ဦးဦးပုံပြောမယ် ၁
ZawMinn Htun added 4 new photos.
ချောပြီ လှပြီဟေ့ဆို..ခံရပြီသာမှတ်...။
ပြီးခဲ့တဲ့ လေး ငါးရက်က ကျွန်တော့် စာဖတ်တဲ့ မိတ်ဆွေ တစ်ဦးက သူ့ တူတွေ ဘန်ကောက်ရောက်နေကြကြောင်း အခက်အခဲတွေ့နေကြတဲ့ အကြောင်းပြော
ပြတဲ့ စာတစ်စောင်လှမ်းပို့ပါသဗျ။ သူရေးထားတဲ့ အကြောင်းအရာတွေက ဘန်ကောက်ကို လာပြီး ကဲလိုက်မဟဲ့လို့ ကြုံးဝါးတတ်ကြတဲ့ ခေတ်လူငယ်လေးတွေ သတိထားစရာမို့ ပြန်ဖောက်သည်ချ

လိုက်ပါသဗျာ။
ဒီဇင်ဘာလ ၂၃ ရက်နေ့က အသက် ၂၀ ဝန်းကျင် လူငယ် ၆ ယောက် ရန်ကုန်
ကနေ ဘန်ကောက်ကို အလည်လာကြပါသတဲ့ ။ အဲဒီ ၆ ယောက်ထဲမှာ အသက်
၂၂ နှစ်သားက အကြီးဆုံးပါ။ လက်ထဲမှာလည်း ဒေါ်လာ ၁၈၀၀ လောက်၊ ထိုင်းဘတ်ငွေ
၆သောင်း နဲ့ မြန်မာငွေကျပ် တစ်သိန်းခွဲလောက်ပါလာပါသတဲ့။

ဘန်ကောက်ရောက်တော့ ထုံးစံအတိုင်း မြန်မာတွေ ကြားမှာ ရေပန်းစားတဲ့
ဂျူလားဒစ်တာဝါက ဟိုတယ်တစ်ခုမှာ အခန်း နှစ်ခန်းငှားလို့ တည်းကြပါသတဲ့။
သူတို့ အစီအစဉ်က ဘန်ကောက်မှာ နှစ်ကူးပြီး လည်ပတ်သွားလာလို့ ရန်ကုန်ကို
ဇန်နဝါရီလ ၂ ရက်နေ့မှ ပြန်မယ်လို့ စီစဉ်ထားကြသတဲ့။

သူတို့ရတဲ့ အခန်းနှစ်ခန်းကလည်း မိုးနဲ့ မြေကြီှးဗျ။ တစ်ခန်းက ၉ ထပ်မှာ နောက် တစ်ခန်းက အထပ် ၂၀မှာ။ တဖွဲ့ တစ်ကွဲစီပေါ့ဗျာ။ စရောက်တဲ့နေ့ကတော့ မအူမလည်လေးတွေ နေမှာပေါ့..။ ရောက်ချိန်ကလည်း ညကြီးမင်းကြီးကိုးဗျ။
ဘယ်အချိန်ကတည်းက ကြိုတင်ကြံစည်ထားကြလဲမသိပါဘူး။ ၆ ယောက်သား
နောက်နေ့ ညမှောင်ပြီဆိုတာနဲ့ RCA ဘက်က Route 66 ဆိုတဲ့ နိုက်ကလပ်ကို
လစ်ကြပါတော့တယ်။ အဲဒီ RCA ဆိုတဲ့ နေရာမှာက နိုက်ကလပ်တွေကလည်းပေါ။
ဘန်ကောက်က လူချမ်းသာ အသိုင်းအဝိုင်းက လူငယ်ကောင်လေးတွေ
ကောင်မလေးတွေ ကျက်စားကြတဲ့ နေရာပါ။

တော်ရုံ လူလတ်တန်းစားတွေ သိပ်မကပ်ကြပါဘူး။ နောက် အရက်နဲ့ မူးယစ်ဆေးဝါး ကလည်း ကြေးကြီးပေးရင် အလွယ်တကူရတဲ့ နေရာဗျ။ ရှုရှုပေါက် ဖိနပ်စီးတဲ့ ကတော်...ကတော်..မမတွေက တော်ရုံဆို အဲဒီနေရာမှာ ကျက်စားလေ့ မရှိပါဘူ။
သူဌေးသားတွေကလည်း အဲဒီမှာ ရှိတဲ့ ကြက်သားကို ဖွယ်လို့ အသားပွစိစိနဲ့မို့ စားလေ့မရှိကြဘူးဗျ။ သူဌေးသားတွေ ဆိုတော့လည်း မွေးမြူရေးကြက် ဘယ်စား မလဲဗျာ အိမ်ကြက်တို့ ကိုယ်တိုင်စားဖို့မွေးထားတဲ့ ကြက်တို့ ဆိုတာ သူတို့ အဖို့ ပေါခြင်းသောခြင်းမဟုတ်လား။
အဲတော့ အဲဒီနားကပ်တဲ့ မမတွေရဲ့ ပစ်မှတ်က အာရှသားတွေတောင်မဟုတ်ပါဘူး။
အသားနီစပ်စပ်စပ် ဘိုတွေပါ။ အဲဒီနေရာ လာရတဲ့ အရင်းအနှီးကလည်းကြီးတော့
အမြတ်များမှ တွက်ချေကိုက်မယ့်ပုံလေ..။

ထားပါတော့ အသက် ၂၂ နှစ်သား ဦးဆောင်တဲ့ လူလည်ကြီး ၆ ယောက်အဖွဲ့က
အဲဒီ Route 66 ကလပ်မှာတစ်ညလုံးကဲကြပြီး မနက် ၂ နာရီ ထိုးတော့ နောက်ထပ်
MISS ဆိုတဲ့ ကလပ်ကို ပြောင်းကြသတဲ့။ အဲဒီနေရာမှာ သိပ် မသင်္ကာတဲ့ အချက်က
ထိုင်းမှာ စစ်အစိုးရတက်ပြီးကတည်းက နိုက်ကလပ်တွေ ကို ၂ နာရီ အလွန်ဆုံး
ထားပြီး ပိတ်ခိုင်းပါတယ်။ မပိတ်ရင် စစ်တပ်က လာဝိုင်းပါတယ်။ ဒီတော့ ကလပ်တွေ
မှန်ရင် ည ၂ နာရီ ဆို အလွန်ဆုံးပါပဲ။ အခု ည ၂ နာရီ လွန်မှ နောက်ကလပ်ကို
ပြောင်းတာရယ် နောက်ပြောင်းတဲ့ ကလပ်နာမည်ကလည်း MISS ဆိုတာရယ်က
သိပ် မဟုတ်သေးဘူးဗျ။ ကောင်လေးတွေကလည်း သူ့ အဒေါ်ကို ပြန်ပြောတာ
ဆိုတော့ အားလုံး အမှန် အတိုင်းဖွင့်ပြောချင်မှ ပြောမှာပေါ့နော့်။ လျှိုထားတာလည်း
ရှိချင်ရှိမှာပေါ့ဗျာ.. အဒေါါ်ရှေ့ကျတော့ တားတားတို့က ဒါ ဘာကြီးမှန်း တိဘာဘူး
တို့ ဘာတို့ လုပ်ကြဦးမှာပေါ့ဗျာ...

