Tuesday, January 6, 2015

၂၀၁၅ ဘေးဆိုး

၂၀၁၅အတွက် ဟောကိန်းကို လတ်လတ်ဆတ်ဆတ်ကြီး ထုတ်လိုက်ပါပြီ။ သူ့နာမည်က ဆပ်စပန် ဆိုတဲ့ စင်္ကာပူက တရုတ်ခရိုနီကြီး တစ်ဦး ဖြစ်ပါတယ်။ သူက ဧရာဝတီ မဂ္ဂဇင်းနဲ့ အင်တာဗျူးမှာ မြန်မာ့စီးပွားရေးဟာ ပေါက်ကွဲမယ်လို့ ဟောကိန်းထုတ်လိုက်ပါတယ်။

ထူးခြားတာက မြန်မာ့စီးပွားရေးနဲ့ ပက်သက်လို့ အနောက်နိုင်ငံက ပညာရှင်များကသာ အရင်က ဟောကိန်းတွေထုတ်ခဲ့ကြပြီး ယခု ၂၀၁၅ခုနှစ်အတွက် အာရှဒေသ မြန်မာနိုင်ငံနဲ့လည်း အမေရိကန်ဒေါ်လာ သန်း ၈၀၀လောက် ကုန်သွယ်ဖက်ဖြစ်နေတဲ့ စင်္ကာပူက ခရိုနီက ဟောကိန်း ပြတ်ပြတ်သားသား ထုတ်လိုက်ခြင်း ဖြစ်ပါတယ်။
သူနဲ့ ဧရာဝတီ သတင်းဋ္ဌာနကလည်း အဆိုပါအကြောင်းအရာနဲ့ ပက်သက်ပြီး အင်တာဗျူး အကျယ်တဝင့် လုပ်ခဲ့ပါတယ်။ သူ့ရဲ့ထောက်ပြချက်တွေက အလွန်ဘဲ စိတ်ဝင်စားစရာပါ။
သူ့ထောက်ပြချက်တွေထဲမှာ
(၁)ပထမဆုံး ငွေကြေး ကွာဟ ဖေါင်းပွမှုကို အရင်ပြောပါတယ်
(၂ )လယ်ယာမြေထွက်ကုန် ကောက်ပဲသီးနှံတွေနဲ့ နှစ်ဖက်လဲလှယ်တဲ့ ကိစ္စကို ပြောပါတယ်။
(၃) မြန်မာပြည်ထဲက ရှိတဲ့ ခရိုနီနဲ့ စစ်ဖက်ဆိုင်ရာ အဟောင်းအသစ်တွေ ထိန်းချုပ်ထားပုံကို ပြောပါတယ်။
(၄) မြန်မာပြည်ထဲက သယံဇာတတွေနဲ့ အောတိုက် ယိုဖိတ်လွင့်စင်နေမှုကို ပြောပါတယ်။
(၅) မြန်မာပြည်သူများဖြစ်ကြတဲ့ လက်လုပ်လက်စားတွေ ခံစားလာရတော့မယ် ဘေးဆိုးကြီးကို ပြောပါတယ်။
(၁) အချက်ဖြစ်တဲ့ ငွေကြေးဖေါင်းပွမှု ငွေ အတုများကို စစ်ဖက်နဲ့ အရပ်ဖက်ဆိုင်ရာ အရာရှိတွေက ကျောထောက်နောက်ခံပေးပြီး ထုတ်လုပ်နေတဲ့အကြောင်း ဖြစ်ပါတယ်။
ငွေကြေးဖေါင်းပွမှုကို ရာခိုင်နှုန်းနဲ့ တွက်ချက်ပြဖို့ အလွန်ကို ဂဏန်းမြင့်မားနေပြီး ပြုပြင်ပြောင်းလဲရေးကာလရဲ့ နောက်ဆုံး ၂၀၁၅မှာ အမြင့်ဆုံးဖြစ်မယ်လို့ သူ တွက်ချက်ပြပါတယ်။
