ဟာသအသုတ်စုံ (၂-၁)
#တစ်ခါက သရဲအလွန်ခြောက်သည်ဟု နာမည်ကြီးသော အိမ်သို့ ပွဲစားတစ်ယောက်စုံစမ်းရန်သွားရောက်သည်။ အိမ်ရှေ့သို့ေ၇ာက်သောအခါ တံခါးခေါက်လိုက်သည်။
အထဲမှ အသက်ခပ် ကြီးကြီး အမျိုးသမီးတဦးထွက်လာသည်။
ပွဲစား ။ ။ကျနော် ဒီအိမ်ဝယ်ချင်လို့ပါ ဒါပေမဲ့ ဒီအိမ်ကသရဲ အရမ်းခြောက်တယ်ဆို ဟုတ်လား အန်တီ

အမျိုးသမီး။ ။အဲဒါတော့ အန်တီမသိဘူး အန်တီကသေတာ နှစ် ၅၀ ရှိပီကွဲ့ 
Credit to Ko Soe Naing
--------------
လင်မယားနှစ်ယောက် ကုတင်ပေါ်လှဲရင်း စကားစမြည် ပြောနေတုန်း...
ယောင်္ကျား။ ။“ကိုယ်မင်းကို ကမ္ဘာပေါ်မှာ အပျော်ဆုံး မိန်းမဖြစ်သွားအောင် လုပ်
ပေးချင်လိုက်တာ.....”
မိန်းမ။ ။“တစ်ကယ်လား... ကျွန်မရှင့်ကို အမြဲတမ်း အမျှဝေပေးနေမှာပါ....”
#လူတစ်ယောက် အရေးတကြီးနဲ့ 911 ကို ဖုန်းဆက်တယ် ..
" ခုချက်ချင်း ကျနော့် ဆီလာခဲ့ကြပါဗျာ .. ကျနော့် သားလေး ကွန်ဒုံး ကို မြိုချလိုက်မိလို့ ပါ .. "
နောက် ငါးမိနစ်လောက်လဲ ကြာရော ထိုလူပဲ ဖုန်းပြန်ဆက်တယ် ..
" လာစရာမလိုတော့ဘူးဗျ .. ကျနော် နောက်တစ်ခု ရှာတွေ့ သွားပြီ "
Credit > Thor DgnOne Alumnus

#Shopping Center တခုတွင် ဖြစ်သည်
မိန်းကလေး ၁............... ကောင်မ ၀တ်မှုန်ရွှေရည် ကြော်ငြာတဲ့ အတွင်းခံဘောင်းဘီသွားဝယ်ရအောင်အေ
မိန်းကလေး ၂................... ဟယ် ဘာလုပ်မှာလဲ အတွင်းနေတာ ဘယ်သူသိတာကျလို့
မိန်းကလေး ၁................... ဟဲ့ မတော်လို့ လူကြားထဲကျွတ်ကျရင် ဂုဏ်ရှိတာပေါ့အေ့

0 comments:
Post a Comment