ့ နံနက် ၁ နာရီခွဲအချိန် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်း၊ မိုင်တိုင်အမှတ်(၁၅၈)တွင် ရန်ကုန်ဘက်မှ မန္တလေး ဘက်သို့ မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ချမ်းမြသာယာရပ်ကွက်နေ သူရ(၃၄)နှစ် မောင်းနှင်လာသည့် 6G/xxxx ''ဝေဖြိုးအောင်'' ခရီးသည်တင်မှန်လုံယာဉ်အား လမ်းဘေးတွင် ရပ်နေသည့် လူငယ်(၃)ဦးအနက် ၁ ဦးမှ လေးခွဖြင့်
|
Posted: 14 Feb 2015 09:11 PM PST
ပေကျင်း ၊ ၁၅-၂-၂ဝ၁၅ တရုတ်နိုင်ငံ တစ်ဝန်းတွင် အွန်လိုင်းမှ တစ်ဆင့် လိမ်လည်၍ ချစ်သူ ရှာပေးနေသည့် ဝက်ဘ်ဆိုက် များနှင့် အခြား အောင်သွယ်ရေး ဝက်ဘ်ဆိုက် များကို အင်တာနက် ထိန်းသိမ်း စောင့်ရှောက်ရေး အဖွဲ့က လေ့လာ စောင့်ကြည့်မှုများ လုပ်ဆောင် သွားမည် ဖြစ်ကြောင်း ဆင်ဟွာ သတင်းဌာနက ထုတ်ပြန် ခဲ့သည်။ ချစ်သူများကို လိမ်လည်၍ အောင်သွယ်ပေး နေသည့် ဝက်ဘ်ဆိုက် များသည် အထူးသဖြင့် လူငယ်များ အပါအဝင် အင်တာနက် သုံးစွဲသူ
|
Posted: 14 Feb 2015 09:09 PM PST
ကင်ရှာဆာ ၊ ၁၅-၂-၂၀၁၅ ကွန်ဂို ဒီမိုကရက်တစ် သမ္မတ နိုင်ငံ အတွင်းရှိ မြစ်တစ်ခု အတွင်း သင်္ဘောနှစ်စီး တိုက်မိမှု ဖြစ်ပွားခဲ့ရာ လူဦးရေ ၁ဝဝ ခန့် ပျောက်ဆုံးလျက် ရှိကြောင်း ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ကြီး (WHO) က ယမန်နေ့တွင် ထုတ်ပြန် ခဲ့သည်။ အဆိုပါ သင်္ဘော တိုက်မိမှုသည် ဖေဖော်ဝါရီ ၁၂ ရက်က ဖြစ်ပွားခဲ့ခြင်း ဖြစ်သော်လည်း သက်ဆိုင်ရာ အာဏာပိုင် များက ယမန်နေ့မှသာ သတင်းထုတ်ပြန် ခဲ့ခြင်း ဖြစ်သည်။ ယင်း မတော်တဆမှု သည်
|
Posted: 14 Feb 2015 08:41 PM PST
ရန်ကုန်ကို ချီတက်နေတဲ့ သပိတ်စစ်ကြောင်းတွေနဲ့ ပတ်သက်ပြီးတော့ အစိုးရရဲ့ ပြောကြားချက်တွေဟာ ခြိမ်းခြောက်မှုဆန်နေတယ်လို့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများအဖွဲ့ချုပ် (ဗကသ)က ပြောပါတယ်။ ဖေဖော်ဝါရီ ၁၄ ရက် ဆွေးနွေးပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာ ပညာရေးဒုတိယဝန်ကြီး ဦးသန့်ရှင်းက တောင်းဆိုထားတဲ့ အချက် ၁၁ ကို အကုန်လုံးနီးပါး ပေးလိုက်လို့ လုပ်ပေးနိုင်တဲ့ လုပ်ငန်းစဉ် ကုန်ဆုံးသွားပြီဖြစ်ကြောင်း၊ ရန်ကု
