''ဘိုးဖွားရိပ်သာ လား ဒုက္ခသည်စခန်းလား''
Chit Min Thu Lay added 30 new photos.
ဒီနေ့ကျွန်တော်ရဲ့ဝမ်းနည်းဖွယ်ရာ လက်တွေ့ဖြစ်ရပ်မှန်မြင်ကွင်းလေပါ
ဒီနေ့ နံနက် ၆း၃၀ မှာ ကျွန်တော်နဲ့ ကျွန်တော်သူငယ်ချင်းများနှင့်အတူ ရွှေတီဂုံ ဘုရားရင် ပြင်တွင် တံမြက်စည်းလှဲ သည့် ကုသိုလ် ပြုလုပ်ခဲ့ပါ။ ထိုနောက် ကျွန်တော်သူငယ်ချင်း နှင့်အတူ ဖွဲ့ထားတဲ့ ဖြူစင်သောအင်အားစုများ ပရဟိတလူငယ်အဖွဲ့အနေနဲ့ သန်လျှင်က သဘာဝရိပ်သာ ခေါ် ဘိုး ဖွားရိပ်သာ မှာ အလှူငွေ သွားလှူရန် နှင့် နေ့လည်စာ ကြက်ဆန်ပြုတ်သွားလှူရန် အဘိုး အဖွား များကိုခြေသဲ လက်သဲ ညှပ်ပေးရန်ပေါ့ လိုက်သွားခဲ့တယ် ။
ဒါပေမဲ့ ရောက်သွားတဲ့ မြင်ကွင်းက ထင်ထားတာနဲ့မတူဘူးဖြစ် ဖိုးဖွားရိပ်သာနဲ့ မတူပဲ မီးဘေး၊ ရေဘေး ဒုက္ခရောက်နေတဲ့ကယ်ဆယ်ရေစခန်းနဲ့တူနေတယ် အဖိုးအဖွား ၂၀၀၀ ခန့်အပြင် အချို့ကျန်းမာရေးမကောင်းသူ တော်များများသည် အကြောင်းအမျိုးမျိုးကြောင့် အစွန့်ပစ်ခံထား ရသောမြင်ကွင်းတွေ့ရှိခဲ့တယ်။ အဖိုးအဖွားများသည် နေရတာသည်လဲ ဒုက္ခသည့်စခန်းတောင်မှ အဖိုး အဖွား များထက်ပိုပြီးသာလိမ့်မည်။ အဖိုးအဖွားများ နေထိုင်ရသည်မှာ လဲ ထိုင်ခုံမှာတင်နေရသူ ရှိသလို ခက် ခက်ခဲခဲတစ်နေရာ စာတိုးပြီးနေရသည်ကိုတွေ့ရသည် ။ ကျွန်တော် လဲ ဖိုးဖွားများ ကျန်းမာရေး ပြုစောင့်ရှောက်မှုဝိုင်းကူသောအခါ အဖိုးအဖွားများ နှင့်လူပေါင်၂၀၀၀ ကျော်များ ထဲမှ အချို့အသံများသည် ကယ်ပါ ကူညီပါ ဟုသောအသံများကိုကြားရသဖြင့် ကျွန်တော်နှင့် ကျွန်တော် သူငယ်ချင်းများ၏ စိတ်ထဲတွင် ၀မ်းနည်းကြေကွဲ မှုဖြစ်လာပြီး မျက်ရည်တောင်ဝဲလာခဲ့သည်။ ကျွန်တော်တို့ စိတ်ထဲမှာ ဒုက္ခကျရောက်နေတဲ့စခန်းများရောက်သွားသလို့ခံစားရသည်။ ပြစုစောင့်ရှောက် သူများနည်းနေသောကြောင့် အချို့အဖိုး အဖွားဆို အိပ်နေရင်နဲ့ သေ နေသည်ကိုတွေ့ရသည်။ ကျွန်တော် အံ့အားသင့်သွားသည် အဖိုး အဖွားတွေ့က သေမှန်းမသိ့ ရှင်မှန်မသိ တိုးကြပ်စွာနေထိုင်ရသည့်ဘ၀ ။ အော်အဖိုး ရယ် သေခါနီတောင် အနားမှာ ပြုစုမဲ့သူမရှိပါလား ဟု တော်တော်စိတ်မကောင်းဖြစ်မိတယ် ။ ဆရာတော် ဟာလဲ တော်တော်လေးစား ကြည်ညိုဖွယ်ကောင်းပါတယ် အနယ်နယ်အရပ်ရပ် မှ ဒုက္ခရောက်ပြီး အစွန့်ပစ်ခံထားရတဲ့ အဖိုး အဖွားများကို နေဖို့ဆိုတာထက် စားဖိုးပါအလှူခံပေးသောကြောင့်ဖြစ်တယ်။ဒီနေ့ နံနက် ၆း၃၀ မှာ ကျွန်တော်နဲ့ ကျွန်တော်သူငယ်ချင်းများနှင့်အတူ ရွှေတီဂုံ ဘုရားရင် ပြင်တွင် တံမြက်စည်းလှဲ သည့် ကုသိုလ် ပြုလုပ်ခဲ့ပါ။ ထိုနောက် ကျွန်တော်သူငယ်ချင်း နှင့်အတူ ဖွဲ့ထားတဲ့ ဖြူစင်သောအင်အားစုများ ပရဟိတလူငယ်အဖွဲ့အနေနဲ့ သန်လျှင်က သဘာဝရိပ်သာ ခေါ် ဘိုး ဖွားရိပ်သာ မှာ အလှူငွေ သွားလှူရန် နှင့် နေ့လည်စာ ကြက်ဆန်ပြုတ်သွားလှူရန် အဘိုး အဖွား များကိုခြေသဲ လက်သဲ ညှပ်ပေးရန်ပေါ့ လိုက်သွားခဲ့တယ် ။
ဒါတောင် အလှူရှင်မရှိတဲ့ရက်မှာ အဖိုး အဖွားများက ဟင်းချို သို့မဟုတ် ဆန်ပြုတ်နဲ့သာစားရသည်။ ကျွန်တော် အဖိုးအဖွားနားသွားပြီး အဖွားနေကောင်းလား လက်သည်း ညှပ်ပေးမယ် သွေးပေါင်းချိန်တိုင်းပေးမယ်လို့ပြောတော့ အဖွားက ငိုးပြီးပြောတယ် အဖွားကို ဆရာမ လာမကြည့်ဖြစ်တာတော်တော်ကြားပြီး ခုလည်းမောနေတယ် လက်က ဟိုတစ်နေ့က ပဲလေဖြတ်သွားတယ် ။ ဆရာမနဲ့ မပြဘူးလား မေးတော့ ဟင်အင်းးးးး ဒီတိုင်းပဲနေရတာပါပဲ တဲ့ အော် လူအယောက် ၂၀၀၀ကျော် ကို ကျန်းမာရေးဆရာမ နည်းနည်းနဲ့ဆိုတော့ အကုန်လုံး ဘယ်ကြည့်နိုင်မှာလဲ အများစုကလဲ ကျန်းမာရေးဆိုးဆိုးဝါးဝါး ကြီးတွေပဲလေ။ အဖွားတစ်ယောက်ကပြောတယ် ''အဖွားတို့ ကသေဖို့ကိုစောင့်နေတာပါ။ မသေခင် ဆရာတော်ဟော ထားတဲ့တရားကိုပဲ စိတ်မှာမှတ်ထားနေရတယ်လေ''
သူတို့က အဟာရ မရှိလို့ပဲ သေရမလား စိတ်ဓါတ်ကျပြီးသေရမလား ဆိုပြီးမျှော်နေရတဲ့ပုံပဲ
အင်းးးး ဒီနေ့တွေ့တဲ့အဖြစ်အပျက်ကိုပြောရရင်ပြီးမှာမဟုတ်တော့ ဘူး ဒီနေ့တော့ ကျွန်တော်ကုသိုလ်တွေအများကြီးလုပ်ခဲပါတယ ပေါ့ ဟဲ ဟဲ
လိုအပ်ချက်
အဖိုးအဖွားတွေအတွက် ကျန်းမာရေးကုသပေးရန်အတွက် ပရဟိတဆရာဝန် ဆရာမ များလိုအပ်ခြင်း
ဝိုင်းဝန်းကူပြီးကျန်းမာရေးပြုစောင့်ရှောက်ပေးမဲ့သူအများလိုအပ်ခြင်း
အလှူငွေများလိုအပ်ခြင်း
အဖိုးအဖွားတွေအတွက် ကျန်းမာရေးကုသပေးရန်အတွက် ပရဟိတဆရာဝန် ဆရာမ များလိုအပ်ခြင်း
ဝိုင်းဝန်းကူပြီးကျန်းမာရေးပြုစောင့်ရှောက်ပေးမဲ့သူအများလိုအပ်ခြင်း
အလှူငွေများလိုအပ်ခြင်း
မှတ်ချက်
ဆေးဝိုင်းကုပေးမဲ့ ဆရာဝန်များရှိပါက ဆရာတော်မှဆေးကို တတ်နိုင်သလောက်လှူဒါန်းပေးမည်ဟုသိရသည်။
ဆေးဝိုင်းကုပေးမဲ့ ဆရာဝန်များရှိပါက ဆရာတော်မှဆေးကို တတ်နိုင်သလောက်လှူဒါန်းပေးမည်ဟုသိရသည်။
နေရာ
သဘာဝရိပ်သာကျောင်း။ သန်လျှင်မြို့
သဘာဝရိပ်သာကျောင်း။ သန်လျှင်မြို့
0 comments:
Post a Comment