အကြောင်းက တိကျသေချာတဲ့ ပွင့်လင်းမြင်သာမှုတွေကို အစိုးရက အကောင်အထည်မဖေါ်နိုင်ခဲ့တဲ့ အတွက်နှင့် ဝန်းကြီးများနဲ့ ဝန်ကြီးဋ္ဌာန အဆင့်မြင့်အရာထမ်းတွေရဲ့ ပိုင်ဆိုင်မှုကို အစိုးရ တစ်ရပ်လုံးက ဆက်လက်ဖုံးကွယ်ထားဆဲမို့ အခု အဲ့ဒိဖုံးကွယ်မှုဟာ ပေါက်ကွဲစပြုလာနေတဲ့ မီးတောင်တစ်ခုလို ဋ္ဌာန တစ်ခုနဲ့ တစ်ခု လုပ်ပိုင်ခွင့်အာဏာတွေကို အကြောင်းပြုပြီး အားပြိုင်မှုက ပိုမိုပြင်းထန်လာနေတယ်လို့ ဆိုပါတယ်။
(၂ ) လယ်ယာကိစ္စနဲ့ ထုတ်လုပ်မှုအပိုင်းကို စာရင်းဇယားများနဲ့ အခိုင်အမာ သူက ထောက်ပြပါတယ်။ သူ့ထောက်ပြချက်တွေမှာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ က ထုတ်လုပ်မှုစံချိန်ထက် ယခု မြန်မာ့လယ်ယာထွက် ပစ္စည်း ထုတ်လုပ်မှုစံချိန်က ရာနှုန်းအားဖြင့် ၄၂ ရာနှုန်းလောက်ထိကို လျော့ကျသွားခဲ့ပါပြီလို့ ယတိပြတ်ကို ပြောပါတယ်။
အကြောင်းက အာဏာပိုင်တွေ လယ်ယာသိမ်းပိုက်ချုပ်ကိုင်ထားမှုကနေ စတင်တယ်လို့ ဆိုပါတယ်။ လယ်ယာမြေဧကပေါင်း ၂သန်း ၆ သိန်း ၃ ထောင် လို့ သူက ပြောပြီး အဲ့ဒိထဲမှာ လယ်ယာထွက်ကုန်ဆိုပြီး ပြည်တွင်း ပြည်ပ ရောင်းချမှု ချို့တဲ့ အားနည်းသွားပြီး ရောင်းချတဲ့ လယ်ယာထွက်ကုန် ကောက်ပဲသီးနှံတွေမှာလည်း စံချိန်မမှီလို့ နိုင်ငံတကာမှာ အနိမ့်ဆုံး သတ်မှတ်ဈေးကွက်ဖြစ်တဲ့ တရုတ်ပြည်ဈေးကွက်တစ်ခုထဲကိုဘဲ ဝင်နေတာများပါတယ်။
အာဏာပိုင်တွေမှ သိမ်းထားတဲ့ လယ်မြေတွေမှာလည်း စိုက်ပျိုးထုတ်လုပ်မှု အားနည်းသလို လယ်မြေကိစ္စနဲ့ မဆိုင်ဘဲ ငှားရမ်းထားခြင်းကြောင့် လယ်ယာထွက်ကုန်တွေ ကျဆင်းပြီး အငတ်ဘေးတောင် တွေ့လာနိုင်တယ်လို့ ဆိုထားပါတယ်။
(၃) မြန်မာပြည်ထဲက ခရိုနီတွေရဲ့ ချမ်းသာကြွယ်ဝမှု မှာ အံ့မခန်းဘွယ်ရာကြီး ဖြစ်နေပြီး ဥပဒေအရ ပြန်လည်ထိန်းချုပ်ဖို့ဆိုတာ လုံးဝမဖြစ်နိုင်တော့တဲ့ အနေအထားကို ရောက်ရှိသွားပါပြီ။
နိုင်ငံတစ်ခုလုံးရဲ့ ဘက်ပေါင်းစုံဝင်ငွေမှာ အမေရိကန်ဒေါ်လာ သန်းပေါင်း၇၀လောက် ရှိနေပေမယ့် ဦးပိုင်ဆိုတဲ့ စစ်ဘက်စီးပွားရေးက ၂၄ဘီလီယံဒေါ်လာ ထိန်းချုပ်ကိုင်တွယ်နေပြီး အာဏာရှင်ဟောင်းမိသားစုမှာက ဘီလီယံ၄၀ကျော်လောက် ထိန်ချုပ်လုပ်ကိုင်နေတာ ရှိပါတယ် ။