ထားပါဗျာ။ အဲတာနဲ့ ကျေးဇူးရှင် မောင်မင်းကြီးသား ၆ ယောက် အဲဒီ ကလပ်ဆိုတဲ့
နေရာ လည်းရောက်ရော အသက် ၂၃ နှစ်လောက်ရှိတဲ့ ဆာရာ Sara လို့ခေါ်တဲ့
ခပ်ချောချော ခပ်ငယ်ငယ် ပုံထဲက ကောင်မလေး တစ်ယောက်ကို တွေ့ပါသတဲ့။

ကြည့်ရတာ လူရိုးလေးတွေဆိုတော့ တစ်နိုင်ငံသား ထိုင်းမလေး ညကြီးမိုးချုပ်
အိပ်စရာနေရာ မရှိတာနဲ့ မြန်မာတွေရဲ့ အားနာတတ်တဲ့ သဘောအတိုင်း အိပ်
စရာ နေရာပေးဖို့ အခန်းကို ဖိတ်ခေါ်လာပုံရပါတယ်။

တည်းခိုရာ ဂျူလားဒစ် အဆောက်အဦးနား မရောက်ခင် ကောင်မလေးက
၆ ယောက် အဖွဲ့ ထဲက အသက် အကြီးဆုံး ၂၂ နှစ် ကိုကိုကြီး အနားကပ်လို့
အားအင်ပြည့်ဖြိုး ခွန်အားတိုးဖို့ ဆားဒူးကြီး အဲလေ အချိုရည် ၂ ဗူး ဆဲဗင်း
အီလဲဗင်းကနေ ဝင်ဝယ်ခိုင်းပါသတဲ့။

ဟိုတယ်လည်းရောက်ရော ခေါင်းဆောင် အသက် ၂၂ နှစ် ဆရာကြီးက သူ့ရဲ့
နောက်လိုက်နောက်ပါ လူငယ်တွေကို မင်းတို့ အပေါ်က အထပ် ၂၀ မှာတက်ပြီး
လေညှင်းခံလို့ အိပ်စောင့်နေကြ..ငါကတော့ ကလေးမလေးကို ချော့သိပ်
လိုက်ဦးမယ်ဆိုပြီး အောက်ထပ် ၉ လွှာကို ခေါ်သွားသတဲ့။ အခန်းရောက်တော့
ကောင်မလေးက ကိုကို ချွေးစော်နံဒယ်ကွာ..ရဗူး..ရဗူး ..ရေတွားချိုး..ရေမချိုးရင်
မီးက..ဘာမှ မဘာဗူးနော် ဒါဗြဲ ဘာပဲ ..ညာပဲ လုပ်မှာပေါ့နော့်... ဝါရင့် သကောင့်
သားက သွားအဖြီးသား နဲ့ တန်းလန်း တန်းလန်း ရေချိုးခန်းဝင် လို့ ရေချိုးသတဲ့..
( လျှာတန်းလန်းထုတ်ပြီး ရေချိုးခန်းဝင်တာ ပြောပါတယ်)

ရေချိုးခန်းကထွက်တော့ ရေတောင် စင်အောင်မသုတ်ပဲ ရေစက်တွေနဲ့ ကုတင်ပေါ်
ခုန်တက် စောင်အောက် ကမန်းကတန်းဝင်လို့ လာ ၈..၄ တိုတို ချမ်းလွန်းလို့
တိုတွားဘီ..အဲလေ..ချမ်းလွန်းလို့ တုန်နေဘီ..လာဂဲ့ဒေါ့ လို့ နှာသံကြီးနဲ့
ခေါ်တော့ ကောင်မလေးက..မကွဲနဲ့..တိုတိုရာ အဲလေ..မကဲနဲ့ ကိုကိုရာ.အားရှိ
သွားအောင် ဒါလေး..တိုတိုတောက် .. ညလေးလဲတောက်မယ်ဆိုပြီး သူလည်း
တစ်ဗူးသောက် ..ဟို လဒတိုတို ကိုလည်း တစ်ဗူးတိုက် ပေါ့ဗျာ...အဲဒီနောက်တော့..

