သစ်ထူးလွင် သတင်းစုစည်းမှု (၇-၁)
သစ်ထူးလွင် |
|
- ဖားကန့်မှာ မြေစာပုံပြိုကျ၊ ၂၀ ဦး ပျောက်ဆုံးနေဆဲ
- တရားမျှတရေးနဲ့ ဆင်းရဲသားများအရေး ဆရာတော်ချားလ်စ်ဘို အစိုးရကို တိုက်တွန်းမည်
- ရေနံဈေး ကျလို့ ဥရောပ ဇုန်မှာ ငွေကျုံ့ဝင်မှု ကြုံတွေ့
- အိန္ဒိယကွန်ဂရက်ပါတီဝင် ခေါင်းဆောင်၏ဇနီး အဆိတ်ခတ် ခံရမှုကြောင့် သေဆုံးဟုဆို
- ကလေးသူငယ် လိင်စပ်ယှက်မှု ရုပ်ပြကာတွန်းနှင့် ဇာတ်ကားများ ကြီးထွားနေသော ဂျပန်
- ပဲရစ်မြို့က မဂ္ဂဇင်းတိုက်မှာ ၁၀ဦးကျော် အစုလိုက် ပစ်သတ်ခံရ
- ရေသန့်များတွင် ပိုးမွှားတွေ့ရှိမှု အရေးယူရခက်ဟု ကျန်းမာရေး ၀န်ကြီး ဌာနပြော
- ဖားကန့်မြေပြို ၂၀ ကျော်သေ
- ပြင်သစ်ဂျာနယ်တိုက် ပစ်ခတ်မှု ၁၀ ဦးကျော် သေဆုံး
- ဗုံးပေါက်ကွဲမှုနဲ့ တရားစွဲဆိုခံထားရတဲ့ စောထွန်းထွန်းကို ကြိုးပေးသေဒဏ်ချမှတ်
- ရန်ကုန်-မန္တလေးအမြန်လမ်း ဖြတ်ကူးသူ ယာဉ်တိုက်မိသဖြင့် သေဆုံး
- ဓါတ်တိုင်တိုက်မိသဖြင့် ယာဉ်မောင်းသူ သေဆုံး
- တောင်ပေါ်နေ ဝ လူမျိုးများ မြေပြန့်သို့ ပြောင်းရွှေ့ခံရ
- မြန်မာ့နိုင်ငံခြားကုန်သွယ်မှု ကန်ဒေါ်လာ ၄ ဘီလီယံ လိုငွေပြနေ
- အဲအေးရှား လေယာဉ် အမြီးပိုင်း ပင်လယ်ရေအောက်တွင် တွေ့ရှိ
- မန္တလေးကျောက်ဝိုင်း မပြောင်းရွှေ့ရန် သက်ဆိုင်ရာက လိုက်လျော
- လက်နက် လေ့ကျင့်ပစ်ခတ်မည့်တပ်အား ရွာသား ၃၀၀ ကျော်ချီတက် ကန့်ကွက်မှုပြလုပ်ခဲ့ကြ
- ဘာသာရေး ပဋိပက္ခသတိပြုဖို့ မြန်မာကာဒီနယ် ဘုန်းကြီးသစ် သတိပေး
- မြန်မာနိုင်ငံသား ၆ ဦးကို လူသတ်မှုဖြင့် မလေးရဲ အမှုဖွင့်
- "နိုင်ငံရေး ကြွေတလက် ကြက်တခုန်"
- ၂ဝ၁၄ ခုနှစ်အတွင်း ရန်ကုန်မြို့တွင် ယာဉ်မတော် တဆမှု များကြောင့် ၅၈၈ ဦးသေဆုံး
- ၂၀၁၄ ခုနှစ်အတွင်း မထသ ယာဉ်တိုက်မှုကြောင့် လူ ၈၀ ကျော် သေဆုံး
- ၅ နှစ်အတွင်း အမေရိကန်ရေနံဈေး အနိမ့်ဆုံး ကျဆင်း
- ISIS စစ်သွေးကြွများ နိုင်ငံအနီးသို့ ချည်းကပ်လာမည် ဆိုပါက ၄င်းတို့အား အပြီးသတ် ချေမှုန်းတိုက်ခိုက်ရန် အသင့် ပြင်ဆင်ထားဟု အီရန်သတိပေး