|
Posted: 14 Feb 2015 08:38 PM PST
ဦးဖုန်ကြားရှင်း ဦးဆောင်တဲ့ ကိုးကန့် တိမ်းရှောင်အဖွဲ့က လောက်ကိုင်ဒေသကို တိုက်ခိုက်သိမ်းပိုက်ပြီး ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ အစိုးရအဖွဲ့ကို ဖြုတ်ချ အာဏာသိမ်းဖို့ ကိစ္စကို တပ်မတော်က လက်မခံကြောင်း ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။ နေပြည်တော်မှာ ဖေဖော်ဝါရီ ၁၄ ရက် စာနယ်ဇင်းကောင်စီ (ယာယီ)နဲ့ တွေ့ဆုံရာမှာ လတ်တလော ဖြစ်ပွားနေတဲ့ တရုတ်-မြန်မာ နယ်စပ် လောက်ကိုင်ဒေသက တို
|
Posted: 14 Feb 2015 06:49 PM PST
ကယား (ကရင်နီ) ပြည်နယ် မိုင်းပေါများသည့် ရှားတောမြို့နယ် သံလွင်တလျှောက်နှင့် ပွန်ချောင်းနောက် များတွင် အစိုးရနှင့် လက်နက်ကိုင်အဖွဲ့အစည်းများက မိုင်းရှင်းလင်းရေးကို အမြန်ဆုံးညှိနှိုင်းဆောင်ရွက် ပေးသင့်သည်ဟု ကယားပြည်နယ် ငြိမ်းချမ်းရေးဖြစ်စဉ် လေ့လာစောင့်ကြည့်ရေးအဖွဲ့မှ ဆရာပလုရယ်က ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ပြောကြားသွားသည်။ ရှားတောမြို့နယ်သို့ ပြည်တွင်းရွှေ့ပြောင်း ဒုက္ခသည်များ ပြန်လည်နေထိုင်ရာ စတင်
|
Posted: 14 Feb 2015 06:43 PM PST
ဦး လာနန်၊ KIO ပြောရဲဆိုခွင့် ပုဂ္ဂိုလ် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ဌာနချုပ် လိုင်ဇာအနီးရှိ ရှေ့တန်း စခန်းများသို့ အစိုးရ စစ်တပ်က လက်နက်ကြီးများဖြင့် နေ့စဉ် ပစ်ခတ်နေသဖြင့် နှစ်ဖက် စစ်ရေးတင်းမာမှု ရှိနေသည်ဟု KIO ပြောရေး ဆိုခွင့် ရှိသူ ဦးလာနန်က ပြောသည်။ လိုင်ဇာဌာနချုပ်အနီးသို့ အစိုးရ စစ်အင်အား တိုးမြင့်မှုများ ရှိနေပြီး ဖေဖော်ဝါရီလ ၁၂ ရက် ညနေ ၆ နာရီဝန်းကျင်တွင် လိုင်ဇာ၏ အနောက်တောင်ဘက်ရှိ ခရာဘွ
|
Posted: 14 Feb 2015 06:40 PM PST
