Wednesday, January 7, 2015

CES 2015 မှာ မိတ်ဆက်ပေးလိုက်တဲ့ Mercedes-Benz ရဲ့ F 015 ဇိမ်ခံကား


Yangon Media Group added 4 new photos.
Consumer Electronics Show ( CES 2015 ) မှာ ပြသလိုက်တဲ့ F 015 Luxury ကားကတော့ Mercedes-Benz ရဲ့ အနာဂတ် ကား များအတွက် ကြိုတင် ပြင်ဆင်မှုကို မြင်တွေ့ခွင့်ရစေခဲ့ပါတယ်။
ရောင်းချဖို့အတွက် မဟုတ်ပဲ အနာဂတ်ပြင်ဆင်မှုတွေကို ထုတ်ဖော်ပြသဖို့ အတွက်သာဖြစ်ပေမယ့် အနာဂတ်အတွက်တော့ စိတ်လှုပ်ရှားစရာ အရမ်းကောင်းပြီး စွဲဆောင်မှုအပြည့် အ၀ ပေးစွမ်းနိုင်ခဲ့ပါတယ်။

ဒါ့အပြင် လူတွေရဲ့ နေထိုင်သွားလာမှုပုံစံ တွေဘယ်လိုအနေအထားအထိ ပြောင်းလဲ ရောက်ရှိလာနေပြီလဲဆိုတာကိုလဲ ပြသသွားနိုင်ခဲ့ပါတယ်။
F 015 မှာ စီးနင်းလိုက်ပါလာသူ ခရီးသည်တွေအတွက်လဲ သက်တောင့် သက်သာရှိတဲ့ ထိုင်ခုံများဟာ တစ်ဖက်နှင့်တစ်ဖက် လှည့်ပြီး စကားပြောဆို နိုင်စေအောင် ဖန်တီးပြုလုပ်ထားပါတယ်။
F 015 ရဲ့ အတွင်းပိုင်းမှာလဲ ကျယ်ပြန့်တဲ့ မြင်ကွင်းကျယ် touchscreens များဖြင့် ဖန်တီးထားတာကိုလဲ မြင်တွေ့ရပါတယ်။
“ကားတွေဟာ ကမ္ဘာပေါ်မှာ အကောင်းဆုံး ရွှေ့လျှားလို့ရတဲ့ အိမ် အသွင်သဏ္ဍာန် ပြောင်းလဲလာပါလိမ့်မယ်” လို့ မာစီးဒီးဘန့်ဇ် ရဲ့ CEO Dieter Zetsche က အခမ်းအနားမှာ ပြောကြားသွားခဲ့ပါတယ်။
Mercedes-Benz ရဲ့ နည်းပညာဟာ ယာဉ်အန္တရယ် နှင့် လုံခြုံစိတ်ချရမှုမှာပါ အမြဲတိုးတက်နေတာကို ပြသတဲ့ အနေဖြင့် F 015 မှာ တွေ့ခဲ့ရပါတယ်။
အားရစရာ ကောင်းတာကတော့ လူတစ်ဦးဟာ လမ်းကူးဖို့ ကြုံလာခဲ့ရင်ဖြင့် F 015 ဟာ လမ်းပေါ်ကို လူကူးမျဉ်းသဏ္ဍာန် သင်္ကေတ များ ထိုး၍ပြသခြင်းနှင့် အတူ အရှိုန်လျှော့ပေးမှာ ဖြစ်ပြီး ထို သင်္ကေတမှ တစ်ဆင့် လမ်းကူးသူဟာ ကားနှင့် ဘေးကင်းလုံခြုံစေမယ့် အကွာအဝေးကို သိရှိနိုင် စေနိုင်မှာ ဖြစ်ပါတယ်။
AZMT

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...