- ဗြိတိန်တွင် ၂၀၁၅ ခုနှစ်အတွင်း ကင်ဆာရောဂါ ဖြစ်ပွားသူ ၂ ဒသမ ၅ သန်းအထိ မြင့်တက်လာနိုင်
Posted: 07 Jan 2015 07:29 AM PST
ကချင်ပြည်နယ် ဖားကန့်မြို့နယ် မှော်မောင်းကုန်းကျေးရွာနားမှာ မနေ့ညက
ကျောက်စိမ်းကုမ္ပဏီတွေက စွန့်ပစ်တဲ့ မြေစာပုံပြိုကျခဲ့တာကြောင့်
ရေမဆေးကျောက်ရှာသူတွေနဲ့ ဈေးရောင်းသူတွေ စုစုပေါင်း အယောက်၂၀ လောက်
ပျောက်ဆုံးနေတယ်လို့ ကချင်ပြည်နယ်အစိုးရအဖွဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။
အဲ့ဒီပြိုကျမြေစာပုံထဲက အမျိုးသား၂ ဦးရဲ့ အလောင်းတွေကို
ရှာဖွေတွေ့ရှိထားတယ်လို့ ဖားကန့်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးတင်ဆွေမြင့်က
ပြော
|
Posted: 07 Jan 2015 07:27 AM PST
မြန်မာနိုင်ငံမှာ လူတန်းစား မမျှမတမှုတွေကို ဖြေရှင်းပေးနိုင်ဖို့ အစိုးရကို
တိုက်တွန်းသွားမယ်လို့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ် ရွေးချယ်ထားတဲ့
ကာဒီနယ်ရဟန်းအမတ် ၂၀ ထဲက ရန်ကုန်ကက်သလစ် ခရစ်ယာန်ဂိုဏ်းချုပ် ဆရာတော်
ချားလ်စ်ဘိုက ပြောပါတယ်။
မြန်မာအစိုးရနဲ့ တွေ့ဆုံရာမှာ ဆင်းရဲသားတွေရဲ့
အဆင့်အတန်းမြှင့်တင်ပေးဖို့အတွ
|
Posted: 07 Jan 2015 07:21 AM PST
ရေနံစိမ်း တစ်စည်ကို ဒေါ်လာ ၄၀ အောက်ထိ ကျဆင်းနိုင်
ကမ္ဘာ့ ရေနံဈေးနှုန်းတွေ ဆက်လက် ကျဆင်းနေရာမှာ ၂၀ဝ၉ ခုနှစ် နောက်ပိုင်း
ပထမဆုံး အဖြစ် ရေနံစိမ်း တစ်စည်ကို ဒေါ်လာ ၅၀ အောက်နဲ့ အရောင်း အဝယ်
ဖြစ်နေပါတယ်။
အခု ရေနံဈေးက ပြီးခဲ့တဲ့ တနဂင်္နွေနေ့က အရောင်း အဝယ် ဖြစ်တဲ့ ဈေးထက် ၁၀
ရာခိုင်နှုန်း ပိုလျော့ကျ သွားတာ ဖြစ်ပါတယ်။
ရေနံ ဈေးကျတဲ့ အတွက် ငွေကြေး ကျုံ့ဝင်မှု ဖြစ်ပြီး ဥရောပ ဇုန်အတွင်းမှာ
စားသုံးကုန် ဈေးနှုန်းေ
|
Posted: 07 Jan 2015 07:19 AM PST
စုနန်ဒါ ပွတ်ရှ်ခါ (ဓာတ်ပုံ - abplive)
အိန္ဒိယ အတိုက်အခံပါတီ ဖြစ်တဲ့ ကွန်ဂရက်ပါတီက ခေါင်းဆောင်တဦးဖြစ်သူ
