Saturday, January 10, 2015

ကြောင်နှစ်ကောင်နှင့် လက်ထက်ထားသော အမျိုးသမီး ဆယ်နှစ်ပြည်မင်္ဂလာ နှစ်ပတ်လည်ကျင်းပ


Ref – Daily Mirror
လန်ဒန်မှာနေထိုင်တဲ့ အသက် ၄၈နှစ်အရွယ် အမျိုးသမီးဟာ သူမ လက်ထပ်ထားတဲ့ ကြောင်ထီးနှစ်ကောင် နဲ့အတူ ၁ဝနှစ်ပြည့်မင်္ဂလာသက်တမ်း နှစ်ပတ်လည်လေးကို အတူတကွဆင် နွှဲခဲ့ကြတယ်လို့ Daily Mirror ဌာနက ရေးသားဖော်ပြခဲ့ပါတယ်။

အဆိုပါကြောင်ထီးနှစ်ကောင် နဲ့လက်ထပ်ထားတဲ့ အသက် ၄၈နှစ် အရွယ် အမျိုးသမီးကတော့ ဘာဘရီ လာ ဘက်ခ်ျနာလို့အမည်ရပြီး သူမ ဟာ ဝက်ဘ်ဆိုက်ဒီဇိုင်နာတစ်ဦးလည်း ဖြစ်တယ်လို့သိရပါတယ်။ အသက် ၄၈ နှစ်အရွယ် ဝက်ဘ်ဆိုက်ဒီဇိုင်နာ ဘာ ဘရီလာဘက်ခ်ျနာဟာ ခုနစ်နှစ်ကြာ လက်တွဲခဲ့တဲ့ သူမရဲ့ချစ်သူနဲ့ လမ်းခွဲခဲ့ ပြီးမှာတော့ နောက်ထပ်အချစ်သစ်ကို ရှာဖွေမှာမဟုတ်ဘူးလို့ ဆုံးဖြတ်ထား တယ်လို့ သိရပါတယ်။
ဘာဘရီလာဘက်ခ်ျနာဟာ သူမနဲ့အတူ တရားဝင်လက်ထပ်ထား တဲ့ ကြောင်ထီးလေးနှစ်ကောင်နဲ့အတူ ၁ဝနှစ်ပြည့် မင်္ဂလာသက်တမ်းနှစ်ပတ် လည်ကို ဆင်နွှဲခဲ့ပြီးဖြစ်ပါတယ်။ သူမ နဲ့လက်ထပ်ထားတဲ့ ကြောင်ထီးလေး နှစ်ကောင်ကတော့ Spider နဲ Lugosi လို့အမည်ရပြီး သူမရဲ့အချိန်တွေကို ယင်း ကြောင်လေးနှစ်ကောင်နဲ့အတူ ပျော် ရွှင်စွာ ဖြတ်သန်းသွားမယ်လို့ ပြောဆို ခဲ့ပါတယ်။
လန်ဒန်ဝက်ဘ်ဆိုက်ဒီဇိုင် နာ ဘာဘရီလာဘက်ခ်ျနာ ချစ်သက် သေတစ်ခုအနေနဲ့ သူမရဲ့ ညာဘက် လက်မှာ S,L ဆိုပြီး တက်တူးထိုးထား တယ်လို့ သိရပါတယ်။
Spider နဲ့ Lugosi တို့ဟာ မတူညီလောက်အောင် ကွဲပြားခြားနား ကြပါတယ်။ သူတို့တွေနဲ့နေရတာ ပျော် ရွှင်မှုတွေ အများကြီးခံစားရပါတယ်။ သူတို့နဲ့လက်ထပ်ရတာ ကျွန်မ အရမ်း ပျော်ပါတယ်။ ဘယ်သူတွေဘာပဲပြော ပြော ကျွန်မဂရုမစိုက်ပါဘူး။ နောင်တ လည်းမရပါဘူးလို့ ပြောဆိုခဲ့ပါတယ်။
ဘာဘရီလာဘက်ခ်ျနာဟာ ခုနစ်နှစ်ကြာလက်တွဲလာခဲ့တဲ့ ချစ်သူ နဲ့ လမ်းခွဲခဲ့ပြီးမှာတော့ အလွန်တရာ ကြေကွဲဝမ်းနည်းခဲ့ရပြီး နေ့စဉ်နေ့တိုင်း ငိုခဲ့ရပါတယ်။ အဲဒီအချိန်မှာ ကျွန်မ သိပ်ချစ်ရတဲ့ ကြောင်နှစ်ကောင်ဟာ ကျွန်မဘေးနားမှာ အဖော်ပြုပေးခဲ့ပါ တယ်။ ကျွန်မသိပ်ချစ်ရတဲ့ Lugosi နှဲ့ Spider တို့ သေဆုံးသွားခဲ့မယ်ဆိုရင် အခြားသောကြောင်တွေနဲ့ ဘယ်တော့ မှ လက်ထပ်တော့မှာ မဟုတ်ပါဘူး။ သူတို့ဟာ ကျွန်မသိပ်ချစ်ရတဲ့ ကြောင် လေးနှစ်ကောင်ပါ။
တကယ်လို့ အမျိုး သားတစ်ဦးက ကျွန်မကို လက်ထပ်ဖို့ ပြောလာမယ်ဆိုရင်လည်း ကျွန်မ ငြင်း လိုက်မှာပါ။ ကျွန်မမှာ လက်ထပ်ထား တဲ့ ကြောင်ထီးလေးနှစ်ကောင်ရှိတယ် လို့ဆိုပြီးငြင်းမှာပဲလို့ ဘာဘရီလာဘက်ခ်ျ နာက ပြောပါတယ်။
ယခုနှစ် ဇန်နဝါရီလမှာ မင်္ဂ လာသက်တမ်း ၁ဝနှစ်ပြည့်ခဲ့ပြီမို့ နေ အိမ်မှာပဲ ၁ဝနှစ်ပြည့်နှစ်ပတ်လည်ပွဲ ဆင်နွှဲလိုက်ခြင်းဖြစ်ပါတယ်။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...