အဲဒီနောက်တော့ သူ့ အဒေါ်ကြီး အဆိုအရ မေ့သွားသတဲ့... ကျုပ်ကတော့ ..
ယုံပေါင်။ ကောင်းခန်းလေးတောင် မရောက်ပဲ မေ့သွားရဒယ်လို့...ကတောက်

ဒီလဒပဲ သူတို့ အဒေါ်ကို ဆင်ဆာဖြတ်ပြီး ရီပို့တင်တာလား..သူ့အဒေါ်ပဲ
ဆင်ဆာဖြတ်ပြီးသား ရီပို့ကြီး ကျွန်တော့် လာဖတ်ပြနေတာလားမသိ..

မနက်မိုးလင်းတော့ အထပ် ၂၀ က ကလေးတွေက ညက သူတို့ကိုကိုကြီး
လာချော့လည်းမသိပ် မနက်လင်းတော့ နို့ဆာလို့ ငိုယိုပြီး လက်မစုပ်တဲ့သူ စုပ်နဲ့
နောက်ဆုံး အောက်ထပ် သူတို့ ပစ္စည်းတွေထားရာ ၉ထပ်က အခန်းကို သွားတော့
၉ထပ်မှာ အခန်းတံခါးက ဟစိစိ..။ ဖွင့်လိုက်တာ့ ပစ္စည်းတွေက ဗလာဖွာကျဲလို့
အိုင်ဖုန်း ၅စီတွေရော ငွေတွေ ရော အင်္ကျီတွေရော ပါသွာပြီး အခန်းလည်းမွစိတက်နေသတဲ့။

သကောင့်သားလဒ ကတော့ ကုတင်ပေါ်မှာ တုံးလုံးတန်းလန်း နဲ့ သုခဘုံရောက်
နေလို့ မနည်းနှိုးယူရသတဲ့။
နေလို့ မနည်းနှိုးယူရသတဲ့။
လုပ်ကြပါဦး ကိုင်ကြပါဦးနဲ့ အရပ်ကူပါ လူဝိုင်းပါလုပ်ပြီး ရဲစခန်း သွားတိုင်တော့
ရဲက မှတ်တမ်းယူပြီး ကာကယံရှင်ကိုယ်တိုင် လာတိုင်ပါ။ သူတို့ တိုင်တဲ့သူရဲ့
ဆီးလည်း စစ်ယူထားချင်သတဲ့။ မွတ်ကရောပဲ..။

ဟိုလဒမက ဘာတိုက်လွှတ်လိုက်လဲမှ မသိတာ..ဟိုလဒမ မိတာ မမိတာက နောက်
အရင် ဆီးစစ်လို့ မူးယစ်ဆေးဝါးတွေ့ရင် လာထား အချုပ်ကတော့ အာဘွားလေ..။

အဲတာနဲ့ သုံးစရာ ကလည်းတစ်ပြားမှ မရှိ..အဖေတွေ အမေတွေကိုလည်းမပြောရဲ။
အဒေါ်ကို ပြောတော့လည်း အဒေါ်က စိတ်ဆိုးလို့ ပစ်ထား..ဆိုတော့.....
ဘန်ကောက်မှာ လွတ်နေတဲ့ လဒလေးတွေ ဖြစ်ကုန်တော့တာပါပဲ။

အဒေါ်လုပ်တဲ့သူက ကျွန်တော့်ကို ဖုန်းနံပါတ်ပေးပြီး ဆက်ခိုင်းလို့ဆက်ကြည့်တော့
ကောင်လေးတွေက ရှက်ကိုးရှက်ကန်း ရတယ်..ရတယ်နဲ့..ရတယ်ဆိုလည်း
ပြီးရောပေါ့..ဗျာ။ ဒါနဲ့ အဒေါ်လုပ်သူကို ရဲစခန်းမသွားခိုင်းပဲ..မြန်မာသံရုံးကနေ
တစ်ဆင့် ရှင်းဖို့ အကြံပေးလိုက်ရပါတယ်။