နိုင်ငံရေးသမား ရှရှိသာရိုး (Shashi Tharoor) ရဲ့ ဇနီးဖြစ်သူ စုနန်ဒါ
ပွတ်ရှ်ခါ (Sunanda Pushkar) ဟာ အဆိပ်ခတ်ခံရလို့ သေဆုံးခဲ့တယ်လို့
အိန္ဒိယရဲမင်းကြီး ဘီအက်စ် ဘက်စီ(BS Bassi) က ပြီးခဲ့တဲ့ ဇန်န၀ါရီ ၆ ရက်နေ့က
ပြောပါတယ်။
ဒေသခံမီဒီယာတွေကတော့ သာရိုးဟာ ပါကစ္စတန်အခြေစိုက် သတင်းထောက်တွေနဲ့ ပတ်
|
Posted: 07 Jan 2015 07:16 AM PST
ဂျန်ပန်နိုင်ငံမှ မန်ဂါနှင့် အန်နီမီဟု ခေါ်သည့် ကာတွန်း ဇာတ်ဆောင်များက
ကမ္ဘာ့ ယဉ်ကျေးမှု တရပ်သဖွယ်ဖြစ်လာပြီး ကျော်ကြားလာသည်။ သို့သော် အချို့သော
ညစ်ညမ်း ကာတွန်း ရုပ်ပြ မဂ္ဂဇင်းနှင့် ဇာတ်ကားများက ကလေး ကာတွန်းများ
ပါဝင်သည့် ပြကွက်တို့အား တစ်တစ်ခွခွကြီး ရေးဆွဲပြသလာသည်။ ထို့ကြောင့်
ဂျပန်နိုင်ငံအနေဖြင့် အဘယ်ကြောင့် ထိုဇာတ်ကားများအား မတားမြစ်သနည်းဟု
မေးစရာ ဖြစ်လာသည်။
တနင်္ဂနွေ နေ့လည်ခင်းတခုဖြစ်သည်။ တို
|
Posted: 07 Jan 2015 07:12 AM PST
ပြင်သစ် နိုင်ငံ ပဲရစ်မြို့မှာ သရော်စာတွေ ရေးသား ထုတ်ဝေတဲ့ Charlie Hebdo
ဆိုတဲ့ မဂ္ဂဇင်းတိုက်ကို အစ္စလာမ္စစ် အစွန်းရောက်တွေလို့ ယူဆရတဲ့
မျက်နှာဖုံးစွပ် သေနတ်သမားတွေက ဝင်ရောက် ပစ်ခတ် တိုက်ခိုက် ခဲ့တဲ့အတွက်
ရဲအရာရှိ နှစ်ယောက် အပါအဝင် လူ ၁၂ ယောက် သေဆုံးပြီး ၇ ယောက်
ဒဏ်ရာရခဲ့တယ်လို့ ပြင်သစ် ရဲတွေက ပြောပါတယ်။
မျက်နှာဖုံးစွပ် သေနတ်သမား အနည်းဆုံး ၂ ယောက်က မဂ္ဂဇင်းတိုက် ရုံးခန်း
အတွင်းမှာ တိုက်ခိုက်ရေး
|
Posted: 07 Jan 2015 06:58 AM PST
ပြည်တွင်းထုတ် ရေသန့်တံဆိပ် ၂၀ ကျော်မှာ ပိုးမွှားတွေ့ရှိ တယ်ဆိုတဲ့ အချက်ဟာ
လွန်ခဲ့တဲ့ ၂ နှစ်လောက်က သုတေသန စာတမ်းတခုရဲ့ ဖော်ပြချက်ဖြစ်ပြီး
လတ်တလောတွေ့ရှိချက် မဟုတ်တဲ့ အတွက် အရေးယူရ ခက်တယ်လို့ ကျန်းမာရေး
ဝန်ကြီးဌာန အဆင့်မြင့်တာဝန်ရှိသူ တဦးက ပြောပါတယ်။
လွန်ခဲ့တဲ့ရက်ပိုင်းက ရန်ကုန်မှာကျင်းပတဲ့ ကျန်းမာရေးသုတေသန ညီလာခံတခုမှာ
စာတမ်း ရှင်တဦးက ဈေးကွက်တွင်းဖြန့်ချိရောင်းချေ
|