ဦးအောင်သောင်းမိသားစု ၁၂ဘီလီယံဒေါ်လာကနေ ၁၈ ဘီလီယံဒေါ်လာထိ ချမ်းသာနေခဲ့ပြီး ခရိုနီတေဇက ၅ဘီလီယံဒေါ်လာလောက် ကိုင်ထားတာကို တွေ့ရပါတယ်။
ယခင်ဦးနေဝင်းမိသားစု စိုးသိမ်း အောင်မင်းတို့က ၁၁ဘီလီယံ ဒေါ်လာ နိုင်ငံခြားမှာ ရှိတယ်လို့ သူကတွက်ချက်ပြပြီး အမှန်ပြည်တွင်းက ပြည်သူတွေရဲ့ လက်ထဲမှာ ပြောပလောက်အောင်ကို မရှိတော့ပါဘူးတဲ့။
ဒါကြောင့် အမှန်တကယ် လုပ်ပိုင်ခွင့်နဲ့ အတူ ခံစားပိုင်ခွင့်က ပြည်သူတွေဆီမှာ မရှိတော့ဘဲ နိုင်ငံခြားတိုင်းပြည်တွေမှာ သွားရောက် မြှပ်နှံနေတဲ့ ခရိုနီတွေရဲ့ တရားလက်လွတ် စီးပွားရေးက ပြည်တွင်းမှ ပြည်သူအားလုံး ၂၀၁၅မှာ ဆထက်ထမ်းပိုး ဆင်းရဲတွင်းနက်လာကြတော့မှာ ဖြစ်ပါတယ်။
(၄ ) ပြည်တွင်းက သယံဇာတဖိတ်စင်မှု အကြီးဆုံးနိုင်ငံကို ပြပါဆိုလျှင် မြန်မာနိုင်ငံဟာ ဆူဒန် ဇင်ဘာဘွေ နိုင်ငံတွေနဲ့ ထပ်တူဖြစ်နေပါတယ်။
အကြောင်းက စစ်ပွဲ အဂတိလိုက်စားမှု နှင့် တည်ကြည်ဖြောင့်မတ်တဲ့ တရားစီရင်ရေးပိုင်းဆိုင်ရာတွေ အားမကောင်းလို့ပါတဲ့။
တစ်နေ့ထက်တစ်နေ့ လောဘဇောဘဲ တိုက်လာကြပြီး အဲ့ဒိလောဘနဲ့ ပြည်တွင်းသယံဇာတတွေကို ထုတ်ရောင်းပစ်နေမှုမှာ
ပြည်သူများအတွက် အမှန်တကယ် လိုအပ်တဲ့ ကွက်လပ်ကြီးကို ပိုပြီးကြီးမားကျယ်ပြန့်လာအောင် ချဲ့နေတဲ့ အခြေအနေမျိုး ဖြစ်နေပါတယ်တဲ့။
(၅ ) နောက်ဆုံးအချက်မှာတော့ အရပ်ဘက်ပြည်သူတွေ ခံစားလာရတော့မယ့် အငတ်ဘေး ရောဂါဘယဘေး သဘာဝဘေးအန္တရာယ်တို့ကို ပြောထားပါတယ်။
ကောက်ပဲသီးနှံမလုံလောက်မှု စီးပွားရေး နည်းနိဿယ အခိုင်အမာ မတည်ဆောက်ထားနိုင်မှုနဲ့ မြစ်ချောင်း သစ်တောများပျက်စီး ပြုန်းတီးမှုအပြင် တစ်ဖက် ကုန်သွယ်ဖက် တရုတ်နိုင်ငံမှ အင်တိုက်အားတိုက် တင်သွင်းနေသော ဓါတုဗေဒ အပြင်းများဖြင့် ထုတ်လုပ်ထားတဲ့ စားကုန် သောက်ကုန် လူသုံးကုန်အပြင် ဆေးဝါးတွေကြောင့် ၂၀၁၅ခုနှစ်မှ စ၍ အပြင်းအထန်ခံစားရင်ဆိုင် ကြုံတွေ့ကြရမည့် ပြည်သူများ၏ ဘေးဆိုးကြီးများ ဖြစ်ပါကြောင်း။
credit >> Yae Tay Za
source : နိုင်ငံတကာသတင်းများ

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...