ဇန်န၀ါရီ ၂၃၊ ဆရာမ နှစ်ဦး ဈာပဏ အခမ်းအနားကို လူ ထောင်ပေါင်းများစွာဖြင့် မြစ်ကြီးနား AD 2000 ခန်းမ တွင် ကျင်းပခဲ့တယ် ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင် ပန်ဆိုင်း (ကြူကုတ်) မြို့နယ် နမ်တောင်း (Namtau) ကျေးရွာအုပ်စု ကောင်းခါး (Kawng Hka) ကျေးရွာရှိ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချု
|
Posted: 14 Feb 2015 06:26 PM PST
ယူကရိန်းက အတိမ်းအစောင်း မခံတဲ့ အပစ်အခတ် ရပ်စဲရေးဟာ ဒေသစံတော်ချိန် စနေနေ့ည သန်းကောင်းယံ အချိန်မှာ စတင်လိုက်ပါပြီ။ ဒါပေမယ့် နိုင်ငံအရှေ့ပိုင်းမှာ ပြင်းပြင်းထန်ထန် ဖြစ်ပွါးနေတဲ့ တိုက်ခိုက်မှုတွေ အားလုံး ရပ်စဲသွား မသွား အခုထိတော့ သေသေချာချာ မသိရသေးပါဘူး။ ဥရောပက ကြားဝင် ဆောင်ရွက်ပေးတဲ့ ဒီသဘောတူညီချက်အရ ယူကရိန်းတပ်တွေရော ရုရှားကျောထောက်နောက်ခံပေးနေတဲ့ ခွဲထွက်ရေး သူပုန်တွေပါ ပစ်ခတ် တိုက်ခိုက်မှုတွေ
|
Posted: 14 Feb 2015 06:23 PM PST
ဖေဖော်ဝါရီ ၁၅ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်၊ စိုင်ခြုံကျေးရွာ မြောက်ဘက် နှစ်ဖာလုံခန့် အကွာ၊ လယ်ကွင်းစပ်နား ဆူးခြုံထဲတွင် ဦးခေါင်းပြတ်ကြီးဖြင့် အမည်မသိ သေဆုံးနေသူ တစ်ဦးကို ကျေးရွာသားများက တွေ့ရှိခဲ့သည်ဟု ရဲအဖွဲ့က ပြောကြားသည်။ “ မနေ့ကပေါ့။ ဖေဖော်ဝါရီလ ၁၄ ရက်နေ့ နံနက်မှာ ရွာသားတွေက တွေ့ရှိတာပါ။ သေသူမှာ ဦးခေါင်း မရှိတော့ဘူး။ ဘယ်သူဆိုတာလဲ မသိရသေးပါဘူး။ စစ်ဆေးနေတုန်းပါ” ဟု သွားရောက်စစ်ဆေးခဲ့သ
|
Posted: 14 Feb 2015 06:21 PM PST
စစ်တွေ၊ ဖေဖော်ဝါရီ ၁၄ ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်မှ ကျေးရွာ တစ်ခုတွင် စိတ်မနှံ့သူ တစ်ဦးမှ ဖေဖော်ဝါရီလ ၁၃ ရက်နေ့က ကိုယ့်အိမ်ကို ကိုယ် မီးရှို့ရာမှ အနီးအနားသို့ နေအိမ်များသို့ ကူးစက်ပြီး အိမ် ၁၅ လုံးမီးလောင်သွားခဲ့သည်ဟု သတင်း ရရှိသည်။ ယင်းမီးမှာ မင်းပြားမြို့နယ်၊ တောင်ရှည်ပြင်ကျေးရွာတွင် ဖေဖော်ဝါရီလ ၁၃ ရက်နေ့၊ ညနေ ၄ နာရီခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ မီးကြောင့် အိမ် ၁၅ ဆောင် မီးထဲပြါ
|
Posted: 14 Feb 2015 04:59 PM PST