Posted: 07 Jan 2015 06:55 AM PST
ကချင်ပြည်နယ် ဖားကန့်ဒေသမှ ကျောက်စိမ်း တူးဖော်ရာက ထွက်တဲ့
စွန့်ပစ်မြေစာပုံ ပြိုကျတာကြောင့် အနည်းဆုံး လူ ၂၀ လောက် သေဆုံးကြောင်း
ဒေသခံတွေက ခန့်မှန်းပြီး အာဏာပိုင်တွေကတော့ ဒီကနေ့ နေ့ခင်းပိုင်းအထိ
သေဆုံးသူ ၄ ယောက်သာ တွေ့ရှိသေးကြောင်း အတည်ပြုပါတယ်။
ဒေသခံတွေက သေဆုံးသူအများစုဟာ စွန့်ပစ်မြေစာပုံမှာ ရေမဆေးကျောက် ရှာသူတွေနဲ့
အနီးအနားမှာ ဈေးရောင်းသူတွေ ဖြစ်တယ်လို့ ပြောပါတယ်။ ဒီသတင်းကို ဗွီအိုအေ
မြန်မာ
|
Posted: 07 Jan 2015 06:52 AM PST
ပြင်သစ်နိုင်ငံက သရော်စာတွေရေးတဲ့ အပတ်စဉ်ထုတ် Charlie Hebdo
မဂ္ဂဇင်းတိုက်မှာ ပစ်ခတ်မှု ဖြစ်သွားခဲ့တာမှာ အနည်းဆုံး လူ ၁၁ ဦး သေဆုံးပြီး
၁၀ လောက် ထိခိုက် ဒဏ်ရာရသွားတယ်လို့ ပြင်သစ် အရာရှိတွေက ပြောပါတယ်။
သတင်းစာတိုက်ရှိတဲ့ အဆောက်အဦးထဲကို သေနတ်သမား ၂ ဦး ၀င်လာပြီး Kalashnikov
မောင်းပြန်သေနတ်တွေ၊ ဒုံးကျည်တွေနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း
သတင်းမီဒီယာတွေမှာ ဖော်ပြထားပါတယ်။ သတင်းစာတိုက်ကို ပစ်
|
Posted: 07 Jan 2015 06:51 AM PST
သတင်းဓာတ်ပုံ - သားကြီး(တောင်ငူ)
၂၀၁၃ခုနှစ် အောက်တိုဘာ(၁၁)ရက်နေ့ ညပိုင်းက တောင်ငူမြို့ ချမ်းမြေ့ဧည့်ဂေဟာ
ဗုံးပေါက်ကွဲမှုနဲ့ တရားစွဲဆိုခံထားရတဲ့ တရားခံ စောထွန်းထွန်းကို ဒီနေ့
ဇန်န၀ါရီ (၇)ရက်နေ့က တောင်ငူခရိုင် တရားရုံးမှာ ပြစ်မှု ဥပဒေ
ပုဒ်မ-၃၀၂(၁)(ခ)အရ မသေမချင်း လည်ပင်းကြိုးကွင်းစွပ်သတ်စေရန်၊
|
Posted: 07 Jan 2015 06:48 AM PST
အရှိန်မထိန်းနိုင်သောယာဉ်မှ လမ်းဖြတ်ကူးသူအား ၀င်ရောက်တိုက်မိသဖြင့် သေဆုံး
နေပြည်တော်၊ ဇန်န၀ါရီ ၇
၂၀၁၅ ခုနှစ်၊ ဇန်န၀ါရီလ ၄ ရက်နေ့ ညနေ ၃ နာရီ ၄၅ မိနစ်အချိန်
ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦး မြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်း၊
မိုင်တိုင်အမှတ်(၇၃/၆-၇)ကြားတွ
|
Posted: 07 Jan 2015 06:41 AM PST
