Tuesday, January 6, 2015

ဟာသ အသုပ်စုံ (၆-၁)

….‪#‎လဲတော့လဲချင်သား‬….

အမေရိကန်လူမျိုး ကမ္ဘာလှညခရီးသည်စုံတွဲတို့ အရှေ့အလယ်ပိုင်းဒေသတွင် လမ်းလျှောက်သွားနေစဉ် အာရပ်တစ်ဦးက
“ဒီမယ် အမေရိကန်ကြီး ခင်ဗျားမိန်းမကို ကုလာအုပ်အကောင်တစ်ရာနဲ့လဲမလာဗျာ”
ယောက်ကျားဖြစ်သူက အတန်ကြာအောင်စဉ်းစားပြီးနောက် သက်ပြင်းချကာ ပြောလိုက်ပါတယ်။
“မဖြစ်နိုင်ပါဘူးဗျာ ကျုပ်မိန်းမနဲ့မလဲနိုင်ပါဘူး”


ချက်ချင်းပြန်ဖြေရမဲ့ စကားကို အကြာကြီးစဉ်းစားနေလို့ ဇနီးသည်က မျက်စောင်းထိုးကာ
“ရှင်က ဒီစကားကိုဘာလို့ အကြာကြီးစဉ်းစားပြီးမှ ဖြေရတာလဲ ချက်ချင်ပက်ခနဲပြေလိုက်ပါလားလို့..”
“ကိုယ်စဉ်းစားတာက အဲဒီကုလားအုပ် အကောင်တစ်ရာကို ဘယ်လိုမှ သယ်ဖို့မလွယ်တာကြောင့် အခုလိုပြောလိုက်တာပါ”…

#‎အမှန်တရား‬
................................................
ရှင်က စားလဲနှေးသွားလဲနှေး..ဘာလုပ်နှေးတဲ့ mpt လိုလူမျိုး..
မင်းကရော ဘာထူးလို့လဲ....ဘယ်လောက်ပေးလိုက်ပေးလိုက် ချက်ချင်းကုန်တဲ့ ooredoo လိုမိန်းမ
.......
Credit..ကိုခေတ်.


#‎သူဆန္ဒ‬

တစ်နေ့ စီပွါးရေး လုပ်ငန်းများ မကောင်းကြသော သူငယ်ချင်းနှစ်ယောက်စကားပြောစဉ်.
. “ငါကတော့ ဘာဖြစ်ဖြစ် ပိုက်ဆံချမ်းသာတဲ့မုဆိုးမ ရရင် ယူမယ်ကွာ”
“ဟေ့ကောင်ရယ်၊ မုဆိုးမရဲ့ ဒုတိယလင်တော့ မဖြစ်ချင်စမ်းပါနဲ့ကွာ”
“ဩ မင်းက မုဆိုးမရဲ့ ပထမလင်ဆိုရင်တော့ ဖြစ်ချင်တယ်ပေါ့” 


#‎ခေတ်သစ်‬ အိမ်ထောင်ဘက် ရွေးချယ်နည်း

အိမ်ထောင်ဘက်အဖြစ် ရွေးချယ်ရမယ့်သူက ဘာပဲ ဖြစ်ဖြစ် စိတ်သဘောထားကြီးရမယ်။ စိတ်ရှည်ရမယ်လေ။ ဒီတော့ ဒီခေတ်ကြီးမှာ အဲဒါတွေကို တစ်ခါတည်း စမ်းသပ်ဖို့အတွက် လွယ်လွယ်လေးပါ။

အင်မတန် နှေးပါတယ်ဆိုတဲ့ အင်တာနက် ကော်နက်ရှင်တပ်ထားတဲ့ ကွန်ပြူတာမှာ ထိုင်ပြီး သူ့ကို သုံးခိုင်းကြည့်လိုက်ပါ။ အဲဒါပြီးရင်တော့ အိမ်ထောင်ဘက် အဖြစ် ရွေးချယ်သင့် မရွေးချယ်သင့် စိတ်ကြိုက် အကဲဖြတ်ယူ နိုင်ပါပြီ။
.
Ref: techjoke
Aung Kham (TSJ Team)

 

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...