တရုတ်သမ္မတ Xi Jinping နဲ့ မြန်မာသမ္မတ ဦးသိန်းစိန်၊ Beijing, China Saturday, Nov. 8, 2014. (AP Photo/) လွတ်လပ်ရေးရပြီး မကြာမီ ဗမာကွန်မြူနစ် သူပုန်ထနေတုန်း တရုတ်ပြည်တွင်းစစ်မှာ အရေးနှိမ့်လာတဲ့ တရုတ်ဖြူတပ်ရင်းတချို့  ရှမ်းပြည်မှာ ဝင်ရောက်ခိုလှုံတာကြောင့် တရုတ်ကွန်မြူနစ် အန္တရာယ်ကို စိုးရိမ်ခဲ့ရပါတယ်။ အဲဒီအချိန်မှာ ဆက်ဆံရေးကောင်းအောင် မွေးချင်းပေါက်ဖော် ဆက်ဆံရေးဆောင်ပုဒ်ကို ပထမဦးဆုံး ဝန်ကြီးချုပ်
|
Posted: 14 Feb 2015 03:20 PM PST
ဓါတ်ပုံ - ဧရာဝတီဖောင်ဒေးရှင်း ပဲခူးတိုင်း၊ ဒိုက်ဦးမြို့၊ အင်းကြင်းစု ကျေးရွာမှ အဖ ဦးမောင်လွင်၊ အမိ ဒေါ်ဌေးတို့၏ မွေးရာပါ ခြေလေး ချောင်းရှိသည့် သမီးငယ်လေး ဘေဘီမဌေး (သို့) မဖူးပွင့်မာလာ၏ ခွဲစိတ် မှုအောင်မြင်ကြောင်း သိရသည်။ ၂၀၁၃ ခုနှစ်၊ စက်တင်ဘာ ၁၄ ရက်နေ့က မွေးဖွားခဲ့သည့် ခြေလေး ချောင်းပါ သမီးငယ်လေးတွင် မွေး ချင်း ၅ ယောက်ရှိပြီး မွေးပြီးပြီးချင်း ၃ ရက်အကြာတွင် ရန်ကင်းကလေး ဆေးရုံသို့ ရောက်ရှိ
|
Posted: 14 Feb 2015 03:14 PM PST
ဒီမိုကရေစီပညာရေး ကျောင်းသားသပိတ်စစ်ကြောင်း ရန်ကုန်မြို့ကို ချီတက်လာစဉ် / Photo: Hset Paing Toe/RFA ရန်ကုန်တိုင်းဒေသကြီး လှည်ကူးနဲ့ ဥက္ကံမြို့နယ်တွေမှာ ရဲတပ်ဖွဲ့၊ မီးသတ်နဲ့ စစ်ကားတွေ ချထားတယ်လို့ ဒေသ ခံတွေက ပြောပါတယ်။ အမျိုးသားပညာရေး ဥပဒေကို သပိတ်မှောက်နေကြ တဲ့ ကျောင်းသူ ကျောင်းသားတွေ ရန်ကုန်မြို့ ဧရိယာ အတွင်း ၀င်ရောက်လာတဲ့အခါ တားဆီးနိုင်အောင် လုံခြုံရေးချထားတာ ဖြစ်တယ်လို့ ဒေသခံတွေ က ပြောကြပါတ
|
Posted: 14 Feb 2015 03:14 PM PST
သပိတ်မှောက် ကျောင်းသားများ ကျောင်းသားတွေနဲ့ အစိုးရတို့အပါအဝင် ၄ ပွင့်ဆိုင် တွေ့ဆုံပြီ့း အမျိုးသား ပညာရေး ဥပဒေကို ပြင်ဆင်တဲ့ ဥပဒေမူကြမ်း ဆိုင်ရာ ဆွေးနွေးပွဲ ပြုလုပ်ခဲ့ရာမှာ ကျောင်းသားတွေ ဘက်ကတင်ပြတဲ့ ဥပဒေမူကြမ်း အသစ်ကို စနေနေ့မှာ ဆွေးနွေးခဲ့ကြပါတယ်။ အဲဒီ ဥပဒေမူကြမ်းရဲ့ ၃ ပုံ၂ ပုံကို ဆွေးနွေးပြီးစီးခဲ့ပြီး တနဂင်္နွေနေ့မှာကျန်နေတဲ့ အပိုင်းတွေကို ဆက်လက် ဆွေးနွေးသွားကြမှာ ဖြစ်ပါတယ်။ တနင်္လာနေ့မှာေ
|
0 comments:
Post a Comment