အရှိန်လွန်ကာ လမ်းဘေးဓါတ်တိုင်အား ၀င်ရောက်တိုက်မိသဖြင့် ယာဉ်မောင်းသူ
သေဆုံး
ရန်ကုန်၊ ဇန်န၀ါရီ ၇
၆.၁.၂၀၁၅ ရက်နေ့ ၁၉၁၅ အချိန်တွင် အလုံမြို့နယ်၊ သစ်တောရပ်ကွက်၊
ကမ်းနားလမ်းအတိုင်း ကြည့်မြင်တိုင်မြို့နယ်ဘက်မှ လမ်းမတော် မြို့နယ်ဘက်သို့
သင်္ဃန်းကျွန်းမြို့နယ်နေ ယာဉ်မောင်း ကိုထိန်လင်းထွန်း၊ (၃၂)နှစ်
မောင်းနှင်လာသော 6H---- AD Van ကိုယ်ပိုင်ယာဉ်သည် အချိုရည်စက်ရုံ
ဟောင်းရှေ့အရောက် အရှိန်လွန်ကာ လမ်း၏ယာဘက်ေ
|
Posted: 07 Jan 2015 01:18 AM PST
ဂျန္နဝါရီ ၆ ရက် ၂၀၁၅
သျှမ်းပြည်မြောက်ပိုင်း သံလွင်အရှေ့ခြမ်း ဝ ပြည် သွေးစည်း ညီညွှတ်ရေး
တပ်မတော် ထိန်းချုပ် နယ်မြေ အတွင်း တောင်ပေါ်ဒေသနေ ဝ လူမျိုးများအား
သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံခရိုင် မိုင်းယန်း မြို့နယ်အတွင်းသို့
ပြောင်း ရွှေ့နေထိုင်စေသည်ဟု ဒေသခံများကပြောသည်။
၂၀၁၄ နှစ်နှောင်းပိုင်းမှစ၍ ယနေ့အထိ ပြောင်းရွှေ့နေထိုင်ရေး အစီအစဉ်
ပြုလုပ်နေသည်ဟု ဆိုပါသည်။ UWSA ဌာနချုပ်ပန်ဆန်းမြို့ မြောက်ဘက် ပ
|
Posted: 07 Jan 2015 01:15 AM PST
Soe Zeya Tun/Reuters
မြန်မာနိုင်ငံရဲ့ နိုင်ငံခြား ကုန်သွယ်မှုဟာ ခုဘဏ္ဍာနှစ်ရဲ့ ပထမ ၉ လတာ
ကာလမှာ အမေရိကန်ဒေါ်လာ ၄ ဘီလီယံ လိုငွေပြနေတယ်လို့ စီးပွားကူးသန်း
ဝန်ကြီးဌာန ထုတ်ပြန်လိုက်ပါတယ်။
၂၀၁၄ ဧပြီလကနေ ၂၀၁၅ ဇန်န၀ါရီလ ၂ ရက်နေ့အထိ နိုင်ငံခြားကုန်သွယ်မှု တန်ဖိုး
စုစုပေါင်း ကန်ဒေါ်လာ ၂၀,၈၉၄ ဒသမ ၇၄၈ သန်းကျော်ရှိခဲ့ရာမှာ
ပို့ကုန်တန်ဖိုးကနည်းပြီး သွင်းကုန်တန်ဖိုးက များနေတာကြောင့်
လိုငွေပြနေတာဖြစ်ပါတယ်။
|
Posted: 07 Jan 2015 12:54 AM PST
ဆူရာဘာယာ၊ ဇန်န၀ါရီ ၇
အဲအေးရှား လေယာဉ်၏ အမြီးပိုင်းကို ယခင်ခန့်မှန်း ထားသော တည်နေရာ၏ မိုင် ၂၀
အကွာ ပင်လယ် ရေအောက် ကြမ်းပြင်တွင် ယနေ့ နံနက်ပိုင်းက တွေ့ရှိခဲ့သည်ဟု
အင်ဒိုနီးရှား ရှာဖွေရေးနှင့် ကယ်ဆယ်ရေး အေဂျင်စီက ပြောကြားသည်။