ကဲ...... ဘန်ကောက်မှာ လာကဲချင်တဲ့ ညီမောင်အပေါင်း လဒလောင်းတို့ရေ..
အခု အဖြစ်အပျက်ကို သင်္ခန်းစာယူလို့ အကိုတော် လုပ်ထုံးလုပ်နည်းလေးတွေ သင်ပေးမဟ..မှတ်ထားကြ။

ရှုရှု ပေါက် ဖိနပ် စီးတဲ့ ကတော်ကတော်ပဲခေါ်ခေါ်... မာဆလာနံသင်းတဲ့
ကြက်သားဟင်းပဲ အခန်းထဲ ပင့်လာလာ...
ကြက်သားဟင်းပဲ အခန်းထဲ ပင့်လာလာ...
၁။ သူ့ကို ရေ အရင်ချိုးခိုင်း
၂။ သူရေချိုးနေတုန်း ကိုယ့် ဝှက်စရာရှိတာကို ဝှက်
၃။ တတ်နိုင်ရင် တခြား ဟိုတယ်ကို ခေါ်
၎။ ကိုယ့်အခန်းကို ကိုယ် မခေါ်နဲ့ သူ့ အခန်းလဲမလိုက်နဲ့
၅။ ဘန်ကောက်မှာ အခန်းလွတ်တွေ တပုံကြီး ကပ်စီးမနည်းနဲ့
၆။ ကိုယ်လုပ်စရာရှိတာ လုပ်ပြီး ပြန်လွှတ်..။ တန်အောင်ဆိုပြီးကြံရင် ခံရဖို့
များသဗျ။
၇။ သူလက်သည်းခွံတို့ အိပ်တို့ ကိုယ်ခ န္ဓာမှာ မူယစ်ထုံးထိုင်းဆေးတွေ
ဝှက်ပါလာတာ လိမ်းလာတာတွေ ဖြစ်တတ်သမို့ ပါးစပ်ထဲကနေ လျှာကို
အပြင်မထုတ်နဲံ့..လျက်ဆား ယက်မယ်ချည်း မလုပ်နဲ့ဟ..။ လျှာ ဥပုဒ်စောင့်။
၈။ မင်းတို့ရဲ့ ဘဘ နိုင်ငံတော်သမတကြီးမှာထားခဲ့သလို နွားနို့ပဲသောက် ဆိတ်နို့
တို့ ကျွဲနို့တို့ တခြားနို့တို့ လက်တည့် မစမ်းချင်နဲ့။

ခက်ပါ့ ..ဒီခေတ် ကလေးများ..ခိုးချင်လိုက်တာကလည်း......ပျာလို့ ။
လက်နှေးလိုက်တာကလည်း.....ချာလို့။
လက်နှေးလိုက်တာကလည်း.....ချာလို့။
စကားမဆုံးခင် နိဂုံးပြောရမှာဖြင့် အဲဒီမေ့သွားတယ်ဆိုတဲ့ ကလေး မေ့သွား
ရတဲ့ အကြောင်းအရင်းမှန်ကတော့ မူးယစ်ထုံထိုင်းစေတဲ့ ဆေးကြောင့်ပဲ
မေ့သွားတာလား... မဖြတ် မဖေါက်ရသေးတဲ့ တန်းလန်းကြီးတွေ့သွားလို့ပဲ
ငုတ်တုတ်မေ့သွားတာလား..ဆိုတာတော့ မပြောတတ်ကြောင်းပါ..။

ဒီမှာတင်ပဲ ဒီလအတွက် ဦးဦးပုံပြောမယ်အခန်းကဏ္ဍကို ရပ်နားပါသဗျား။
ကိုဇော်
ဘန်ကောက်
၁၈း၀၄
၀၂/၀၁/၂၀၁၄
ဘန်ကောက်
၁၈း၀၄
၀၂/၀၁/၂၀၁၄
မည်သူမဆို Share ကို နှိပ်လျက် ခွင့်မတောင်းပဲ လွတ်လပ်စွာ မျှဝေနိုင်ပါတယ်။
0 comments:
Post a Comment