လေယာဉ်အမြီးပိုင်းကို တွေ့ရှိခဲ့ခြင်းကြောင့် အခရာကျသော ဘလက်ဘောက်စ်အား
တွေ့ရှိရန် နီးစပ်လာပြီဟု သုံးသပ်ကြသည်။
အဲအေးရှားလေယာဉ်အမှတ် QZ8501 သည် ဒီဇင်ဘာ ၂၈ ရက်က ဆူရာဘာယြာ
|
Posted: 07 Jan 2015 12:48 AM PST
မန္တလေးမြို့မှာ လူပေါင်း ထောင်သောင်းချီ ဆန္ဒပြတောင်းဆိုခဲ့တဲ့ မန္တလေး
ကျောက်ဝိုင်း မပြောင်းရွေှ့ရေး ကို မန္တလေးမြို့တော် စည်ပင်သာယာ ရေးကော်မတီက
အထိုက်အလျောက် လိုက်လျော လိုက်ပါတယ်။
မဟာအောင်မြေ ကျောက်မျက်ရတနာ ရောင်းဝယ်ရေး စခန်းနေရာ ပြောင်းရွှေ့ရေးနဲ့
ပတ်သက်ပြီး မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီရဲ့ ကြေညာချက်မှာ နေရာ
သစ်ဆီ ပြောင်းရွှေ့လိုသူတွေကို ပြောင်းရွှေ့နေရာချပေးမှာဖြစ်သလိ
|
Posted: 07 Jan 2015 12:44 AM PST
ကယား(ကရင်နီ)ပြည်နယ် ဒီးမော့ဆိုမြို့နယ် ဒေါတမကြီးကျေးရွာ အုပ်စုတွင်းတွင်
အကြောင်းကြားခြင်း မရှိဘဲ လက်နက်ကြီး လေ့ကျင့် ပစ်ခတ်ရန် ရောက်ရှိလာသည့်
အစိုးရတပ်အား ရွာသူ/သားအယောက် ၃၀၀ကျော်က ချီတက်ကန့်ကွက်မှုများ
ပြုလုပ်ခဲ့ကြသည်ဟု ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ KNPP မှ ပြောခွင့်ရ
ဆရာခူးညေးရယ်က ဇန်နဝါရီလ ၇ ရက်နေ့တွင်ပြောကြား သွားသည်။
ဇန်နဝါရီလ ၃ ရက်နေ့တွင် စကခ(၇)လက်အောက်ခံတပ်ရင်း အပတ်စဉ် (၁)/၂၀၁၄ (၇၆)
|
Posted: 07 Jan 2015 12:34 AM PST
ဘာသာရေး အစွန်းရောက်မှုကြောင့် ချီးကျုးအမွှန်း တင်ခံနေရတဲ့ မြန်မာနိုင်ငံရဲ့
ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေ လမ်းချော် သွားနိုင်တယ်လို့ ကာဒီနယ်
ခေါ် ကက်သလစ် ဘုန်းကြီးသစ်အဖြစ် ရွေးချယ်ခံခဲ့ရတဲ့ မြန်မာ ကက်သလစ်
အသင်းတော်ရဲ့ ရန်ကုန်ဂိုဏ်းချုပ်သာသနာ ဆရာတော်ကြီး ချားလ်စ်ဘို က
ပြောပါတယ်။
ဇန်နဝါရီလ ၄ ရက်နေ့က ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က ကာဒီနယ် ဘုန်းကြီး အမတ်သစ်
၂၀ ကို ထပ်မံ ရွေးကောက် တင်မြှောက်ခဲ့ရာမှာ
|
Posted: 06 Jan 2015 10:44 PM PST
မလေးရှားနိုင်ငံမှာ မြန်မာနိုင်ငံသား အချင်းချင်း ရက်ရက်စက်စက်
သတ်ဖြတ်မှုကြောင့် သံသယနဲ့ ဖမ်းဆီးခံ မြန်မာ ၁၁ ဦးအနက် ၆ ဦးကို လူသတ်မှုနဲ့
တရားစွဲခွင့် ပေးလိုက်ပြီလို့ ပီနန်ပြည်နယ် ရဲတပ်ဖွဲ့ အကြီးအကဲက
ပြောပါတယ်။
စုံစမ်းထောက်လှမ်းတာတွေကို အထောက်အကူပြုဖို့ ဖမ်းဆီးထားတဲ့ မြန်မာ ၆ ဦးကို
ရမန်ယူပြီးတဲ့နောက် အခုလို ပြောဆိုလိုက်တာလို့ မလေးရှား သည်စတား သတင်းစာက
ရေးပါတယ်။
တခြား ၅ ဦးကိုလည်း စွဲဆိုဖို့
|
Posted: 06 Jan 2015 10:44 PM PST
စစ်အစိုးရ လက်အောက်၌ နိုင်ငံပိုင် သတင်းစာများတွင် အစိုးရ ၀ါဒဖြန့်ချိရေး
ဆောင်းပါးများ နေ့စဉ် ရက်ဆက် ပါလာ ဖူးသည်။ ကလောင်နာမည်တွေကတော့
စာပေလောကတွင် ကြားဖူးနေကျ နာမည်များ မဟုတ်။ ပေါက်စတို့၊
မင်းရဲကောင်းပုံတို့၊ မင်းရဲနော်ရထာတို့၊ ခြင်ကျားတို့၊ နိုင်ငံရေး ဘောဗေဒ
ကျောင်းသား တစုတို့စသည်ဖြင့် ကလောင်ဝှက်များ၊ ကလောင်သစ်များ၊ ကြေးစား
ကလောင်များဖြစ်သည်။ ကြေးစားကလောင်ဆိုသည်မှာ စာပေ၀ါသနာ ပါလှသည်မဟုတ်ဘဲ အထက်
|
Posted: 06 Jan 2015 09:58 PM PST
၂ဝ၁၄ ခုနှစ်အတွင်း ရန်ကုန်မြို့တွင် ယာဉ်မတော်တဆ မှုများကြောင့် သေဆုံးသူ
၅၈၈ဦးရှိခဲ့ကြောင်း ရန်ကုန်တိုင်းယာဉ် ထိန်းရဲတပ်ဖွဲ့မှ အတည်ပြု ခဲ့သည်ဟု
ဆင်ဟွာ သတင်း ဌာနကဖော်ပြသည်။
၂ဝ၁၄ ခုနှစ်အတွင်း ယာဉ်မတော်တဆမှု ၃ဝဝဝ ကျော်ဖြစ်ပွားခဲ့ပြီး ဒဏ်ရာရရှိသူ
၄၂ဝဝ ဦး ရှိခဲ့ကြောင်း၊ ဒဏ်ရာရရှိသူများ ထဲတွင် အမျိုးသမီး ၁၂ဝဝ
ဦးရှိကြောင်း၊ ပြီးခဲ့သည့်နှစ်အတွင်း ယာဉ်မတော်တဆမှု များကြောင့်
ပျမ်းမျှသေဆုံးသူဦးရေမှာ တစ်ေ
|
Posted: 06 Jan 2015 09:38 PM PST
ရန်ကုန်တိုင်း ဒေသကြီး အတွင်းမှာ ခရီးသည်တင် ယာဉ်တိုက်မှုနဲ့
တိမ်းမှောက်မှု တွေကြောင့် ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ်အတွင်းလူ ၈၄ ဦး
သေဆုံးပြီး ၅၉၄ဦး ဒဏ်ရာရရှိ ခဲ့တယ်လို့ မထသ ဗဟိုက စုံစမ်းသိရပါတယ်။
ပြီးခဲ့တဲ့ တနှစ်တာကာလအတွင်းမှာ ရန်ကုန်တိုင်း မော်တော်ယာဉ်
လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းရေး ကြီးကြပ်မှုကော်မတီ (မထသ) ဗဟိုလက်အောက်က
ခရီးသည်တင်ယာဉ်တိုက်မှု ၂၁၃ မှု၊ တိမ်းမှောက်မှု ၂၃ မှုနဲ့ အခြားအမှု ၂၅ မှု
စုစုပေါ
|
Posted: 06 Jan 2015 09:28 PM PST
အမေရိကန်ရေနံဈေးဟာ ၁ စည်ကို အမေရိကန်ဒေါ်လာ ၅၀ အောက် ကျဆင်းခဲ့တာကြောင့်
၂၀၀၉ ဧပြီလနောက်ပိုင်း ပထမဆုံးအနိမ့်ဆုံးကို ကျဆင်းသွားပါတယ်။
ရေနံစိမ်းဈေးနှုန်းဟာလည်း ဇန်န၀ါရီ ၅ ရက်နေ့က ၆ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး
အမေရိကန်ဒေါ်လာ ၅၃ အထိ ဈေးကျခဲ့တာပါ။
အမေရိကန်ရေနံရော၊ ရေနံစိမ်းပါ ၂၀၁၄ နှစ်လယ်ပိုင်းက စပြီး ဈေးတ၀က်ကျော်
ပြုတ်ကျခဲ့ပြီး ဖြစ်ပါတယ်။
ရေနံဈေးနှုန်း အခုထက် ကမောက်ကမဖြစ်မှာကို ရေနံထုတ်လုပ်သူတွေက
|
Posted: 06 Jan 2015 09:28 PM PST
တီဟီရန် ၊ ၇-၁-၂၀၁၅
အီရတ်နိုင်ငံ အတွင်းရှိ ISIS စစ်သွေးကြွ များ အနေဖြင့် အီရန်နိုင်ငံ
အနီးသို့ ချဉ်းကပ် ဝင်ရောက် လာပါက ၄င်းတို့အား အပြီးသတ် ချေမှုန်း
တိုက်ခိုက် သွားမည် ဖြစ်ကြောင်း အီရန်တပ်မှူး တစ်ဦးက ဇန်နဝါရီ ၆ ရက်တွင်
သတိပေး ပြောကြား လိုက်ကြောင်း သိရသည်။
ထို့အပြင် အီရန်အစိုးရ သည် အီရတ် နိုင်ငံအတွင်းရှိ ISIS စစ်သွေးကြွ များ
နိုင်ငံအတွင်းသို့ ထိုးဖောက် ဝင်ရောက် လာနိုင်ခြင်း မရှိစေရန် အတွက် အီ
|
Posted: 06 Jan 2015 09:25 PM PST
လန်ဒန် ၊ ၇-၁-၂၀၁၅
ဗြိတိန်နိုင်ငံ၌ ယခု ၂ဝ၁၅ ခုနှစ်အတွင်း ကင်ဆာရောဂါ ဖြစ်ပွားသူ ဦးရေသည် ၂
ဒသမ ၅ သန်းထိ မြင့်တက် လာနိုင်ကြောင်း ဗြိတိန် ကင်ဆာရောဂါ ကုသရေးဆိုင်ရာ
လူမှုရေး အဖွဲ့အစည်းက ထုတ်ပြန် ခဲ့သည်။
ယင်းကဲ့သို့ ကင်ဆာရောဂါ ဖြစ်ပွားမှု မြင့်တက် လာမှုသည် ဆေးဝါး ကုသရန်
ခက်ခဲမှုနှင့် အသက်အရွယ် အိုမင်း လာသည်နှင့် အမျှ ခံနိုင်ရည် မရှိမှု
တို့ကြောင့် ဖြစ်ကြောင်း Macmillan ကင်ဆာရောဂါ ကုသမှု ထောက်ပံ့ရေး အ
|
0 comments:
Post a Comment